Monday, May 30, 2016

Leave a Comment


"Barcamp Pyay 2016"
Barcamp Pyay 2016 Official Logo ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း
ပြိုင်ပွဲဝင်များအနေဖြင့် မှီငြမ်းနိုင်ရန် ယခင်နှစ်များမှ အသုံးပြုခဲ့သော Logo များကို အောက်တွင်ဖော်ပြထားပါသည်။
ပြိုင်ပွဲကာလကို (၃၀.၅.၂၀၁၆)ရက်နေ့မှ (၁၅.၆.၂၀၁၆)ရက်နေ့အထိ သက်မှတ်ထားပါသည်။
ပြိုင်ပွဲဝင်ထဲမှ Winner အဖြစ် တစ်ဦးထဲကိုသာ ရွေးချယ်ပါမည်။
ဆုကြေးငွေ- ၁၀၀၀၀၀ိ (တစ်သိန်းကျပ်တိတိ)နှင့် Barcamp Pyay 2016 ၏ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်မည် ဖြစ်ပါသည်။
"စည်းကမ်းချက်များ"
- Logo တွင် Barcamp မီးတောက်ပုံ ပါရှိရမည်။
- Barcamp Pyay 2016 စာသား ပါရှိရမည်။
- ပြည်မြို့၏မပါမဖြစ် အဓိကနေရာ (ပြည်၏ image ကိုထင်ဟပ်စေသော နေရာ/ပုံ) ပါရှိရမည်။
- Logo အား ကြိုက်နှစ်သက်ရာ အရောင် ရွေးချယ်အသုံးပြုနိုင်ပါသည်။
- ပြိုင်ပွဲဝင်(၁)ဦးလျှင် ပုံ(၃)ပုံထိ ပါဝင်ယှဉ်ပြိုင်ခွင့် ရှိပါသည်။
- File Resolution (300) dpi နှင့် (600) dpi ကြားရှိရမည်။
- .psdဖိုင် (သို့) .tiff ဖိုင်ဖြင့်သာ ယှဉ်ပြိုင်ကြရမည်။
- ဖိုင်ကို Stick ,CD(၂)နှစ်မျိုးလုံးဖြင့်ထည့်သွင်း၍ Netware Computer Centre (NCC) ၀ါရုံလမ်း၊ ပြည်တက္ကသိုလ်အနီးသို့ ပြိုင်ပွဲဝင်ကိုယ်တိုင် လာရောက်အပ်နှံရမည်။
- ပြိုင်ပွဲဝင်များအနေဖြင့် မိမိတို့၏ အမည် ၊ ဖုန်းနံပါတ် ၊ နိုင်ငံသားစီစစ်ရေးကပ်ပြားအမှတ် ၊ လိပ်စာ စသည့် ကိုယ်ရေးအချက်အလက်များကို A4 စာရွက်ဖြင့် Logo ဖိုင်အား လာရောက်အပ်နှံသည့်အခါတွင် တစ်ပါတည်း ယူဆောင်လာရပါမည်။
- နယ်မှပြိုင်ပွဲဝင်များအနေဖြင့် ဖိုင်ကို yemyintaung.ncc@gmail.com သို့ ကိုယ်ရေးအချက်အလက်နှင့်တကွ ပို့၍ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။
- Logo ဖိုင်များ ပို့ရန် ကာလကို (၃၀.၅.၂၀၁၆) ရက်နေ့မှ (၁၀.၆.၂၀၁၆)ရက်နေ့ ည(၈:၀၀)နာရီထိသာ သက်မှတ်ထားပါသည်။
- သက်မှတ်ရက် ၊ သက်မှတ်ချိန်ထက် ကျော်လွန်ပီးမှ ပို့သော Logo ဖိုင်များကို ထည့်သွင်းစဉ်းစားပေးမည် မဟုတ်ပါ။
Remark ; တစ်စုံတစ်ရာအငြင်းပွားဖွယ်ရာကိစ္စများ ပေါ်ပေါက်လာပါက Barcamp Pyay 2016 Organizers Team ၏ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။
*** ရွေးချယ်ခံရသော Logo အား မကြာမီကျင်းပတော့မည့် Barcamp Pyay 2016 ပွဲကြီးတစ်ခုလုံး၏ Official Logo အနေဖြင့် အသုံးပြုသွားမည် ဖြစ်ပါသည်။
အသေးစိတ်စုံစမ်းလိုပါက -
ဦးရဲမြင့်အောင် - 095311085
ဦးသူရထွဋ် - 09973780447 / 09796984366
ဦးကျော်စည်သူအောင် - 09788888465
သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
Barcamp Pyay 2016 Organizers Team
သတင်း..ပြည်သတင်းလူငယ်-ပြည်သတင်း-၀၉၂၅၃၃၁၁၀၁၉
 


 
Read More...

သနီချောင်းကမ်းပါးပြိုကျလာမှုကြောင့် အိမ်ခြေ ၄၀-ကျော်စိုးရိမ်ဖွယ်ရှိနေပြီး ပြောင်းရွေ့ရန်အခက်ခဲများဖြစ်ပေါ်

Leave a Comment



သနီချောင်းကမ်းပါးပြိုကျလာမှုကြောင့် အိမ်ခြေ ၄၀-ကျော်စိုးရိမ်ဖွယ်ရှိနေပြီး ပြောင်းရွေ့ရန်အခက်ခဲများဖြစ်ပေါ်

 

ပန်းတောင်း၊မေ၊၃၀

 

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောာင်းမြို့နယ်၊ဇရပ်လှအုပ်စုအတွင်းရှိ ဇရပ်လှရွာ၊၀ါးတိုက်မြောင်စသည့်ကျေးရွာရှိ သနီချောင်းရေစီးမှုဒဏ်တို့ကြောင့် သနီချောင်းကမ်းပါးများပြိုကျ၍ စိုးရိမ်ဖွယ်ရာနေအိမ်ပေါင်း ၄၀-ကျော်စိုးရိမ်ဖွယ်အခြေအနေရောက်ရှိနေမှုကြောင့် ပြောင်းရွေ့ရန်ခက်ခဲမှုများဖြစ်ပေါ်လျှက်ရှိကြောင်းဒေသခံများထံကသိရသည်။

 

“အိမ်ကအမြန်ရွေ့နေရတယ်။ဘယ်သူဘယ်ကမှလာမကူညီဘူး။ကိုယ့်စားရိတ်နဲ့ကိုယ်ပြောင်းရမှာ။ကမ်းပါးပြိုတာက အိမ်တိုင်တွေအထိရောက်လာလို့ အိမ်တိုင်တွေတောင်မြေနဲ့လွတ်လာပြီ။ထပ်ပြီးရှေ့တိုးလို့လမ်းမရတော့ဘူး လမ်းမကြီးကခံနေပြီ။နောက်မှာလည်းကမ်းပါးကပြိုနေပြီ။မြေနေရာလေးတော့ပေးစေချင်ပါတယ်။ရေကာတာတွေရိုက်ပေးစေချင်တယ်။ရွာကပျက်နေပြီ ကြာရင်ရွာပါပျောက်လိမ့်မယ်။မြေ၀ယ်ဖို့ပိုက်ဆံလဲမရှိပါဘူး။ဒုက္ခတွေရောက်နေပါတယ်။အိမ်ပြောင်းရွေ့ရမယ်ဆိုရင် ပစ္စည်းတွေအကောင်းတိုင်းမရတော့ပါဘူး။” ဟု ဇရပ်လှအုပ်စု၊ဇရပ်လှကျေးရွာ ဦးဥာဏ်ဦးကပြောသည်။

 

 

အဆိုပါ သနီချောင်းရေသည် ဧရာဝတီမြစ်နှင့်တစ်ဆက်ထဲရှိနေပြီး ယင်းသနီချောင်းကမ်းပါးပြိုကျနေမှုမှာပြီးခဲ့သည့် ၂-နှစ်ခန့်ကတည်းကစတင်ပြိုကျလာခဲ့ရာ ယခုနှစ်တွင်ပိုမိုဆိုးရွာစွာကြုံတွေ့နေရတာဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

 

“သုံးထပ်ကလယ်ပေါ် နယ်ကျော်တဲ့ကျောင်းကြီးဆိုတာလည်းရှိတယ်အဲဒိကျောင်းကြီးကရှေးဟောင်းကျောင်းတော်ကြီးကမ်းပါးပြိုကျလာမှုတွေကြောင့် စိုးရိမ်နေရတယ်။ကမ်းပါးပြိုကျနေမှုကို ပြီးခဲ့တဲ့ နှစ်တွေကတည်းကတင်ပြခဲ့ပေမယ့်ဘာမှဖြစ်မလာခဲ့ဘူး။အခု အစိုးရလက်ထပ်မှာဆက်တင်ပြထားတယ်။လွတ်တော်ကိုယ်စားလှယ်တွေအားလုံးလာကြည့်ပြီးလိုအပ်တာတွေကို သက်ဆိုင်ရာတွေကိုတဆင့်ထပ်တင်ပေးပြပေးမယ်လို့ပြောသွားကြတယ်။အခုချိန်ကတည်းကမှဒီကမ်းပါးတွေကို ထိန်းသိမ်းပြုပြင်မပေးရင်ရွာပျောက်သွားလိမ့်မယ်။အခုရွာကပျက်တောင်နေပြီ။ကမ်းပါးထိမ်းနံရံတွေပြုလုပ်ပေးစေချင်တယ်။ပြောင်းရွေ့နေရသူတွေကိုကူညီပေးစေချင်ပါတယ်။”ဟု ဇရပ်လှအုပ်စု၊ဇရပ်လှကျေးရွာ ဦးတုတ်တီ-ကပြောသည်။

 

အဆိုပါ သနီချောင်းကမ်းပါးပြိုကျလာမှုသည် လွန်ခဲ့သည့် နှစ်ရက်ခန့်လောက်မှာ စတင်ပြန်လည်၍ ဆိုးရွားစွာပြိုကျလာခဲ့တာဖြစ်ကြောင်းသိရပြီး ၂၀၁၆-ခုနှစ် မိုးရာသီကာလတွင်ထပ်မံပြိုကျလာနိုင်ဖွယ်ရှိနေမှုကြောင့်  ပန်းတောင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ဒေသခံများကိုယ်စား သက်ဆိုင်ရာ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးတို့မှ မေ-၂၉ ရက်နေ့တွင် စတင်၍တင်ပြထားခဲ့ကြောင်းသိရသည်။

 

 

“လောလောဆယ်သတင်းပို့ထားတဲ့အဆင့်ပဲရှိသေးပါတယ်။လတ်တလာဘာမှမကူနိုင်သေးပေမဲ့ အန္တရာယ်ရှိနိုင်မယ့် လူနေအိမ်တစ်ချို့ကို ရွေ့ပြောင်းပေးထားတာတော့ရှိပါတယ်။ကမ်းပါးပြိုကျနေမှုကို မြို့နယ်ထွေအုပ်နဲ့လွှတ်တော်ကိုယ်စားလှယ်တွေဆီကို တင်ပြပေးထားပါတယ်။အုပ်ချုပ်ရေးပိုင်နဲ့ရပ်မိရပ်ဖတွေကူညီပြီးရွေ့ပြောင်းအိမ်တွေကို ကူညီလုပ်ကိုင်ပေးပါတယ်။အိမ်ခြံတွေကို အနောက်က ကမ်းပါးပြိုရင် အရှေ့တိုးဆောက်တယ်။အရှေ့ကပြိုရင်အနောက်တိုးဆောက်တာတွေတော့ရှိပါတယ်။အိမ်ခြံတွေကတော်တော်ကျဉ်းနေပြီဆိုတော့နောက်ထပ်ရွေ့စရာမြေမရှိတော့တဲ့လူတွေက သူများအိမ်မှာကပ်နေရတာတွေလဲရှိနေပါတယ်။” ဟု ပန်းတောင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံး-အငယ်တန်းစာရေး-ဇရပ်လှအုပ်စုကျေးရွာတွင်တာဝန်ယူနေရသူ ဒေါ်မြင့်မြင့်စန်း ကပြောသည်။

 

အဆိုပါ သနီချောင်းကမ်းပါးပြိုကျနေမှုတို့ကြောင့် ဇရပ်လှအုပ်စုအတွင်းရှိ ဇရပ်လှကျေးရွာတွင် အိမ်ခြေပေါင်း ၃၆-အိမ် နှင့် ၀ါးတိုက်မြောင်ကျေးရွာတွင် အိမ်ခြေပေါင်း ၆-အိမ်တို့မှာစိုးရိမ်ရသည့်အခြေအနေသို့ရောက်ရှိနေကြောင်း သက်ဆိုင်ရာများသို့တင်ပြမည့် စာရွက်စာတမ်းများအရသိရသည်။

 

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ

 

ပြည်သတင်းလူငယ်-ပြည်သတင်း-၀၉၂၅၃၃၁၁၀၁၉






Read More...

ဆရာဦးကျော်ဆန်း အင်္ဂလိပ်စာဘာသာစကားသင်တန်းမှတန်းခွဲ အသစ်များကို June လ အတွင်းထပ်မံဖွင့်လှစ်သွားပါမည်။

Leave a Comment

ဆရာဦးကျော်ဆန်း အင်္ဂလိပ်စာဘာသာစကားသင်တန်းမှတန်းခွဲ
အသစ်များကို June လ အတွင်းထပ်မံဖွင့်လှစ်သွားပါမည်။


မြန်မာနိုင်ငံ၌အင်္ဂလိပ်စာဘာသာစကား ကျွမ်းကျင်တတ်မြောက်မှု လိုအပ်ချက်ကြီးမားနေပါသည်။ကျောင်းသားများအနေနှင့်Speakingနှင့်
Listening Skills တွေသာမက Reading နှင့် Writing Skills 
တွေကိုပါ ပိုင်နိုင်ထားရန်လိုပါသည်။
***June လ(6)ရက်နေ့တွင်တန်းခွဲသစ်ကိုထပ်မံဖွင့်လှစ်
သင်ကြားပေးမည်ဖြစ်သဖြင့် ကျောင်းသားသစ်များစတင်
လက်ခံနေပါပြီ***
Time --- 6 ရက်နေ့ (5း00-63း0)Pm Mon to Thur
(6.6.2016)
အင်္ဂလိပ်စာ အရေး ၊အဖတ်၊အပြော၊အကြား ကျွမ်းကျင်လိုသူများ
ဆရာဦးကျော်ဆန်းအင်္ဂလိပ်စာဘာသာစကားသင်တန်းကျောင်း
တွင်စာရင်းပေးသွင်းနိုင်ပါပြီ......... နိုင်ငံကျော်အင်္ဂလိပ်ဆရာကြီး
များဖြစ်ကျသော ဦးခင်မောင်လတ် ဆရာကြီး ဦးသိန်းမောင်(ထင်
လင်း)တို့၏တပည့် ဆရာကြီး ဦးမြကြိုင် ထံတွင်(၉)နှစ်တိုင်တိုင်
ပညာနို့ရည်သောက်ခဲ့သူ ဦးကျော်ဆန်း B.A (Psy),TKT(UK),
Dip.In English(YUFL)မှENGLISH PROFICIENCY CLASSES
READING WRITING LISTENING SPEAKING FOUR SKILLS
လုံးသင်ကြားပေးနေပါသည်။ Basic ,Intermediate,Advanced
Level Basic Level (၃) လ Intermediate Level (၃) လ တစ်
တန်းအတွက်လစဉ် လခ(၇၀၀၀)ကျပ် ပေးရုံဖြင့်ကျန်အတန်းများ
ကို အခမဲ့တက်ရောက်ခွင့်ရှိသည်။ကျောင်းသားများ အချိန်မရွေး
ဆက်သွယ်နိုင် ရန် သင်ခန်းစာများကို ပတ်လည်စနစ်ဖြင့်စီစဉ်
ထားပါသည်။သီးသန့်ဝိုင်းများ ကိုလည်း စီစဉ်ဆောင်ရွက်ပေးပါ
သည်။
သင်တန်းအားတက်ရောက်လိုပါက Monday to Thursday
Reading (1)7:00 to 8:00 am Basic Leveel (2)8:00
to 9:30 am (3)3:00 to 4:30 pm (4)5;00 to6;30 pm (5)
6;30 to8;00 pm Intermediate Level(1)9;30 to11;00 am
General English(1)12;30 to1;30 pm Senior Reading (1)
1;30 to2;30 pm Saturday to Sunday Basic Leveel (1)
8;00 to9;30 am (2)9;30 to11;00 am (3)4;30 to6;00
pm Intermediate Leveel(1)2;30 to4;00 pm Advanced
Level(1)12;30 to1;30 pm Senior Reading(1)1;30 to2;30 pm ဖြစ်ပြီးသင်တန်းတည်နေရာမှ..................
အမှတ်(၁၂/၈၃)၊ရတနာလမ်း /(၄)လမ်း၊န၀င်းကွက်သစ်၊ပြည်မြို့၊
ပဲခူးတိုင်းဒေသကြီး
ဆက်သွယ်ရန် ဖုန်းနံပါတ် 09 43131 214 /09 973626165





Read More...

ဆရာ ကာဠု-ပြည်၏လက်ရာလေးပါ

Leave a Comment

ဆရာ ကာဠု-ပြည်၏လက်ရာလေးပါ

Read More...

မြန်မာတွေအောက်ကျနောက်ကျမဖြစ်ဖို. သရ၀ဏ်(ပြည်)

Leave a Comment

မြန်မာတွေအောက်ကျနောက်ကျမဖြစ်ဖို.
သရ၀ဏ်(ပြည်)
ဖေ.စ်ဘွတ်တွင် မိတ်ဆွေတယောက်က ဓာတ်ပုံတပုံတင်လာသည် ။ သူတင်လာသောဓာတ်ပုံက နက်လှစွာသောတောင်စောင်းကြီးတလျှောက် မဆုံးနိုင်သောလူတန်းကြီးက အပေါ်မှအောက်သို.နိမ်.ဆင်းသွားသော ဆင်ခြေလျှော တလျှောက်တန်းစီပြီးနေရာယူထားကြသည်မှာ ရှည်လျားလှသောလူတန်းကြီး သုံးလေးတန်းဖြစ်နေပါသည် ။ ထိုလူတန်းကြီးစောင်.ကြိုနေသောအရာကား တောင်တလုံးလိုဖြစ်နေသောနေရာ အပေါ်ဆုံးမှ ဧရာမမြေသယ်ယာဉ်စက်ယန္တယားကြီးကိုဖြစ်သည် ။ထိုဧရာမမြေသယ်ယာဉ် ကြီးပေါ်မှသွန်ချမည်.မြေကြီးများကို လူတန်းကြီးကစောင်.မျှော်နေပုံဖြစ်သည် ။ ဓာတ်ပုံထဲတွင်မြေသယ်ယာဉ်သုံးစီးခန်.တွေ.ရပြီး လူအုပ်ကြီးမှာလည်းတောင်စောင်းတလျှောက် အုပ်စုသုံးလေးဖွဲ.ဖွဲ.ကာ စောင်.မျှော်နေကြပုံဖြစ်သည် ။ထိုဓာတ်ပုံမှာ ကမ္ဘာကျော်ဖားကန်.ကျောက်စိမ်းရတနာမြေ၏ ယနေ.ခေတ်မြင်ကွင်းဖြစ်သည် ။ ထိုဓာတ်ပုံကိုဖေ.စ်ဘွတ်တွင် ပြန် share ထားသူ Kyaw Naing Win က
“ တိုင်းတစ်ပါးသားတရုတ်တွေက အဆီအနှစ်တွေစားပြီး စွန့်ပစ်လိုက်တဲ့ အရိုးလေးထဲက အသားစလေးကို စားခွင့်ရရေးအတွက် အသက်နဲ့ရင်းရှာဖွေနေကြရတဲ့ အိမ်ရှင် သခင်မျိုးဟေ့ဆိုတဲ့ ဒို့ဗမာ . . .” ဟုရေးသားထားပါသည် ။ထိုပုံကိုမြင်သောအခါ ကျောက်စိမ်းတွင်းပိုင်ရှင်မှာ တရုတ်လူမျိုးများဟုတ်သလားမဟုတ်သလားတော.သေသေချာချာမသိရ ၊ ရေမဆေးကျောက်ခေါ် သူဌေးများမလိုချင်သဖြင်.လွှင်.ပစ်သောမြေစာပုံထဲမှကျောက်တုံးကလေးများကို အသက်စွန်.ကာ (ရပ်နေသောမြေစာပုံအချိန်မရွေးပြိုကျကာ မြေအောက်သို.ရောက်သွားနိုင်လေသည် ) ကောက်နေရရှာသူများကတော. ဗမာ ၊ ကချင် ၊ ရှမ်း၊ရ၀မ် ၊လီဆူး စသော မြန်မာနိုင်ငံသားများပဲဖြစ်တာသေချာပါသည် ။မြန်မာအမည်ခံကုမ္မဏီများနောက်ကွယ်တွင် တရုတ်တွေကြီးစိုးနေကြသည်ဟုလည်း အတော်များများကပြောနေကြသည်ဖြစ်ရာ ဟုတ်မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာနမှထိထိရောက်ရောက်စစ်ဆေးသင်.ပါသည် ။ ထိုပုံကိုမြင်သောအခါ ကိုယ်.နိုင်ငံမှာပဲနေ ၍ဤကဲ.သို.အောက်ကျနောက်ကျအလုပ်ကလေးများကိုလုပ်ကိုင်နေရရှာသောမြန်မာလူမျိုးအများစုအတွက်ရင်နာရပေသည် ။ ၁၉၉၈ခုနှစ်ခန်.က နိုင်ငံခြားသားများနှင်.အတူဖားကန်.သို.ကျွန်တော်ရောက်ဖူးပါသည် ။ထိုစဉ်ကဖားကန်.နှင်.ယခုဖားကန်.မြင်ကွင်းသည် မျက်လှည်.ပြသလိုခြားနားခဲ.ပြီ ။ထိုစဉ်ကဖားကန်.သည် ကျောက်တူးသည်ဆိုငြား ၊ ကုမ္မဏီများမှလုပ်ကွက်ဖော်နေကြသည် ဆိုငြား သိုသိုသိပ်သိပ်ရှိလှသည် ။စည်းကမ်းတကျရှိလှသည် ။ ယခုခေတ်လို (အမှန်မှာ၁၈ နှစ်ဟူသည် သိပ်ကြာလှသည်မဟုတ်သေး )စက်ယန္တယားတွေ ၊ယာဉ်ကြီး ယာဉ်ငယ်တွေ ဥဒဟိုသွားလာနေတာတွေ ၊ နက်ရှိုင်းသောချောက်ကမ်းပါးတွေ ၊ တောင်လိုမြင်.သောမြေစာပုံကြီးတွေ ထိုစဉ်ကဘာဆိုဘာမှမရှိပါ ။ဥရုချောင်းသည် သူ.လမ်းလမ်းကြောင်းတွင်အပိတ်အဆို.မရှိစီးဆင်းလျက်ပါ ။ မေခမလိခမြစ်ဆုံဝယ် ရေသည် အောက်ခြေမှကျောက်တုံးလေးများကိုမြင်ရသည်အထိစီးဆင်းလျက်ပါ ။ ရွေတူးဖော်သူတို.ကြောင်. မြစ်ရေများမနောက်ကျိမညစ်ညူးသေးပါ ။ အနှစ်နှစ်ဆယ်နီးပါးအတွင်း သဘာဝပျက်သုဉ်းသွားပုံမှာရင်နာစရာကောင်းပါသည် ။ ထိုသို.အဘက်ဘက်မှပျက်ဆီးခဲ.သော်လည်း ထိုအကျိုးကိုနိုင်ငံသားတို.စံစားခံစားနိုင်လျှင်မူကား ခွင်.လွှတ်နားလည်ပေးလို.ရပါသေးသည် ။ ယခုသော် မြန်မာလူမျိုးအများစုသည် တိုလီမိုလီအလုပ်ကလေးများကို အသက်ကိုရင်း၍ငွေရှာစားရသောဘ၀သို.ရောက်ခဲ.လေပြီ ။အမျိုးဂုဏ်ဇာတိဂုဏ်ဟူ၍ကား ပြစရာမရှိအောင်ပျက်စီးခဲ.ကြပေပြီ ။ အချို.သောဘုန်းဘုန်းတို.သည် ဘာသာခြားများဆိုင်မှာမ၀ယ်ကြ ၊ မစားကြ အားမပေးကြဖို. ဟောပြောလှုံ.ဆော်မှုတွေလုပ်တာကြားဖူးသည် ။ ထိုအယူအဆမှန်မမှန်ကိုမပြောလိုပါ ။ ကိုယ်.ပိုက်ဆံကိုယ်ပိုင်သည်ဖြစ်၍ မည်သူမဆိုဝယ်ချင်သည်.ဆိုင်က၀ယ်ကြပေလိမ်.မည် ။
သို.သော်ထိုသို.အမျိုးဘာသာစသည်ဖြင်.ဟောပြောနေကြချိန်တွင် ဘက္ကဒီးအိဒ်နေ.ရောက်တိုင်း ရှက်ရွံ.ဖွယ်ကိစ္စတခုလည်းရှိပေသေး၏ ။ထိုမြင်ကွင်းကိုမြင်တိုင်းအချုပ်တန်းဆရာဖေ ရေးသော
“တွေးမိတိုင်းအရိုးနာသည် ၊ အမျိုးပါဆဲချင်ပေါ.လေး “ ဟုသာဟစ်လိုက်ချင်တော.သည် ။ထိုမြင်ကွင်းမှာအခြားမဟုတ် အိဒ်နေ.တွင် ဗလီပေါက်ဝ၍ အမဲသားများပေးဝေမည်ကိုအလုအယက်စောင်.နေကြသောမြန်မာများ ကိုမြင်ရခြင်းဖြစ်သည် ။ ထို.နေ.ရောက်တိုင်းပြည်မြို.နှင်.အခြားမြို.ကြီးမြို.ငယ်များတွင်မြန်မာများအမဲသားအနည်းငယ်ရရန်စောင်.မျှော်နေကြသောမြင်ကွင်းကိုတွေ.ကြရသည် ။ ကျွန်တော်.မိတ်ဆွေ ကိုဇော်ကြီး(ခ)ရည်ဇော်မောင်က ဖားကန်.မှရေမဆေးကျောက်ရှာသူများ၏ဓာတ်ပုံကိုမြင်ပြီး “ အစ်နေ့မှာ ဗလီပေါက်ဝကနေအမဲသားအရိုးအရင်းကိုစောင့်တောင်းနေတဲ့ဗမာတွေကိုကြည့်နေရသလိုပါပဲ။
ရင်နာတယ် “ ဟုရေးသားထားပါသည် ။ ဤဆောင်းပါးသည် လူမျိုးရေး၊ဘာသာရေး ထိခိုက်နစ်နာအောင်ရေးသားသည်.ဆောင်းပါးမဟုတ်ပါ ။ မြန်မာလူမျိုးတို.သည် စီးပွားရေးနိမ်.ကျလာသောကြောင်. အမျိုးဂုဏ် ဇာတိဂုဏ်ဟူသည်များမရှိကြတော.ပုံကိုသာ ထောက်ပြလိုရင်းဖြစ်ပါသည် ။
ယခင်ကဆိုလျှင် မြန်မာများသည်အရာရာတွင်အထက်တန်းကျကျနေလာခဲ.သောလူမျိုးဖြစ်ပါသည် ။ ကူလီထမ်းခြင်း ၊ အညစ်အကြေးကျုံးခြင်း ၊ လန်ခြားဆွဲခြင်းစသောလုပ်ငန်းများကို မြန်မာနိုင်ငံအနှံ. လူမျိုးခြားတို.ကလုပ်ကိုင်ပါသည် ။ အင်္ဂလိပ်ခေတ်တွင် လုပ်အားခဈေးပေါသော အိန္ဒိယနိုင်ငံသားများ မြန်မာနိုင်ငံတွင်းသို.၀င်ရောက်လာပြီး ထမင်းတလုပ် အတွက် ရရာအလုပ်များကိုလုပ်ခဲ.ကြပါသည် ။ မြန်မာများကထိုလူများကိုသင်.တင်.သော အခကြေးငွေပေး၍ခိုင်းစေခဲ.ပါသည် ။ မြန်မာသည် သခင်လူမျိုးဖြစ်ပြီး အောက်တန်းကျသောအလုပ်ဟူသမျှကို တိုင်းတပါးသား အိမ်နီးချင်းနိုင်ငံသားများကိုခိုင်းစေခဲ.ကြပါသည် ။ နိုင်ငံအတွင်းသို.ချစ်တီးကုလားများ ၀င်ရောက်လာပြီး အင်္ဂလိပ်တို.ဥပဒေဖြင်. ငွေချေးသောလုပ်ငန်းများကိုလုပ်ကိုင်ခဲ.ပြီးနောက် မြန်မာတောင်သူလယ်သမားများစွာသည် ချေးငွေများမဆပ်နိုင်ပဲ အသိမ်းခံကြရသဖြင်.လယ်မဲ.ယာမဲ.ဘ၀သို.ကျရောက်ခဲ.တော.သည် ။ ချစ်တီးမယားဖြစ်ကုန်သူ လူအသိမ်းခံကြရသူပေါင်းမှာလည်းမရေတွက်နိုင်ခဲ.ပေ ။ ဂျပန်ခေတ်သို.ရောက်ပြန်သောအခါ ဂျပန်အလိုတော်ရိများ ၊မိမိတယောက်ကောင်းစားရေးအတွက် နိုင်ငံနှင်.လူမျိုးအပေါ်သစ္စာဖောက်သူများ ရှိလာခဲ.သည် ။ တိုင်းပြည်နှင်.လူမျိုးဆိုသည်ထက် မိမိ ရှင်သန်ရေးသာအဓိကဟူသည်. အောက်တန်းကျသည်.စိတ်ဓာတ်များထွန်းကားလာပြန်သည် ။ ထိုစိတ်ဓာတ်ကိုမီးလောင်ရာလေပင်.ပေးသည်မှာ ဆင်းရဲမွဲတေမှုဖြစ်သည် ။ တိုင်းပြည်၏စီးပွားရေးသည် ဆီကိုရေချိုး ၊ဆေးရိုးမီးလှုံ ၊စပါးတောင်လိုပုံဆိုသောခေတ်မှသည် ချိုးစရာရေမရှိ ၊ သုံးစရာငွေမရှိ ၊ ထွန်စရာလယ်မရှိ ၊ လုပ်စရာအလုပ်မရှိသည်.ဘ၀များ ဆီသို.ကူးပြောင်းရောက်ရှိလာခဲ.ပြီဖြစ်သည် ။ မြန်မာပြည်၌ အလုပ်လုပ်ချင်လျက်အလုပ်လက်မဲ.များအလွန်ပေါများနေခြင်းကိုအမြင်သာဆုံးသာဓကအဖြစ် အဝေးပြေးကားဂိတ်များတွင် ခရီးသည်များလက်မှတ်ဝယ်ရန်လိုက်ပြခြင်းမှတပါး အခြားဘာအလုပ်မှမယ်မယ်ရရမရှိသော ဂိတ်ဂျပိုးများမြန်မာနိုင်ငံအနှံ.ပေါများနေခြင်းကသက်သေခံနေပါသည် ။နိုင်ငံခြားသို.သွားရောက်ကျွန်ခေံနေကြရသော တရားမ၀င်အလုပ်သမားများးစွာကသက်သေခံနေပါသည် ။ ယခင်ကအမှိုက်သိမ်းခြင်း ၊ကုန်ထမ်းခြင်း ၊လယ်ကူလီလုပ်ခြင်း ၊ ၊မြင်းလှည်းမောင်းခြင်း၊လန်ခြားဆွဲခြင်း၊ညစောင်.ဒရ၀မ်လုပ်ခြင်း၊အိမ်ဖော်လုပ်ခြင်း စသည်. အလုပ်များကိုမြန်မာများမလုပ်ကြပါ ။တိုင်းတပါးသားများကိုသာခိုင်းကြလျက် စာရေး၊စာချီ ၊ကုန်သည် ပွဲစား ၊လယ်ပိုင်ရှင် စသောအလုပ်ကြီးအကိုင်ကြီးမျိုးကိုသာမြန်မာများလုပ်ခဲ.ကြပါသည် ။ ကျွန်ပ်တို.ဘိုးဘွားများလက်ထက်က အလုပ်ကြီးအကိုင်ကြီးများကိုသာ လုပ်ကိုင်လာလဲ.သောမြန်မာလူမျိုးများသည် ယခုအခါ ကမ်းနားတွင်ကုန်ထမ်းနေသူများကိုသွားကြည်.လျှင်လည်း မြန်မာ ၊ စည်ပင်သာယာ အမှိုက်ကျုံးသူအားလုံးမှာ မြန်မာ ၊ ကုန်တိုက်ကြီးများတွင် သန်.ရှင်းရေးဝန်ထမ်းအားလုံးမှာ မြန်မာ ၊ဒရ၀မ်အားလုံးမြန်မာ ၊ ဆိုက်ကားဆရာအားလုံးနီးပါးမှာမြန်မာ ၊စားသောက်ဆိုင်တွင်စားပွဲထိုးအားလုံးမှာ မြန်မာ ၊ကေတီဗီ နှင်.အနှိပ်ခန်းမှကောင်မလေးတွေအားလုံးမြန်မာ၊ ကားစပယ်ယာအားလုံးမှာမြန်မာ၊ တရုတ်အသုဘချလာရာတွင်ရှေ.မှဆိုင်းဘုတ်ကိုင်လာသူများမှာ နေ.စားဖြင်.ခေါ်လာသောမြန်မာ ၊ ရှအာ ကုလားများ၏ တမန်တော်နေ.တွင် မြင်းကြီးနှင်.ညသန်းခေါင်စီတန်းလှည်.လည်ရာတွင် မီးအိမ်ကိုင်၍ ရှေ.မှချီတက်ရသူများမှာ နေ.စားဖြင်.အငှားခံရသည်.မြန်မာ ၊ ကွမ်းယာရောင်းသူအားလုံးမှာ မြန်မာဖြစ်ပါပေ၏ ။
ဆန်.ကျင်ဘက်အဖြစ် ကားစီးလာသူ အတော်များများမှာတရုတ်ကုလား ၊ကုန်တိုက်များတွင်ဈေးဝယ်လာသူတော်တော်များများမှာ တရုတ် ကုလား ၊ မြို.တမြို.၏ နေရာကောင်းလမ်းမကြီးတွေ၏ပိုင်ရှင်များမှာတရုတ်ကုလား ၊ ဈေးကြီးတွေ၏ အဓိကရောင်းချသူများမှာတရုတ်ကုလား ၊ ကုန်သည်များ သူဌေးများအတော်များများမှာလူမျိုးခြားများဖြစ်ကြကုန်ပေ၏ ။ တရုတ်လိုရှာ၊ ကုလားလိုစု ၊ ဗမာလိုမဖြုန်းနဲ.ဟူသောစကားပုံလိုပင် မြန်မာတို.သည် အသုံးအဖြုန်းအပျော်အပါးတွင်လဲဝါသနာကြီးပေ၏ ။ဆယ်.နှစ်လရာသီပါတ်လုံး ပျော်ပွဲရွှင်ပွဲမရှိသောလဟူသည်မရှိ ။ ဘာသာသာသနာအပေါ်လေးနက်မှုမရှိ ၊ သို.သော် ရှင်ပြုအလှူပွဲအတွက်မူ ကိုးနှစ်ဆယ်နှစ်စုဆောင်းထားသောငွေများတနေ.တည်းကုန်အောင် သုံးပစ်တတ်ကြသည် ။ ရှင်ပြုရဟန်းခံခြင်း၏အဓိကအချက်ဖြစ်သော သာသနာ.ဘောင်သို.၀င်ခြင်းအနှစ်သာရထက် ဇာတ်ပွဲ၊အငြိမ်.ပွဲများငှားခြင်း ၊ ၀င်းခင်းခြင်း ၊မဏ္ဍပ်အကောင်းစားဆောက်ခြင်း ၊ ဆင်များ မြင်းများငှား၍ရှင်လောင်းလှည်.ခြင်း ၊ ၀က်ဘယ်နှစ်ကောင်ပေါ်၍ကျွေးမွေးခြင်းစသည်များကိုဂုဏ်ယူတတ်ကြ ၊ ဂုဏ်တုဂုဏ်ပြိုင်ပြုလုပ်တတ်ကြသည် ။တလုံး (ဘောလုံး)နှစ်လုံး၊သုံးလုံး လောင်းကစားရာတွင်လည်း တနိုင်ငံလုံးပလိပ်ရောဂါလိုပျံ.နှံ.နေသည် ။ လူငယ်များတွင် အရက်သေစာသောက်စားတတ်သူအများစုဖြစ်နေကြ၏။မူးယစ်ဆေးဝါးစွဲနေကြသူများမှာလည်းမရှားပေ ။ ပလွှားခြင်း ၊ကြွားဝါခြင်း ၊ ရှိတာထက်ပိုသုံးခြင်း ၊ အလွယ်တကူအကြွေးယူခြင်း တို.သည် မြန်မာ.စရိုက်များဖြစ်လာသည် ။ ချွေတာခြင်း ၊ စုဆောင်းခြင်း ၊ အားသွန်ခွန်စိုက်အလုပ်လုပ်ခြင်းတို.သည် မြန်မာနှင်.ဝေးကွာလာသည် ။အစိုးရဘက်ကလည်းအလုပ်အကိုင်နေရာအခွင်.အလမ်းများများစားစားဖန်တီးပေးခြင်းမရှိ ။အစိုးရအာဏာပိုင်သူများနှင်. ပေါင်းကာ ဒုစရိုက်လုပ်ငန်းလုပ်သူများသာ ကြီပွားချမ်းသာကြသည် ။ သာမန်လူထုအတွက်ငွေတွင်းမှာနက်ပြီးရင်းနက်လာ၏ ။ ထိုအခါ အမျိုးတွေဘာတွေမစောင်.နိုင်တော. ၊ ဇာတိဂုဏ်တွေဘာတွေမလုပ်နိုင်တော. ။ ကြိုက်မရှက် ငတ်မရှက်ဆိုသလို ထမင်းငတ်လာတော. ရရာအလုပ်များ ၊ အလကားရသည်.အရာများကိုမျက်စောင်းထိုးလာကြသည် ။ တရုတ်ဘုံကျောင်းကပေးလျှင်လည်း သွားယူသည် ၊ ကုလားဗလီမှ ပေးလျှင်လည်းရှက်ရကောင်းမှန်းမသိ ၊ဟိန္ဒူဘု၇ားကျောင်းမှကျွေးသည်ကိုလည်းသွားစားသည် ။ခရစ်ယန်တို.အလှူလုပ်လျှင်လည်းသွားယူသည် ။ မည်မျှနိမ်.ကျသောအလုပ်ဖြစ်စေငွေရလျှင်လုပ်သည် ။အချို.လူငယ်များမှာ မူးယစ်ဆေးဝါးသားကောင်များဖြစ်နေကြသည် ။ မူးယစ်ဆေးသုံးစွဲဖို.အတွက် ဘာမဆိုလုပ်ဝံ.သူများဖြစ်လာကြသည် ။ငွေရလိုမှုတခုအတွက်ကိုယ်.မြန်မာနိုင်ငံသားချင်း မိန်းကလေးများကို တရုတ်နိုင်ငံသို.လူမှောင်ခိုတင်ပို.ကြသည် ။ နယ်စပ်မှဘင်္ဂလီများကိုအခကြေးငွေယူ၍ ရန်ကုန်သို. မှောင်ခိုပို.ဆောင်ကြသည်မှာလည်း မြန်မာများဖြစ်သည် ။
ဖားကန်.သည် ယခင်ကပင် မူးယစ်ဆေးဝါးကိစ္စတွင်နာမည်ကျော်သည် ။ ယခုအခါပိုဆိုးလာသည်.သဘောရှိသည် ။ အစိုးရသစ်မတက်မီယခင်အစိုးရလက်ထက်က ဒေသခံမူးယစ်ဆေးဝါးဆန်.ကျင်သူများက မူးယစ်ဆေးဝါးရောင်းချနေသူတဦး၏အိမ်ကိုဝင်ရောက်ဖမ်းဆီး၇ှာဖွေကြရာ မူးယစ်ဆေးဝါးများနှင်.အတူ စာရင်းစာအုပ်တအုပ်ကိုတွေ.ရှိရသည်ဆို၏ ။ထိုစာရင်းစာအုပ်အရ မူးယစ်ဆေးဝါးရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာအာဏာပိုင်များသို.လာဘ်ပေးရငွေမှာ တနေ.လျှင်ကျပ်သိန်းသုံးရာ ခန်.ရှိသည်ဆိုသောသတင်းထွက်လာ၍ အတော်ကိုအံ.သြတုန်လှုပ်ရသည် ။သို.သော်ထူးပြီးဆန်းသောကိစ္စတော.မဟုတ် ။ ။မီးခိုးကြွက်လျှောက်ဆက်လက်အရေးယူခြင်းကားမရှိ ။ မြန်မာနိုင်ငံတွင် ဥပဒေနှင်.မလွတ်ကင်းသော မကောင်းမှုဒုစရိုက်အလုပ်လုပ်ရာ၌ လိုင်းကြေးဟူသောစကားမှာ လုပ်ရိုးလုပ်စဉ်ကြားနေကျစကားပင်ဖြစ်နေတာတပြည်လုံးအသိပင်ဖြစ်သည် ။ယခုထက်လည်းလိုင်းကြေးယဉ်ကျေးမှုကရှိနေသည် ။ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးအတွက် လိုင်းကြေးဆိုသောဓလေ.ပပျောက်ရေးကိုအရင်လုပ်သင်.သည် ။ မူးယစ်ဆေး၏သားကောင်ဖြစ်သွားသောအခါ ဘ၀မျှော်လင်.ချက်တွေ ၊မိသားစုကိစ္စတွေအသာထားလို. နေ.စဉ်မူးယစ်ဆေးဝါးသုံးစွဲနိုင်ရေးကိုပဲ စိတ်ဝင်စားတော.သည် ။ထိုအခါ ရေမဆေးကျောက်ဆိုသော သူများလွှင်.ပစ်သောမြေစာပုံအောက်တွင်သွားထိုင်ကာ အသက်ဘေးကိုမငဲ.နိုင်ပဲ ငွေရှာကြသော မူးယစ်ဆေးဝါးသမားများလည်းမနည်းပေ ။ သို.သော် ရေမဆေးကျောက်ရှာသူအားလုံး မူးယစ်ဆေးဝါးသမားချည်းဟုမဆိုလို ။ သမုဒ္ဒရာဝမ်းတထွာဆိုသလို ဆင်းရဲတွင်းနက်လွန်းသောကြောင်. မရှက်နိုင် ၊မကြောက်နိုင်တော.သော မိသားစုများစွာမြန်မာပြည်မှာရှိနေသည် ။
ယခုအခါမြန်မာပြည်သည် မျှော်လင်.ချက်ရောင်နီသန်းလာပြီဟုဆို၏ ။ ဒီမိုကရေစီနည်းကျရွေးးကောက်တင်မြှောက်ထားသောအစိုးရ (ပြည်ထဲရေး၊ကာကွယ်ရေး၊နယ်စပ်ရေးရာဝန်ကြီးဌာနများမှလွဲ၍)တက်လာပြီဟုဆိုကြသည် ။ အိမ်သာသဖြင်. ဧည်.သည်များလည်းမပြတ်အောင်လာကြသည် ။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၊ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးစသည်ဖြင်. ကမ္ဘာ.ခေါင်းဆောင်များမြန်မာနိုင်ငံသို.ရောက်လာကြသည် ။ မြန်မာသမ္မတနှင်. လူထုခေါင်းဆောင်ဒေါ်အာင်ဆန်းစုကြည်တို.ကိုလာအိုနိုင်ငံမှဖိတ်ကြားသဖြင်.ချစ်ကြည်ရေးခရီးသွားရောက်ကြသည် ။ ရုရှနိုင်ငံတွင်ကျင်းပသော ရုရှား-အာဆီယံထိပ်သီးဆွေးနွေးပွဲအတွက် သမ္မတဦးထင်ကျော်သွားရောက်သည် ။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများလည်းတိုးတက်ဝင်ရောက်နေသည် ။ ကမ္ဘာ.ဘဏ်စသည်တို.မှ ငွေထုတ်ချေးချင်သူများလည်းမရှားပေ ။ နိုင်ငံသည် လေယာဉ်တစီးလို ကောင်းကင်သို.တက်ဖို.ပြေးလမ်းဝယ်အရှိန်ယူနေသောကာလဖြစ်သည် ။တကယ်မတက်နိုင်သေးသော်လည်း အရှိန်ကောင်းကောင်းရလာလျင်လေထဲသို.တက်တော.မှာဧကန်မလွဲဖြစ်သည် ။ မြန်မာသည်ကြီးပွားဖို.လမ်းစပေါ်နေချေပြီ ။ ထိုအချိန်တွင် ပထမဆုံးဦးစားပေးလုပ်စေချင်သည်ကား မြန်မာနိုင်ငံသားတို.ရင်ထဲဝယ် ပျောက်ဆုံးသွားခဲ.ပြီဖြစ်သော မိမိကိုယ်ကိုယုံကြည်စိတ် ။ ဆုံးရှုံးသွားတာကြာပြီဖြစ်သော အမျိုးဂုဏ်သိက္ခာမစောင်.နိုင်ကြမှုတို.ကိုပြန်လည်အသက်သွင်းရမည်ဖြစ်သည် ။ ငွေရလိုမှုတခုအတွက်ဂုဏ်သိက္ခာကင်းမဲသောအလုပ်များလုပ်နေရသောမြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်အခွင်.အရေးများ အမြန်ဆုံးဖော်ဆောင်ပေးစေလိုပါသည် ။အောက်ဆုံးအဆင်.တွင်အသက်ရှင်နေကြရသောမြန်မာနိုင်ငံသားများစွာကိုဆင်းရဲတွင်းမှဆွဲထုတ်ရမည်ဖြစ်သည် ။ဆင်းရဲနွမ်းပါးမှုကိုတိုက်ဖျက်ရမည်ဖြစ်သည် ။ သို.သော် ယခင်အစိုး၇လက်ထက်ကလို ဘူဒိုဇာဖြင်. ဆင်းရဲသားပပျောက်ရေးလုပ်နည်းမျိုးကိုတော.အတုမခိုးသင်.ပါ ။ စာရင်းတွေအတောမသတ်ကောက်ပြီး အလုပ်မဖြစ်တာမျိုးလည်းမဖြစ်စေချင်ပါ ။ အသက်ကိုမငဲ.ပဲ ဖားကန်.၌ရေမဆေးကျောက်ရှာနေသူများ ၊ အရှက်ကိုမငဲ.ပဲ ဗလီရှေ.၌ အမဲသားတောင်းနေသူများ ပပျောက်သွားအောင် ၊ဆင်းရဲသားတွေအဆင်ပြေအောင် နည်းမှန်လမ်းမှန်ဖြင်.ဆောင်ရွက်သူများကိုပြည်သူတွေကအားကိုးတကြီး စောင်.မျှော်နေပါကြောင်း ။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ်
၂၇.၅.၂၀၁၆

Read More...

Facebook Like Page