နဂါးတွန့်တံခါးပေါက်
*************
သရေခေတ္တရာမြို့ဟောင်း၏ အနောက်မြောက်ပိုင်းတွင် တည်ရှိပြီး ၁၉၇၀-၁၉၇၁ ဘဏ္ဍာရေးနှစ်တွင်တူးဖော်ခဲ့တာဖြစ်ပြီး မြို့ရိုး၏အ၀င်
လက်ဝဲလက် အုတ်ရိုးလက်တံမှာ တစ်ဆစ်ချိုးကွေ့ထားပါသည်။ လက်ယာဘက် အုတ်ရိုးလက်တံမှာ ခပ်ပြေပြေကွေ့ထားပြီး မြို့ရိုးအ
တွင်းဘက်သို့ သွယ်တန်းနေသည်။ မြို့ရိုးလက်တံနှစ်ခုမှာ အတွင်းဘက်သို့ ရောက်သောအခါတွင် အဆိုပါလက်တံနှစ်ခုယှဉ်လျက်တွေ့
ရှိရပါသည်။ နဂါးတွန့်တံခါးပေါက်၏ထူးခြားမှုမှာ အနောက်မြောက်ထောင့်တွင် အတွန့်ဖြစ်နေပါသည်။ အကာအကွယ် အရံအတားအဖြစ်
တွန့်ထားကြောင်း ဖြစ်နိုင်သည်။ တူးဖော်ထိမ်းသိမ်းထားသော မြို့တံခါးပေါက်(၉)ခုရှိသည့်အနက် တစ်ခုအပါအ၀င်ဖြစ်ပြီး သရေခေတ္တရာ
မြို့ဟောင်းရှိ မြို့ဝင်ပေါက် ပုံသဏ္ဍန်များသည် အခြားပျူမြို့ဟောင်းများဖြစ်သော (ဟန်လင်းမြို့ဟောင်း၊ဗိဿနိုးမြို့ဟောင်းတို့၏ မြို့ဝင်
ပေါက်ပုံသဏ္ဍန်များနှင့် တူညီကြောင်းတွေ့ရှိခဲ့ရပါတယ်။ နဂါးတွန့် တံခါးပေါက် အရှေ့ဘက်ကပ်လျက်ရှိသော အုတ်မြို့ရိုးဟောင်းသည်
ဗြိတိသျှကိုလိုနီခေတ်တွင် ပြည်-ပေါက်ခေါင်း ကားလမ်းအဖြစ်အသုံးပြုခဲ့ရာ ယနေ့အချိန်တိုင်အောင်ဖြစ်ပါကြောင်း သရေခေတ္တရာ သမိုင်း
တစ်ခုအား လေးစားစွာရေးသားတင်ပြရပါတော့မည်......
ပြည်သတင်း
https://www.facebook.com/pyaynews
ပြည်အရောင်းအ၀ယ်
https://www.facebook.com/groups/pyaymarket
ပြည်သတင်းများ ဆုံဆည်းရာ
https://www.facebook.com/groups/670687089615364
0 comments:
Post a Comment