Sunday, June 19, 2016

ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အခမ်းအနားပြည်မြို့တွင်ကျင်းပပြုလုပ်

Leave a Comment



ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အခမ်းအနားပြည်မြို့တွင်ကျင်းပပြုလုပ်

 

ပြည်၊ဇွန်၊၁၈

 

ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အခမ်းအနားအား ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊အထက-၅-စာသင်ကျောင်းဝန်းရှိ ပညာတံခွန်ခမ်းမကြီးတွင် ဇွန်-၁၈ ရက်နေ့ နံနက် ၉-နာရီအချိန်တွင်း စတင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

အဆိုပါ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဌေး နှင့် အလုပ်ရုံ နှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီဝင်း တို့မှ  အဖွင့်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

 

“ဒီပွဲကို ကလေးအလုပ်သမားတွေလျော့ချရေးအတွက်အဓိကထားပြီးဆွေးနွေးသွားမယ်။ကျွန်တော်တို့ဌာနအနေနဲ့ အသက် ၁၈-နှစ်မပြည့်ပဲ မှတ်ပုံတင်ပေးထားတာမရှိဘူး။အပြင်မှာတော့ ကလေးအလုပ်သမားတွေရှိနေတယ်။အဲဒါတွေလျော့ချနိုင်ဖို့အတွက်အခုလိုဒီပွဲကိုတက်ရောက်ရတာ။ကလေးသူငယ်အလုပ်သမား ဥပဒေဆိုင်ရာ ပြဌာန်းထားတာတွေရှိတယ်။ဒါတွေကို အလုပ်ရုံ နဲ့ အလုပ်သမားဌာနကတင်ပြဆွေးနွေးသွားမယ်လို့သိရတယ်။အသက်မပြည့်သေးတဲ့ကလေးသူငယ်တွေကို ခိုင်းစေတဲ့ကိစ္စကဥပဒေအတိုင်းအရေးယူဆောင်ရွက်ရမယ်။  လူမှုရေးအဖွဲ့တွေနဲ့ချိတ်ဆက်ပြီးကျွန်တော်တို့ဆောင်ရွက်နေတာလဲရှိပါတယ်။ကျွန်တော်တို့က ကလေးအလုပ်သမားကိစ္စကိုတိုက်ရိုက်အရေးယူတာတော့မရှိပါဘူး။”ဟု ပြည်မြို့နယ်၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာန မှ ဦးစီးအရာရှိ-ဦးစိုးသန်း ကပြောသည်။

 

ယင်းအခမ်းအနားတွင် ကလေးအလုပ်သားများအကြောင်းဆိုင်ရာ သိကောင်းစရာများ နှင့် ယင်းစီမံကိန်း၏ဆောင်ရွက်ချက်များရှင်းလင်းပြောကြားခဲ့ပြီး  ပြည်သူများ ကလေးလုပ်သားကိစ္စများအကြောင်းအား ပိုမိုသိရှိနားလည်စေရန် ကြေငြာများဖြန့်ဝေရေးကိစ္စများရှင်းလင်းပြောကြားသွားခဲ့သည်။

 

“ကလေူးငယ်တွေအသိပညာလျော့နည်းနေတာတွေရှိတယ်။စီးပွားရေးလုပ်ငန်းရှင်တွေအများစုကလဲ ဒီကလေးတွေနဲ့ပတ်သက်တဲ့ဥပဒေတွေမသိတဲ့အပိုင်းကများနေတယ်။ဒါ့ကြောင့်ဒီပွဲကိုစီစဉ်လိုက်ရတာ။အသက် ၁၄-နှစ်အောက်ဆို အလုပ် လုပ်လို့မရတဲ့ ကလေးတစ်ယောက်ပါ။အသက် ၁၄-နှစ်အထက်ဆိုလည်း သူအလုပ် လုပ်ရမယ့် အချိန်တွေ သူနဲ့ကိုက်ညီမယ့်အလုပ်တွေ သူ့အတွက် ကျန်းမာရေးကအစအန္တရယ်ရှိတာတွေသေချာသိဖို့လိုတယ်။ကလေးအလုပ်သမားနဲ့ပတ်သက်ပြီး အားလုံးပှုးပေါင်းဆောင်ရွက်ဖို့လိုတယ်။ ကလေးအလုပ်သမားတွေကို အတင်းအဓမ္မစေခိုင်းတာတွေခေါင်းပုံဖြတ်တာတွေရှိလာရင် အရေးယူဆောင်ရွက်ရမယ့် ဥပဒေပုဒ်မတွေတော့မသိပါဘူး။ကူညီနိုင်တာတွေတော့ကူညီပေးနိုင်ပါတယ်။ကလေးစစ်သားကိစ္စကိုတော့ ကျွန်မတို့ဆီမှာ စီမံကိန်းတစ်ခုရှိပါတယ်။အဲဒိစီမံကိန်းအတိုင်းဆောင်ရွက်ပေးနေပါတယ်။ကလေးစစ်သားနဲ့ပတ်သက်ရင် လူမှုဝန်ထမ်းဌာနတွေ၊ကလေးစစ်သားကိစ္စဖြေရှင်းပေးနေတဲ့အဖွဲ့အစည်းတွေ၊ကျွန်မတို့ ရတနာမေတ္တာအဖွဲ့ တွေကိုချိတ်ဆက်ပြီးပှုးပေါင်းလုပ်ဆောင်နိုင်ပါတယ်။ဒီအစိုးရလက်ထက်မှာအရမ်းဆင်ပြေလာတယ်အလုပ် လုပ်ဆောင်ရတာတွေ ပွင့်ပွင့်လင်းလင်းပြောဆို တင်ပြလို့ရလာတယ်။ကလေးအလုပ်သမားဆိုတာ ပညာရေးအခြေအနေနဲ့တိုင်းတာပါတယ်။ကလေးအလုပ်သမားများလာလေလေပညာမတတ်တဲ့ကလေးတွေများလာလေလေပါပဲ။”ဟု ရတနာမေတ္တာအဖွဲ့-ကလေးအလုပ်သမားလျော့ချရေး စီမံကိန်းမန်နေဂျာ ကပြောသည်။

 

အဆိုပါ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အခမ်းအနားအား လူမှုဝန်ထမ်းဦးစီးဌာန၊အလုပ်ရုံ နှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ရတနာ့မေတ္တာအဖွဲ့(ကလေးသူငယ် ကာကွယ်စောင့်လျှောက်ရေး)ရန်ကုန်ရုံးချုပ်-အဖွဲ့၊တောင်ကြီးအဖွဲ့၊ပြည်အဖွဲ့ တို့နှင့် ပြည်မြို့ဒေသအတွင်းရှိ ကလေးအလုပ်သမားများ၊ကလေးအလုပ်သမားမိဘများ၊စိတ်ပါဝင်စားသူများ စုစုပေါင်း ယင်းအခမ်းအနားသို့ အင်အား ၁၃၀-ကျော်တက်ရောက်ခဲ့ပြီး အဆိုပါအခမ်းအနားကို ထိုနေ့ နံနက်-၁၁နာရီတွင်အောင်မြင်စွာပြီးဆုံးသွားကြောင်းသိရသည်။

 

ဒီမိုကရေစီတူဒေးသတင်းစာ-K3(pyay)

 

ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)



 




0 comments:

Post a Comment

Facebook Like Page