Tuesday, August 19, 2014

ကြံ.တို.၏မာယာ သရ၀ဏ်(ပြည်)

Leave a Comment
ကြံ.တို.၏မာယာ
သရ၀ဏ်(ပြည်)

၁၉၆၇ တွင် ဆန်ရှားပါးမှုပြသနာနှင်.တော်လှန်ရေးကောင်စီအပေါ်အထွေထွေမကြေနပ်မှုများတိုးပွားလာသောအခါ အချိန်ကိုက်ပင် ရန်ကုန်မြို.၌တရုတ်မြန်မာအရေးအခင်းဖြစ်ပွားခဲ.ပါသည် ။ ထိုအရေးအခင်းသည် မြန်မာနိုင်ငံမှတရုတ်အမျိုသားအချို. မော်စီတုန်းပုံပါသောရင်ထိုးတံဆိပ်ကိုရင်ဘတ်ပေါ်တွင်တပ်ကာကျောင်းလာသဖြင်.ဆရာများကတားမြစ်ရာမှစတင်သည်ဟု ပြောကြသော်လည်း အများကယုံကြည်ကြသည်မှာ ထိုစဉ်ကအာဏာရအစိုးရ၏ နိုင်ငံရေးထွက်ပေါက်အဖြစ်အဓိကရုဏ်းကိုဖန်တီးခဲ.သည်ဆိုခြင်းပင် ။
ရှစ်လေးလုံးအရေးတော်ပုံကြီးကြောင်. လူထု၏နိုင်ငံရေးနိုးကြားမှုမြင်.မားလာနေဆဲ ကာလ၀ယ် ၁၉၉၀ ရွေးကောက်ပွဲကိုကျင်းပခဲ.ရာ ပြည်သူလူထုကအပြတ်အသတ်ထောက်ခံသောကြောင်. အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် မဲအပြတ်အသတ်နှင်.အနိုင်ရခဲ.သည် ။ လွှတ်တော်ခေါ်ပေးရန်တောင်းဆိုမှုမြင်.မားနေပြီး နိုင်ငံရေးအကြပ်ရိုက်နေဆဲကာလများဝယ် တရုတ်ပြည်မှ ဗုဒ္စမြတ်စွယ်တော်ကို မြန်မာပြည်သို.ပင်.ဆောင်နိုင်ခဲ.ခြင်းဖြင်. လူထု၏စိတ်ဝင်စားမှု အာရုံကိုပြောင်းလွဲပေးခဲ.ပါသည် ။ ဘာသာရေးကိုင်းရှိုင်းသော ဗုဒ္စဘာသာ မြန်မာလူထုသည် ဒီမိုကရေစီတောင်းပွဲတိုက်ပွဲများထက် တရုတ်ပြည်မှ စွယ်တော်မြတ်ရောက်လာသည်.သတင်းကိုသာ ပို၍ စိတ်ဝင်တစားဖြစ်ခဲ.ကြသည် ။ နိုင်ငံပိုင်မီဒီယာများဖြစ်သော ကြေးမုံ ၊မြန်မာ.အလင်း ၊ မြန်မာ.အသံနှင်.ရုပ်မြင်သံကြား ၊မြ၀တီရုပ်သံ ၊ ရေဒီယို စသည်များမှလည်း စွယ်တော်သတင်း ၊ စွယ်တော်ကိုလာရောက်ဖူးမျှော်ကြသော ပရိတ်သတ်များအကြောင်း ၊ သူ.ထက်ငါအလှူငွေထည်.၀င်ကြသော ပမာဏတို.ကို နေ.စဉ်နှင်.အမျှ လိုတာထက်ပို၍ သိုင်းသိုင်းဝိုင်းဝိုင်းထုတ်လွှင်.ခဲ.ကြသည် ။ လူတွေနိုင်ငံရေးစိတ်မ၀င်စားလျင်ပြီးရော ဟူသောသဘောဖြင်. လှေသဘင်ပွဲတော်များ ၊ မြင်းခင်းသဘင် ၊ကျောင်းသားအားကစားပွဲတော်စသည်တို.ကို ရည်ရွယ်ချက်ရှိရှိကျင်းပခဲ.သည် ။ လူတို.သည်ကာလအတန်ကြာ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကိုလည်းကောင်း ၊ အမျိုးသားညီလာခံကိုသော်လည်းကောင်း မေ.လျော.သွားခဲ.ကြသည် ။ဤသို.ဖြင်.၁၉၉၃တွင် စတင်ကျင်းပခဲ.သောအမျိုးသားညီလာခံသည် ၂၀၀၃ ဒီပဲယင်းအရေးအခင်း ဖြစ်သောအချိန်အထိ ဘာမှဖြစ်မလာပဲရေစုန်မျောနေခဲ.သည် ။ ထိုသောင်မတင်ရေမကျဖြစ်ရပ်ကို ဒီပဲယင်းအရေးအခင်းက အိပ်ပျော်နေသူကိုလှုပ်နှိုးလိုက်သလို ဖြစ်စေခဲ.ကာ ပြည်သူရောအစိုးရရော shock ရခဲ.သည် ။ လမ်းပြမြေပုံ (ရ)ချက်ဘာညာဖြင်. ဗိုလ်ချုပ်ခင်ညွန်.က ကာလအတန်ကြာချောင်ထိုးထားသော နိုင်ငံရေးအရွေ.ကို စိတ်မပါလက်မပါပြန် အသက်သွင်းလာရသည် ။
မြန်မာနိုင်ငံဝယ် နိုင်ငံရေးအရ အရေးကြီးသည်.အချိန်ရောက်လာတိုင်း လူထုကိုအာရုံလွှဲသည်.ဖြစ်ရပ်များသည်တိုက်တိုက်ဆိုင်ဆိုင်ပေါ်လာတတ်၏ ။ ယခုလည်း မြန်မာတစ်နိုင်ငံလုံးဝယ် အုံးအုံးကျက်ကျက် ပွဲတော်တမျှ ပုဒ်မ (၄၃၆ ) ပြင်ဆင်ရေးဆန္ဒပြုလက်မှတ်ထိုးသည်.ကိစ္စသည် အောင်မြင်စွာလွှတ်တော်သို.ပင်တင်ပြတော.မည်.အနေအထားသို.ရောက်လာ၏ ။ မြန်မာတစ်ပြည်လုံးမှ လူထုလူတန်းစားအလွှာအသီးသီးမှ လက်မှတ်ထိုးကြသည်မှာ လူပေါင်း သိန်းငါးဆယ် (ငါးသန်း) နီးပါးရနေ၏ ။ လူငါးသန်းလက်မှတ်ထိုး၍တောင်းဆိုသောကိစ္စတစ်ခုထက်ကြီးမားသော အဆိုပြုချက်သည် လက်ရှိမြန်မာ.နိုင်ငံရေး၌ မရှိခဲ.ဖူးချေ ။ဥပဒေအားလုံး၏အခေါင်အချုပ်သည် ဖွဲ.စည်းပုံအခြေခံဥပဒေဖြစ်၏ ။ ဖွဲ.စည်းပုံအခြေခံဥပဒေ၏ခေါင်ချုပ်သည်ပုဒ်မ (၄၃၆)ဖြစ်၏ ။ ၄၃၆ ပြုပြင်ရေးသည်တိုင်းပြည်နောင်ရေးအတွက် သေရေးရှင်ရေးဖြစ်သည် ။ ထိုဥပဒေသည် ဖွဲ.စည်းကိုပြင်ဆင်ရေးအတွက်ပြဌာန်းထားသောပုဒ်မဖြစ်သည် ။ ပြင်ဆင်ရာတွင် လွှတ်တော်ကိုယ်စားလှယ် အားလုံးသဘောတူသော်မှ ပြည်သူလူထုကရွေးကောက်တင်မြှောက်ထားခြင်းမဟုတ်သော တပ်မတော်သားကိုယ်စားလှယ်များကသဘောမတူပါကမပြင်နိုင်ရန်ပြဌာန်းထားသော ပုဒ်မဖြစ်သည် ။ ထိုအချိန်တွင် ပြည် သူလူထု လိုလားနေသော ဖွဲ.စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၆) ပြုပြင်ရေးကိုလွှတ်တော်ကလုပ်ပေးရမည်.အစား မည်သည်.ပြည်သူလူထုကမှမတောင်းဆိုသော အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်ဆိုတာဗြုန်းစားကြီး လွှတ်တော်သို.ရောက်လာ၏ ။ လူထုကမကြေနပ် ။ လူထုလိုချင်တာ ပုဒ်မ ၄၃၆ ပြင်ဖို. ၊ ဖွဲ.စည်းပုံအခြေခံဥပဒေပြင်ဖို. ။သို.သော် ဖွဲ.စည်းပုံပြင်ဆင်ရေးက ခရုတစ်ကောင်လိုနှေးကွေးနေပြီး ၊ လူမသိသူမသိ PR ဖြစ်စဉ်က ဂျက်လေယာဉ်လို သွက်လက်မြန်ဆန်နေခဲ.သည် ။ နိုင်ငံရေးအကဲခတ်များကထိုအချက်ကိုထောက်ပြကြသည် ။ စာရေးဆရာများကဆောင်းပါးများရေးကြသည် ။ပြည်သူအချို.က PR ဆန်.ကျင်ရေးဆန္ဒပြကြသည် ။P.R ကိုလက်မခံကြောင်းဟောပြောကြသည် ။ အစိုးရကပြည်သူများထိုနိုင်ငံရေးကိစ္စတွေကိုမေ.ပျောက်ထားစေချင်သည် ။ လူမသိသူမသိပဲ PR ကိစ္စမြန်မြန်ပြီးသွားစေချင်သည် ။ ၂၀၁၅ ရွေးကောက်ပွဲတွင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲလို တစ်နေရာမှမနိုင်ပဲအရှက်ကွဲမည်ကို PR စနစ်ဖြင်.ဖာထေးနိုင်မည်ဟု အာဏာရပါတီကမျှော်လင်.ပုံရသည် ။
ပြည်သူလူထုကို ယခုအချိန်တွင်အာရုံပြောင်းမှဖြစ်တော.မည် ။ ဘာသာရေးအဓိကရုဏ်းဖြင်.အာရုံပြောင်းရတာကမအောင်မြင် ၊အန္တရာယ်ကြီးသည် ။ အောင်ရင်ငြိမ်းကိစ္စကိုရေးကြီးခွင်ကျယ်လုပ်၍ စိတ်ဝင်စားသောထိပ်တန်းသတင်းတစ်ခုဖြစ်အောင်ဖွခဲ.သော်လည်း ရိုမန်ဘော.တို.ကမ္ဘာက ကောက်ရိုးမီးလိုဟုန်းကနဲထတောက်ပြီးပြန်ငြိမ်သွားသည် ။ လူတွေကလဲပါးနပ်ကုန်ကြပေပြီ ။ ထို.ကြောင်. ကျွန်တော်သာအစိုးရဆိုလျင် တစ်ခုတော.လုပ်ပြမည် ။ မြန်မာတွေက ရိုးသားသည် ၊ပြီးတော.ယုံလွယ်သည် ။ပုံပြင်တွေ ၊ဒဏ္ဍာရီတွေကိုစွဲလမ်းနှစ်သက်သည် ။ ဘာသာရေးကိုင်းရှိုင်းသည် ။ ပုံပြင်တွေ ၊ ဂမ္ဘီရကိစ္စတွေမှာ စိတ်လိုလက်ရရှိသည် ။ ထိုအကြောင်းများအားလုံးပါသောကိစ္စတစ်ခုကိုဖော်ထုတ်မှဖြစ်မည် ။ဒါဆိုလျင် လူတွေ နိုင်ငံရေးမှာစိတ်မပါပဲ ဒါမှ ကိုယ်လှိမ်.ချင်သလိုလှိမ်.၍ရမည် ။ ဤအချိန်တွင် စားရကံကြုံတော.မုတ်ဆိတ်ပျားစွဲသလို ဓမ္မစေတီခေါင်းလောင်းကြီးကိုဆယ်ယူမည်.ကိစ္စပေါ်လာသည် ။ ဆန္ဒပြပွဲသေးသေးလေးတစ်ခုလုပ်ဖို.ခွင်.ပြုချက်တင်လျှင်ပင် လွယ်လွယ်နှင်.လက်မခံတတ်သော (တခါတရံလက်မခံပါယ်ချတတ်သော) ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် စိတ်ကောင်းဝင်ကာ ဦးစံလင်းဆိုသူကို ရန်ကုန်မြစ် ၊ပဲခူးမြစ် ၊ပုဇွန်တောင်ချောင်းဝတွင် ခေါင်းလောင်းကြီး ဆယ်ယူရှာဖွေခွင်.ပြုဖို.ဆိုင်းမဆင်.ဗုံမဆင်.ခွင်.ပြုလိုက်တာအံ.သြစရာကောင်းနေသည် ။ ဆန္ဒပြပွဲလေးတစ်ခုကိုပင်လျင် ဖင်လှည်.ခေါင်းလှည်.ဖြင်. ခွင်.ပြုမိန်.ရဖို.အတော်စောင်.ရသည်.ခေတ် ၊ စာအုပ်မိတ်ဆက်ဖြန်.ချိပွဲတစ်ခုလုပ်ဖို.ခမ်းမငှားတာပင် ခွင်.ပြုမိန်.တော်တော်နှင်.ထုတ်မပေးသော ရန်ကုန်တိုင်းဒေသကြီးအာဏာပိုင်တို.သဘောကောင်းပုံမှာ အံ.သြကုန်နိုင်ဖွယ်ပင် ။ ခေါင်းလောင်းဖော်မည်.လူကလည်း ဘာမှလက်ဆုပ်လက်ကိုင်မပြနိုင်ခင်ကတည်းက ဘယ်နေ.တွင်စဆယ်မည် ၊ ဘယ်နေ.တွင် ခေါင်းလောင်းကို ရေတပ်စခန်းတွင်ထားမည် ။ စသည်ဖြင်.မစားရ၀ခမန်းတွေပြောနေတာလည်း ယုတ္တိယုတ္တာမဲ.လှသည် ။
ပို၍စိတ်ဝင်စားဖွယ်ကောင်းသည်က အစိုးရသည် ဤခေါင်းလောင်းဆယ်သောကိစ္စ ကိုလူစိတ်မ၀င်စားစိတ်ဝင်စားအောင် မီဒီယာအား ဖြင်.ပံ.ပိုးကူညီခဲ.သည် ။နိုင်ငံပိုင်သတင်းစာနှင်.ရုပ်မြင်သံကြားတို.မှခေါင်းလောင်းကြီးဖော်သောသတင်းကို ဆက်တိုက်ပြန်ကြားပေးနေခဲ.သည် ။ ဘယ်နေ.ကစဆယ်သည် ။ ဘယ်သူတွေလာကြည်.သည် ။ ဘယ်နှနာရီတွင်လုပ်ငန်းစသည် ၊ဘယ်နှစ်နာရီတွင်ခေတ္တနားသည် ၊ ရဲများကလာရောက်ကြည်.ရှုသူများအန္တရာယ်မဖြစ်ရန်ဘယ်လိုကြပ်မတ်ပေးသည် ၊ ဗညားလတ်သင်္ဘောပေါ်တွင်ဆရာတော်များက ပရိတ်ရွတ်ဖတ်ပူဇော်ကာ သာသနာပွဲများကိုဘယ်လိုပူဇော်ထားသည် ၊ အကြံအစည်အောင်မြင်မှုနှင်.သာသနာတော်ကိုဆည်းကပ်ကိုးကွယ်ရာအဖြစ်ကြံပင်နှင်.ငှက်ပျောပင် တို.ကိုမညှိုးနွမ်းရန်ဘယ်လိုပူဇော်ထားသည် ၊သက်သတ်လွတ်စားနေသော လူဦးရေ ၈၀ သဘောင်္ပေါ်တွင်ရှိသည် ၊ ရေငုတ်သသမားများကဘယ်လိုငုတ်သည် ၊ ဤနေရာ၌ ခေါင်းလောင်းကြီးရှိလျင်မြစ်ကမ်းပေါ်မှရဟန်းသံဃာ ၊လူပုဂ္ဂိုလ်တို.၏ပို.သသောမေတ္တာ နှင်.ရေလယ်မှ ဆရာတော်များ ရွတ်ဖတ်သရဇ္ဈယ်သည်.ပရိတ်တရားတော်တို.ပေါင်းစည်းမိကာရေအောက်တွင်နစ်မြုပ်နေသောဓမ္မစေတီခေါင်းလောင်းကြီးရရှိမည်ဟုပြည်သူအချို.ကပြောဆိုသည် စသည်ဖြင်.၁၆.၈.၂၀၁၄ မြန်မာ.အလင်းသတင်းစာတွင် ၆ ကော်လံတိတိ သတင်းရေးသားဖော်ပြကာ ညွှန်းဆိုပေးလေသည် ။
ထိုဓမ္မစေတီခေါင်းလောင်းကြီးမှာမြန်မာတို.သည်းခြေကြိုက်ဒဏ္ဍာရီပုံပြင်များဖြင်.ထုံမွှန်းထားလေသည် ။ သို.သော် သိပ္ဖံနည်းကျလေ.လာသော ဘူမိဗေဒပညာရှင်များ သမိုင်းပညာရှင်များ သမိုင်းသုတေသီများက ဒဏ္ဍာရီပုံပြင်များကိုဖယ်ထုတ်ကာ ယထာဘူတ ကျကျ သုံးသပ်ကြသည်။ ဆရာချစ်စံဝင်းက
“ ခေါင်းလောင်းကြီးရှိလားမရှိလားဆိုတာမသေချာဘူး ၊ ကျွန်တော်တို.ရှာတုန်းကခေါင်းလောင်းကိုရှာတာမဟုတ်ဘူး ။ ရှိလားမရှိလားဆိုတာကို သုတေသနလုပ်တာ။ တွင်းသင်းရာဇ၀င် ၊ မှန်နန်းရာဇ၀င် ၊ ဦးဖိုးကျားရာဇ၀င်တွေထဲမှာ အဲဒိအကြောင်းမပါဘူးဟုဆိုခဲ.သည် “ ထို.ကြောင်.အချို.က ဤခေါင်းလောင်းကြီးသည်အမှန်တကယ်ရှိမှရှိပါလေစဟုသံသယရှိကြသည် ။ခေါင်းလောင်းကြီးအလေးချိန်ကိုအမျိုးမျိုးပြောဆိုနေကြခြင်းကိုထောက်ပြကြသည်။ စလေငခွေးမြစ်ထဲ၌လှေလှော်စဉ်ထိုးဝါးတွင်ရွှေလင်ပန်းခုနစ်ချပ်ညပ်ပါလာပုံကိုပင် မှန်နန်းရာဇ၀င်တို. ၊တွင်းသင်းရာဇ၀င်တို.တွင်ပါသေးသည်ဖြစ်ရာ ဓမ္မစေတီခေါင်းလောင်းကြီးတကယ်ရှိခဲ.ပြီးေ၇ထဲသို.ပြုတ်ကျခဲ.ပါကဧကန်မုချပါရှိရမည် ။မပါသည်ကိုထောက်သဖြင်.တကယ်မရှိ၍ဖြစ်မည်ဟုဆိုကြသည်။ အချို.မွန်ပညာရှင်များကလည်း ခေါင်းလောင်းကြီးသည် အမှန်တကယ်ရှိခဲ.ကြောင်း ဓမ္မစေတီမင်းရေးထိုးထားသောမွန်ဘာသာကလျာနီကျောက်စာ ၊ ကောဇာသက္ကရာဇ် ၁၂၇၄ ( ခရစ်နှစ် ၁၉၁၃) တွင်မွန်ဘာသာဖြင်.ပုံနှိပ်ထုတ်ဝေခဲ.သော သီရိသကျဝံသဓမ္မစေတီဟံသာဝတီစာအုပ်ဒုတိယတွဲတွင် ခေါင်းလောင်အကြောင်းပါသည်ဟုဆိုကြသည် ။
မည်သို.ပင်ရှိစေ လူတို.တွင်စိတ်ဝင်စားစရာ ၊ငြင်းခုန်စရာအသစ်များရလာသည်ကတော.အမှန်ဖြစ်သည် ။ လူတို.၏စိတ်ဝင်စားမှုသည် (ယာယီအားဖြင်.ဖြစ်စေ ) ၄၃၆ အပေါ်တွင်ပျောက်သွား၏ ။ ပုဒ်မ ၅၉ (စ) အပေါ်တွင်ပျောက်သွား၏ ။ တပ်မတော် အစိတ်သားပါဝင်နေမှုကိုပျောက်သွားစေ၏ ။ PR စနစ်အပေါ်ခါးခါးသီးသီးဆန်.ကျင်မှုသည် ခေတ္တမှေးမှိန်သွား၏ ။ဒါသည်ပင် PR ဆရာကြီးများအတွက်အမြတ်ဖြစ်သည် ။ဒါသည်ပင်သူတို.လိုချင်သောအကွက်ဖြစ်သည် ။ ကျွန်ပ်သာ သမ္မတကြီးအကြံပေးဆိုလျင် ဓမ္မစေတီခေါင်းလောင်းကြီးနှင်.တူသောခေါင်းလောင်းတစ်လုံးကို ကြေးနီတောင်မှကြေးများနှင်.မန္တလေးမှကြေးသွန်းဆ၇ာများကိုခေါ်ကာ လူမသိသူမသိတိတ်တိတ်ကလေးသွန်းမည် ။ ပြီးတော. မည်သူမျှမသိအောင်မြစ်ထဲတွင်သွားချထားကာ ဓမ္မစေတီခေါင်းလောင်းကြီးပေါ်လာပြီဟုပြူးတူးပြဲတဲကြေငြာမည် ။အရာရာကို မျက်စေ.မှိတ်ယုံကြည်တတ်သော ခပ်နုံနုံလူများကို ခပ်ဝေးဝေးမှကြည်.ခိုင်းကာ ခေါင်းလောင်းပူဇော်ပွဲကြီးကျင်းပမည်(ကိုင်တွယ်ခွင်.မပြုဟုဆိုမည် ) ။အလှူငွေများသောက်သောက်လဲလက်ခံရရှိမည် ။ တိုင်းပြည်တွင်ထိပ်တန်းသတင်းဖြစ်သွားမည် ။ လူတွေသည် PR တွေ ၊ ၄၃၆ တွေ ၊ဒီမိုကရေစီတွေဘာတွေကိုစိတ်ဝင်စားတော.မည်မဟုတ် ။ ၂၀၁၅ အတွက်ပင်အဆင်ပြေနိုင်သေးသည် ။ ဘုရားသကြားမ၍ဤအကြံကိုသမ္မတအကြံပေးများမရပါစေနှင်.။
တကယ်တော. ခေါင်းလောင်းကြီးသည်တကယ် ရှိချင်လဲရှိမည် ။မရှိချင်လဲမရှိနိုင်ပါ ။ဆယ်၍ရချင်လဲရမည် ။မရချင်ပဲလဲရှိချင်ရှိမည် ။ရလျင်ကောင်း၏ ။မရလျင်လဲဘာမှမဖြစ်ပါ။တိုင်းပြည်အတွက်မရှိမဖြစ်မဟုတ်ပါ။ တကယ်တန်းသေရေးရှင်ရေးအရေးကြီးသည်ကား ၁၉၆၂ မှစကာ စစ်အာဏာရှင်ချောက်ကမ်းပါးကြီး ထဲသို. စုန်းစုန်းမြုတ်ပြုတ်ကျသွားသော ဒီမိုကရေစီခေါင်းလောင်းကြီးပြန်ပေါ်လာဖို.ပင်မဟုတ်ပါလား ။ 


သရ၀ဏ်(ပြည်)

0 comments:

Post a Comment

Facebook Like Page