Thursday, November 21, 2013

လူမှုရေး အဖွဲ့အစည်းများနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများ ဆွေးနွေး ဆောင်ရွက်

Leave a Comment
နတ်တလင်း နိုဝင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် တာပွန်မြို့သို့ နိုဝင်ဘာလ ၁၄ ရက် နံနက် ၁၀ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းသည် မြို့နယ် သံဃနာယကအဖွဲ့ဝင် ကံဦးကျောင်းဆရာတော် ဦးကေ၀လအားလှူဖွယ်ပစ္စည်းများ လှူဒါန်းသည်။ ဆက်လက်၍ တိလောကမာရဇိန် ရွှေသာလျောင်း ဘုရားကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ဂေါပကအဖွဲ့ ၀င်များ၊ ဒေသဖွံ့ ဖြိုးရေးကော်မတီဝင်များ၊ လူမှုရေး အဖွဲ့အစည်းများနှင့် တွေ့ဆြုံပီး ဒေသဖွံ့ ဖြိုးရေး ဆိုင်ရာများ ဆွေးနွေးကြသည်။ ဒေသခံများ၏ တင်ြပချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ တာပွန်တိုက်နယ် ဆေးရုံအတွင်းရှိ ဓာတ်မှန်ဆောင် အတွက် လိုအပ်နေသော မီးအားမြင့်စက် ဝယ်ယူရန် ငွေကျပ် လေးသိန်း လှူဒါန်းခြင်းနှင့် ဗောဓိမာန်အောင် ငါးထပ်ဘုရားကြီးသို့ သွားရောက် ဖူးမြော်ကာ မွန်းတည့် ၁၂ နာရီတွင် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

တင်မြင့်
Pyay City

0 comments:

Post a Comment

Facebook Like Page