Saturday, June 4, 2016

အများသရှိစေရန် အကြောင်းကြားခြင်း

Leave a Comment

အများသရှိစေရန် အကြောင်းကြားခြင်း
------------------------------------------


ပြည်မြို့ ၊ရွာဘဲရပ်ကွက် ၊ဗိုလ်ချုပ်လမ်း ၊အိမ်အမှတ်(၅၂)တွင်
နေထိုင်သော (ကွယ်လွန်သူ) ကိုကျော်မျိုးအောင်၏(ဇနီး)မခင်
ခင်ဆွေ သည် ဖော်ပြပါလိပ်စာအိမ်မှ မေလ(၂၆)ရက်နေ့ကြာ
သပတေးနေ့ နံနက်တွင် သမီးလေး သူ့သူ့အားကျောင်းပို့ရန်
သွားရာမှ ယနေ့ ဇွန်လ(၄)ရက်နေ့အထိနေအိမ်သို့ ပြန်လည်
ရောက်ရှိမလာပါ။


ထို့ကြောင့် ဖုန်းဖြင့်ဆက်သွယ်သော်လည်းမရဘဲ ဖုန်းပိတ်ထား
ပါသဖြင့် ၄င်းနှင့်ပတ်သက်ပြီး ငွေကြေးကိစ္စဖြေရှင်းရန်ရှိသူများ
နှင့်နောက်ဆက်တွဲ ၄င်းနှင့်ပတ်သက်သည့်ကိစ္စအဝဝအား ဖြေ
ရှင်းပေးမည်မဟုတ်ကြောင်းနှင့်၎င်းမခင်ခင်ဆွေအား မေးမြန်း
စုံစမ်းခြင်းသီးခံကျပါရန် (ကွယ်လွန်သူ )ကိုကျော်မျိုးအောင်၏ မိ
သားစုများမှ အများသိစေရန်အကြောင်းကြားအပ်ပါသည်။

(ကွယ်လွန်သူ )ကိုကျော်မျိုးအောင်၏ မိသားစုများ





Read More...

ပြည်မြို့ ရွာဘဲရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ် ရတနာမာန်အောင်ပေါက်တွင် ပြည်မြို့တွင်း ဘက်မှမောင်းနှင်လာသော ဒိုင်နာ ၁၄ပေ သံ ယောဇဉ်ချစ်သူ အမည် အဖြူ YGN4L/....... သည်ဇါန်လ(၄)ရက်နေ့ နေ့လည် (၁)ကျော်အချိန်ခန့် လမ်းလယ် ဘုတ်ခုံအားဝင်ရောက်တိုက်မိ တိမ်းမှောက်ခဲ့ေ ကြာင်းနှင့်ယာဉ်မောင်းအသက်မသေခဲ့ကြောင်း ကနဦးသတင်းရှိသည်။ ပြည်သဲမောင်(ပြည်)09-423671883 ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

Leave a Comment

ပြည်မြို့ ရွာဘဲရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်
ရတနာမာန်အောင်ပေါက်တွင် ပြည်မြို့တွင်း
ဘက်မှမောင်းနှင်လာသော ဒိုင်နာ ၁၄ပေ သံ
ယောဇဉ်ချစ်သူ အမည် အဖြူ YGN4L/.......
သည်ဇါန်လ(၄)ရက်နေ့ နေ့လည် (၁)ကျော်အချိန်ခန့် လမ်းလယ်
ဘုတ်ခုံအားဝင်ရောက်တိုက်မိ တိမ်းမှောက်ခဲ့ေ
ကြာင်းနှင့်ယာဉ်မောင်းအသက်မသေခဲ့ကြောင်း
ကနဦးသတင်းရှိသည်။

ပြည်သဲမောင်(ပြည်)09-423671883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ





Read More...

Friday, June 3, 2016

တောင်တွင်းကြီး-ရွှေတောင် 230-KV နှစ်ထပ်မဟာဓာတ်အားလိုင်းတည်ဆောက်ရာမှ လယ်ယာမြေများနှင့်သီးပင်စားပင်များပျက်စီးခဲ့ရသော်လည်း ယနေ့အထိနစ်နာလျှော်ကြေးမရ

Leave a Comment

တောင်တွင်းကြီး-ရွှေတောင် 230-KV နှစ်ထပ်မဟာဓာတ်အားလိုင်းတည်ဆောက်ရာမှ လယ်ယာမြေများနှင့်သီးပင်စားပင်များပျက်စီးခဲ့ရသော်လည်း ယနေ့အထိနစ်နာလျှော်ကြေးမရ
ရွှေတောင်၊ဇွန်၊၃
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်အတွင်းရှိ ရွှေတောင် နှင့် တောင်တွင်းကြီး-မဟာဓာတ်အားလိုင်းတည်ဆောက်ရာမှာ လယ်ယာမြေများအတွင်းနေရာယူတည်ဆောက်မှုများပြုလုပ်လာမှုကြောင့် လယ်ယာလုပ်ငန်းများစိုက်ပျိုး၍မရဖြစ်နေပြီး လယ်မြေတစ်ချို့ပျက်စီးလျှက်ရှိနေကြောင်းလယ်ပိုင်ရှင်များထံကသိရသည်။
အဆိုပါ 230-KV ဓာတ်အားလိုင်းအား ၁၉၈၄-ခုနှစ်ကတည်းကမှစတင်တည်ဆောက်ထားရှိခဲ့တာဖြစ်ပြီး ထပ်မံတိုးချဲ့သည့်အနေဖြင့် တောင်တွင်းကြီး-ရွှေတောင် မိုင်-၁၀၄မိုင်စီမံကိန်းအဖြစ် 230-KVဓာတ်အားလိုင်းဆောက်လုပ်သွားမှာဖြစ်ကြောင်းသိရသည်။ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ ၂၀၁၅-ခုနှစ်တွင် တောင်တွင်းကြီး-ရွှေတောင် 230-KV နှစ်ထပ်မဟာဓာတ်အားလိုင်းတည်ဆောက်ရာမှာ လက်ရှိတည်ဆောက်လျှက်ရှိနေသည့် မကွေးတိုင်းအတွင်းမှ လယ်ယာမြေများ နှင့် ပဲခူးတိုင်း၊ပြည်ခရိုင်၊ရွှေတောင်မြို့ နှင့် ပြည်မြို့နယ်အတွင်းရှိ လယ်ယာမြေများအပေါ်ဖြတ်ကျော်တည်ဆောက်လာမှုကြောင့်လျှပ်စစ်အန္တရာယ်နှင့်ထွန်ယက်ပြီးဖြစ်သည့် လယ်ယာမြေများပျက်စီးခဲ့ရပြီး စိုက်ပျိုးချိန်မှာ စိုက်ပျိုးမရဖြစ်နေကြောင်းသိရပြီး လယ်ယာမြေများ နှင့် သီးပင်စားပင်များပျက်စီးခဲ့ရသော်လည်း ယနေ့အထိနစ်နာလျှော်ကြေးမရရှိသေးကြောင်းသိရသည်။

“ပဲခင်းထဲကို သူတို့ပစ္စည်းတွေတင်လာတဲ့ကားကြီးတွေ အတင်းဖြတ်မောင်းတာ အကုန်ပျက်စီးကုန်တယ်။ သူတို့ပြောတုန်းကတော့ လျှော်ကြေးပေးမယ်ဆိုပြီး   အခုထိဘယ်သူမှလဲလျှော်ကြေးမရဘူး။ သူတို့လုပ်ချင်သလိုလုပ်ထားတယ်။ အခုမိုးတွင်းလဲလယ်ယာတွေဘာမှလုပ်မရတော့ဘူး။ သူတို့ပစ္စည်းတွေချထားတော့ ပြီးခဲ့တဲ့ နွေစပါးလဲစိုက်လို့မရခဲ့ဘူး။ ဒီမြေကကျွန်တော့မြေပါ။ ကျွန်တော့မှာပုံစံ(၇)ရှိတယ်။ သူတို့လုပ်ချင်သလိုလုပ်သွားတာ။ လယ်ကအကုန်ပျက်စီးကုန်ပြီ ဘာမှလုပ်လို့မရဘူး၊ဘာလျှော်ကြေးမှလဲမပေးဘူး။”ဟု ပြည်မြို့နယ်၊သူဌေးကျေးရွာမှ ပဲခင်းဖျက်စီးခံရသူ ဦးသန်းဦး နှင့် ပြည်မြို့နယ်၊ပေါင်းတမော့ကျေးရွာမှ လယ်ဖျက်စီးခံရသူ ဦးဝင်းနိုင် တို့ကပြောသည်။

အဆိုပါကိစ္စများ နှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ၂၀၁၅-ခု အောက်တိုဘာ ၇-ရက်နေ့ ရက်စွဲပါစာဖြင့် ယင်းတည်ဆောက်မည့် ဓာတ်အားလိုင်းအလယ်ဗဟိုမှ ၀ဲ-၇၅ပေ နှင့် ယာ-၇၅ပေအတွင်းရှိ သစ်ပင်၊၀ါးပင်၊ခြုံနွယ်များခုတ်ထွင်ရှင်းလင်းရမည်ဖြစ်ပြီး လယ်/ယာမြေများအတွင်းရှိ သီးပင်စားပင်သီးနှံများပျက်စီးမှုရှိလာပါက ပြဌာန်းထားသည့် လယ်ယာမြေဥပဒေ၊နည်းဥပဒေများနှင့်အညီ သက်ဆိုင်ရာ ဈေးနူန်းစီစစ်ရေးအဖွဲ့မှ ထောက်ခံအတည်ပြုထားသည့် ပဏာမအတိုင်း လျှပ်စစ်ဝန်ကြီးဌာနသို့ တင်ပြတောင်းခံလာမှုကို ခွင့်ပြုမိန့်ရရှိပါမှ နစ်နာလျှော်ကြေးပေးဆောင်သွားမည်ဆိုသည့် ပြည်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး-ဒေါက်တာစစ်အောင်လတ် မှလတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ယင်းစာအရသိရသည်။
“ကျွန်တော်တို့က ကာလပေါက်ဈေးအတိုင်း တွက်ချက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြထားတယ်။ အဲဒိကခွင့်ပြုမိန့်ရရင် ကျွန်တော်တို့ဝန်ကြီးဌာနကိုဆက်တင်ရပါတယ်။ အခုကတော့ တင်ပြထားတဲ့အခြေအနေမှာပဲ ရှိသေးတာကြောင့် ကျွန်တော်တို့လက်ထဲကို မရောက်သေးပါဘူး။”ဟု မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း-ဓာတ်အားပို့လွှတ်ရေး-စီမံကိန်းမန်နေဂျာရုံး(၃)-(ရွှေတောင်)-လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးညွှန့်ရွှေ-ကပြောသည်။
အဆိုပါ တောင်တွင်းကြီး-ရွှေတောင် 230-KV နှစ်ထပ်မဟာဓာတ်အားလိုင်းတည်ဆောက်ရာမှာ ပျက်စီးသွားသည့်လယ်ယာမြေများနှင့်သီးပင်စားပင်များအတွက် နစ်နာလျှော်ကြေးများယနေ့ထိမရရှိ၍ နစ်နာလျှော်ကြေးများရယူလိုသလို ယင်းဓာတ်အားလိုင်းတည်ဆောက်ရာမှာ ဓာတ်အားလိုင်းနှင့်ဆက်စပ်ပစ္စည်းများတင်ဆောင်လာသည့် ကားကြီးများကြောင့် ကျေးလက်ဖွံ့ဖြိုးရေးလမ်းများပါ ပျက်ဆီးသွားခဲ့ရ၍ ယင်းကိစ္စများနှင့်ပတ်သက်ပြီး ယခုအစိုးရသစ်၏ ရက် ၁၀၀-စီမံချက်ထဲတွင် တောင်သူတွေ၏ လယ်ယာမြေကိစ္စများကိုပါ ထည့်ပေးလုပ်ဆောင်စေလိုကြောင်း ဒေသခံတောင်သူလယ်သမားများထံကသိရသည်။
K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)






Read More...

Thursday, June 2, 2016

ပေါင်းတလည်မြို့တွင် လမ်းဖြစ်ကူးသူအမျိုးသားတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး ပြည့်သဲမောင်(ပြည်)09-4236 71883

Leave a Comment

ပေါင်းတလည်မြို့တွင် လမ်းဖြစ်ကူးသူအမျိုးသားတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍
သေဆုံး
ပေါင်းတလည်မြို့ ဇွန်လ(၁)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင် ၊ပေါင်းတလည်မြို့၊ပြည်-ပေါက်ခေါင်း
ကားလမ်းမပေါ် တွင်ဇွန်လ(၁)ရက်နေ့ ည(၇)နာရီအချိန်ခန့်က လမ်း
ဖြတ်ကူးသူအမျိုးသားတစ်ဦးအား မီးရထားရဲတပ်ဖွဲ့ဝင်နှစ်ဦးစီးနှင်းလာ
သော ဆိုင်ကယ်မှဝင်ရောက်တိုက်မိသဖြင့် လမ်းဖြတ်ကူးသူ အမျိုးသား
တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ၊ပေါင်းတလည်နယ်မြေရဲစခန်းအပိုင်၊အရှေ့ပိုင်းရပ်ကွက်၊ပြည်-
ပေါက်ခေါင်းကားလမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ
တာဝန်မှူး ဒုရဲအုပ်ထွန်းထွန်းဦးနှင့် အဖွဲ့သည်သွားရောက်စစ်ဆေးခဲ့သည်
ဆို၏။
ထိုသို့သွာရောက်စစ်ဆေးစဉ် ရဲတသကျော်ဇင်ထွေး(၂၄)နှစ်၊(ဘ)ဦးကျော်သန်း
လှိုင် ၊ပဲနွယ်ကုန်းမြို့၊ အမှတ်(၁၀)တပ်ခွဲ၊တပ်စု(၂)၊မီးရထားရဲတပ်ဖွဲ့ဝင် မောင်း
နှင်ပြီး နောက်မှ ရဲတပ်သား ဟိန်းလင်း ထိုက်(၂၄)နှစ်၊(ဘ)ဦးမြင့်ဦး၊အမှတ်(၁၀)
တပ်ခွဲ၊ တပ်စု(၂)၊ မီးရထားရဲတပ်ဖွဲ့ဝင်တို့ စီးနှင်းလာသော ၃၅ယ/........၊Yam
aha (နီ/နက်ကြား)ဆိုင်ကယ်မှာ ကညွတ်ကွင်းရဲစခန်းအပိုင် ၊ကွင်းချောင်းတံတား
တွင် လုံခြုံရေးဆောင်ရွက်နေစဉ် နေရပ်ဖြစ်သော ပန်းတောင်းမြို့သို့ ပြည် - ပေါက်
ခေါင်း - အုတ်တွင်း -တောင်ငူကားလမ်းအတိုင်း ပြန်လာစဉ်ပေါင်းတလည်မြို့ ၊ အရှေ့
ပိုင်းရပ်ကွက် ၊ ပြည်-ပေါက်ခေါင်းကားလမ်းမပေါ် မိုင်တိုင်အမှတ်၈/၅နှင့်၈/၆အနီးအေ
ရာက်လမ်းဖြတ်ကူးသူ ကိုမျိုးလွင်(၄၂)နှစ်၊(ဘ)ဦးမောင်ကြိုင် ၊ပေါင်းတလည်မြို့၊အရှေ့
ပိုင်းရပ်ကွက်နေသူအား ဝင်တိုက်မသဖြင့် ကိုမျိုးလွင်တွင် ဦးခေါင်းနောက်စေ့ကွဲ၊ ဝဲမျက်
ခုံးပွန်း၊ နှာခေါင်းသွေးထွက်၊ဝဲခြေသလုံးကျိုး၊ ဝဲလက်ကောက်ဝတ်ဖူးရောင်ဒဏ်ရာရရှိခဲ့ပြီး
ရဲတပ်သား ကျော်ဇင်ထွေးတွင် ယာနားသွေးထွက် ၊ယာညှပ်ရိုးကျိုး ၊ယာလက်ခုံပွန်း၊ ဦးေ
ခါင်းနောက်စေ့ ဖူးရောင်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ရဲမှတ်တမ်းအရသိရသည်။
ထို့ကြောင့် ဆိုင်ကယ်မောင်းနှင်သူ ရဲတပ်သား ကျော်ဇင်ထွေးအား ဥပဒေအရအရေးယူ
ပေးပါရန်ဒုရဲအုပ် ထွန်းထွန်းဦးမှတရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ပေါင်းတလည်နယ်မြေ
ရဲစခန်း ယာဉ်(ပ)၁၄/၂၀၁၆ ၊ ပြစ်မှုပုဒ်မ ၃၃၈ အရအမှုဖွင့်ဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရှိသူ
ကိုမျိုးလွင်မှာ ပြည်ဆေးရုံကြီးမှ ရန်ကုန်ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန်သွားရောက်စဉ် ဇွန်လ(၂)ရက်နေ့နံနက်(၃)နာရီ အချိန်ခန့် လမ်းခရီး၌ သေဆုံးသွားခဲ့သဖြင့် ယခင်အမှုဖွင့်
ထားသော ပြစ်မှုပုဒ်မ- ၃၃၈မှ ၃၀၄ က သို့ ပြောင်းလဲအမှုဖွင့်ခဲ့ကြောင်း သတင်းရရှိသည်။
 
ပြည့်သဲမောင်(ပြည်)09-4236 71883
 
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

Read More...

၂၀၁၃/၁၄ပညာသင်နှစ်မှာဆောက်လုပ်ထားသည့်စာသင်ကျောင်း နံရံများအက်ကွဲလာမှုကြောင့် စာသင်ကျောင်းပြိုကျလာမှုနှင့်ပိုးမွှားကောင်အန္တရာယ်များအတွက်မိဘများစိုးရိမ်ပှုပန်

Leave a Comment



၂၀၁၃/၁၄ပညာသင်နှစ်မှာဆောက်လုပ်ထားသည့်စာသင်ကျောင်း နံရံများအက်ကွဲလာမှုကြောင့် စာသင်ကျောင်းပြိုကျလာမှုနှင့်ပိုးမွှားကောင်အန္တရာယ်များအတွက်မိဘများစိုးရိမ်ပှုပန်

 

ပန်းတောင်၊ဇွန်၊၁

 

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်အတွင်းရှိ ရွာသာယာအုပ်စု၊ရွာသစ်ကျေးရွာတွင် တည်ဆောက်ထားသည့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အား PNZ-Construction Co;Ltd မှ တာဝန်ယူတည်ဆောက်ထားခဲ့ရာ စာသင်ကျောင်းနံရံတွေ နှင့် အောက်ခြေဖောင်ဒေးရှင်းများမှာ အက်ကွဲနိမ့်ကျ၍ ယင်းအက်ကွဲကြောင်းများထဲတွင် မြွေများခိုအောင်လာသည်အထိဖြစ်ပေါ်နေ၍ စာသင်ကျောင်းပြိုကျလာမှာ နှင့် မြွေအန္တရာယ်များပေါများလာမှုကြောင့် ၄င်းစာသင်ကျောင်းတွင် ကျောင်းဆက်လက်ထားရှိဖို့ကို ကျောင်းသားမိဘများက စိုးရိမ်လျှက်ဖြစ်ပေါ်နေကြောင်းသိရသည်။

 

   အဆိုပါ အလယ်တန်းကျောင်း(ခွဲ)ကို PNZ- Construction Co;Ltd က (၂၀၁၃/၁၄)ခုနှစ်မှာ တိုင်းဒေသကြီးဘတ်ဂျက်ငွေ-သိန်း၂၁၆-သိန်းဖြင့် တည်ဆောက်ခဲ့တာဖြစ်ပြီး တည်ဆောက်ပြီးရက်ပိုင်းလောက်မှာ ကျောင်းဆောင်နံရံတွေနှင့် ကျောင်ဘေးပတ်လည်ရှိ အောက်ခြေဖောင်ဒေးရှင်းများ ပတ်ကြားအပ်တွေဖြစ်ပေါ်လာပြီး ယင်းပတ်ကြားအက်များထဲမှ မြွေများနှင့်အခြားတွင်းအောင်းသတ္တ၀ါတို့ခိုအောင်းလာခဲ့မှုကြောင့် စာသင်ကျောင်းသား/သူတွေအတွက် မိဘများက အန္တရာယ်များဖြစ်ပေါ်လာမည်ကို  စိုးရိမ်လျှက်ရှိနေကြောင်းကျောင်းသားမိဘများထံကသိရသည်။

 

 

“ကျောင်းဆောက်ပြီးသက်ဆိုင်ရာလူကြီးတွေကိုကျောင်းအပ်ပြီး သိပ်မကြာဘူးစာသင်ကျောင်းကအက်ကွဲလာတယ်။နံရံတွေနဲ့အောက်ခြေဖောင်ဒေးရှင်းတွေအက်ကွဲလာတာအစကတော့နည်းနည်းလေးဖြစ်တာမို့ ဘာမှမပြောမိလိုက်ကြဘူး။အခုကတဖြေးဖြေးပိုဆိုးလာတယ်။ဒီနေ့ဆိုကျောင်းတွေစအပ်ရတယ်။ကလေးတွေအတွက် ဒီကျောင်းပြိုကျမှာဆိုးတယ်။ဖောင်ဒေးရှင်းအက်ကွဲကြောင်းတွေထဲက မြွေတွေမကြာခဏဆိုသလိုထွက်လာတယ်။ပိုဆိုးတာက ကလေးတွေအိမ်သာသွားတဲ့ လမ်းက စာသင်ကျောင်းရဲ့အောက်ခြေဖောင်ဒေးရှင်းအက်ကွဲတာကျွင်းကြီးလိုဖြစ်နေတယ်။အဲဒိကျွင်းထဲကမြွေတွေပိုရလာတယ်။ကျောင်းဆောက်စဉ်ကအတိုက်အခံပြောလိုက်ရတာတွေလဲရှိတယ်။ကျောင်းဆောက်လုပ်စဉ်မှာသုံးစွဲသွားတဲ့ ပစ္စည်းတွေဆိုအရေးအသွေးနိမ့်ကျနေတယ်။ဘိလပ်မြေဆို ၄-နှစ်လောက် ဒိတ်အောက်တွေ ကိုသုံးစွဲသွားကြတယ်။အခုလက်ရှိအခြေအနေ ကျောင်းက မြွေအောင်းကျွင်းဖြစ်ပြီး ပြိုကျမဲ့အခြေအနေရောက်နေတယ်။”ဟု ရွာသစ်ကျေးရွာနေထိုင်သူ ကျောင်းသားမိဘ-ဦးမြင့်တင်-ကပြောသည်။

 

အဆိုပါ ၂၀၁၃/၁၄ ပညာသင်နှစ်တွင် တိုင်းဒေသကြီးဘတ်ဂျက်ငွေများဖြင့် ပန်းတောင်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းပေါင်း ၁၀-ကျောင်းအား PNZ- Construction Co;Ltd မှတာဝန်ယူဆောက်ခဲ့ရကြောင်းသိရပြီး ကျန်ရှိနေသည့်စာသင်ကျောင်းများမှာ ယခုလို ကျောင်းနံရံတွေ နှင့် အောက်ခြေဖောင်ဒေးရှင်းများအက်ကွဲလာခဲ့တာနှင့်ပတ်သက်ပြီး ဒေသခံတွေက မြို့နယ်ပညာရေးရုံးသို့ ယနေ့အထိ တင်ပြတိုင်ကြားထားခြင်းမရှိကြောင်းပန်းတောင်းမြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူများထံကသိရသည်။

 

“စာသင်ကျောင်းက အသေးစားပျက်စီးသွားတယ်ဆိုရင် ရပ်ရွာတွေမှာရှိတဲ့လူတွေစုပေါင်းပြီး ပြန်လည်ပြုပြင်သင့်ပါတယ်။သက်ဆိုင်ရာဌာနတွေကိုတင်ပြသင့်တယ်။ကျွန်တော်တို့ကိုလဲသူတို့ကတင်ပြပေးဖို့လိုပါတယ်။ဒါမှကျွန်တော်တို့လည်းသက်ဆိုင်ရာဌာနတွေအဆင့်ဆင့်တင်ပြပေးလို့ရမှာ။၂၀၁၅/၁၆ ဘတ်ဂျက်ဆိုရင်ပြန်ပြုပြင်ဖို့ကလွယ်ပေမယ့် ပြီးသွားတဲ့ ၂၀၁၃/၁၄ ဘတ်ဂျက်ဖြစ်နေတော့ သက်ဆိုင်ရာဌနတွေနဲ့ကျွန်တော်တို့ဆီကို ပြင်ဆင်စရိတ်တင်ပြရပါ့မယ်။စာသင်ကျောင်းက ငါးနှစ်အာမခံပေးထားတာဆိုတော့ PNZ- Construction Co;Ltd အနေနဲ့ စာချုပ်ပါစည်းကမ်းအတိုင်း ပြန်ပြင်ပေးမလား၊တန်ရာတန်ကြေးလျှော်ကြေးပေးမလားဆိုတာတော့ရှိနေပါတယ်။အရင်ဆရာတွေလက်ထက်ကဖြစ်ခဲ့တာဆိုတော့ ဒီကိစ္စမမှီလိုက်တော့ မနက်ဖြန်ကွင်းဆင်းစစ်ဆေးပြီးအဆင့်ဆင့်တင်ပြသွားဖို့တော့ရှိပါတယ်။”ဟု ပန်းတောင်းမြို့နယ်-လက်ထောက်ပညာရေးမှူး ဦးမြင့်ဆွေ-ကပြောသည်။

 

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး PNZ- Construction Co;Ltd အားဆက်သွယ်မေးမြန်းရန် ဖုန်းနံပါတ်အား ပန်းတောင်းမြို့နယ်ပညာရေးမှူးရုံးမှာ စုံစမ်းခဲ့သော်လဲ မရရှိခဲ့ပါ။အဆိုပါ ရွာသာယာအုပ်စု၊ရွာသစ်ကျေးရွာတွင်တည်ဆောက်ထားရှိသည့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အား ရွာသာယာအုပ်စုအတွင်းမှာရှိသည့် ရွာသစ်ကျေးရွာ နှင့် စစ်တ၀င်းကျေးရွာများမှ စာပေပညာလာရောက်သင်ကြားလျှက်ရှိနေပြီ ယနေ့ဆိုယင်းစာသင်ကျောင်းတွင် ကျောင်းသား ကျောင်းသူများ ပြန်လည်စတင်၍ စာသင်ကြားနေရသော်လဲ ကျောင်းသားမိများက စာသင်းကျောင်းနံရံများ အောက်ခြေဖောင်ဒေးရှင်းများအက်ကွဲလာမှုများနှင့် ၄င်းအက်ကွဲကြောင်းများထဲမှ မြွေများနှင့်အခြားပိုးမွားအန္တရာယ်များထွက်ရှိလာမည်ကို စိုးရိမ်ပှုပန်လျှက်ရှိနေကြောင်းသိရသည်။

 

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ

ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)







 
Read More...

Facebook Like Page