Monday, August 26, 2013

အရှေ့တောင်အာရှတွင် ကြီးကျယ်ခမ်းနားသော ပျူမြို့တော်ဖြစ်ကြောင်းဟောပြော

Leave a Comment


အရှေ့တောင်အာရှတွင် ကြီးကျယ်ခမ်းနားသော ပျူမြို့တော်ဖြစ်ကြောင်းဟောပြော
****************************************************
ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ အ.ထ.က.(၁)ကျောင်းရှိ သီရိရတနာခန်းမတွင် သြဂုတ်လ(၂၅)ရက်၊နေ့လည်(၁)နာရီအချိန်ခန့်၌ ပျူမြို့တော်များ၏ ယဉ်ကျေးမှု့ တန်ဖိုးခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပခဲ့ရာ ရှေးဟောင်းသုတေန
အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (ဒုညွှန်ချူပ်) ဦးသိန်းလွင် နှင့် နည်းပညာသင်တန်းကျောင်း (ကျောင်းအုပ်ကြီး) ဦးဝင်းကြိုင်တို့မှ သရေခေတ္တရာ ပျူယဉ်ကျေးမှု့သမိုင်းကြောင်းများ နှင့် စပ်လျဉ်း၍ ဟောပြောခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ဆရာ/မ
များနှင့် ကင်းထောက်ကျောင်းသား/သူ များ၊မြို့မိ/ဖ များ၊အခြားစိတ်ပါဝင်စားသူများ ဦးရည်(၂၀၀)ခန့် တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။
"သရေခေတ္တရာဆိုသည်မှာ ကျက်သရေရှိသောနယ်မြေ (သို့) နိုင်ငံတစ်ခုဖြစ်တယ်လို့ ဘာသာပြန်ဆိုပါတယ်။အေဒီ၉၄)ရာစုကနေ (၉)ရာစုအတွင်း ထွန်းကားခဲ့တဲ့ အရှေ့တောင်အာရှမှာ အကြီးအကျယ်အခမ်းးအနားဆုံးဖြစ်တဲ့ ပျူမြို့ဟောင်း
ရဲ့ ယဉ်ကျေးမှု့သမိုင်းအမွေအနှစ်များ ဒီမြို့ဟောင်းမှာကျန်ရှိနေတဲ့အတွက် ပြည်မြို့ရဲ့ ဂုဏ်ယူဖွယ်ရာ ဖြစ်ပါတယ်။ဒီနှစ်ဖေဖော်ဝါရီလမှာလည်း ပျူမြို့ဟောင်းနဲ့ပတ်သက်တဲ့ အမျိုးသားယဉ်ကျေးမှု့အမွေအနှစ် မှတ်တမ်းစာအုပ်ကိုလည်း ပြင်သစ်မှာရှိ
တဲ့ ဗဟိုဌာနကြီးကို ပေးပို့ထားပါတယ်ဟု" ဒုညွှန်ချုပ် မှ ဟောပြောသွားခဲ့သည်။
ပြည်မြို့ရှိ ပျူမြို့ရိုးမှာ (၈)မိုင် နှင့် (၈)ဖာလုံ ရှိပြီး ဧရိယာ(၅.၅)စတုရန်းမိုင် ကျယ်ဝန်းသည့် ရှေးပျူမြို့ဟောင်း(၃)ခုအနက် တစ်ခုအပါအ၀င်ဖြစ်ရာ ကမ္ဘာ့အမွေအနှစ် ယဉ်ကျေးမှု့သမိုင်းစာရင်းဝင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း ဗုဒ္ဓဘာသာကို
အခြေခံသည့် မြို့ပြတည်ဆောက်မှု့ဖြစ်ပြီး စေတီ၊စာပေ၊ဂူဘုရား၊ဆင်းတုတော်များ၊ကမ္ပည်းတံဆိပ်၊အရိုးအိုးစာ၊ရွှေပေလွှာ၊ကျောက်စာ၊ကျောက်ဆစ်လက်ရာ၊ကျေးရုပ်ငယ်၊ငွေဒင်္ဂါး၊မြို့ရိုး၊ကျူံး၊မြို့ဝင်ပေါက်တံခါး၊အုပ်ချပ်များ၊ပျူကချေသည်များ၊အစရှိသဖြင့်
ပျူခေတ်သမိုင်းအမွေအနှစ်အကြောင်းအရာများ နှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ်ရာ သမိုင်းကြောင်းများကို ၄င်းမှဆက်လက်ဟောပြောခဲ့သည်။
"သရေခေတ္တရာ အမွေအနှစ် စောင့်ရှောက်ရေး အဖွဲ့ ခေါင်းစဉ်နဲ့ ဒီပွဲကို ရွှေဘုန်းပွင့်ဘုရားကြီး စာကြည့်တိုက်နဲ့ ပြတိုက်အမှု့ဆောင်အဖွဲ့က လုပ်ဆောင်ခဲ့တာပါ။စာကြည့်တိုက် နှင့် ပြတိုက်ကိုလည်း အခမဲ့ ၀င်ရောက်ဖက်ရူလေ့လာနိုင်ပါတယ်။
စာကြည့်တိုက်မှာတော့ ဘဘဦးသုခ၊ဆရာကြီးဦးမင်းသိင်္ခ၊လုထုဒေါ်အမာနဲ့ ရန်ကုန်ဘဆွေ တို့ရဲ့ ရှားပါတဲ့ လက်ရေးမှုတွေကို လှုဒါန်းထားတဲ့ စာအုပ်တွေလည်းရှိပါတယ်။အမျိုးသားအမွေအနှစ်တွေကို ထိန်းသိမ်းဖို့အတွက် ဒေသခံတွေရဲ့ စိတ်ပါဝင်စားမှု့နဲ့
ပူးပေါင်းမှု့ရှိမှ ဖြစ်မယ်။ဒီပွဲပြီးတာနဲ့ ဗဟိုကော်မတီဖွဲ့မယ်။စိတ်ဝင်စားတဲ့ လူငယ်ကင်းထောက်တွေနဲ့ တခြားဘယ်သူဘယ်ဝါပဲဖြစ်ဖြစ် လေ့လာရေးခရီးပို့ပေးဖို့ အစီအစဉ်လည်းရှိပါတယ်ဟု" ရွှေဘုန်းပွင့်ဘုရားကြီး စာကြည့်တိုက်နဲ့ ပြတိုက် တွဲဖက်အတွင်း
ရေမှုး ဦးကျော်သူစိုးမှ ပြောခဲ့သည်။ပြည်သတင်း...

0 comments:

Post a Comment

Facebook Like Page