Tuesday, October 4, 2016

(၃)နှစ်အရွယ် သမီးလေးအား မဖွယ်မရာပြုလုပ်သည်ဟု အမှုဖွင့်တိုင်ကြား

Leave a Comment

(၃)နှစ်အရွယ် သမီးလေးအား မဖွယ်မရာပြုလုပ်သည်ဟု
အမှုဖွင့်တိုင်ကြား

ပြည် အောက်တိုဘာ(၄)ရက်နေ့
သမီးဖြစ်သူအား နေပူမှာဆိုးသဖြင့် ညဈေးတန်းသို့ခေါ်မသွား
ခဲ့သော သမီးငယ်အား အောက်တိုဘာ(၁)ရက်နေ့ နေ့လည်
အချိန့် မဖွယ်မရာပြုလုပ်ခံရသည်ဟုဆိုကာ ရဲစခန်းသို့လာေ
ရာက်အမှုဖွင့် တိုင်တန်းခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ပြည်ခရိုင် ၊ ပြည်မြို့နယ် ၊ပြည်မြို့မရဲစခန်း အရှေ့
တောင်ဘက်(၁)မိုင်(၂)ဖာလုံခန့်၊ပြည်မြို့ ၊ရွာဘဲရပ်ကွက်၊စံ
နန်းဦးလမ်းနေ မ......ဈေးရောင်သူသည် သမီးဖြစ်သူမ......
(၃)နှစ် ဆိုသူနှင့်အတူ ညဈေးတန်းဘက်သို့ ပိုက်ဆံချေးငှား
ရန်သွားရောက်ခဲ့ရာ ရွာဘဲရပ်ကွက်၊ဖက်တန်းလမ်း၊ဘုရားဈေး
တန်းလွန်အရောက် ယခင်ကအိမ်ထောင်ကျခဲ့ဘူးသူ(တရားဝင်
ကွာရှင်းပြတ်စဲထား)ဦးကျော်တင့်(၅၆)နှစ်၊ ဆိုက္ကားနင်း၊ရတနာ
ထီးဖြူလမ်း၊ရွာဘဲရပ်ကွက်၊ပြည်မြို့နေသူနှင့်တွေ့ရှိပြီး သမီးဖြစ်
သူအားနေပှုသဖြင့် ညဈေးတန်းဘက်သို့ ခေါ်မသွားလို၍ ဦးကျော်
တင့်အား ခေတ္တခေါ်ထားရန်ပြောဆိုထားရှိခဲ့သည်ဆို၏။

ထို့နောက် (၂)နာရီ(၃၀)အချိန် သမီးဖြစ်သူအား ဦးကျော်တင့်နေ
ထိုင်ရာ အိမ်သို့သွားရောက်ခေါ်ဆောင်ခဲ့ပြီး ပြန်လာခဲ့ရာ(၂၀၁၆)
အောက်တိုဘာ(၃)ရက်နေ့ ညနေ(၅)နာရီ(၃၀)အချိန် မိခင်ဖြစ်သူ
မှသမီးဖြစ်သူအား ရေချိုးပေးရန်ပြုလုပ်စဉ် ၄င်း၏မိန်းမကိုယ်မှာနာ
ကျင်နေကြောင်းပြောဆိုသဖြင့် ကြည့်ရှုခဲ့ရာ သမီးဖြစ်သူ၏ မိန်းမ
ကိုယ်မှာ နီရဲ၍အနေအထား ပျက်နေကြောင်း တွေ့ရှိရသဖြင့် မေး
မြန်ကြည့်ရာ ဦးကျော်တင့်မှ၎င်းနေအိမ်တွင် မ......၏မိန်းမကိုယ်
အတွင်းသို့ လက်ဖြင့်နှိုက်ခြင်း၊ခန္ဒာကိုယ်ပေါ်သို့တက်ခွပြီး ဦးကျော်
တင့်မှ၎င်းတန်ဆာနှင့်မ....မိန်မကိုယ်အတွင်းသို့ ထိုးသွင်းခြင်းပြု
လုပ်ခဲ့ရာ မထိုးသွင်းမိဘဲ ဆီးခုံနှင့်ပေါင်ကိုသာ ထိုမိခဲ့ကြောင်း ပြော
ပြသိရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။

ထို့ကြောင့် ဓမ္မတာဆန့်ကျင်သောကာမစပ်ယှက်မှုကို ပြုလုပ်ပြီး သား
မယားအဖြစ်ပြုကျင့်ရန်ကြံစည်သူ ဦးကျော်တင့် အားအရေးယူပေးပါရန်
တရားလိုပြုလုပ်တိုင်တန်းချက်အရ ပြည်မြို့မရဲစခန်း (ပ)၂၁၅၆/၂၀၁၆
ရာဇသတ်ကြီး ပုဒ်မ၃၇၇ /၃၇၆ /၅၁၁ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ထား
ကာ အမှုအား ဒုရဲအုပ် ခင်မောင်ဦးမှလက်ခံစစ်ဆေးလျှက်ကြောင်းသ
တင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

0 comments:

Post a Comment

Facebook Like Page