Saturday, August 23, 2014

မျက်လုံးကျန်းမာရေး အတွက် အကောင်းဆုံးနည်းလမ်းများ

Leave a Comment
မျက်လုံးကျန်းမာရေး အတွက် အကောင်းဆုံးနည်းလမ်းများ

(၁) အေးမြပြီး သန့်ရှင်းနေသော ရေများနှင့် မျက်လုံးကို သန့်ရှင်းပေးပါ။ ဒီလိုပုံမှန် လုပ်ပေးခြင်းဟာ မျက်လုံး ကျန်းမာရေး အတွက် သာမက ရောဂါမဖြစ်အောင် ထိန်းသိမ်းပေးရာလည်း ရောက်ပါတယ်။

(၂) သဘာဝကို တုပ ပြုလုပ်ထားပြီး အရမ်းလင်းတဲ့ အရာဝတ္တုများ ဒါမှမဟုတ် နေ စတာတွေကို တိုက်ရိုက် မကြည့်မိအောင် ရှောင်ပါ။
ထိုအလင်းများကို မျက်ကြည်လွှာကို ထိခိုက်စေပါတယ်။

(၃) မျက်လုံးကို ဖွင့်လိုက် ပိတ်လိုက် ဘေးဘက်သို့ စက်ဝိုင်းပုံသဏ္ဍန် ကြည့်လိုက် အဝေးသို့ မြင်နိုင်သလောက် မြင်အောင်
ကြည့်လိုက် စတဲ့ မျက်လုံး လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်ပေးပါ။

(၄) ကွန်ပျူတာ ကြည့်တဲ့ အခါမှာ ၂၂ လက်မ မှ ၂၈ လက်မ အကွာ ခွာ၍ ကြည့်ပါ။ အရမ်းနီးရင် သော်လည်းကောင်း အရမ်းဝေးရင် သော်လည်းကောင်း သင့်ရဲ့မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ


0 comments:

Post a Comment

Facebook Like Page