ပြည်သတင်း
Home
IT Sharing Network
ပေါက်ခေါင်းသတင်း
ရည်ရွယ်ချက်
ဆက်သွယ်ရန်
Menu
Home
ပြည်မြို့သတင်း
ပဲခူးတိုင်းဒေသကြီးသတင်း
ပြည်တွင်းသတင်း
နိုင်ငံတကာသတင်း
အရောင်းအ၀ယ်
ပြည်သူ့အသံဖတ်ရှုရန်
ဂျာနယ်များ
စာအုပ်များ
Friday, December 11, 2015
ကာတွန်း-တာတီး{ပြည်}
Leave a Comment
ကာတွန်း-တာတီး{ပြည်}
Posted via Blogaway
0 comments:
Post a Comment
Newer Post
Older Post
Home
Facebook Like Page
Search
Connect
Dribbble
Facebook
Google+
Linkedin
Pinterest
RSS
Twitter
လူကြည့်များသော သတင်း
မှတ်ပုံတင်ကောက်ရထားပါသည်
မောင်ငြိမ်းချမ်းဇော် အမည်ဖြင့် မှတ်ပုံတင်တခု 31.12.2013 နှစ်သစ်ကူးညက ညဈေးတန်းထိပ် ဗဟိုမီးသတ်ရှေ့ထမင်းကြော်ဆိုင် စားပွဲတခုအောက်တွင် ကောက်ေ...
သမ္မတကြီး ဦးသိန်းစိန် မျိုးစောင့် ဥပဒေကို လက်ခံပြီ...
ကျွန်တော်တို့ရဲ့ နိုင်ငံမှာ ဗုဒ္ဓဘာသာ ၊ နောက်တစ်ခါ ခရစ်ယာန်၊ ဟိန္ဒူ၊ မူဆလင် ..စသဖြင့် ဒီဘာသာကြီး ၄ မျိုးနဲ့ ပတ်သက်ပြီးတော့ အသိအမှတ်ပြုထာ...
အနန္တငါးပါးဦးထိပ်ထားလျှက် ဆရာစိန်ထွန်းတောက် {ခ} ဦးစိန်တိုး ထွန်းတောက်ပညာ့ရိပ်သာ ကျန်းမာရေးကြီးကြပ်(၂) ကျန်းမာရေးမှူး(၄) ၀င်ခွင့်သင်တန်း (၁၀)တန်းအောင် ၉.၁၂.၂၀၁၅ ရက်နေ့တွင် သင်တန်းစတင်ဖွင်မည်။ ၂၈.၁၂.၂၀၁၅ ရက်နေ့တွင် လျှေက်လွှာများ ပိတ်မည်။ နှင့် ဆရာစိန်ထွန်းတောက် {ခ} ဦးစိန်တိုး ထွန်းတောက်ပညာ့ရိပ်သာ B.Ed ၀င်ခွင့်သင်တန်း နှင့် B.Ed ၀င်ခွင့်စာအုပ်များ ဆက်သွယ်မှာယူနိုင်ပါသည်။ ဆက်သွယ်ရန် နှင့် အသေးစိတ်သိရှိလိုပါက... အမှတ် {၆၇၄} ၊ ရေလွှဲပေါက်လမ်း ၊ န၀င်းရပ် ၊ ရွှေပလ္လင်မှော် ဘုရားအနီး ၊ ပြည်မြို့ ။ Ph: 09-49500863 ၊ 09-31226404 ၊ 09-254091363 ၊ 09-421744703 ၊ 09-781622747 ၊ 09-973835422 တို့ကို ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပေးလိုက်ပါသည်။ ဆရာစိန်ထွန်းတောက်(ခ)ဦးစိန်တိုး {ထွန်းတောက် ပညာ့ရိပ်သာ} ပြည်သတင်း www.facebook.com/pyaynews
အနန္တငါးပါးဦးထိပ်ထားလျှက် ဆရာစိန်ထွန်းတောက် {ခ} ဦးစိန်တိုး ထွန်းတောက်ပညာ့ရိပ်သာ ကျန်းမာရေးကြီးကြပ်(၂) ကျန်းမာရေးမှူး(၄) ၀င်ခွင့်သင်တန်း ...
ဂျော်ဂျီယာနိုင်ငံမှ အမျိုးသမီးတစ်ဦး ပုရွက်ဆိတ်ကိုက် ခံရမှုကြောင့် သေဆုံး
...
ကျွန်တော်ရေးတာမဟုတ်ပါ လွန်ခဲ့သော နှစ်40 ကျော်က ရေးခဲ့တဲ့ ၀တ္ထု - ကိုးသင်္ချိုင်းသံဓား ( ဓူဝံ )
Download - သင်္ချိုင်းသံဓား-ဓူဝံ.pdf
မူးယစ်ဆေးဝါးဆိုးကြိုး အန္တရယ်အသိပညာပေးဟောပြောပွဲ ကျင်းပ
၂၈.၁.၂၁၀၄ တွင် အ.ထ.က (၁)၊ ပြည်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထန်းဦးစီးဌာနမှ မူးယစ...
မြေကွက်နှင့်အိမ်ရောင်းရန်ရှိသည်။
ပြည်မြို့ ဦးဝင်းမြစက်ကွင်းလမ်း လမ်းမဘေး အဝေးသင်ပေါက်နှင့် ဗိုလ်ချုပ်လမ်းမကြီးအနီး ပတ်ဝန်း ကျင်သန့်ရှင်းသော ရပ်ကွက်တွင် မျက်နှာ ၄၀×၆၀ ရှ...
ရွာမအုပ်စု၊ မိုဃ်းကောင်းကျောက်တော်ကြီးဘုရား (၁၀၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့်တတိယအကြိမ်မြောက် ဓမ္မသဘင်ဆင်ယင်ကျင်းပမည် ပြည့်သဲမောင် (ပြည်)၀၉ ၄၂၃၆၇၁၈၈၃
ရွာမအုပ်စု၊ မိုဃ်းကောင်းကျောက်တော်ကြီးဘုရား (၁၀၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့်တတိယအကြိမ်မြောက် ဓမ္မသဘင်ဆင်ယင်ကျင်းပမည် ပြည့...
ကူညီပါရစေဆိုင်းဘုတ်ရဲ့ နောက်ကွယ်မှာ By ကိုရဲ (ရွှေတြိဂံ) မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ တရားခံသွားရောက်ဖမ်းဆီးတဲ့ အခါမှာ ပြန်လည်ခုခံတဲ့ သတင်းတွေကို ဖတ်ရတိုင်း စိတ်မကောင်းဖြစ် မိသလို အားမလိုအားမရဖြစ်မိပါ တယ်။ ရဲတပ်ဖွဲ့အနေနဲ့ ခေတ်မီ တဲ့ လက်နက်ကိရိယာတွေ တပ် ဆင်ပေးဖို့လိုပြီဆိုတဲ့အကြောင်း အချက်ပေးသံကိုလည်း အခု လောက်ဆို လူကြီးတွေ သိ လောက်ပြီလို့ထင်ပါတယ်။ သိပြီဆိုရင် ဘယ်လို ဖြည့်ဆည်းပေးမလဲ၊ ဘယ်လိုလေ့ကျင့်ပေးမလဲဆိုတာအရေးတကြီးလုပ်ဆောင်ရမယ့်အခြေအနေဖြစ်နေပါပြီ။ တကယ်တမ်း ပြောလို့သာ ပြောရပေမယ့် အားတော့မရှိပါ ဘူး။ ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲ မယ်ဆိုတဲ့စကားတွေ ကြားနေရ ပေမယ့် ဒီနေ့အထိတော့ ထိထိ ရောက်ရောက်မရှိလှဘူးလို့ထင် ပါတယ်။ အရေးအခင်းကာလ တုန်းက တစ်နိုင်ငံလုံး ဆန္ဒတွေ ပြကြတဲ့အခါ ပြည်သူ့ရဲတပ်ဖွဲ့ (ယခု မြန်မာနိုင်ငံရဲတပ်ဖွဲ့)ဌာန ချုပ်က တိုင်းနဲ့ပြည်နယ်အားလုံး ကို ညွှန်ကြားချက်ကြေးနန်းတစ် စောင်ထွက်လာပါတယ်။ ‘‘ပြည် သူ့ရဲတပ်ဖွဲ့သည် ဒီမိုကရေစီကို ထောက်ခံပါသည်’’ဆိုတဲ့စာဖြစ် ပါတယ်။ အဲဒီစာလည်း ရရော ဘာပြောကောင်းမလဲ။ ရဲတပ်ဖွဲ့ ဝင်တွေလည်း စခန်းထဲကထွက် ပြီး ဆန္ဒပြလိုက်ကြတာ ပြည်သူ တွေကလည်း သောင်းသောင်းဖြ ဖြကြိုဆိုကြတာ တွေ့ရပါတယ်။ အဲဒီလိုအတိတ်က အရိပ်ကြောင့် ရဲတပ်ဖွဲ့ကို ပစ်ပယ်ထားတာလား လို့ တွေးမိပါတယ်။ ခေတ်အဆက်ဆက်မှာ လည်း ရဲတပ်ဖွဲ့ဆိုတာ စစ်တပ်ရဲ့ အောက်မှာရှိတယ်လို့ ပြည်သူတွေ ထင်လာအောင် ဖန်တီးသလိုဖြစ် လာပါတယ်။ ရဲတပ်ဖွဲ့က တာဝန် ရှိလို့စစ်ဆေးရင် စစ်တပ်က အရာ ရှိက ယူနီဖောင်းနဲ့ဆင်းလာပြီး အဲဒီတပ်ဖွဲ့ဝင်ကို ပြဿနာရှာ၊ ထိုးကြိတ်တဲ့အထိ ဖြစ်လာပါတယ်။ အဲဒီလို အခြေအနေမျိုးတွေကို သိတဲ့ပြည်သူတချို့ကလည်း ဂုဏ် ယူဝင့်ကြွားစွာ ပြောဆိုလာကြပါ တယ်။ စစ်တပ်က အရာရှိက ကားကို လမ်းပြောင်းပြန်မောင်းဝင်လာ တဲ့အခါ ရပ်ခိုင်းလို့ ဆဲဆိုကြိမ်း မောင်းခံရတဲ့ ယာဉ်ထိန်းရဲတွေ လည်း ဒီနေ့အထိ ရှိနေပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ တာဝန်အရ လုပ် ဆောင်နေရတယ်ဆိုတဲ့အသိတွေ မရှိကြတော့ပါဘူး။ တပ်ဖွဲ့ဝင်ချင်း အတူတူ ကိုယ်ချင်းစာစိတ်မရှိကြ ဘဲ တပ်ကဆိုပြီး အနိုင်ကျင့်ချင် တဲ့စိတ်တွေ ဖျောက်ဖျက်သင့်ပါ ပြီ။ တိုင်းပြည်ကို ကာကွယ်မယ် ဆိုတဲ့သူတွေက ဥပဒေကို ဖောက် ဖျက်ဖို့ မသင့်တော်ပါဘူး။ အ ထက်လူကြီးနဲ့ပိုင်တဲ့ အရပ်သား တွေကလည်း ရဲတပ်ဖွဲ့ဝင်တွေကို မထီမဲ့မြင်လုပ်လာကြပါတယ်။ ရဲ တပ်ဖွဲ့ဝင်က လုံခြုံရေးအရ စစ် ဆေးစရာရှိလို့ ကားကို တားတဲ့အ ခါ ကားကိုရပ်ပေးပြီး ‘‘မင်းက ဘာအဆင့်မို့လို့လဲ၊ ငါ ဘယ်ကဆိုတာသိလားဆိုပြီး’’ ခြိမ်းခြောက်ခံရတဲ့ ရဲတွေလည်း မနည်းပါဘူး။ အဲဒီလိုတွေရှိတဲ့အခါ ကျန်တဲ့သူကို စစ် ဆေးဖမ်းဆီးတဲ့နေရာမှာ အခက် အခဲတွေ အများကြီးကြုံတွေ့ရ တာ ရဲတပ်ဖွဲ့ဝင်တွေပဲ သိပါ တယ်။ ဥပဒေကို ဘယ်သူမှ ဖောက်ဖျက်လို့မရအောင် လုပ်ဆောင် ချက်တွေအားနည်းတဲ့အခါ၊ ဥပ ဒေအပေါ်မှာ အာဏာရှင်တွေရှိ နေတဲ့အခါ၊ ငွေကြေးချမ်းသာသူ တွေ ရှိနေတဲ့အခါ အောက်ခြေမှာ လုပ်နေရတဲ့ ရဲတပ်ဖွဲ့ဝင်တွေအ နေနဲ့ ရှေ့တိုးလည်း ထမ်းပိုး၊ နောက်ဆုတ်လည်း လှည်းတုတ် ဆိုသလိုဖြစ်နေကြပါတယ်။ နေရာနဲ့ငွေကြေးကို အဓိက ပစ်မှတ်ထားလာတဲ့ သူတွေ ကြောင့် မဟုတ်တာလုပ်တဲ့သူတွေ အတင့်ရဲလာပြီး ရဲတပ်ဖွဲ့ဝင်တွေ ကို မလေးစားလာကြတော့ပါဘူး။ မိမိတို့ရဲ့လက်အောက်က တပ်ဖွဲ့ ဝင်တွေကို ဆက်ဆံတဲ့အခါ မတူ မတန်သလို ဆက်ဆံကြပေမယ့် ရှစ်တန်းတောင်မအောင်တဲ့ သစ် ခိုးထုတ်နေတဲ့သူနဲ့ အတူတူထိုင် ပြီး စားသောက်နေတာတွေလည်း မမြင်ချင်ပေမယ့် မြင်တွေ့နေရပါ တယ်။ လုပ်ငန်းလည်း မကျွမ်း ကျင်၊ ဥပဒေလည်း မတတ်၊ ရဲ လုပ်ငန်းသဘောသဘာဝကို မသိ တော့ အလုပ်လုပ်ရတာ တော် တော်ကသိကအောက်နိုင်ပြီး ရဲ လုပ်ငန်းလည်း ယခင်ကထက် လျော့နည်းလာပြီး လာဘ်ပေး လာဘ်ယူမှုတွေများလာသလို အ ရည်အချင်းတွေလည်း ကျဆင်း လာတာတွေ့မြင်နေရပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် စီမံ အုပ်ချုပ်တဲ့သူတွေရဲ့ အားနည်း ချက်ကြောင့် ဖြစ်ပါတယ်။ ရဲလုပ် ငန်းကို သီးသီးသန့်သန့် မလုပ်ရ တော့ဘဲ ပြက္ခဒိန်ရောင်းရတာ၊ ရဲစခန်းက စိုက်တဲ့ သီးနှံတွေကို လိုက်ရောင်းရတာ၊ အစည်းအဝေးတွေ ခဏခဏတက်ရတာ၊ အ ထက်ကို ပူဇော်ပသဖို့ လစဉ် ငွေရှာ ရတာတွေ လုပ်လာကြရပါတယ်။ အဲဒီလိုလုပ်ရတဲ့အခါ လောင်းက စားဒိုင်တွေကိုလည်း မဖမ်းရဲ၊ အ ရက်ပုန်းကိုလည်း မထိရဲ၊ ဥပဒေနဲ့မညီတဲ့ဆိုင်တွေကိုလည်း အနား တောင် မသီရဲတော့တဲ့အခါ ရဲတပ်ဖွဲ့ဝင်တွေက မဟုတ်တာလုပ်တဲ့ သူကို ပြန်ကြောက်နေရသလိုဖြစ် လာပါတယ်။ ဥပဒေအရ သွားရောက်ဖမ်း ဆီးပြန်ရင်လည်း ဘယ်သူနဲ့ပတ် သက်လို့၊ ဘယ်သူ့ရဲ့လူမို့လို့ဆိုပြီး အမှုဖွင့်ဖို့ကို စိုးတထိတ်ထိတ်နဲ့ လုပ်နေရတာ ဒီနေ့စခန်းမှူးတွေ အသိဆုံးပါ။ ဥပဒေကို ဖောက် ဖျက်ကျူးလွန်တဲ့သူက ရဲတပ်ဖွဲ့ ထက် အစစသာနေတဲ့အခါ အ လုပ်လုပ်ရတာ ဘယ်လောက်ခက် ခဲလဲဆိုတာ လုပ်ဖူးတဲ့ သူတွေပဲ သိပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ မလောက်မင လစာလေး နဲ့ ရပ်တည်ရတဲ့အခါ မိသားစုစား ဝတ်နေရေးအတွက်လည်း ရှာရ၊ လူကြီးတွေအတွက်လည်း ရှာရတဲ့အခါ မဟုတ်တာလုပ်တဲ့သူတွေ အပေါ် ရပ်တည်ရတဲ့အတွက် အ လိုလိုနေရင်း အောက်ကို ရောက် သွားပါတယ်။ တစ်လတစ်လ ရှာ ဖွေရတာနဲ့ အလုပ်ရှုပ်နေတဲ့အခါ မိမိတို့စွမ်းအားတွေ မြင့်တက်ဖို့ လေ့လာဖို့အချိန်၊ လေ့ကျင့်ဖို့အ ချိန် မရတော့ပါဘူး။ အပေါ်က ညွှန်ကြားလိုက်ရင် ချက်ချင်းနဲ့ အ လျင်အမြန်ဆိုတာပဲ ရှိပါတယ်။ အဲဒီတော့ ကြိုတင်ပြင်ဆင်မှုတွေ အားနည်းလာပြီး အမှားတွေဖြစ် သလို မလိုအပ်တဲ့ ဆုံးရှုံးမှုတွေ ကြုံတွေ့နေရတာ လက်တွေ့မှာငြင်းလို့မရတဲ့ အချက်ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ နိုင်ငံတော် က ပေးတဲ့ရပိုင်ခွင့်ဆိုတာ တခြား အရပ်ဘက်ဌာနတွေနဲ့ မကွာပေ မယ့် အလုပ်လုပ်ရတဲ့အခါ လက် နက်ကိုင်အဖွဲ့အစည်းဆိုပြီး အမိန့်နဲ့ အလုပ်လုပ်ရပါတယ်။ ဒီနေရာ မှာ မပြည့်မစုံ၊ မီးကျိုးမောင်းပျက် တွေနဲ့ မဖြစ်မနေ လုပ်ကြရပါ တယ်။ ရဲအရာရှိတွေကို ထုတ်ပေး ထားတဲ့ခြောက်လုံးပြူးတွေဆိုတာ ကလည်း ပစ်ဖို့ထက် ကျည်ဆန် ပျောက်မှာစိုးလို့ ထိန်းသိမ်းရတာ အလုပ်တစ်ခုပိုတာပဲ အဖတ်တင် ပါတယ်။ တခြားအဆင့်တွေကိုင်ရ တဲ့လက်နက်တွေကလည်း လက် နက်တိုက်ထဲမှာပဲ အချိန်ကုန်နေ ပါတယ်။ ရဲစခန်းတွေမှာ တာဝန် ကျတဲ့တပ်ဖွဲ့ဝင်တွေအနေနဲ့ ကိုယ်ကိုင်တွယ်ရတဲ့ လက်နက်ကို ကောင်းလား၊ ညံ့လားဆိုတာ မသိ ကြပါဘူး။ မိမိတို့ ကိုင်တွယ်ပစ် ခတ်ရတဲ့ သေနတ်ကို ဘယ်နှ ကြိမ်လောက် စမ်းသပ်ပစ်ခတ်ဖူး သလဲဆိုတာ ရဲတပ်ဖွဲ့ဝင်တွေ အသိဆုံးဖြစ်မှာပါ။ မလိုအပ်တဲ့ နေရာမှာဆိုရင်တော့ လက်နက် တွေက သိပ်ကိုကောင်းပါတယ်။ လူဆိုးဖမ်းတဲ့ နေရာမှာဆိုရင် လောက်လေးခွနဲ့ ရော်ဘာတုတ် ကိုပဲ အားကိုးနေကြရပါတယ်။ ခေတ်မီတိုးတက်လာတဲ့အချိန်မှာ ယူနီဖောင်းဝတ်ပြီး ခါးပတ်မှာ လောက်လေးခွတွေ တွေ့မြင်နေရ တာလည်း တော်တော်ရုပ်ဆိုးသ လို လူရယ်စရာဖြစ်နေတယ်ဆို တာကို မပြုပြင်ကြတာလည်း အံ့ သြမိပါတယ်။ တရားခံဖမ်းဆီးဖို့ အတွက် မေ့ဆေးသေနတ်တွေ ထုတ်ထားသင့်ပါတယ်လို့ အကြံ ပြုလိုပါတယ်။ ပြည်သူတွေအနေနဲ့က လည်း ရဲတပ်ဖွဲ့ဝင်အပေါ်မှာ အ ကောင်းမြင်တာတွေ နည်းနေပါ သေးတယ်။ ဥပမာ- တရားခံတစ် ယောက်ကို ရဲက လက်ထိတ်ခတ် ပြီး ခေါ်သွားရင် တော်တော်များ များက ‘‘ဟယ် သနားပါတယ်။ ရဲတွေမုန်းဖို့ကောင်းတယ်’’အစရှိ သဖြင့် အမြဲပြောကြပါတယ်။ တ ကယ်တော့ အဲဒီလူတွေဟာ ပြစ် မှုတွေ ကျူးလွန်ထားတယ်ဆိုတာ ပြည်သူတွေ မသိကြပါဘူး။ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အပြစ်မရှိတဲ့ ပြည်သူတွေကို အကြောင်းမဲ့ဖမ်း ဆီးလက်ထိတ်ခတ်လို့ မရပါဘူး။ ပြစ်မှုကျူးလွန်လို့သာ ဖမ်းရခြင်း ဖြစ်ပါတယ်။ မတရားတားဆီးချုပ် နှောင်ရင် အပြစ်ပေးခံရတယ်ဆို တာ ရဲတပ်ဖွဲ့ဝင်တိုင်း သိကြပါ တယ်။ ယူနီဖောင်းနဲ့ လုံခြုံရေးယူ နေတဲ့တပ်ဖွဲ့ဝင်တွေကို ဒီရဲတွေ ဘာလာရှုပ်တာလဲလို့လည်း အ ပြောခံကြရပါတယ်။ ရဲက ရဲအ လုပ် ရဲလုပ်တာ အပြစ်မြင်စရာ မဟုတ်ပါဘူး။ မဟုတ်တာလုပ်ရင် သာ အပြစ်မြင်ရမှာပါ။ လူဆိုးသူခိုးက ရဲကို ပြန်သတ်တော့ လူ့အခွင့်အရေးလို့ အော်နေ တဲ့သူတွေ အသံတိတ်ပြီး ရဲကပစ် လိုက်လို့ သေသွားရင်တော့ တစ် ကမ္ဘာလုံးကြားအောင် အော်မယ် ဆိုရင် တရားမျှတမှုရှိပါ့မလား။ မုဆိုးက ကျားကိုပစ်တော့ တော လည်တာလို့ပြောပြီး ကျားက မုဆိုးကို ကိုက်သတ်တဲ့အခါ ကောက် ကျစ်စဉ်းလဲတယ်လို့ ပြောသလို ဖြစ်နေပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ဆိုတာ အရာရာ မပြည့်မစုံနဲ့ လုပ် နေကြရတာဖြစ်ပါတယ်။ စခန်း မှူး၊ မြို့နယ်မှူးဆိုတာ ရုံးမှာထိုင် ပြီး ကြီးကြပ်ကွပ်ကဲရမယ့်သူတွေ ဖြစ်ပေမယ့် လမ်းပေါ်ထွက်ပြီး စစ် ဆေးရေးလုပ်နေရတဲ့အခါ တပ်ဖွဲ့ ဝင်တွေကို ကြီးကြပ်ကွပ်ကဲမှုတွေ မလုပ်နိုင်တော့ဘဲ ရဲလုပ်ငန်းမှာ အားလျော့လာစေပါတယ်။ အောက်ခြေတပ်ဖွဲ့ဝင်တွေ အနေနဲ့ကလည်း တစ်ညလုံးအိပ် ရေးပျက်ပြီး နောက်နေ့ တန်းစီရုံး ထုတ်၊ လုံခြုံရေးလိုက်၊ အဲဒီမှာ အရေးကြီးတရားခံတွေ သွားဖမ်း ရတဲ့အခါ အင်အားမလုံမလောက် နဲ့ သွားရတော့ လုပ်ငန်းတွေမ အောင်မြင်ဘဲ ဆုံးရှုံးမှုတွေ ရှိလာ ပါတယ်။ ရဲစခန်းဆိုတာ ဖြစ်သမျှ ပြဿနာပေါင်းစုံကို ဒိုင်ခံဖြေရှင်း ရတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် ရှိသင့်ရှိထိုက်တဲ့ လူအင်အားနဲ့ အရည်အချင်း၊ ခေတ်မီကိရိယာ တွေပြည့်စုံဖို့ လိုအပ်ပါတယ်။ အင်အားအနေနဲ့ တိုးချဲ့ဖို့ လုပ်နေကြ ပေမယ့် ရဲတပ်ဖွဲ့ကို စိတ်ဝင်စား လာအောင် လှုံ့ဆော်မှုတွေ လုပ် ကြရမှာဖြစ်ပါတယ်။ ရဲလုပ်ငန်းနဲ့ မဆိုင်တဲ့ ဗာဟီရအလုပ်တွေကို လည်း လျှော့ချပစ်ဖို့ လိုအပ်ပါ တယ်။ ပြစ်မှုကျူးလွန်တဲ့သူတွေ ကို ဖမ်းဆီးဖို့ လက်ရွေးစင်အဖွဲ့ တွေလည်း ထားသင့်ပါတယ်။ နယ်ထိန်းတွေရှိတာပဲလို့ ပြောမယ်ဆိုရင် အဲဒီနယ်ထိန်းတွေကကော ကိုယ့်အလုပ်ကိုယ်လုပ်ကြရလား ဆိုတာ ပြန်လည်ဆန်းစစ်ရမှာဖြစ် ပါတယ်။ ရဲတပ်ဖွဲ့က အများပြော သလို ပြဇာတ်ထဲက ရဲလိုဖြစ်နေ တာလည်း စီမံခန့်ခွဲမှုညံ့လို့သာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ မညံ့ကြပါဘူး။ မရှိ ရှိတာနဲ့ ဖြစ် အောင် လုပ်နေကြရတဲ့အခါ မလို အပ်တဲ့ဆုံးရှုံးမှုတွေ ရှိပြီး အသက် တွေ ပေးဆပ်လိုက်ကြရပါတယ်။ တပ်ဖွဲ့ရဲ့ဂုဏ်သိက္ခာပိုင်းလည်း ကျဆင်းတာကို ခံရပါတယ်။ ဒါ တွေကို အထက်လူကြီးတွေ သိဖို့ လိုသလို ပြည်သူတွေဘက်က လည်း စာနာနားလည်မှုပေးစေ ချင်ပါတယ်။ ရဲတွေရဲ့ ဘ၀ကိုပြန်ကြည့် ရင် တရားခံတစ်ယောက်ကို ဖမ်း လာတဲ့အခါ မြွေပွေးခါးပိုက် ပိုက် ရသလိုပါပဲ။ တရားလိုဘက်က တော့ အနည်းနဲ့အများ ကျေနပ် မှာ ဖြစ်ပေမယ့် တရားခံဘက်ရဲ့ ဆွေမျိုးတွေက မကျေနပ်ကြပါ ဘူး။ သူတို့မကျေနပ်လို့သာ မကျေနပ်ရပေမယ့် ကိုယ့်လူကျူး လွန်ထားတဲ့ ပြစ်မှုကို ဘယ်သူမှ ထည့်မစဉ်းစားကြပါဘူး။ ရဲတပ် ဖွဲ့ဝင်တွေရဲ့ လက်ထိတ်ခတ် ဖမ်း ဆီးခြင်း(လိုအပ်တဲ့နည်းကို သုံး ပြီးဖမ်းခြင်း) ကို မခံချင်ရင် ပြစ်မှု မကျူးလွန်ဘဲ နေကြရမှာ ဖြစ်ပါ တယ်။ ပုထုဇဉ်တွေဆိုတော့ လည်း လောဘ၊ ဒေါသ၊ မောဟ တွေနဲ့ ဖွဲ့စည်းထားတဲ့အတွက် ပြစ်မှုကျူးလွန်မိတတ်ပါတယ်။ ဒီလို အချိန်မျိုးမှာ ပြစ်မှုကျူးလွန် သူနဲ့အတူ ဆွေမျိုးတွေကလည်း နားလည်မှုရှိဖို့ လိုပါတယ်။ ရဲ လုပ်ငန်းအပြည့်အစုံလုပ်ပြီး မပြီး ကို လေ့လာပြီး မတရားဘူးထင် ရင်၊ မှားနေတယ်ထင်ရင် အ ထက်အဆင့်ဆင့်ကို တိုင်လို့ရပါ တယ်။ ပြစ်မှုကျူးလွန်သူနဲ့ သူရဲ့ အသိုင်းအ၀ိုင်းတွေ၊ ပြစ်မှုကျူး လွန်လို့ ရဲတပ်ဖွဲ့က လာဖမ်းတဲ့ အချိန်၊ ဖမ်းဆီးပြီးရင်လည်း ကိုယ့်အမျိုးကို ဖမ်းလို့ဆိုပြီး ရန်ရှာတာတွေဟာ မလုပ်သင့် မလုပ်ထိုက်တဲ့အလုပ်တွေ ဖြစ်ပါတယ်။ တာဝန်ရှိတဲ့သူတွေဘက်ကို ခဏလောက်ရပ်ပြီး ကိုယ်ချင်း စာကြည့်ကြစေချင်ပါတယ်။ ပြစ် မှုကျူးလွန်တဲ့သူ၊ ဥပဒေကို ဖောက်ဖျက်တဲ့သူဆိုရင် ဖမ်းဆီးရမယ်၊ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာ ဥပဒေမှာ ပြဋ္ဌာန်းပြီးသား ဖြစ်ပါတယ်။ တကယ်တော့ ရဲတပ်ဖွဲ့ဝင်တွေက ကိုယ့်စခန်းမှာ ကိုယ်နေပြီး ကိုယ့်တာဝန် ကိုယ်ထမ်းဆောင်နေကြတာပါ။ ပြစ်မှုကျူးလွန်တဲ့ သူရှိလို့ ဖမ်းဆီးအရေးယူရတာ တွေ ဖြစ်ပါတယ်။ အများပြည်သူ ကြည့်ရှုနေတဲ့ ပွဲလမ်းသဘင်တွေ မှာလည်း ဆူပူတဲ့သူတွေကို ဖမ်း ဆီးအရေးယူရတာ ရဲတပ်ဖွဲ့ရဲ့ အလုပ်ဖြစ်ပါတယ်။ ဒါကိုပဲ ရဲကို အပြစ်တင်တာတွေလည်း ကြား သိနေရပါတယ်။ ပြည်သူတွေ ဘက်မှာလည်း တာဝန်ရှိပါတယ်။ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ (တာချီလိတ်တစ်ဖက်ကမ်း) ကနေ ကားနဲ့ မိနစ် ၂၀ လောက် မောင်းရင်ရောက်တဲ့ ရွာကြီးတစ် ရွာမှာ အိမ်တက်ပွဲလုပ်ပါတယ်။ ပွဲကျင်းပတဲ့နေရာက ဘောလုံး ကွင်းလောက်ကျယ်ပြီး စားပွဲဝိုင်း တွေကလည်း အပြည့်ခင်းထား သလို လာတဲ့ပရိသတ်က ကွင်း လုံးပြည့် ဖြစ်ပါတယ်။ စားပွဲဝိုင်း တိုင်းမှာ အရက်၊ ဘီယာတွေ ထားပေးပြီး ကြိုက်သလောက် သောက်လို့ရပါတယ်။ လာတဲ့သူ တွေအားလုံးသောက်တာ တွေ့ရ ပါတယ်။ အဲဒီအချိန်မှာ ခေတ် ပေါ် တီးဝိုင်းက ဖျော်ဖြေနေပါ တယ်။ ပွဲကိုလာတဲ့သူတွေအား လုံး အရက်၊ ဘီယာတွေသောက် စားထားကြပေမယ့် တီးဝိုင်းအဖွဲ့ တီးခတ်သီဆိုနေတာတွေ၊ ကြည့် ရှုနေတဲ့ ဧည့်သည်တွေ စိတ်အ နှောင့်အယှက်ဖြစ်အောင် ဘယ် သူမှ ဆူညံအော်ဟစ် ကခုန်တာ တွေ မတွေ့ရပါဘူး။ ရဲတပ်ဖွဲ့ဝင် နှစ်ဦးတည်းလာပြီး လုံခြုံရေးယူ ပေးပါတယ်။ သူတို့လည်း အေး အေးဆေးဆေးပဲ ထိုင်နေပြီး တာ ၀န် ထမ်းဆောင်နေကြပါတယ်။ ဒါဟာ နိုင်ငံကြီးသားပီသမှုကို ပြ တာဖြစ်သလို ပြည်သူကလည်း ဥပဒေကို လေးစားလိုက်နာသလို ရဲတပ်ဖွဲ့ဝင်ကလည်း သူ့တာဝန် သူထမ်းဆောင်နေတာတွေဟာ အတုယူစရာ ကောင်းပါတယ်။ မိမိကြောင့် သူတစ်ပါး စိတ်အ နှောင့်အယှက်ဖြစ်အောင် မလုပ် ကြပါဘူး။ ကျွန်တော်တို့ နိုင်ငံ မှာတော့ အဲဒီလိုပွဲလမ်းသဘင် တွေဆိုရင် အော်ဟစ်ဆူညံမယ့် လူတန်းစားက အလိုလိုပေါ်လာ သလို တာဝန်ရှိလို့ ထိန်းသိမ်းရင် လည်း ပျော်ရွှင်တာတောင် လွတ် လွတ်လပ်လပ် မပျော်ရဘူးလို့ ဝေဖန်ကြမှာဖြစ်သလို တာဝန် ထမ်းဆောင်နေကြတဲ့ တပ်ဖွဲ့ဝင် တွေကို ဆဲဆိုတာတွေ၊ လှောင် ပြောင်တာတွေ လုပ်မှာ မလွဲပါ ပဲ။ ပွဲလမ်းသဘင်တွေ အကြီးအ ကျယ် ကျင်းပတဲ့အချိန်ဆိုရင် ရဲ တပ်ဖွဲ့ဝင်တွေ ရင်တမမနဲ့ နေကြ ရတာကို ပြည်သူတွေသိစေချင် ပါတယ်။ ကြောက်လို့မဟုတ်ပါ ဘူး။ စိုးရွံ့နေတာ ဖြစ်ပါတယ်။ ပြည်သူတွေဘက်ကလည်း နိုင်ငံကြီးသား ပီသဖို့လိုသလို တာ ၀န်ထမ်းဆောင်နေကြတဲ့ တပ်ဖွဲ့ ၀င်တွေအနေနဲ့ကလည်း ပြည်သူ တွေ လေးစား အထင်ကြီးအောင် နေထိုင်ကြရမှာ ဖြစ်ပါတယ်။ ရလိုမှုကို ရှေ့တန်းမတင်ကြရပါ ဘူး။ အဂတိလေးပါးဖြစ်တဲ့ ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟတွေကို ရှောင်ကြဉ်ဖို့လည်း လိုအပ်ပါ တယ်။ တကယ်တော့ ကျီးဘုတ်ရို သေ ဘုတ်ကျီးရိုသေဆိုရင် ပြဿ နာတွေ ကြီးထွားလာမှာ မဟုတ် ပါဘူး။ ပြည်သူတွေအနေနဲ့ ပြစ် မှုကျူးလွန်ခြင်း မရှိဘူးဆိုရင် ဘယ်သူ့ကိုမှ ကြောက်ဖို့မလိုပါ ဘူး။ ကိုယ့်က ပြစ်မှုကျူးလွန်ထား ရင်တော့ ဥပဒေအရ ရင်ဆိုင် ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ရဲတပ် ဖွဲ့ဝင်တွေကို ပြန်လည်ခုခံလို့ မိမိ တို့ ကျူးလွန်ထားတဲ့ ပြစ်မှုရဲ့ ပြစ်မှုကနေ လွတ်မြောက်မှာ မဟုတ် ပါဘူး။ ရဲကို ခံလုပ်လို့ ထိခိုက် ဒဏ်ရာရသွားတယ်။ အသက်ဆုံး ရှုံးသွားတယ်ဆိုတာတွေဟာ ဂုဏ် ယူရမယ့် အလုပ်တွေ မဟုတ် ပါဘူး။ သူတို့ကို မှီခိုနေတဲ့ မိသား စုတွေရဲ့ ဘ၀တွေကို ကိုယ့်မိသား စုလို ကိုယ်ချင်းစာကြစေချင်ပါ တယ်။ ကိုယ်ကျူးလွန်ထားတဲ့အ မှုကို သတ္တိရှိရှိ ရင်ဆိုင်ဖြေရှင်းရဲ မှ ယောက်ျားပီသတာပါ။ ရဲတပ်ဖွဲ့ဝင်တွေ ဘက်ကို ပြန်ကြည့်ရင်လည်း လက်နက် ကိရိယာက မစုံမလင်၊ ထောက်ပံ့ မှုက မပြည့်မစုံ၊ လူအင်အားက မလုံ မလောက်နဲ့ တာဝန်ထမ်း ဆောင်နေကြရတဲ့အထဲ မြွေပူရာ ကင်းမှောင့်ဆိုသလို လွတ်ငြိမ်း ချမ်းသာနဲ့ လွှတ်လိုက်တဲ့သူတွေ ကြောင့် တစ်ပူပေါ် နှစ်ပူဆင့် ဖြစ် နေရပါတယ်။ နောင်ကို လွတ် ငြိမ်းချမ်းသာခွင့်ပေးတဲ့အခါမှာ လည်း လူသတ်မှု၊ ဓားပြမှု၊ ပြန်ပေးဆွဲမှု၊ မုဒိမ်းမှု၊ ဖောက် ထွင်းမှု အစရှိတဲ့ အမှုကြီးဆယ် မျိုးဝင်တွေကို ကျူးလွန်တဲ့သူ တွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတဲ့သူတွေ၊ လူကုန် ကူးတဲ့သူတွေ၊ တိုင်းပြည်ရဲ့ သယံ ဇာတတွေကို ခိုးထုတ်တဲ့သူတွေ ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး သင့်၊ မပေးသင့် စဉ်းစားသင့်ပါ ပြီ။ တိုင်းပြည်အတွက် အကျိုးရှိ မယ့်သူတွေကို လွတ်ငြိမ်းချမ်းသာ ခွင့် မပေးဘဲ တိုင်းပြည်နဲ့ ပြည်သူ လူထုတစ်ရပ်လုံးကို ဒုက္ခပေးမယ့် သူ၊ တာဝန်ရှိသူတွေကို အလုပ် ရှုပ်စေမယ့်သူ၊ လုံခြုံရေးကို ထိ ခိုက်စေမယ့်သူတွေကို လွှတ်ပေး တဲ့အတွက် ပြည်သူလူထုရဲ့ လုံ ခြုံရေးအတွက် စိုးရိမ်စရာ ဖြစ် လာရပါတယ်။ အခုဆိုရင် နေ့ခင်း ပိုင်းတောင် လုယက်မှုတွေ ရှိနေ တာတွေ ကြားနေရတဲ့အတွက် ပြည်သူတွေအနေနဲ့ လမ်းသွား တဲ့အခါ လုံခြုံမှု မရှိသလို ခံစားရ တယ်လို့ ဆိုပါတယ်။ ပြည်သူတွေအနေနဲ့ မှုခင်း တစ်ခုခုနဲ့ ကြုံတွေ့လာလို့ တရား ခံဖမ်းဆီးရမိမှု မရှိတဲ့အခါ၊ အမှု တွေ မပေါ်ပေါက်တဲ့အခါမျိုးတွေ မှာ ရဲတပ်ဖွဲ့ကို အပြစ်မြင်ကြမယ်၊ ဝေဖန်ကြမယ်ဆိုတာ မလွဲမသွေ ပါပဲ။ ပြည်သူတွေအနေနဲ့လည်း ရဲတပ်ဖွဲ့ဝင်တွေအပေါ်မှာ နား လည်မှု ပေးရမှာ ဖြစ်သလို ရဲတပ် ဖွဲ့ဝင်တွေအနေနဲ့ကလည်း ပြည် သူနဲ့ ပူးပေါင်းပြီး ပြည်သူကို အ ကြင်နာပေးမယ်။ သတိဝီရိယနဲ့ အလုပ်လုပ်မယ်၊ ရန်သူကိုအထင် လည်း မသေး၊ အထင်လည်း မကြီး ရဆိုတဲ့ ရဲကျင့်ဝတ်နဲ့အတူ ဆောင်ရွက်ကြမယ်ဆိုရင် မလို အပ်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာ မှာ မဟုတ်ပါဘူး။ အရေးကြီးတရားခံကို ဖမ်း ဆီးဖို့ လက်နက်လူအင်အား အ ပြည့်အစုံ မထုတ်ပေမယ့် ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေကို ဖမ်းဆီးမယ်ဆိုရင်တော့ ထွက် လာတဲ့ ရဲတပ်ဖွဲ့ရဲ့ အင်အားနဲ့ လက်နက်တွေကိုကြည့်ပြီး ပြည် သူက ဝေဖန်ချင်စရာ ဖြစ်လာ ပါတယ်။ သီချင်းတစ်ပုဒ်ဆိုသလို ဟဲရမယ့် နေရာမှာ မဟဲဘဲ မဟဲ ရမယ့် နေရာမှာ ဟဲနေသလို ဖြစ် နေပါတယ်။ ဝေဖန်မှုတွေကြား ထဲက လုပ်ငန်းအောင်မြင်အောင် လုပ်နေကြရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ ကူညီပါရစေဆိုတဲ့ ဆိုင်းဘုတ်ကလွဲပြီး နောက်ကွယ် မှာ အခက်အခဲပေါင်းစုံ၊ ပြဿနာ ပေါင်းစုံ၊ မပြည့်မစုံမှု ပေါင်းစုံနဲ့ စခန်းသွားနေကြရတာကိုလည်း စာနာနားလည်မိပါတယ်။ ခေတ် မီတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီး၊ ပြည်သူတွေ စိတ်ချယုံကြည်အား ကိုးရတဲ့ ရဲတပ်ဖွဲ့ကြီး၊ စွမ်းရည် ပြည့်ဝတဲ့ ရဲတပ်ဖွဲ့ကြီးဖြစ်ဖို့ ကူ ညီပါရစေဆိုတဲ့ နောက်ကွယ်က အဖြစ်မှန်တွေကို သေချာလေ့ လာပြီး အလျင်အမြန် ပြုပြင် ပြောင်းလဲပစ်ဖို့ အချိန်စောင့်မနေ သင့်တော့ဘဲ ချက်ချင်းအကောင် အထည်ဖော် ဆောင်ရွက်ရမယ့် အချိန်ရောက်နေပြီဆိုတာ လက် ရှိ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက် တွေက သက်သေထူနေပြီ ဖြစ်ပါ တယ်။ ။ 7 Day မီဒီယာမှ ကူးယူဖော်ပြသည်။
7DAY မီဒီယာမှ ကူးယူဖော်ပြသည်။
Student News: Updated March 10 ယခုနောက်ဆုံးရကျောင်းသားသတင်း(23း0)
Student News: Updated March 10 ယခုနောက်ဆုံးရကျောင်းသားသတင်း(23း0) ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲမှ အကြမ်းဖက်နှိမ်နင်းမှုများြ...
Total Pageviews
Cbox
Labels
Game
Software
Video
ကဗျာ
ကာတွန်းများ
ကျန်းမာရေး
ဂျာနယ်များ
စာအုပ်များ
စီးပွားရေး
တစ်ပတ်အတွင်းကုန်ဈေးနူန်းများ
ထူးထူးခြားခြားဖြစ်ရပ်ဆန်းများ
နည်းပညာ
ပညာရေး
ပဲခူးတိုင်းဒေသကြီးသတင်း
ဗဟုသုတ
ဘာသာပြန်ဆောင်းပါးများ
ဟာသ
အလုပ်အကိုင် အခွင့်အလမ်း
အားကစားသတင်းများ
အရောင်းအ၀ယ်
အနုပညာရေးရာ
ဆောင်းပါးများ
ဗေဒင်ပညာလေ့လာပါ
ကြော်ငြာများ
ပြည်တွင်းသတင်း
ပြည်သတင်း APK
ပြည်သူ့အသံဖတ်ရူရန်
ပြည်မြို့မှသတင်းများ
ပြည်မြို့၏ အထင်ကရများ
နိုင်ငံတကာသတင်း
ရေးသားခဲ့ပြီးသမျှ
June
(11)
April
(5)
March
(19)
February
(18)
January
(18)
December
(28)
November
(17)
October
(29)
September
(36)
August
(48)
July
(46)
June
(66)
May
(77)
April
(45)
March
(38)
February
(78)
January
(59)
December
(79)
November
(58)
October
(129)
September
(114)
August
(72)
July
(93)
June
(106)
May
(79)
April
(55)
March
(83)
February
(144)
January
(66)
December
(82)
November
(72)
October
(84)
September
(173)
August
(108)
July
(168)
June
(102)
May
(133)
April
(61)
March
(69)
February
(67)
January
(78)
December
(106)
November
(129)
October
(218)
September
(341)
August
(435)
July
(416)
May
(2)
0 comments:
Post a Comment