Wednesday, September 14, 2016

စားသောက်ဆိုင်တွင် ဆိတ်ဘော ဟုခေါ်ဆိုတာမကြိုက်၍ ၀က်အူလှည့်ဖြင့်ထိုးသွင်းခဲ့ရာ အမျိုးသားတစ်ဦးသေဆုံး

Leave a Comment


စားသောက်ဆိုင်တွင် ဆိတ်ဘော ဟုခေါ်ဆိုတာမကြိုက်၍ ၀က်အူလှည့်ဖြင့်ထိုးသွင်းခဲ့ရာ အမျိုးသားတစ်ဦးသေဆုံး

ပြည်၊စက်တင်ဘာ(၁၀)

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြိ့၊န၀င်းကွက်သစ်(၁၂)လမ်းရှိ ရွှေနှင်းဆီစားသောက်ဆိုင်တွင် စက်တင်ဘာ(၉)ရက်နေ့ ည(၉)နာရီအချိန်ခန့်မှာ တစ်ဘက်အရက်ဝိုင်းနှင့်တစ်ဘက် စကားများရန်ဖြစ်ခဲ့ရာမှစတင်ကာ တစ်ဘက်မှ ဒုတ်နှင့်ဝက်အူလှည့်ဖြင့် ရိုက်နှက်ထိုးခဲ့ရာ သေဆုံးသူ ကိုမိုးသက်၏ ၀ဲဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ဦးခေါင်းနောက်စေ့ ၀ဲဘက်ခြမ်း ပေါက်ပြဲဒဏ်ရာ(၁)ချက်ရရှိခဲ့ပြီး ပြည်မြို့ဆေးရုံကြီးသို့အရောက် ဆေးရုံးကြီးတွင်သေဆုံးသွားခဲ့ကြောင်းသိရသည်။

ယင်းအမှုဖြစ်စဉ်မှာ စက်တင်ဘာ(၉)ရက်နေ့ည(၉)နာရီအချိန်ခန့်တွင် သေဆုံးခဲ့သူ ကိုမိုးသက်မှ အရက်ထိုင်သောက်နေစဉ် တစ်ဘက်ဝိုင်းရှိ န၀င်းဝါရုံရပ်ကွက်နေထိုင်သူ ဟန်သူဟိန်း နှင့် ၄င်း၏ညီဖြစ်သူ ပြည့်ဖြိုးထက်တို့အား သေဆုံးသူ ကိုမိုးသက်မှ “ဆိတ်ဘော”ဟု ခေါ်သည်ကို ဟန်သူဟိန်းတို့ညီအစ်အကိုက မကျေနပ်ဖြစ်ကာ ယင်းစားသောက်ဆိုင်အတွင်းမှ ထပြန်သွားခဲ့ပြီး ခေတ္တခဏအကြာတွင် ယင်းဆိုင်အတွင်းသို့ပြန်လည်ဝင်ရောက်လာကာ ဟန်သူဟိန်းဆိုသူက ၄င်း၏လက်ထဲတွင်သစ်သားဒုတ်ဖြင့်၎င်း၊ယင်း၏ညီဖြစ်သူ ပြည့်ဖြိုးထက်မှ ၀က်အူလှည်အားကိုင်ဆောင်လာခဲ့ပြီး ကိုသက်မိုးဆိုသူအား ဒုတ်ဖြင့်၎င်း၊၀က်အူလှည့်ဖြင့်၎င်းရိုက်နှက်ထိုးနှက်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရသိရသည်။

အဆိုပါသေဆုံးမှုနှင့်ပတ်သက်ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ၀က်အူလှည့်ဖြင့်ထိုးခံရ၍ သေဆုံးခဲ့တာဖြစ်ကြောင်းသိရပြီး ၄င်းအမှုအား သေဆုံးသူ၏ ဇနီးဖြစ်သူမှ တရားလိုပြုလုပ်၍ ပြည်မြို့အမှတ်(၁)ရဲစခန်းတွင် (ပ)၁၃၇၇/၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်လှစ်ထားခဲ့ကြောင်းသိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တရားခံမှာ ထွက်ပြေးလွတ်မြောက်နေကြောင်းသိရပြီး တရားခံဖမ်းဆီးရမိရေးအတွက် ပြည်အမှတ်(၁)ရဲစခန်း အမှုစစ်ရဲအုပ် ဇော်တင့်ကြိုင် နှင့်အဖွဲ့မှလိုက်လံစုံစမ်းစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ

အကြောင်းအမျိုးမျိုးကြောင့်နောက်ဆက်တွဲသတင်းများနောက်ကျခဲ့မူကို လေးစားစွာတောင်းပန်အပ်ပါသည်။

ကျော်ဝင်းခိုင်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page