Friday, April 25, 2014

ဦးဆောင် ဆန္ဒပြသူ ရေခဲ (ပြည်) အား ပုဒ်မ (၁၈) ဖြင့် တရားဆွဲဆိုသွားမည်ဟု ဒုရဲမှူး မျိုးမြင့်ကပြောဆို

Leave a Comment


ပြည့်သဲမောင်(ပြည်) 

ဖမ်းဆီးထားသော သတင်းထောက်များအား ပြန်လွှတ်ရေး ၊ ဌါနဆိုင်ရာ ရုံးများတွင်လွှတ်လပ်စွာ သတင်း ရယူခွင့်ပေးရေး အတွက် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် ဧပြီလ (၂၅)ရက်နေ့က မြို့ခံသတင်းသမားများ စုပေါင်းကာဆန္ဒထုတ်ဖော်မှု တစ်ခုပြုလုပ်ခဲ့သည်။ ထိုနေ့နံနက်(၈)နာရီခွဲအချိန်က ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်တွင်မီဒီယာသမားနှစ်ဆယ်ခန့် စုဝေးကြပြီး ဟောပြောမှုများ ပြုလုပ်ကာ ကြွေးကြော်သံများကိုရွတ်ဆို၍ ဗိုလ်ချုပ်လမ်းအတိုင်း စတင်ချီတက်ခဲ့ကြသည်။ ပြည်မြို့ခံလူထုက မီဒီယာသမားများ နောက်ပါလိုက်ပါခဲ့ကြပြီး ဆန္ဒဖော်ထုတ်သူတစ်ရာခန့် ရှိခဲ့သည်။

ဌာနဆိုင်ရာရုံးများတွင် သတင်းသွားယူသူ သတင်းသမားများကို ပိုင်နက်ကျူးလွန်မှု၊ တာဝန်ဝတ္တရားနှောက်ယှက်မှု နိုင်ငံတော်လှို့ဝှက်ချက်ဥပဒေ များဖြင့်တရားဆွဲဆိုထောင်ချခြင်းများ ဖြစ်ပေါ်နေသည့်အတွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း(DVB)သတင်းထောက် ကိုသန်းထိုက်ကပြောသည်။

“ဒီရုံးတွေကအစိုးရအရာရှိကြီး တွေငွေပေးပြီး ၀ယ်ထားတဲ့ ရုံးတွေမဟုတ်တဲ့အတွက် ပိုင်နက် ကျူးလွန်မှုနဲ့ တ၇ားဆွဲခွင့်မရှိဘူး။ သတင်းသမား သတင်းလာယူတာ ၀တ္တရားနှောက်ယှက် မဟုတ်တဲ့အတွက် တာဝန်ဝတ္တရား နှောက်ယှက်မှုနဲ့လဲဆွဲလို့မရဘူး။ ပြည်သူမသိအောင်လုပ်ထားတဲ့ မသမာမှုတွေကို ဖော်ထုတ်တာလည်းသတင်းသမားမှာ အပြစ်မရှိဘူး”ဟု ၄င်းကပြောသည်။

ရွှေဆံတော် ဘုရားမြောက်စောင်းတန်း နာရီစင်အနီးအရောက်တွင် ဆယ်မိနစ်ခန့် ဟောပြောမှုများ ပြုလုပ်ကာ မြောက်စောင်းတန်းလမ်း၊ စစ်ကဲလမ်း၊ ပန်းပဲတန်းလမ်း၊ ဆေးရုံလမ်း များအတိုင်း ချီတက်ကာ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် ဆယ်မိနစ်ခန့် ဟောပြော ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထိုမှတဆင့် လမ်းမတော်လမ်း၊ ရုံးလမ်း၊ ကမ်းနားလမ်းအတိုင်း ဆက်လက်ထွက်ခွာခဲ့ပြီး ပြည်ခရိုင် တရားရုံးရှေ့တွင် ဆယ်မိနစ်ခန့် ဟောပြောဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်သူ သတင်းသမားများသည် ဖမ်းဆီးထားသော သတင်းထောက်အားလုံး ချက်ချင်းလွှတ် စာသားပါ အနက်ရောင်တီရှပ် အကျီင်္များကို ၀တ်ဆင်ခဲ့ကြပြီး “ဖမ်းဆီး ၊ထောင်ချ ၊သတင်းထောက် တွေ လွှတ်ပေးရေး ဒို့အရေး……….ဒို့အရေး ၊ ပြည်သူပိုင်ရုံးတွေမှာ သတင်း ယူခွင့်ရရှိရေး ………..ဒို့အရေး………..ဒို့အရေး ၊ မီဒီယာဖိနှိပ်မှု …………..ချက်ချင်းရပ်……..ချက်ချင်းရပ် စသည့်ကြွေးကြော်သံများကိုကြွေးကြော်ခဲ့သည်။

ဆန္ဒဖော်ထုတ်ရာတွင် မီဒီယာ ဖိနှိပ်မှုချက်ချင်းရပ် ၊တရားဆွဲ ထောင်ချထားတဲ့ သတင်းထောက်တွေ အခုလွှတ်ပေး ၊ ပြည်သူပိုင်ရုံးဌါနဆိုင်ရာရုံးနှင့် အများသူငါဝင်ထွက်လို့ရတဲ့ရုံးတွေကို လွတ်လပ်စွာ သတင်းယူခွင့်ပေးရန်၊ ပြည်သူတွေကို အရှိတရားအတိုင်း သိခွင့်ပေးပါ ၊ဖုံးကွယ်ထားတာ မရှိရင် ပြည်သူတွေကို သိခွင့်ပေးရန် တရားဥပဒေတည့်မတ်ဖို့ မီဒီယာလိုအပ်တယ်၊ အုပ်ချုပ်ရေး မာန်တိုင် တည့်မတ်ဖို့ မီဒီယာ လိုအပ်တယ်၊ ဥပဒေ ပြုဖို့မီဒီယာ လိုအပ်တယ်ဟု ရေးသားထားသည့် လက်ကိုင်ပိုစတာများ ကိုကိုင်ဆောင်ခဲ့ကြသည်။

အကြောင်းအရာကိစ္စ နှင့်ပတ်သတ်ပြီး ထိခိုက်မှုနည်းနိုင်သမျှနည်းအောင် ဦးဆောင်ဆန္ဒဖော်ထုတ်သူ ဦးအောင်ဦးနိုင်(ခ) ရေခဲ(ပြည်)အား ပုဒ်မ(၁၈) ဖြင့်တရားဆွဲဆိုသွားမည်ဟုလည်း ပြည်မြို့မှ ရဲစခန်းမှူး ဒုရဲမှူး မျိုးမြင့်ကပြောသည်။

0 comments:

Post a Comment

Facebook Like Page