Friday, April 25, 2014

သတင်းထောက်တစ်ဦး၏ ဖွင့်ဟ၀န်ခံချက်

Leave a Comment
သတင်းထောက်တစ်ယောက်၏ဖွင့်ဟ၀န်ခံချက်


ကျနော် ၏အမည်မှာ ပိုင်လေး ကလောင် အမည် ပြည့်သဲမောင် ( ပြည် )ဖြစ်ပါသည်။ဒီနေ့ကျနော်တို့
်ပြည်မြို့တွင်မီဒီယာလုပ်ဖော်ကိုင်ဘက်ညီအစ်ကိုများဆန္ဒပြခဲ့ပါသည်။ထိုသို့ဆန္ဒပြပွဲတွင် ကျနော်မပါဝင်ခဲ့တာကျနော့်ကိုထမင်းကျွေးသောအလုပ်ပြုတ်မည်ကိုဆိုးသဖြင့် ဆန္ဒပြပွဲကိုမပါဝင်ခြင်းဖြစ်ပါသည်။
ကျနော်သည်သတင်းထောက်အမည်ခံမဟုတ်ပါ ပြည့်သဲမောင်( ပြည် ) ကလောင်အမည်ဖြင့် ပြည်သူလူထုအတွက် ဂျာနယ်တချို့တွင်ရေးသားနေပါတယ်။ဒီနေ့ ကျနော့်လုပ်ဖော်ကိုင်ဘက်ညီအစ်ကိုတွေဆန္ဒပြချိန်မှာကျနော်သတင်းယူပြီး သူတို့လုပ်ဆောင်ချက်ကိုထောက်ခံတဲ့အနေနဲ့ တတ်နိုင်တဲ့ဘက်ကဆောင်ရွက်ခဲ့ပါတယ်။ကျနော်တယောက်ထဲမဟုတ်ပါဘူး ကျနော့်လိုပဲဆန္ဒပြပွဲမှာကြောင်းအမျိုးမျိုးကြောင့်မပါဝင်တဲ့အစ်ကိုနှစ်ယောက်လဲပါ ပါတယ်။
ဒီကနေ့ဆန္ဒပြတာ လွတ်လပ်စွာသတင်းယူရအောင် မီဒီယာ ဖိနှိပ်မှုလွတ်လပအောင် ဖိနှိပ်တဲ့သူတွေကို
ွဆန္ဒပြတာပါ။ဆန္ဒပြသည့်ပွဲတွင် ကျနော်မပါဝင်ပေမဲ့ လုပ်ဖော်ကိုင်ဘက်ညီအစ်ကိုများနဲ့ထပ်တူထပ်မျှဆန္ဒရှိပါသည်။ထို့ကြောင့် ကျနော့်အပေါ်နားလည်မှုမရှိသူများနားလည်ပေးစေချင်ပါတယ်။
ပြည့်သဲမောင်( ပြည် )


0 comments:

Post a Comment

Facebook Like Page