Thursday, September 15, 2016

(၁၁၆)ကြိမ်မြောက်-ပေါင်းတည်မြတ်စွယ်တော်မြို့တွင်းလှည့်လည် အပှုဇော်ခံပွဲအထိမ်းအမှတ် ချစ်ကြည်ရေးဘောလုံးကန်

Leave a Comment

(၁၁၆)ကြိမ်မြောက်-ပေါင်းတည်မြတ်စွယ်တော်မြို့တွင်းလှည့်လည်
အပှုဇော်ခံပွဲအထိမ်းအမှတ် ချစ်ကြည်ရေးဘောလုံးကန်

ပေါင်းတည် စက်တင်ဘာ (၁၅)ရက်နေ့

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပေါင်းတည်မြို့တွင်
ကျင်းပပြုသော(၁၁၆)ကြိမ်မြောက် ပေါင်းတည်မြတ်
စွယ်တော် မြို့တွင်းလှည့်လည်အပူဇော်ခံပွဲအထိမ်းအ
မှတ်အဖြစ် ပေါင်းတည်မြို့ရှိ လက်ရွေးစင်ဘောလုံးက
စားသမားဟောင်းများနှင့်ပြည်မြို့လူရွှင်တော်အသင်းတို့
ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲအား စက်တင်ဘာ(၁၄)ရက်
နေ့ နေ့လည်(၃)နာရီအဆိုပါ ပေါင်းတည်အားကစားကွင်း
တွင်ကျင်းပခဲ့သည်။

ပြည်မြို့လူရွှင်တော်အသင်းသည် အခကြေးငွေဖြင့်လာရောက်
ကစားခြင်းမဟုတ်ဘဲ အနုပညာသမားများနှင့်ပြည်သူတစ်သား
တည်းဖြစ်စေရန်လည်းကောင်း၊ပြည်သူများအားပေးသော မြန်
မာ့အားကစားကမ္ဘာကိုလွမ်းစေရမည်ဆိုသောရည်ရွယ်ချက်ဖြင့်
ပေါင်းတည်မြို့ခံများနှင့်ချစ်ကြည်ရေးဘောလုံးကစားခဲ့ကြောင်းသိ
ရသည်။

အဆိုပါလျစ်ကြည်ရေးဘောလုံးကစားသော ပြည်လူရွှင်တော်
အဖွဲ့အား Vita 500 အားပြည့်အချိုရည်မှဝတ်စုံနှင့်အချိုရည်များ
လှူဒါန်းခဲ့ပြီး ကိုမိုးလှိုင် မိသားစု လမ်း(၄၀) အုတ်ဖို(၁)ရပ်ကွက်
မှနေ့လည်စာထမင်းဖြင့်တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပြီး ပြည်လူ
ရွှင်တော်အင်းမှ(၄)ဂိုး ပေါင်းတည်အသင်းမှ(၁)ရရှိခဲ့ကြောင်းသ
တင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ









0 comments:

Post a Comment

Facebook Like Page