Monday, December 9, 2013

သန်းခေါင်စာရင်း ကောက်ယူရေး ဆိုင်ရာ အသိပညာပေး

Leave a Comment
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ထုံးဘိုကျေးရွာ သာသနာ့ဗိမာန်၌ ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီက ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း သန်းခေါင်စာရင်း ကောက်ယူရေးနှင့် စာပေဖတ် ရှုရခြင်းရခြင်း၏ အကျိုးကျေးဇူးများ ဟောပြောပွဲကျင်းပသည်။ အဆိုပါ ဟောပြောပွဲတွင် ပန်းတောင်းမြို့နယ် အုပ်ချုပ်ရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဇော်ထွေးက အမှာစကားပြောကြားပြီး ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူခြင်းနှင့် ပတ်သက်၍ မြို့ နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မြင့်ဦးက ရှင်းလင်းပြောကြားကာ တက်ရောက် လာကြသော ရပ်ကွက်ပြည်သူများက ၄င်းတို့သိလိုသော အချက်များကိုမေးမြန်း ဖြေကြားခြင်း များ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းထွန်းမြင့်က စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောခဲ့သည်။ ဟောပြောပွဲသို့ ထုံးဘိုကျေးရွာအုပ်စု၊ မြောင်ကျေးရွာအုပ်စု၊ စမ်းဝကျေးရွာအုပ်စုများမှ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်
Pyay City

0 comments:

Post a Comment

Facebook Like Page