Wednesday, October 21, 2015

ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေး ဟောပြောပွဲအတွက် ကိုယ်စားလှယ်လောင်းများအား မြင်းစီး ကြိုဆို

Leave a Comment


Wed, 10/21/2015 - 15:11

ပဲခူးတိုင်း အနောက်ပိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင်းရှိ ကျေးရွာများသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံး ဟောပြောပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား မြင်းများစီးနင်းကာ ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။

ယင်းကြိုဆိုမှုကို အောက်တိုဘာလ ၂၁ ရက်နေ့ နံနက်ရှစ်နာရီခန့်က မြို့နယ်အောင်နိုင်ရေးရုံးသို့ မြင်းများစီးကာ လာရောက်ကြိုဆိုခဲ့ကြခြင်းဖြစ်ပြီး NLD ပါတီမှ ဒေသတွင်း ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို မြင်းအလှပြယာဉ်လေးများဖြင့် တင်ဆောင်ကာ အနောက်လက်ခုပ်ပင်၊ မြရွာ၊ ကုန်းသာလင်း၊ သဲဖြူ တို့တွင်လိုက်လံ မဲဆွယ်စည်းရုံးသွားမည်ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“ကျွန်တော်တို့ ဒီလိုလုပ်တာမှာ ဒေသခံတွေကော ပါတီဝင်တွေပါ ပါဝင်ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ NLD ပါတီ နိုင်စေချင်တဲ့ ဆန္ဒရယ် တိုင်းသူပြည်သူတွေ အားလုံး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တယ်။ ပြီးတော့ မြင်းတွေစီးပြီး ကြိုဆိုမှုကလည်း ဒီဘက်နယ်မှာ ဘယ်သူမှ မလုပ်သေးဘူးဆိုတော့ အခုလို စီစဉ်လိုက်တာပါ” ဟု မြရွာကျေးရွာမှ ဦးထွန်းထွန်းဇော်က ပြောသည်။

အဆိုပါ မြင်းစီးကြိုဆိုမှုမှာ ပြည်ခရိုင်တွင်း၊ ပထမအကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြင်း ၂၂ ကောင်၊ အလှပြမြင်းယာဉ် နှစ်စီးတို့ ပါဝင်ခဲ့ကာ ပြည်မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ်တွင် ၀ိုင်းပတ်စီးနင်း အလေးပြုမှုများကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။



Writer:  ဝေလင်း (ပြည်)
ELEVEN မှ ကူးယူ​ဖော်​ပြသည်​။


0 comments:

Post a Comment

Facebook Like Page