Tuesday, October 4, 2016

ပြည်မြို့ ဘူတာဝန်းထဲ မီးသတ်ကားဝင်မရ သဖြင့်ဆောင်ရွက်ပေးစေလို

Leave a Comment

ပြည်မြို့ ဘူတာဝန်းထဲ မီးသတ်ကားဝင်မရ
သဖြင့်ဆောင်ရွက်ပေးစေလို

ပြည်မြို့ ၊ ကန်လည်ရွှေဟင်္သာဘုရားပေါက် ၊ဘူတာဝန်းအတွင်း
သို့ ညကသစ်ပင်လဲကျသဖြင့် ဆံတော်ရပ်ကွက် အရန်မီးသတ်
တပ်ဖွဲ့ဝင်များ ပြည်သူများအတွက်ကူညီရန်ရောက်ရှိခဲ့ပါသည်။
ထိုသို့ရောက်ရှိရာတွင် အဆိုပါ မီးရထားဝန်းအတွင်းသို့ မီးသတ်
ယာဉ်မောင်းရန် လမ်းဘေးရှိ သံချောင်းတိုင်၊သံချောင်းကွေးများ
မလွတ်ကင်းသဖြင့် မီးသတ်ကားဝင်၍မရသည်ကို ဖော်ပြပါပုံအား
ကြည့်ခြင်းဖြင့် လူကြီးမင်းများအသိပင်ဖြစ်ပါသည်။

အဆိုပါ ဝန်းအတွင်းလမ်းဘေး ဘယ်/ညာတွင် လိုင်းခန်းအချို့နှင့်
ပြည်သူများ၏ဈေးဆိုင်အချို့ကိုလဲတွေ့မြင်ရပါသည်။သို့ပါသောေ
ကြာင့်အဆိုပါ ပြည်သူများ၏ သဘာဝဘေးအန္တရာယ် မီးဘေး/လေ
ဘေးတို့ ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ ကယ်ဆယ်ရေးလုပ်
ငန်းများ အဆင်ပြေပြေလုပ်ဆောင်နိုင်ရန်အတွက် လမ်းနှင့်မလွတ်
ကင်းသော ကားဝင်ထွက်၍မရသော ၄င်းရထားလမ်းတိုင်များအား
တာဝန်ရှိသူ ရုံပိုင်မှတဆင့် အဆင့်ဆင့်တာဝန်ယူဆောင်ရွက်ပေး
စေလိုကြောင်းအပြုသဘောဆောင်ကာ ရေးသားဖော်လိုက်ရပါသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ




0 comments:

Post a Comment

Facebook Like Page