25.6.2013..မနေ့ကထွန်ရေးပြပွဲလာရောက်သူများအားအသင်းအဖွဲ့ပုဒ်မဖြင့်တရားရုံးထုတ်
ဇွန်လ(၂၅)ရက်နေ့ပဲခူးတိုင်းဒေသကြီးသာယာဝတီခရိုင်နတ်တလင်းမြို့နယ်တရားရုံး၌မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်လွင်မှတရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့်ဒေါ်မြင့်မြင့်အေး၊ဒေါ်မိမိခိုင်၊သန့်ဇင်ထက်သုံးဦးအားအသင်းဖွဲ့စည်းမှုအက်ဥပဒေပုဒ်မ(၆)
အရရုံးတင်စစ်ေ
ဆးခဲ့ကြောင်းသိရသည်။
ဒေါ်မြင့်မြင့်အေးနှင့်ဒေါ်မိမိခိုင်တို့နှစ်ဦးမှာမိထ္ထီလာပြည်သူ့အကျိုးဆောင်ကွန်ယက်မှဖြစ်ပြီးနတ်တလင်းမြို့နယ်ပဲမခန်းအုပ်စုအနီးကျပ်ကြီးကြိုးဝိုင်းအတွင်းရှိလယ်ယာမြေထွန်ရေးပြပွဲသို့သွား
ရောက်ခဲ့ရာမှယခုကဲ့သို့ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသိရသည်။
“ကျွန်မတို့မိထ္ထီလာမှာပြည်သူ့အကျိုးဆောင်ကွန်ယက်ရဲ့တစ်နှစ်ပြည့်အခမ်းအနားလုပ်တာ
တောင်အဖမ်းမခံခဲ့ရဘူး။အခုဒီမှာတောင်သူတွေထွန်တုံးတိုက်တဲ့ပွဲမှာသက်သက်မဲ့လီဆယ်ပြီးလာဖမ်းတယ်။ကျွန်မတို့ကိုမတရားလုပ်ချင်လို့ဒီပုဒ်မနဲ့ဖမ်းတာပါ။”ဟုဒေါ်မြင့်မြင့်အေးမှ
ပြောကြားခဲ့သည်။
မိထ္ထီလာပြည်သူ့အကျိုးဆောင်ကွန်ယက်မှာပညာရေးဝန်ထမ်းဖြေဆိုမည့်သူများနှင့်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်သူများအားအခမဲ့သင်ကြားပြသပေးခြင်း၊လယ်ယာမြေဥပဒေအားလယ်သမားများသိရှိနားလည်သိရှိစေရန်ညွှန်ကြားပြသခြင်းစသည်လူမှုရေးလုပ်ငန်းများဆောင်ရွက်လျှက်ရှိကြောင်းသိရပါသည်။
နိုင်ငံတော်သမ္မတကြီးကပြုပြင်ပြောင်းလဲရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်တဲ့နေ
ရာမှာအရပ်ဘက်အခြေခ်ံလူ့အဖွဲ့အစည်းတွေအားကောင်းဖို့လိုတယ်လို့ပြောထားတယ်။ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးကိုသွားနေတဲ့အချိန်မှာအခြေခံအကျဆုံးဖြစ်တဲ့လယ်သမားတွေရဲ့ကဏ္ဍကအရေးကြီးတယ်။နီုင်ငံတော်ရဲ့စီမံကိန်းနဲ့တကယ်တမ်းလုပ်နေတာကကွာခြားနေတယ်။”ဟုဒေါ်မိမိခိုင်မှပြောကြားခဲ့သည်။
ဇွန်လ(၁၀)ရက်နေ့မှစ၍ထွန်ရေးပြပွဲသုံးရက်ပြုလုပ်ခဲ့ရာခမရ(၅)ခြေလျင်တပ်မှစစ်သားများနှင့်နတ်တလင်းမြို့နယ်ရဲတပ်ဖွဲ့မှရဲမေများရဲသားများမှကျွဲ၊နွားများလယ်လုပ်စက်များဖြငလယ်သ
မားများနှင့်အပြိုင်ထွန်ယက်ခဲ့ကြောင်းကိုသန့်ဇင်ထက်ထံမှသိရသည်။
“သူတို့ကမြို့နယ်အေးချမ်းသာယာရေးကိုနှောက်ယှက်ဖျက်စီးတယ်ဆိုပြီးဆွဲတယ်။ထွန်တုံးတိုက်ပွဲဝင်တာကျွန်တော်တို့အရင်မဟုတ်ဘူး။ရဲသုံးဆယ့်နှစ်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးအပါအ၀င်ထွန်စက်သုံးစီးစတင်ပြီးကျွန်တော်တို့လယ်ယာမြေတွေကိုဝင်လုပ်တဲ့အတွက်ဒီပွဲကိုလုပ်လိုက်ရတာ”
ဟု၎င်းမှပြောကြားခဲ့သည်။
၎င်းအမှုအားနတ်တလင်းမြို့နယ်တရားသူကြီးဦးတင်မောင်မြင့်မှတာဝန်ယူစစ်ဆေးလျှက်ရှိပြီး
အစွပ်စွဲခံရသူများဘက်မှဒေါ်သန်းသန်းအေး၊ဒေါ်အေးအေးသက်၊ဦးရဲလင်းနိုင်တို့မှကိုယ်စား
လှယ်အဖြစ်လိုက်ပါဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
အသင်းအဖွဲ့များဖွဲ့စည်းခြင်းအက်ဥပဒေကို၁၉၈၈ခုနှစ်ကပြဌါန်းခဲ့ပြီးအဆိုပါဥပဒေပုဒ်မ(၆)အ
ရပြစ်မှုထင်ရှားစီရင်ခံရပါကထောင်ဒဏ်ငါးနှစ်အထိချမှတ်နိုင်ကြောင်းသိရပါသည်။အသင်းအဖွဲ့ဥပဒေပုဒ်မ၆ ဖြင့်
ထောင်ဒဏ်ငါးနှစ်ချမှတ်ခံရနိုင်သည့်အသက်(၁၈)နှစ်သာရှိသေးသောကိုသန့်ဇင်ထက်
မှပြုံးပျော်ရွှင်စွာရုံးချိန်းသို့လာရောက်သူများအားနှုတ်ဆက်စဉ်
ယခုအချိန်အထိအာမခံမရသေး(အလယ်ပုံ)...ပြည်သတင်းလူငယ်.....
0 comments:
Post a Comment