Thursday, December 15, 2016

လိုင်စင်အနက်ဖြင့်ခရီးသည်တင်ပြေးဆွဲနေသောကား များအားစိစစ် စစ်ဆေးကာ ထိရောက်စွာအရေးယူမည် ဟုသိရ ပြည့်သဲမောင်(ပြည်)

Leave a Comment

လိုင်စင်အနက်ဖြင့်ခရီးသည်တင်ပြေးဆွဲနေသောကား
များအားစိစစ် စစ်ဆေးကာ ထိရောက်စွာအရေးယူမည်
ဟုသိရ

ပြည့်သဲမောင်(ပြည်)
လုပ်ငန်းလိုင်စင်မရှိကုန်တင်ကုန်ချပြုလုပ်နေသောယာဉ်
များနှင့်လိုင်စင်အနက်ဖြင့် ခရီးသယ်တင်ပြေးဆွဲနေသော
ကားများအားစိစစ် စစ်ဆေးကာ ထိရောက်စွာအရေးယူေ
တာ့မည် ဖြစ်ကြောင်းသိရသည်။


ပြည်ခရိုင် ၊ပြည်မြို့နယ်အတွင်း ပြေးဆွဲနေသော အချို့
ကားများသည် လုပ်ငန်းလိုင်စင်ဝင်ထားခြင်းမရှိဘဲ ခရီး
သည်တင်ပြေးဆွဲနေကြောင်းလုပ်ငန်းလိုင်စင်ဝင်ကာ နို
င်ငံတော်အခွန်ဆောင်ထားသူ ကားပိုင်ရှင်တစ်ဦးကပြော
သည်။

“ကျွန်တော်တို့က သိန်းသုံးဆယ်လောက်အကုန်အကျခံ
ပြီး လိုင်ရအောင် လုပ်ငန်းလိုင်စင်ရအောင်လုပ်ထားရတာ
ဗျ။အဲဒါကိုသူတို့တွေ အခုလိုလုပိငန်းလိုင်စင်မရှိဘဲ လိုင်စင်
အနက်တွေနဲ့လိုင်းပြေးဆွဲနေတော့ ကျွန်တော်တို့ဘက်က
နစ်နာတယ်၊ဒီလိုလုပ်လို့ရတယ်ဆိုရင် ကျွန်တော်တို့လဲ လု
ပ်ငန်းလိုင်စင်မလုပ်ဘဲနဲ့ လိုင်စင်အနက်နဲ့ဘဲ ခရီးသယ်တင်
မယ်ဖြစ်လား”ဟု ခရီးသယ်တင်ပြေးဆွဲနေတဲ့ ယာဉ်ပိုင်ရှင်တ
စ်ဦးကပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ေ
ဆာင်ရေးကြီးကြပ် ညှို့နှိုင်းမှု့ဌါနမှ ပြည်ခရိုင်ဦးစီးမှူးအား မေး
မြန်းရာခဲ့သည်။

“ကျမတို့အနေဖြင့် မြို့တွင်းရောက်၍ ကုန်တင်/ကုန်ချပြုလုပ်နေ
ခြင်း၊မြို့တွင်းအခြေပြုရပ်နားသည့် အဝေးပြေးယာဉ်အသင်းများ
အနေဖြင့်စည်ကမ်းမဲ့ရပ်နားပြေးဆွဲခြင်းတို့အား တစ်လကို(၅)
ကြိမ်(၆)ကြိမ်ခန့်နယ်မြေအတွင်း ကွင်းဆင်းကာ စည်းကမ်းမဲ့
ယာဉ်များကိုအဖမ်းဆီးကာ ဒဏ်ငွေရိုက်ခဲ့ပါတယ်။ပြီးခဲ့တဲ့လ
ကဆိုရင် (၉)စီးဒဏ်ရိုက်ခဲ့ပြီး (၂)ကိုတော့ ယာဉ်ထိန်းရဲကိုလွှဲ
အပ်အမှုဖွင့်ခဲ့ပါတယ်။။ပြီးတော့ အဖွဲ့ပေါင်းစုံနဲ့လိုက်လံစစ်ဆေး
အရေးယူမှုများဆောင်ရွက်ခဲ့ပါတယ်။အဲဒီလိုဆောင်ရွက်တဲ့နေ
ရာမှာ ယာဉ်မောင်တွေကမခြေမငံဆက်ဆံတာကိုလဲခံရတယ်
ဒါကြောင့် ကျမကအစည်းအဝေးမှာတင်ပြပြီး အနောက်ထပ်ဖမ်း
ဆီးတဲ့အခါမှ ဒဏ်ငွေ(၃)သောင်းမရိုက်တော့ဘဲ ယာဉ်ထိန်းရဲတ
ပ်ဖွဲ့ကတဆင့်တရားစွဲမှာပါ။တရားရုံးက ပြစ်ဒဏ်နဲ့ဒဏ်ငွေဆော
င်ရရင် ဒီထက်မကငွေပိုပြီးဒဏ်ငွေဆောင်ရသလို အလုပ်လဲပိုရှုပ်
သွားမယ်”ဟု ပြည်ခရိုင်ဦးစီးမှူး ဒေါ်မြမြမွန် ကပြောသည်။

ပြည်မြို့တွင် အဓိကလမ်းမများဖြစ်သော လမ်းရှည်လမ်း၊လမ်းမေ
တ်ာလမ်း ၊ဗိုလ်ချုပ်လမ်းစသည့် မြို့တွင်းလမ်းတွေမှာ ယာဉ်မောင်
သူတို့၏ ယာဉ်စည်းကမ်းလမ်းစည်းမလိုက်နာ၍လည်းကောင်း၊ဌာ
နဆိုင်ရာကားများက စည်းကမ်းမဲ့ရပ်ခြင်းကြောင့်လည်းကောင်း၊ကို
ယ့်အကျိုးစည်းပွားရေးကိုသာကြည့်ပြီး ရောင်းဝယ်ဖောက်ခါးနေတဲ့
ဆိုင်ရှင်များကြောင့်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် အများ
ပြည်သူစိတ်အနှောက်အယှက်ဖြစ်ဖွယ်ရာ အများပိုင်လမ်းတွေမှာယာ
ဉ်ပိတ်ဆို့မှုကျောပိတ်ဆို့မှုတွေ မကြာခဏဖြစ်နေကြောင်းတွေရသည်။

“ကျွန်တော် တို့ရွှာကအမျိုးတွေကို ဈေးလိုက်ပို့တာပါ။ခရီးသယ်တင်
လိုင်းဆွဲတာမဟုတ်ပါဘူး။ကားတစ်စီးလုံးမှာပါတဲ့သူတွေအားလုံးက
အမျိုးတွေပါ”ဟု လိုင်စင်အနက်ဖြင့် ဘေးဘယ်ညာတွင် ဆီဗုံးများ၊ေ
ဈးခြင်းတောင်းများ၊ကုန်များ၊ရွာသူ/ရွာသားများ တင်ဆောင်လာသော
ကားတစ်စီးမှယာဉ်မောင်းတစ်ဦးကပြောသည်။

ထိုသို့မြို့တွင်လမ်းများအား ယာဉ်ကျောပိတ်ဆို့မှုနှင့်ပတ်သက်ပြီးယာဉ်
ကြီးကြပ်မှုကော်မတီက တိတိကျကျသက်သက်မှတ်မှတ် ဆောင်ရွက်
မှုမရှိဘဲ တစ်ရေးနှိုးမှတစ်ခါသာဖမ်းဆီးပြီး အခြေခံလူတန်းစားများဆီး
သောဆိုင်ကယ်များကိုသာ ဖမ်းဆီးအရေးယူဒဏ်ရိုက်နေတာကိုလဲေ
တွ့မြင်ရပါသည်။အမှန်တကယ် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအပါ
အဝင် ယာဉ်ကျောပိတ်ဆို့မှုများမဖြစ်ပေါ်စေရန် သက်ဆိုင်ရာဌါနများဖြစ်
တဲ့ ခရိုင်ပို့ဆက်ဦးစီးဌါန၊ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီး
ဌါန၊မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ယာဉ်ထိန်း
တပ်ဖွဲ့၊ယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီ(ယကက) စသည့်အ
ဖွဲ့များပူးပေါင်း၍ တစ်ပတ်မှာ (၃)ရက်ဆိုင်ကယ်ဖမ်း၊ကျန်(၂)ရက်မှာ
လုပ်ငန်းလိုင်စင်မရှိဘဲ ခရီးသယ်တင်ပြေးဆွဲနေသောကားများ၊လုပ်
ငန်းလိုင်စင်မရှိဘဲ ကုန်တင်/ကုန်ချ ပြုလုပ်နေသောကားများ၊ယာဉ်နှစ်
ထပ်ရပ်သောကားများနှင့်ယာဉ်ကျောပိတ်ဆို့ခရီးသယ်တင်သောကား
လေးလိုင်းများမှ ယာဉ်များအား အရေးယူဆောင်ရွက်ရန်လိုအပ်ကြောင်း
ရေးသားဖော်ပြအပ်သည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ








0 comments:

Post a Comment

Facebook Like Page