Monday, December 9, 2013

အထက်နိဗ္ဗိန္ဒတောင် တောရကျောင်းတိုက်ကြီး၏ နှစ် ၁၀၀ ပြည့် ရာပြည့်ပွဲ ကျင်းပမည်

Leave a Comment


၁၃၇၅ ခုနှစ် နတ်တော်လဆန်း ၁၃ ရက် ဒီဇင်ဘာ ၁၅ ရက် (တနင်္ဂနွေနေ့) တွင် အထက်နိဗ္ဗိန္ဒတောရကျောင်းတိုက်ကြီး၏ နှစ် (၁၀၀) ရာပြည့်ပွဲ ကျင်းပမည်။ မြန်မာနိုင်ငံမှာ "ဆင်ကြီးနှင့် ခြင်ကြီး" တို့၏ ပြယုဂ်ကို ထုတ်ဖော်၍ ““ဆင်ဆင်ခြင်ခြင်”” နေထိုင်ရန် ဆုံးမတော်မူသည့် ဆရာတော်ကြီး ဦးသီရိမာလာ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ရည်စူးရည်မှန်းကာဖြင့် ပင့်သံဃာ ၁၅၀ ကျော်နှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်း၊ သင်္ကန်းစသော လှူဖွယ်ဝတ္တုအစုစုတို့ဖြင့် လှူဒါန်းမည် ဖြစ်သည်။ အကြိုတရားပွဲများအဖြစ် ဒီဇင်ဘာ ၁၁ရက် (ဗုဒ္ဓဟူးနေ့)ည ဘဒ္ဒန္တ ပညိန္ဒာဘိဝံသ၊ သာသနာ့ဓဇဓမ္မာစရိယ၊ စေတိယင်္ဂဏပရိယတ္တိဓမ္မာစရိယ၊ ဂဏ၀ါစက၊ မဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ လေးမျက်နှာမဟာစည်သာသနာ့ရိပ်သာ၊ မြန်အောင်မြို့၊ ဒီဇင်ဘာ ၁၂ ရက် (ကြာသပတေးနေ့) ည တွံတေး အရှင်ဣန္ဒက၊ ဓမ္မကထိကဗဟုဇနဟိတဓရ သီရိမင်္ဂလာ မဟာစည်ရိပ်သာ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ရန်ကုန်နှင့် ဒီဇင်ဘာ ၁၃ ရက် (သောကြာနေ့) ည အရှင်သုဇာတ၊ ဂဏ၀ါစက၊ သာသနာလင်္ကာရ သာမဏေကျော်၊ သာသနဓဇဓမ္မာစရိယ၊ မဟာစည်နယ်လှည့် ဓမ္မကထိက ပြည်တွင်း ပြည်ပ ကမ္မဋ္ဌာနာစရိယ၊ မေတ္တာအေးဆရာတော်၊ မေတ္တာအေးမဟာ စည်သာသနာ့ရိပ်သာ၊ ရန်ကုန်မြို့ နိုင်ငံတော်ဓမ္မကထိက များဖြစ်သည့် ဆရာတြော်ကီးများက နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားမည် ဖြစ်ကြောင်း သိရသည်။

Pyay City

0 comments:

Post a Comment

Facebook Like Page