Tuesday, October 4, 2016

ဦးသန်းဌေးဦး လုယက်ခံရသည့် အမှုမှတရားခံအချို့နှင့် သက်သေခံပစ္စည်းအချို့ပြန်လည်သိမ်းဆည်းရမိ

Leave a Comment

ဦးသန်းဌေးဦး လုယက်ခံရသည့် အမှုမှတရားခံအချို့နှင့်
သက်သေခံပစ္စည်းအချို့ပြန်လည်သိမ်းဆည်းရမိ

ပြည် အောက်တို(၄)ရက်နေ့
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့အမှတ်(၁)နယ်မြေရဲစခန်း
(ပ) ၁၄၆၁/ ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆ဖြင့် အမှုဖွင့်ဆောင်
ရွက်ခဲ့သောအမှုမှပြစ်မှုကျုးလွန်သူ(၃)ထဲမှ(၂)ဦးအား ပြည်ခရိုင်ရဲ
တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ကြည် ၏ညွှန်ကြားမှုဖြင့် ပြည်မြို့န
ယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်စိုးမှအနီးကပ်ကြပ်မတ်ကာ ပြည်
အမှတ်(၁)ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်နှင့်အရာရှိများ၊ပြည်အမှတ်(၃)ရဲစ
ခန်းမှတပ်ဖွဲ့ဝင်နှင့်အရာရှိများ ပူးပေါင်း၍ပြစ်မှုကျုးလွန်သူအား ဖမ်း
ဆီရမိကြောင်းသိရသည်။

အမှုမှာ ၁၇-၉-၂၀၁၆ ရက်နေ့ (၄း၁၅) အချိန် ပြည်မြို့၊ န၀င်းရပ်ကွက်၊
ပြည်တော်သာရပ်(အရှေ့လမ်းနေ) ဦးသန်းဌေးဦး (၅၅)နှစ်၊ (ဘ) ဦးေ
မာင်ကြိုင်၊ ငါးဒိုင်လုပ်ငန်းလုပ်ကိုင်သူသည် နေအိမ်မှ ပြည်မြို့မဈေးကြီး
ရှိ ငါးဒိုင်သို့ ရွှေတစ်ချောင်းလမ်း အတိုင်း လမ်းလျှောက်သွားစဉ် ရွှေတစ်
ချောင်းလမ်းနှင့် ပန်းဘဲတန်းလမ်း ထောင့် အရောက် ဆိုင်ကယ်တစ်စီးအား
လူ(၃)ဦး စီးနင်လိုက်လာပြီး ဦးသန်းဌေးဦး အား လေထိုးတံဖြင့် ဆိုင်ကယ်
ပေါ်မှ ဆင်း၍ ရိုက်နှက်ပြီး ထွက်ပြေးသွားသဖြင့် ဦးသန်းဌေးဦး မှ ၄င်းနေ
အိမ်သို့ ဖုန်းဆက်အကြောင်းကြားပြီး ဆက်လက်၍ လမ်းလျှောက်သွားခဲ့ရာ
ရွှေကူရပ်ကွက်၊ လမ်းမတော်လမ်းနှင့် လက်သမားလမ်းထောင့်ရှိ ရွှေနှင်းဆီ စက်ပစ္စည်းအရောင်ဆိုင်ရှေ့အရောက်တွင် အဆိုပါလူ(၃)ဦးမှ ထပ်မံရောက်
ရှိလာ၍ ၀ိုင်းဝန်းရိုက်နှက်ကြပြီး ဦးသန်းဌေးဦး ၀တ်ဆင်ထားသော ရွှေထည်
ပစ္စည်းများနှင့် ဟာဝေး(လ်)ဟန်းစက်(၁)လုံး၊ စုစုပေါင်း တန်ဖိုးငွေ(၅၉)သိန်း
ခွဲအား လုယူသွားသဖြင့် ဦးသန်းဌေးဦး ၏ဇနီးဖြစ်သူ ဒေါ်ခင်မျိုးဌေး (၄၇)နှစ်၊
(ဘ)ဦးမောင်ထူး၊ ငါးဒိုင် လုပ်ငန်း၊ န၀င်းရပ်ကွက်၊ ပြည်တော်သာရပ်နေသူမှ
အရေးယူပေးရန် တရားလိုပြုလုပ်တိုင်တန်းသောအမှုဖြစ်သည်။

အမှုကို စခန်းမှူး ရဲအုပ် ဇော်တင့်ကြိုင် မှ လက်ခံစစ်ဆေးဆောင်ရွက်ခဲ့ပြီး
အမှုမှတရားခံတို့အား စုံစမ်းဖမ်းဆီးရရှိရေး ဆက်စပ်နယ်မြေရဲစခန်းများနှင့်
ပူးပေါင်းဆောင်ရွက်လျက်ရှိရာ(၁-၁၀-၂၀၁၆)ရက်နေ့တွင် ပြည်(၁)နယ်မြေ
ရဲစခန်း နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် မျိုးမင်းသိန်း၊ ရဲအုပ်တပ်ကြပ် အော
င်ကျော်ကျော်၊ ရဲဒုတပ်ကြပ် တေဇာမင်းစိုး၊ ရဲတပ်သား ဇော်နိုင်ဝင်၊ ရဲတပ်သား
တင်မျိုးထွန်း တို့နှင့်အတူ  ပြည်(၃)နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒု
ရဲအုပ် ဇော်လွင်ထွန်း ဦးစီးသည့် နယ်ထိန်းအဖွဲ့နှင့် ပူးပေါင်း၍ အမှုမှကျူးလွန်သူ
တရားခံများဖြစ်ကြသော ချစ်ဦး(ခ) ဇွဲမာန် (၂၀)နှစ်၊ (ဘ)ဦးဝင်းနိုင်၊ ဆိုင်ကယ်ပြင်၊
မြို့ဆိုးကျေးရွာ၊ ပေါင်းတလည်၊ ပြည်မြို့နေသူနှင့် အောင်ကျော်မိုး (၂၁)နှစ်၊(ဘ)ဦး
ကျော်ဌေး၊ ကျဘမ်းလုပ်၊ ကျောင်းကုန်းကျေးရွာ၊ မှော်ဇာအုပ်စု၊ ပြည်မြို့နေသူတို့နှစ်
ဦးအား သတင်းကွင်းဆက်အရ ပြည်မြို့၊ ခေတ္တရာမြို့သစ်ကးကြီး ၀န်းအရှေ့ဘက်
ဈေးဆိုင်တန်း၊ မြို့ပတ်လမ်းရှိ ကြည်နူးရိပ်စားသောက်ဆိုင်တွင်(၂-၁၀-၂၀၁၆)
ရက်နေ့ (၂)နာရီ (၅၀)အချိန်တွင် ဖမ်းဆီးရမိခဲ့သည်ဟုဆို၏။

တရားခံနှစ်ဦး၏ အစစ်ခံထွက်ဆိုချက်အရ အမှုမှ သက်သေခံပစ္စည်း န၀ရတ်ကိုး
သွယ် လက်စွမ်တစ်ကွင်းအား ပြည်မြို့ ခေတ္တမြို့သစ်ရပ်ကွက် (၇/၂)လမ်းရှိ ဒေါ်
မြ၀င်း ၏အပေါင်ဆိုင်မှ ပြန်လည်သိမ်းဆည်းရမိခဲ့ပြီး ကျူးလွန်ခံရသူ ဦးသန်းဌေးဦး
၏ ရွှေထည်ပစ္စည်းများအား ရောင်းချ၍ ရရှိသည့်ငွေဖြင့် ပြန်လည်ဝယ်ယူထားသော ပုံစန်းလက်စွပ်တစ်ကွင်း(အလေးချိန် ၁ ပဲ၊ ၆ရွေး၊ ၉ ပွိုင့်) ငါးရုပ်ဆွဲသီး(အလေးချိန်
၇ရွေး၊ ၁ ပွိုင့်)၊ လက်ပတ်ဟန်းချိန်း(အလေးချိန် ၄ ပဲ၊ ၂ ရွေး၊ ၃ ပွိုင့်) ပစ္စည်း(၃)မျိုးနှင့် မြန်မာငွေစက္ကူ(၁)သောင်းကျပ်တန် (၅)ရွက် (၅၀၀၀၀ိ/-)တို့အား တရားခံ ချစ်ဦး ထံမှ
သိမ်းဆည်းရမိခဲ့ပြီး တရားခံ ချစ်ဦး နှင့် အောင်ကျော်မိုး တို့၏ အစစ်ခံချက်အရ ပြည်မြို့၊
ဘုရားကြီးရပ်နေ၊ ငါးရှဥ့်အရောင်းအ၀ယ်လုပ်ငန်းလုပ်ကိုင်သူ ဇော်လတ် ပါဝင်ကြောင်း
နှင့် ဇော်လတ် မှာ လက်ရှိနေပြည်တော် သို့ သွားရောက်နေကြောင်း သိရှိရပြီး ချစ်ဦး(ခ)
ဇွန်မာန် နှင့် ပြည်မြို့၊ ဖိုးခေါင်ရပ်ကွက်၊ အနောက်ပိုင်းနေ ဦး………….၏သမီး မ……….
အား မန္တလေးမြို့သို့ (၂၄-၉-၂၀၁၆) ရက်နေ့- ခိုးယူ ထွက်ပြေးစဉ်တွင် အမှုမှ သက်သေ
ခံပစ္စည်းအလေးချိန် (၄ ကျပ်ခွဲသား)ရှိ ရွှေလက်ကောက် (၁)ကွင်းအား မန္တလေးမြို့၊ပန်းမြို့
ဈေးအတွင်း ရောင်းချခဲ့ကြောင်း စစ်ဆေးဖော်ထုတ် ရရှိခဲ့ကြောင်း ရဲမှတ်တမ်းအတည်ပြုချ
က်အရသိရသည်။

ထို့နောက်(၂-၁၀-၂၀၁၆) ရက်နေ့ (၁၁)အချိန်တွင် တရားခံ အောင်ကျော်မိုး ပေါင်နှံထား
သော အလေးချိန် (၆ ပဲ၊ ၆ ရွေး)ရှိ ကျောက်ဖြူတစ်လုံးပါ ရွှေလက်စွပ်(၁)ကွင်းအား ပြည်
မြို့နယ်၊ မှော်ဇာရွာ၊ ဈေးပိုင်းရပ်နေ (မြင့်) အပေါင်ဆိုင် ပိုင်ရှင် ဦးမြင့်သောင်း (၇၁)နှစ်၊
(ဘ)ဦးဟန်သောင်းမှ အပ်ပေး၍ ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ဆက်လက်၍အမှုမှ ဖမ်းဆီးရန် ကျန်ရှိသော တရားခံ ဇော်လတ် အား ဖမ်းဆီးရမိရေး
ဆက်လက်ဆောင်ရွက်လျက်ရှိပြီး သိမ်းဆည်းရန် ကျန်ရှိသော သက်သေခံပစ္စည်းရွှေ
ထည်များအား သိမ်းဆည်းရမိရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသတင်း
ရရှိသည်။

ပြည့်သဲမောင်(ပြည်)09-423671883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ


0 comments:

Post a Comment

Facebook Like Page