Friday, February 5, 2016

လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများဖိုရမ်ဆွေးနွေးပွဲ ပြည်မြို့တွင်ပြုလုပ်

Leave a Comment



လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများဖိုရမ်ဆွေးနွေးပွဲ ပြည်မြို့တွင်ပြုလုပ်





ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ဆံတော်ရပ်ကွက် အတွင်းရှိ အောင်ပွဲဝင်ခန်းမတွင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများဖိုရမ် ဆွေးနွေးပွဲအား ဖေဖော်ဝါရီ ၃-ရက်နေ့ နံနက် ၁၀း၃၀ ချိန်ခန့်က ကျင်းပပြုလုပ်သွားခဲ့ကြောင်းသိရသည်။



အဆိုပါလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများဖိုရမ် ဆွေးနွေးပွဲသို့ HRDF-(Human Rights Defenders Forum)လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအဖွဲ့၊ပြည်သူ့အထောက်အကူပြုကွန်ရက်၊ပြည်ခရိုင် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊HRDP(လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့)၊7-Day သွေးနှင့်ကလေးကူညီရေး၊သခင်ကိုယ်တော်မှိုင်းကွန်ရက်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ပြည်ခရိုင်ရှေ့နေများကွန်ရက်၊မိုးမေတ္တာနာ/ကူအသင်း၊ခေတ္တရာနာ/ကူအသင်း၊ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၊CPRCG-(လယ်သမားအကျိုးဆောင်ကွန်ရက်)၊သံလွင်ခက်အဖွဲ့၊ဂရုနာလက်များကွန်ရက်၊လက်တွဲကူမယ် ပြည်လူငယ်အဖွဲ့ နှင့် သတင်းမီဒီယာများတက်ရောက်၍ အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။



“၂၀၁၄ ဂျူလိုင်ကစလုပ်ခဲ့တာ တစ်နှစ်ခွဲလောက်ရှိပြီ ရန်ကုန်ပေါ်မှာပဲရှိနေခဲ့တာ။ အခုက အကြို ဖိုရမ်နဲ့ပတ်သက်ပြီး မိတ်ဆက်တဲ့အနေနဲ့ပါ။မန္တလေးနဲ့လာရှိုးကိုသွားပြီး အခုပြည်မှာဒီပွဲလုပ်တာ။နောက်ထပ်မြို့ငါးမြို့ကိုထပ်သွားဖို့ရှိနေပါတယ်။စစ်ဖြစ်နေတဲ့ ကချင်နဲ့ရှမ်းလိုနေရာက ကစ်တွေရယ်၊လယ်သိမ်းရာသိမ်း၊မြေယာပြဿနာ အဲဒါတွေအများဆုံးကြုံတွေ့ရတယ်။ မန္တလေးတိုင်း ဘက်မှာပိုကြုံနေရတယ်။နောက်တက်မယ့်အစိုးရကိုယုံကြည်တယ်။ လူ့အခွင့်အရေးဆိုင်ရာတွေဦးစားပေးလုပ်ဆောင်သွားလိမ့်မယ်လို့ယုံကြည်မျှော်လင့်ပါတယ်။” ဟု HRDF-(Human Rights Defenders Forum)လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအဖွဲ့ မှ Coordinator ကိုထူးကျော်ဝင်း က သမဂ္ဂဂျာနယ်သို့ ပြောသည်။





အဆိုပါလူ့အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲတွင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများဖိုရမ်အကြောင်း၊ရည်ရွယ်ချက်များ၊လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ အရည်အချင်းပြည့်ဝအောင်သတ်မှတ်ထားပုံ၊လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ ဖိုရမ်တွင်လုပ်ဆောင်နေသည့် ကူညီစောင့်ရှောက်မှုများ၊အနာဂတ်မျှော်မှန်းထားသည့် ဆောင်ရွက်ရန်အချက်များ စသည်တို့ကိုဆွေးနွေးသွားခဲ့ကြောင်းသိရသည်။



“လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေက ပဲခူးတိုင်းဒေသကြီးအတွင်းမှာလည်းပိုများပါတယ်။ဒီအဖွဲ့က ဥပဒေဆိုင်ရာရော အခွင့်အရေးဆိုင်ရာတွေရော ပါဝင်နေတဲ့ ဖိုရမ်တစ်ခုဖြစ်နေပါတယ်။တည်ဆဲဥပဒေကို ဖွဲ့စည်းပုံအခြေခံဥပဒေက ချုပ်ကိုင်ထားတဲ့အတွက် လက်ရှိတည်ဆဲဥပဒေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံကို ပြင်ဆင် ပြောင်းလည်းပေးဖို့အဓိကလိုအပ်တယ်။ပြည်မြို့မှာဆို လယ်သိမ်း၊မြေသိမ်း၊ယာသိမ်း၊ကလေးစစ်သားကိစ္စ၊လူကုန်ကူးခံနေရမှုတွေဖြစ်နေတာအများကြီးပဲ။ဒါတွေကို ဒီဖိုရမ်ကကူညီပေးမယ် ပူးပေါင်းပေးမယ်ဆို အားလုံးအဆင်ပြေသွားမှာပါ။နောက်တက်မဲ့ NLD အစိုးရအနေနဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြတ်ပြတ်သားသားဆောင်ရွက်သင့်တယ်လို့ပြောချင်ပါတယ်။” HRDP-(လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့) ဗဟို ဘုတ်အဖွဲ့ဝင် ကိုဇော်ထွန်း က သမဂ္ဂဂျာနယ်သို့ ပြောသည်။



အဆိုပါ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများဖိုရမ်ဆွေးနွေးပွဲအား မြန်မာနိုင်ငံအတွင်း သုံးကြိမ်မြောက်ဆွေးနွေးခဲ့ပြီး အဆိုပါလူအခွင့်အရေးကာကွယ်စောင့်ရှောက်သူများဖိုရမ် ဆွေးနွေးပွဲအား  မန္တလေး၊ရှမ်းပြည်နယ် လားရှိုး နှင့် ပဲခူးတိုင်းအတွင်းရှိ ပြည်မြို့တွင် ဆွေးနွေးခဲ့တာဖြစ်ကြောင်းသိရသည်။ပြည်မြို့တွင် ပြုလုပ်သည့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများဖိုရမ်ဆွေးနွေးပွဲသို့ ပြည်ခရိုင်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ပရဟိတအသင်းအဖွဲ့များ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ကွန်ရက်များ စသည့် အရပ်ဖက်အဖွဲ့အစည်းများ ကိုယ်စား ဦးစီးဦးဆောင်သူ အင်အား ၂၅-ဦးခန့်တက်ရောက်ဆွေးနွေးသွားခဲ့ပြီး အဆိုပါဆွေးနွေးပွဲအား ၁၂း၃၀မိနစ်အချိန်တွင်ပြီးဆုံးသွားခဲ့ကြောင်းသိရသည်။



မောင်ပန်ကာ(ပြည်)

By;ပြည်​သတင်းလူငယ်​(ပြည်​သတင်း)
09253311019


Read More...

သာယာဝတီ၊စိုက်ပျိုးရေးသိပ္ပံကျောင်း၏ပုလဲရတုနှင့်အာစရိယပူဇော်ပွဲဖိတ်​ကြားခြင်း။

Leave a Comment

သာယာဝတီ၊စိုက်ပျိုးရေးသိပ္ပံကျောင်း၏ပုလဲရတုနှင့်အာစရိယပူဇော်ပွဲဖိတ်​ကြားခြင်း။

         ပဲခူးတိုင်းဒေသကြီးအနာက်ပိုင်း၊သာယာဝတီ၊စိုက်ပျိုးရေးသိပ္ပံကျောင်း၏ နှစ်(၃၀)ပြည့် “ပုလဲရတု”  အခမ်းအနားနှင့်နှစ်စဉ်ကျင်းပမြဲဖြစ်သော(၁၃)ကြိမ်မြောက်၊အာစရိယပူဇော်ကန်တော့ပွဲ အခမ်းအနားကို   ၂၀၁၆ ခုနှစ်၊ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှ(၁၂)ရက်နေ့အထိ အောက်ဖော်ပြအစီအစဉ်များဖြင့်၊သုံးရက်တိုင်ကျင်းပသွားမည်​ဖြစ်ပါသည်။

         (၁၀.၂.၂၀၁၆)ရက်နေ့၌။   ။စာပေဟောပြောပွဲနှင့်သဲနော်ဇာ Dancer အဖွဲ့၏အကအလှဖြင့်၎င်း၊

         (၁၁.၂.၂၀၁၆)ရက်နေ့၌။   ။ပုလဲရတုဖွင့်ပွဲအခမ်းအနား၊တောင်သူဦးကြီးများအား စက်ကရိယာအ သုံးချမှုနည်းပညာပေး သရုပ်ပြပွဲ၊စိုက်ပျိုးနည်း ပညာပေးဟောပြောပွဲ၊စတုဒီသာ​ကျွေး​မွေး ဧည့်​ခံပွဲ၊ဟားတစ်သိုက် လူငယ်များ၏အငြိမ့်ဖျော်ဖြေမှုဖြင့်၎င်း၊

         (၁၂.၂.၂၀၁၆)ရက်နေ့၌။   ။အာစရိယပူဇော်ကန်တော့ပွဲတို့အား၎င်း၊ 
စိုက်ပျိုးရေးသိပ္ပံကျောင်းဝန်းရှိ၊ဆရာစံခန်းမနေရာနှင့်အားကစားကွင်းနေရာတွင် စည်ကားသိုက်မြိုက်စွာပြုလုပ် ကျင်းပသွားမည်ဖြစ်ပါသဖြင့်၊အနယ်နယ်အရပ်ရပ်ရှိ ကန်တော့ခံဆရာကြီး၊ဆရာမကြီးများနှင့်တကွ စိုက်ပျိုးရေး သိပ္ပံ ကျောင်းသားကျောင်းသူဟောင်းများအနေဖြင့်၊မပျက်မကွက်တက်ရောက်နိုင်ကြပါရန် ရိုသေလေးစွာ ဖိတ်ကြားအပ်ပါသည်။


          အလှူငွေများလှူဒါန်းလိုပါက ဖုံး….၀၉.၉၇၄၅၄၇၂၄၄၊၀၉.၅၃၇၄၅၀၃၊၀၉.၄၂၈၀၃၅၆၆၀၊သို့ဆက်သွယ် လှူဒါန်းနိုင်ပါသည်။


Read More...

Tuesday, February 2, 2016

အိမ်​​ရောင်းမည် ​(20%Discount) * စီးပွား​ရေးလုပ်​ငန်း ​လုပ်​ကိုင်​ရန်​ ​နေရာ​အလွန်​ကောင်းသည်​။

Leave a Comment

အိမ်​​ရောင်းမည် ​(20%Discount) * စီးပွား​ရေးလုပ်​ငန်း ​လုပ်​ကိုင်​ရန်​ ​နေရာ​အလွန်​ကောင်းသည်​။

အိမ်​​ရောင်းမည် ​(Special Discount)
* စီးပွား​ရေးလုပ်​ငန်း ​လုပ်​ကိုင်​ရန်​ ​နေရာ​အလွန်​ကောင်းသည်​။  
*ပိုင်​ဆိုင်​မှု့ စာရွက်​စာတမ်း အပြည့်​အစုံ ပိုင်​ရှင်​ကိုယ်​တိုင်​​ ​ရောင်းမည်​။
* ​ပေ (၃၀) × ​ပေ (၄၀)၊ RC + BN (၃) ထပ်​။
* အိမ်​ဂရံ + ​ရေ + မီး အပြည့်​စုံ ​နေထိုင်​ရန်​အသင့်​။
*အိမ်​အမှတ်​ (၂၈၃၃)၊ ဘုရင့်​​နောင်​လမ်းမနှင့်​ (၃) လမ်း​ထောင့်​၊
* ​ခေတ္တရာမြို့သစ်​၊ ပြည်​မြို့။
* ​ဈေးနှုန်း ညှိနှိုင်း
*Ph- 09 25220 9943


 

Read More...

နိုင်ငံခြားသားများထံမှ ငွေတောင်းသည်ဟု လူမှုကွန်ယက်တွင်ဖော်ပြခြင်းကြောင့် ကာယကံရှင်များနှင့်တွေ့ဆုံရှင်းလင်း ပြည့်သဲမောင်(ပြည်)၀၉-၄၂၃၆၇၁၈၈၃

Leave a Comment



နိုင်ငံခြားသားများထံမှ ငွေတောင်းသည်ဟု လူမှုကွန်ယက်တွင်ဖော်ပြခြင်းကြောင့် ကာယကံရှင်များနှင့်တွေ့ဆုံရှင်းလင်း

ပြည် ဖော်ဖဝါရီ (၃)ရက်
လူမှုကွန်ယက်တွင်နိုင်ငံခြားသားများထံမှ ငွေငါးသောင်းတောင်းသည်ဟုအကောင့်အတုဖြင့်
အောင်ဆန်းပြည်သာယာရပ်ကွက်-ပြည် ဆိုသော Group တွင်ရေးသားဖော်ပြခံရခြင်းနှင့်ပတ်
သက်၍ ဖော်ဖဝါရီ(၁)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ကာယကံရှင်များနှင့်တွေ့ဆုံရှင်းလင်း
ခဲ့ကြောင်းသိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး Aungaung Aungaung ဆိုသောအကောင့်မှ အောင်ဆန်းပြည်သာယာ-
ပြည် Groupတွင် ပြည်သာယာအုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့်သူ၏နောက်လိုက်ရာအိမ်မှူးများဖြစ်သည့်
မိုးမင်းဆွေ လှမောင်တို့နှင့်မနေ့က(၃၀)ရက်နေ့ ညပိုင်းတွင် အောင်ဆန်းအပိုင်းသပြေပင်အနီးတွင်
အိမ်ငှား ၍ဗီဇာဖြင့်လာရောက်တည်းခိုနေထိုင်သော အိန္ဒိယနွယ်ဖွားလူမျိုး(၅)ဦးအား ဧည့်စာရင်းမတိုင် ဟုအကြောင်းပြကာ ရပ်ကွက်ရုံးသို့ခေါ်ဆောင်လာပြီး ပိုက်ဆံ(၅၀၀၀၀ိ/)တောင်းယူသည်ဟုရေး သား
ဖော်ပြ ခဲ့ကြောင်း၊ ရာအိမ်မှူးမင်းဆွေမှအဆိုပါနိုင်ငံခြားသားများအား နိုင်ထက်စီးနင်းပြောဆိုကြောင်း၊
အဆိုပါတောင်ယူခဲ့သောငွေအား ရပ်ကွက်အတွက်မည်သို့အသုံးချမည်နည်း၊ထိုသို့ တောင်းခွင့် ရှိပါသ
လား၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်အောင်ဖြေပါ ဟုရေးသားဖော်ပြခဲ့ကြောင်း သိရသည်။

“ကျွန်တော်ရာအိမ်မှူးက အောင်ဆန်းပြည်သာယာလမ်းမတန်းလမ်းမှာ နိုင်ငံခြားသား(၅)ယောက်
ရောက်နေတယ်ဆိုပြီးပြောတယ်၊ကျွန်တော်စုံးစမ်းတော့လဲဟုတ်တယ်၊ဒါကြောင့်မြို့နယ်အုပ်ချုပ်
ရေးမှူးထံဆင့်ကဲသတင်းပို့လိုက်တာပါ”ဟု အောင်ဆန်းပြည်သယာရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစိုးတင့်
ကပြောသည်။

ထို့ကြောင့်မိမိတို့အုပ်ချုပ်ရေးအဖွဲ့နှင့်လူဝန်မှုကြီးကြပ်ရေးအဖွဲ့မှတာဝန်ရှိသူများ၊ပြည်အမှတ်(၃)ရဲစခန်း
မှတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ရပ်ကွက်အုပ်ချုပ်ရေးရုံးသို့ခေါ်ယူပြီး၊၄င်းတို့လဝကရုံးသို့စာတင်ပြီးမှနေ
နေထိုင်ရန်ပြောခဲ့ပြီး မည်သူဆီကမှပိုက်ဆံမတောင်းကြောင်း ၄င်းအုပ်ချုပ်ရေးမှူး ဦးစိုးတင့်ကဆက်လက်
ပြောကြားခဲ့သည်။


“အမှန်တကယ်သူတို့ကို နေထိုင်ခွင့်ပြုထားတာက စက်ရုံ၊အလုပ်ရုံ၊သီးခြားရှိရင်နေခွင်ပြုလို့ရပါတယ်။ဒါပေမဲ့ ရပ်ကွက်ထဲမှာနေမယ်ဆိုရင်တော့ နိုင်ငံခြားသားကိုလုံခြုံမှုရှိတဲ့နေရာဖြစ်ရမယ်၊နိုင်ငံခြားသားကိုစောင့်ရှောက်
ဖို့တာဝန်ယူမှုရှိသူ ရှိရမယ်၊နောက်ပြီးအဆင့်မှီသောနေရာဖြစ်ရမယ်၊ဒီလိုမှမဟုတ်ဘူးဆိုရင် ကျွန်တော်တို့ဆီကို
ရုံးပုံစံအတိုင်း အိမ်ရှင်ဖြစ်ဖြစ်၊အိမ်ငှားဖြစ်ဖြစ်၊အနီးကပ်ကြီးကြပ်နိုင်သူဖြစ်ဖြစ် ခံဝန်ချုပ်နဲ့လျှောက်ရမှာပါ၊အဲဒီလို
ပဲနေထိုင်မဲ့နိုင်ငံခြားသားကလဲ ခံဝန်ချုပ်လုပ်ထားရမှာပါ။ဒါကလဲ သူတို့နိုင်ငံကမလာခင်ထဲက ဒီစည်းကမ်းတွေ
သိပြီးသားပါ”ဟု ပြည်မြို့နယ်လူဝန်မှုကြီးကြပ်ရေးအဖွဲ့မှ ဦးစီးမှူးဦးဇော်ဇော်ဦးကပြောသည်။

အဆိုပါရပ်ကွက်ထဲတွင်အိမ်ငှားနေထိုင်သော MPT မှဘင်္ဂလားဒေ့စ်နိုင်ငံသား(၅)ဦးအား ၊အပြင်အခြားနိုင်ငံခြား
သာ(၂)ဦး၊စကားပြန်(၁)ဦးဖြစ်တဲ့ ဧည့်သည်အားလုံးကိုအုပ်ချုပ်ရေးရုံးသို့ခေါ်၍ ဗီဇာပါရှိသော်လည်း ဘီစီနက်ဘီ စာသည် ရပ်ကွက်ထဲတွင်နေထိုင်၍မရကြောင်း၊အကယ်၍ရပ်ကွက်ထဲတွင်နေထိုင်လိုပါက ဆိုရှယ်ဘီစာဖြင့်သာ
နေထိုင်ခွင့်ရှိကြောင်း၎င်းက ဆက်လက်ပြော ကြားသည။်


“၂၉ ရက်နေ့ ညခုနှစ်နာရီခွဲလောက်မှာလာခေါ်တယ်အရေးကြီးလို့ဆိုပြီး၊ညီလေးတို့နေထိုင်တာကိုအကြောင်း
ကြားမထားဘူး၊အိမ်ရှင်ကလဲမပြောထားဘူးအဲဓီအတွက်ရုံးကိုလာခဲ့ဖို့ခေါ်တယ်၊လဝကတွေလဲရောက်နေကြောင်းပြောတယ်။ရုံးရောက်တော့ လဝကအန်တီတစ်ယောက်ရယ်၊အကိုကြီး တစ်ယောက်ရယ်တွေ့တယ်၊ ဒီရပ် ကွက်ထဲမှာနေရင်စာရွက်စာတမ်းနဲ့လျှောက်ထားပြီးမှနေထိုင်ရမယ်၊အဲဒီအတွက်အခုလိုအပ်တဲ့စာရွက်စာတမ်း
တွေပြောတယ်၊လောလောဆယ်တော့နေလို့မရဘူး၊မင်းတို့နေလို့ရတဲ့ဟိုတယ်တစ်ခုခုမှာနေဖို့ပြောတဲ့အတွက် ကျွန်တော်တို့ဟိုတယ်မှပြောင်းနေလိုက်တယ်။ပိုက်ဆံကတော့ ဘယ်သူမှမတောင်းပါဘူး၊ ပေးလဲမပေးရပါဘူး ”ဟု GTLကုပ္မဏီ(စူပါဗိုက်ဆာ) ကိုမျိုးဇော်ကပြောသည်။

အဲဒီနေ့ညက ကျွန်တော်တို့တွေအားလုံးပြောင်းပြီး ဟိုတယ်မှာသွားနေကြောင်း၊နောက်နေ့ရုံးဖွင့်ရက်ကျမှစာရွက် စာတမ်းနဲ့လဝကရုံးသို့သွားရောက်လုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်းနှင့်လာရောက်စစ်ဆေးသူအားလုံးကို ကျွန် တော်တို့ပိုက်ဆ့တစ်ပါးမှမပေးရကြောင်း၊ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုမသွားကြောင်း ၄င်းကဆက်လက်ပြောကြား ခဲ့သည်။
မှတ်ချက်။       ။အဆိုပါသတင်းအကြောင်းအရာနှင့်ပတ်သက်ပြီး နိုင်ငံခြားသားများထံမှငွေတောင်းကြောင်း
တိတိကျကျသိပါက လူကိုယ်တိုင်လာရောက်အင်တာဗျူးနိုင်ပါသည်။
ပြည့်သဲမောင်(ပြည်)09-4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...

Monday, February 1, 2016

သတင်းတို ပြည်ခရိုင် ဖေဖော်ဝါရီ( ၂ )ရက်

Leave a Comment


သတင်းတို ပြည်ခရိုင် ဖေဖော်ဝါရီ( ၂ )ရက်

ပြည်ခရိုင် ပန်းတောင်းမြို့နယ် သရက်လိန်
အုပ်စု ကရင်စုကျေးရွာ၌ဖုန်းတာဝါတိုင်နှင့်
ထိစပ်လျှက်ရှိနေသော အများပြည်သူနေ
အိမ်များ၏သဘောတူညီချက် ရယူခြင်းမရှိ
ဘဲဖုန်းဆက်သွယ်ရေး တာဝါတိုင်ဆောက်
လုပ်ခြင်းအား အမြန်ဆုံးဖျက်သိမ်းပေးရန်
ဖေဖော်ဝါရီ (၂)ရက်နေ့ နံနက် (၉)နာရီ
(၁၀)မိနစ်အချိန်တွင် ကျေးရွာသူ ကျေးရွာ
သားများက ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရ
သည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ





Read More...

Facebook Like Page