Wednesday, November 20, 2013

ရွှေတောင်မြို့ ရွှေနတ်တောင် စေတီတော်မြတ်ကြီး ဓာတ်လှေကား တည်ဆောက် တပ်ဆင်လျက်ရှိ

Leave a Comment
ရွှေတောင် နိုဝင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ခရိုင် ရွှေတောင်မြို့နယ် မယားမာန်ကျေးရွာတွင် တည်ထားကိုးကွယ် လျက်ရှိသော သမိုင်းဝင် ရွှေနတ်တောင် စေတီတော်မြတ်ကြီးအား ရပ်ဝေးရပ်နီးနေ ရဟန်းရှင်လူပြည်သူ ဘုရားဖူးများ မပင်မပန်း ချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်စေရန်အတွက် ဓာတ်လှေကားတည်ဆောက်တပ်ဆင် လျက်ရှိသည်။ ယခုအခါတွင် ဓာတ်လှေကားတည် ဆောက်တပ်ဆင်မှုမှာ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။ စုစုပေါင်း ကျပ်သိန်း ၁၇၀၀ ကျော်ခန့် ကုန်ကျ မည်ဖြစ်သည့်အတွက် ဆက်လက် တည်ဆောက်တပ်ဆင်နိုင်ရန် လိုအပ်သော ငွေကျပ်သိန်း ၃၀၀ ကျော်အား ကြုံတောင့်ကြုံခဲ ဓာတ်လှေကား တည်ဆောက်တပ်ဆင်ခြင်း ကုသိုလ်ပွဲတွင် စေတနာရှင်များ၊ ပါရမီရှင်များ အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်လှူဒါန်းလိုပါက သမိုင်းထွန်းပြောင် ရွှေနတ်တောင် စေတီတော်မြတ်ကြီးရင်ပြင်တော် အလှူခံဌာနသို့ လာရောက်လှူဒါန်းနိုင်ကြပြီး ကိုယ်တိုင် မလာရောက်နိုင်သူများသည် ရွှေနတ်တောင်စေတီတော်မြတ်ကြီး (ဂေါပကအဖွဲ့ရုံး) ဖုန်း ၀၉-၅၃၇၀၆၇၀၊ ဦးလှထွန်းမြင့် (ဥက္ကဋ္ဌ) ဖုန်း ၀၉-၅၃၁၀၁၃၆၊ ဦးအောင်ကြည် (ဒုတိယဥက္ကဋ္ဌ-၁) ဖုန်း ၀၉-၅၀၀၅၄၃၄၊ ဦးကျော်ကျော်ဝင်း (ဒုတိယဥက္ကဋ္ဌ-၂) ဖုန်း ၀၉-၅၃၁၀၇၅၆နှင့် ဦးဘညိဏ်းတင့်(အတွင်းရေးမှူး) ဖုန်း ၀၅၃-၅၅၄၀၄ တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

KM2011
Pyay City

0 comments:

Post a Comment

Facebook Like Page