Thursday, November 21, 2013

လူမှုရေး အဖွဲ့အစည်းများနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများ ဆွေးနွေး ဆောင်ရွက်

Leave a Comment
နတ်တလင်း နိုဝင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် တာပွန်မြို့သို့ နိုဝင်ဘာလ ၁၄ ရက် နံနက် ၁၀ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းသည် မြို့နယ် သံဃနာယကအဖွဲ့ဝင် ကံဦးကျောင်းဆရာတော် ဦးကေ၀လအားလှူဖွယ်ပစ္စည်းများ လှူဒါန်းသည်။ ဆက်လက်၍ တိလောကမာရဇိန် ရွှေသာလျောင်း ဘုရားကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ဂေါပကအဖွဲ့ ၀င်များ၊ ဒေသဖွံ့ ဖြိုးရေးကော်မတီဝင်များ၊ လူမှုရေး အဖွဲ့အစည်းများနှင့် တွေ့ဆြုံပီး ဒေသဖွံ့ ဖြိုးရေး ဆိုင်ရာများ ဆွေးနွေးကြသည်။ ဒေသခံများ၏ တင်ြပချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ တာပွန်တိုက်နယ် ဆေးရုံအတွင်းရှိ ဓာတ်မှန်ဆောင် အတွက် လိုအပ်နေသော မီးအားမြင့်စက် ဝယ်ယူရန် ငွေကျပ် လေးသိန်း လှူဒါန်းခြင်းနှင့် ဗောဓိမာန်အောင် ငါးထပ်ဘုရားကြီးသို့ သွားရောက် ဖူးမြော်ကာ မွန်းတည့် ၁၂ နာရီတွင် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

တင်မြင့်
Pyay City
Read More...

Wednesday, November 20, 2013

ရွှေတောင်မြို့ ရွှေနတ်တောင် စေတီတော်မြတ်ကြီး ဓာတ်လှေကား တည်ဆောက် တပ်ဆင်လျက်ရှိ

Leave a Comment
ရွှေတောင် နိုဝင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ခရိုင် ရွှေတောင်မြို့နယ် မယားမာန်ကျေးရွာတွင် တည်ထားကိုးကွယ် လျက်ရှိသော သမိုင်းဝင် ရွှေနတ်တောင် စေတီတော်မြတ်ကြီးအား ရပ်ဝေးရပ်နီးနေ ရဟန်းရှင်လူပြည်သူ ဘုရားဖူးများ မပင်မပန်း ချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်စေရန်အတွက် ဓာတ်လှေကားတည်ဆောက်တပ်ဆင် လျက်ရှိသည်။ ယခုအခါတွင် ဓာတ်လှေကားတည် ဆောက်တပ်ဆင်မှုမှာ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။ စုစုပေါင်း ကျပ်သိန်း ၁၇၀၀ ကျော်ခန့် ကုန်ကျ မည်ဖြစ်သည့်အတွက် ဆက်လက် တည်ဆောက်တပ်ဆင်နိုင်ရန် လိုအပ်သော ငွေကျပ်သိန်း ၃၀၀ ကျော်အား ကြုံတောင့်ကြုံခဲ ဓာတ်လှေကား တည်ဆောက်တပ်ဆင်ခြင်း ကုသိုလ်ပွဲတွင် စေတနာရှင်များ၊ ပါရမီရှင်များ အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်လှူဒါန်းလိုပါက သမိုင်းထွန်းပြောင် ရွှေနတ်တောင် စေတီတော်မြတ်ကြီးရင်ပြင်တော် အလှူခံဌာနသို့ လာရောက်လှူဒါန်းနိုင်ကြပြီး ကိုယ်တိုင် မလာရောက်နိုင်သူများသည် ရွှေနတ်တောင်စေတီတော်မြတ်ကြီး (ဂေါပကအဖွဲ့ရုံး) ဖုန်း ၀၉-၅၃၇၀၆၇၀၊ ဦးလှထွန်းမြင့် (ဥက္ကဋ္ဌ) ဖုန်း ၀၉-၅၃၁၀၁၃၆၊ ဦးအောင်ကြည် (ဒုတိယဥက္ကဋ္ဌ-၁) ဖုန်း ၀၉-၅၀၀၅၄၃၄၊ ဦးကျော်ကျော်ဝင်း (ဒုတိယဥက္ကဋ္ဌ-၂) ဖုန်း ၀၉-၅၃၁၀၇၅၆နှင့် ဦးဘညိဏ်းတင့်(အတွင်းရေးမှူး) ဖုန်း ၀၅၃-၅၅၄၀၄ တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

KM2011
Pyay City
Read More...

ဥသျှစ်ပင်မြို့ ဈေးဆိုင်ခန်းအသစ်များ ဆောက်လုပ်ရာတွင် မူလလျှောက်ထားသူအချို့ ကျန်ရစ်

Leave a Comment
ပြည် ၂၀.၁၁.၂၀၁၃

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် အတွင်းရှိ ဥသျှစ်ပင်မြို့ စည်ပင်သာယာဈေးတွင် ဆိုင်ခန်းအသစ်များ ဆောက်လုပ်လျက်ရှိရာ မူလဆိုင်ခန်းလျှောက်ထားသူအချို့ ကျန်ရှိနေသေးကြောင်း သတင်းရရှိသည်။ ဥသျှစ်ပင်ဈေးအတွင်းတွင် လွန်ခဲ့သော ၃ လခန့်မှ စတင်ကာ ဈေးဆိုင်ခန်း ၅၂ ခန်း ဆောက်လုပ်လျှက်ရှိပြီး ယင်းဆိုင်ခန်းများကို အမည်ပေါက်ပိုင်ဆိုင်သူ ၂၄ ဦးရှိရာ တစ်ဦးလျှင် ဆိုင်ခန်း နှစ်ခန်း၊ သုံးခန်း အထိရရှိသူများရှိ၍ ဆိုင်ခန်းဆောက်လုပ်ခကို အမည်ပေါက်သူက ကုန်ကျရမည်ဖြစ်သည်။ " လွန်ခဲ့သော ၁၀ နှစ် လောက်က ဈေးဆိုင်ခန်းတွေ ဆောက်မယ်ဆိုပြီး လျှောက်ထားရာမှာ တစ်ခန်းကို ငွေ ငါးသောင်းစီပေးကြရတယ်။ အဲဒီတုန်းက ဆိုင်ခန်း ၆၀ အတွက် လူ ၃၀ က ငွေသွင်း လျှောက်ထားကြတယ်။ အခု အဲဒီတုန်းက လူ ၃၀ မှာ ၂၄ ဦး ပြန်ပါသွားပြီး ခြောက်ဦး ကျန်နေသေးတယ်။ " ဟု ဆိုင်နှစ်ခန်းခ ကျပ် တစ်သိန်း ငွေသွင်းခဲ့သူ ဒေါ်တင်တင်ဦးက ပြောသည်။ ဥသျှစ်ပင်ဈေးအတွင်း ဆိုင်ခန်းအသစ်များ ဆောက်လုပ်ရာတွင် မူလ ပထမလျှောက်ထားသူအချို့ ကျန်ရစ်နေခြင်းနှင့် ပတ်သက်ပြီး တာဝန်ရှိသူများအား သွားရောက်မေးမြန်းခဲ့ရာ " လွန်ခဲ့တဲ့ ၁၀ နှစ် လောက်က ဈေးထဲမှာ ဆိုင်ခန်းတွေ ဆောက်မယ်ဆိုပြီး ဈေးခေါင်းရုံးမှာ ငွေသွင်းခဲ့ရတယ်လို့သိရတယ်။ ဘယ်နှစ်ယောက်သွင်းခဲ့ရလဲမသိဘူး၊ အဲဒီတုန်းက မဆောက်ဖြစ်ခဲ့ဘူးဆိုတော့ အခုဆောက်လို့ရအောင်ပြန် လျှောက်ထားတယ်။ လျှောက်ထားဖို့လုပ်တုန်းကလဲ ပထမလျှောက်ထားသူတွေကို လိုက်လံဆော်သြပါသေးတယ်။ ထောင်ကျနေတဲ့သူနဲ့ လာရောက်မဆက်သွယ်တဲ့သူတွေ ကျန်ခဲ့ခြင်းပါ။ အခုလိုဆိုင်တွေ ဆောက်ခွင့်ရပြီဆိုမှ ကျန်တဲ့လူတွေ ပေါ်လာတာတွေ့ရလို့ စိတ်မကောင်းပါဘူး။ " ဟု ဥသျှစ်ပင်ဈေးဆိုင်ခန်း ဆောက်လုပ်ရေးကော်မတီမှ ဦးရွှေသိန်းဦးက ပြောသည်။ " လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဆိုင်ခန်းလျှောက်ထားဖို့ ဆောင်ရွက်ခဲ့တဲ့ ဈေးခေါင်းကြီးက အလုပ်က နားသွားပါပြီ။ အဲဒီတုန်းက ငွေပေးခဲ့ရပြီး အခုဆိုင်ခန်း အသစ်ဆောက်တဲ့အထဲမှာ မပါတဲ့သူတွေအနေနဲ့ လာရောက်လျှောက်ထားမယ်ဆိုရင် သက်ဆိုင်ရာကို တင်ပြပေးပါမယ်" ဟု ဥသျှစ်ပင်မြို့ဈေးတာဝန်ခံ ဦးခင်မောင်မြင့်က ပြောသည်။ ဥသျှစ်ပင်ဈေးအတွင်း ဆောက်လုပ်လျက်ရှိသော ဆိုင်ခန်း တစ်ခန်း ကုန်ကျငွေမှာ ခန့်မှန်း ကျပ် ၁၀ သိန်းခန့် ကုန်ကျနိုင်ပြီး ပြင်ပပေါက်ဈေးမှာ တစ်ခန်းလျှင် ကျပ် သိန်း ၅၀ ခန့် ဈေးပေါက်နေကြောင်း ဒေသခံ ဈေးသည်များထံမှ သိရသည်။

ဇော်မင်းထိုက်

ရွှေတောင်မြို့နယ်၊ လမိုင်းကျေးရွာအုပ်စု၊ အုပ်ချုပ် ရေးမှူးအားထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် တိုင်ကြား

Leave a Comment
ရွှေတောင်မြို့နယ်၊ လမိုင်းကျေးရွာအုပ်စု၊ အုပ်ချုပ် ရေးမှူးအားထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် တိုင်ကြား

ဖော်ပြပါတိုင်စာနှင့်ပတ်သက်ပြီး လမိုင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးအား အရေးယူမှုနှင့်ပတ်သက်ပြီး ရွှေတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး
တွင် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးလှအောင်၊ တိမွေးကုမြို့နယ်ဦးစီးမှူး ဦးဝင်းကိုနှင့်တာဝန်ရှိသူ တစ်ဦးတို့က (၃.၁၁.၂၀၁၃)ရက်နေ့တွင် လမိုင်းကျေးရွာ အုပ်စုမှ တိုင်ကြားသူများဖြစ်သည့် အဖွဲ့ဝင်(၄)ဦးအား ခေါ်ယူစစ်ဆေးခဲ့ရာ ယနေ့(၁၈.၁၁.၂၀၁၃)ရက်နေ့အထိ ဆုံးဖြတ်ချက် တစ်စုံတစ်ရာအား မသိရှိရသေး သည့်အတွက် တိုင်ကြားသူများမှ ရွှေတောင်မြို့နယ်၊ လမိုင်းကျေးရွာအုပ်စု၊ အုပ်ချုပ် ရေးမှူးအားထိရောက်စွာ အရေးယူဆောင်ရွက်ပေးနိုင်ရန် တိုင်ကြားထားကြောင်း သတင်းရရှိပါသည်။

ပြည့်သဲမောင် (ပြည်)

ပြည်သတင်း

https://www.facebook.com/pyaynews
Read More...

Facebook Like Page