Sunday, December 11, 2016

ပြည်ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့ WYဆေးပြား အလေးချိန် (၁၄၉၅.၄ ကီလိုဂရမ်)ဖမ်းဆီးရမိ ပြည့်သဲမောင်(ပြည်)

Leave a Comment

ပြည်ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့ WYဆေးပြား အလေးချိန်
(၁၄၉၅.၄ ကီလိုဂရမ်)ဖမ်းဆီးရမိ
ပြည့်သဲမောင်(ပြည်)
ပန်းတောင်း နိုဝင်ဘာ (၁၀)ရက်
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ပြည်မြို့အခြေစိုက်ရုံးဖြစ်သည့်
ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှိ ဒုစရိုက်နိမ်နင်းရေးအဖွဲ့မှ ဦးဆောင်
၍ ပန်းတောင်းမြို့နယ်ညောင်ခြေထောက်အုပ်စု၊ညောင်ကျိုးေ
ကျးရွာ၊(မကဖ)ကင်းစခန်းရှေ့ တွင်ကားတစ်စီးအားရပ်တန့်စစ်
ဆေးရာမှ WYစိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်းသိရသ
ည်။
အဆိုပါဖမ်းဆီးရေးအဖွဲ့မှ ရဲအုပ် စိုးမင်း၊ဒုရဲအုပ် လှမင်း၊တကက
မင်းသိန်းထိုက်၊တက အောင်ဆန်းဦး၊တက မျိုးဝင်းထွန်း၊တကနိုင်
လင်းအောင်၊တက ဇော်ဇော်၊ဒုတက ဖြိုးသော်ထက်၊တသ မြထက်
အောင် ၊သက်သေ ပြည်မြို့၊ဆံတော်ရပ်ကွက်နေ ဦးသိန်းဆွေ၊နဝင်း
ရပ်ကွက်နေ ဦးဝင်းသိန်းတို့နှင့်အတူ ပန်းတောင်းမြို့နယ် ၊ညောင်ခြေ
ထောက်အုပ်စု၊စမ်းပက်လက်ကျေးရွာအနီး၊ပန်းတောင်း တောင်ကုတ်
ကားလမ်းဘေး၊မိုင်တိုင်အမှတ်(၂၉)မိုင်၊(၂)ဖာလုံရှိ ဦးခင်ဇော်ဦး(၅၁)
နှစ်၊(ဘ)ဦးကျော်စိုး၊ထော်လာဂျီမောင်းသူ၏ တဲစုအနီးတွင် သယ်ဆေ
ာင်ဖြန့်ဖြူး ရောင်းချအလို့ငှာ မူးယစ်ဆေးဝါးများအား ဝှက်သိမ်းထားေ
ကြာင်းသတင်းရရှိခဲ့သည်ဆို၏။
ထိုသို့သတင်းရရှိခဲ့သည့်အတိုင်း(၈.၁၂.၂၀၁၆)ရက်နေ့မှ စ၍ အမှတ်
(၁၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး၊ပြည်မြို့မှ ရဲအုပ် ကျော်စိုးဦးအဖွဲ့နှင့်
ဆက်သွယ်သတင်းရယူ၍ ၄င်းတို့နှင့်ပူးပေါင်းစောင့်ကြည့်သတင်းအ
တည်ပြုခဲ့ရာမှ (၁၀.၁၂.၂၀၁၆)ရက်နေ့ နံနက်(၅)နာရီ(၃၀)အချိန် ဝှ
က်ထားသော မူးယစ်ဆေးဝါးများအား ကိုချစ်ဖွယ်(၃၆)နှစ်၊(ဘ)ဦးေ
သာင်းမြင့်ကျဘမ်းလုပ်၊ဥသျှစ်ပင်မြို့၊ကိုသက်ဝင်းဇော်(၃၁)နှစ်(ဘ)
ဦးသိန်းလွင်၊လယ်လုပ်၊တောင်လည်ရွာ၊ပေါက်ခေါင်းမြို့နယ်နေသူ
တို့မှ ယာဉ်မောင်း ကိုကျော်ကျော်(ခ)ဝင်းကျော်ဦး(၃၄)နှစ်(ဘ)ဦး
ခင်မြင့်၊ညောင်ခြေထောက်ရွာနေသူ မောင်းနှင်လာသော9J/------
(၆)ဘီးတပ်အပြာရောင် SKAT FAW ကားဖြင့် တင်ဆောင်၍ တေ
ာင်ကုတ်ဘက်သို့ သယ်ဆောင်သွားကြောင်းသတင်းအရ ယာဉ်ထိန်း
ရဲတပ်ဖွဲ့ ရဲအုပ် ကျော်စိုးဦးအဖွဲ့၊ဥသျှစ်ပင်နယ်မြေရဲစခန်းမှူး ရဲအုပ်
ဝင်းဆန်းအဖွဲ့၊ညောင်ကျိုးရဲကင်းမှ ရဲအုပ်သန့်ဇင်အဖွဲ့တို့နှင့်ပူးပေါင်း
၍ သက်သေများနှင့်အတူလိုက်လံပိတ်ဆို့ရှာဖွေခဲ့သည်ဟုဆို၏။
၎င်းကဲ့သို့ရှာဖွေရာ ညောင်ကျိုးကျေးရွာ၊(မကဖ)ကင်းစခန်းရှေ့အေ
ရာက် နံနက်(၆)နာရီ(၃၀)အချိန်ခန့် ယာဉ်မောင်း ကိုကျော်ကျော်(ခ)
ဝင်းကျော်ဦး မောင်းနှင်လျှက် ယာဉ်ပေါ်တွင်ပါလာသူချစ်ဖွယ် ၊သက်
ဝင်းဇော်တို့နှင့်အတူ ယာဉ်ပေါ်မှသံပေပါများဖြင့်ထည့်လျှက် ဒီဇယ်
ဆီ(၃၅)ဂါလံထည့်ထားသော သံပေပါ(၁)လုံး၊ဒီဇယ်ဆီ(၃၂)ဂါလံ
ထည့်ထားသော သံပေပါ(၁)လုံး၊ဒီဇယ်ဆီ(၄၂)ဂါလံထည့်ထားေ
သာ သံပေပါ(၁)လုံး၊(၁၀၀၀၀)ပြားဝင် အထုပ်ဖြင့်ထည့်လျှက် အ
ထုပ်(၁၀၀)စီထည့်ထားသော WY စာတမ်းပါ လိမ္မော်ရောင် စိတ်
ကြွရူးသွပ်ဆေးပြား(၁၀၀၀၀၀၀)ပြားဝင် သံပေပါ(၁၄)လုံး၊(စုစုေ
ပါင်း-၁၄၀၀၀၀၀၀ ပြား)နှင့်(၁၀၀၀၀)ပြားဝင် အထုပ်ဖြင့်ထည့်
ထားသောအထုပ်(၉၅)ထုပ်နှင့်(၂၀၀၀ ပြား)ဝင်အထုပ် အထုပ်
(၂)ထုပ်ထည့်ထားသော WYစာတမ်းပါ လိမ္မော်ရောင် စိတ်ကြွ
ရူးသွပ် ဆေးပြား(၉၅၄၀၀၀)ပြားဝင် သံပေပါ(၁)လုံး(စုစုပေါင်း
WY စိတ်ကြွရူးသွပ် ဆေးပြား(၁၄၉၅၄၀၀၀ ပြား အလေးချိန်
၁၄၉၅.၄ ကီလိုဂရမ်)၊လက်ကိုင်ဖုန်း(၁)လုံး၊နိုင်ငံသားစိစစ်ေ
ရးကဒ်ပြား မူရင်း(၁)ခုအား သိမ်းဆည်းရမိကြောင်း သိရှိရ
သည်။
ထို့ကြောင့် အမှုနှင့်ပတ်သက်ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ
ဦးခင်ဇော်ဦးနှင့် မူးယစ်ဆေးဝါးများအားဖြန့်ဖြူးရောင်းချရန်အ
လို့ငှာ လက်ဝယ်ထားရှိကိုကျော်ကျော်ဝင်း(ခ)ဝင်းကျော်ဦး၊ကို
ချစ်ဖွယ်၊ကိုသက်ဝင်းဇော် တို့အားအရေးယူပေးပါရန်ပြည်ခရို
င်ရဲတပ်ဖွဲ့မှူးရုံးမှ ဒ/န ခေါင်းဆောင် ရဲအုပ်စိုးမင်းမှတရားလိုပြု
လုပ်တိုင်ကြားချက်ဖွင့်ထားကြောင်း သတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ


0 comments:

Post a Comment

Facebook Like Page