Wednesday, September 21, 2016

ပြည်မြို့ကမ်းနားလမ်းအနီး ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီး(၄)ဦးအား အမှတ်(၁)နယ်မြေရဲစခန်းမှဖမ်းဆီးအရေးယူ

Leave a Comment

ပြည်မြို့ကမ်းနားလမ်းအနီး ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူ 
အမျိုးသမီး(၄)ဦးအား အမှတ်(၁)နယ်မြေရဲစခန်းမှဖမ်းဆီးအရေးယူ    
   
ပြည် စက်တင်ဘာ (၂၂)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ပြည်မြို့ ကမ်းနားလမ်း ပန်းခြံအနီး၊
ပလက်ဖောင်းလမ်းမပေါ်တွင် ပြည့်တန်ဆာကိစ္စအလို့ငှာ လမ်းသွား
လမ်းလာများကို ဟိရိသြတ္တပ္ပတရားကင်းမဲ့လျှက် အာရုံစွဲညှိ စေရန်
ကိုယ်အမူအရာ နှုတ်အမူအရာများဖြင့်မြူဆွယ်သွေးဆောင်ခြင်းများ
ပြုလုပ်နေသူ အမျိုးသမီး (၄)ဦးအား ပြည်အမှတ်(၁)ရဲစခန်းမှဖမ်းဆီး
အရေးယူခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါပြည်အမှတ်(၁)ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကျော်
ဇင်ဦးနှင့်အဖွဲ့သည် အမျိုးသမီး ရဲမေ ရဲတပ်သားအေးမြတ်ဇော်၊သက်
သေ ကျောင်းကြီးအိုးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ေ မာင်ခင်
ရာအိမ်မှူး ဦးအောင်သူ တို့နှင့်အတူနယ်မြေသတင်းစုံစမ်းဆောင်ရွက်ေ
နစဉ် ကျောင်းကြီးအိုး တန်းရပ်ကွက်၊ကန်လမ်း၊ကြံ့ခိုင်ရေးရုံးအနီး၊လမ်း
ဘေးပလပ်ဖောင်ပေါ်တွင် ပြည့်တန်ဆာကိစ္စအလို့ငှာ လမ်းသွားလမ်းလာ
များကို ဟိရိသြတ္တပ္ပတရားကင်းမဲ့လျှက် အာရုံစွဲညှိ စေရန်ကိုယ်အမူအရာ
နှုတ်အမူ အ ရာများဖြင့်မြူဆွယ်သွေးဆောင်ခြင်းများပြုလုပ်နေသူ မဟေ
မာန်ဦး(၂၀)နှစ်၊ရှားရုံရပ်၊ဆံတော် ရပ် ကွက်၊ပြည်မြို့၊ဒေါ်မြခရေ(၄၈)နှစ်၊
ရတနာထီးဖြူလမ်း၊ရွာဘဲရပ်ကွက်၊ပြည်မြို့နေသူနှင့်ဒေါ်ဌေး(၅၁)နှစ် စံနန်း
ဦးဘုရားလမ်း၊ရွာဘဲရပ်ကွက်၊ပြည်မြို့နေသူနှင့် မမိုးမိုး(၂၉)နှစ်၊ရေဝန်းတောင်
ပေါ်ရပ်၊ဆင်စုရပ် ကွက်၊ပြည်မြို့နေသူတို့အားတွေ့ရှိရ၍အရေးယူပေးပါရန်ရဲ စခန်းပို့အပ်တိုင်တန်းခဲ့ကြောင်းသိရသည်။

အမှုနှင့်ပတ်သက်ပြီး ပြည့်တန်ဆာအဖြစ်လုပ်ကိုင်သူ အရေးယူပေးပါရန် ရဲအုပ်
ကျော်ဇင်ဦးမှ တရား လိုပြုလုပ်တိုင်တန်းခဲ့သဖြင့် မဟေမာန်ဦး၊ဒေါ်မြခရေနှင့်ေ
ဒ်ါဌေးအား ပြည်အမှတ်(၁)နယ်မြေရဲစခန်း (ပ)၁၄၁၄/၂၀၁၆၊ပြည့်တန်ဆာပေ
ပျာက်ရေး အက်ဥပဒေပုဒ်မ၃(က)ဖြင့်လည်း ကောင်း၊ မမိုးမိုး အား ပြည်အမှတ်
(၁)နယ်မြေရဲစခန်း (ပ)၁၄၁၅/၂၀၁၆ ၊ ပြည့်တန်ဆာပပျောက်ရေး အက်ဥပဒေ
ပုဒ်မ ၃(က) အရ  အရေးယူခဲ့ကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ


0 comments:

Post a Comment

Facebook Like Page