Wednesday, December 7, 2016

ပင်မစိုက်ပျိုးရေး ပံ့ပိုးမှုအစီအစဉ်(၂) စီမံကိန်း စိုက်ပျိုးရေး နည်းပညာသင်တန်း ပို့ချ

Leave a Comment

ပင်မစိုက်ပျိုးရေး ပံ့ပိုးမှုအစီအစဉ်(၂) စီမံကိန်း စိုက်ပျိုးရေး
နည်းပညာသင်တန်း ပို့ချ

ပြည် နိုဝင်ဘာ (၈)ရက် နေ့
အာရှဖွံ့ဖြိုးရေးဘဏ်၏ အထောက်အပံ့ဖြင့် မဟာမဲခေါင်ဒေသခွဲ
နိုင်ငံများအကြား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိေ
သာ ပင်မစိုက်ပျိုးရေး ပံ့ပိုးမှုအစီအစဉ်(၂)အရ ရေရှည်တည်တံ့
သော စိုက်ပျိုးရေးနည်းစနစ်များ ပညာပေးသင်တန်းကို ပဲခူးတို
င်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် လက်ခုပ်ပင် ရှေ့တန်းစခ
န်းတွင် နိုဝင်ဘာ (၈)ရက်နေ့ နံနက် (၉)နာရီအချိန်တွင် ကျင်းပ
ခဲ့ကြောင်း သိရသည်။

အဆိုပါစိုက်ပျိုးရေးနည်းစနစ်များ ပညာပေးသင်တန်းကို ဦးစီး
အရာရှိ ဒေါ်လဲ့လဲ့ထွေး၊ မြေအသုံးချရေးဌာနခွဲ စိုက်ပျိုးရေးဦးစီး
ဌာန၊ ဦးစီးအရာရှိ ဒေါ်စိုင်းရော်၊ သီးနှံကာကွယ်ရေးဌာနခွဲ စိုက်
ပျိုးရေးဦးစီးဌာန ဒုဦးစီးမှူး ဒေါက်တာခင်ဇာကျော်၊ စီမံကိန်းရေး
ဆွဲစီစစ်သုံးသပ်ရေးဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုဦးစီးမှူးဒေါက်
တာဝဏ္ဍထွန်း၊ ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပ
ညာဌာနခွဲ စိုက်ပျိုးရေးဦးစီးဌာန ဒုဦးစီးမှူး ဒေါ်နီလာမိုးဆွေ၊ စီမံ
ကိန်းရေးဆွဲစီစစ်သုံးသပ်ရေးဌာနခွဲ တို့မှ လာရောက်၍ ပတ်ဝန်း
ကျင်နှင့် ရာသီဥတုကို ထိခိုက်မှုမရှိသော ရေရှည်တည်တံ့သည့်
စိုက်ပျိုးရေးနည်းစနစ်များကို တောင်သူ များအား ပြန်လည်ဖြန့်ေ
ဝနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနရှိ ဦးစီးအရာရှိများ၊ ဒုဦးစီး
အရာရှိများနှင့် ၀န်ထမ်းများအား လာရောက် သင်တန်းပို့ချ ပေး
ခြင်းဖြစ်သည်ဟုသိရသည်။

၎င်းသင်တန်းသို့ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိ
ယတိုင်းဒေသကြီးဦးစီးမှူးနှင့် ရုံးအဖွဲ့ဝန်ထမ်းများ၊ ပြည်ခရိုင်အ
တွင်းရှိ ပြည်၊ ပေါင်းတည်၊ ရွှေတောင်၊ သဲကုန်း၊ ပန်းတောင်း၊ေ
ပါက်ခေါင်း စသည့်မြို့နယ်များနှင့် သာယာဝတီခရိုင် အတွင်း ရှိ
နတ်တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ အုတ်ဖို၊ မင်းလှ၊ မိုးညို၊
လက်ပံတန်း၊ သာယာဝတီ စသည့် မြို့နယ်များနှင့် ပွဲပြည်ခြံ၊ေ
ပါင်းတည်ခြံ၊ ဇီးအုပ်ခြံ၊ သစ်ချိုခြံ တို့မှ စိုက်ပျိုးရေးဝန်ထမ်း (၁၀
၂)ဦးနှင့် မှော်ဇာကျေးရွာမှ တောင်သူ(၁၀)ဦး စုစုပေါင်း (၁၁၂
) ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09423671883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ





0 comments:

Post a Comment

Facebook Like Page