Saturday, June 18, 2016

ခရိုင်-အုပ်ချုပ်ရေးမှူးဖလား ၆-မြို့နယ် အမျိုးသား(အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပပြုလုပ်

Leave a Comment



ခရိုင်-အုပ်ချုပ်ရေးမှူးဖလား ၆-မြို့နယ် အမျိုးသား(အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပပြုလုပ်

 

ပြည်၊ဇွန်၊၁၇

 

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့တွင်၊ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန တို့မှကြီးမှူးကျင်းပသည့် ခရိုင်-အုပ်ချုပ်ရေးမှူးဖလား ၆-မြို့နယ် အမျိုးသား(အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲအား ပြည်မြို့ ရတနာရွှေပြည်-အားကစားကွင်း-မိုးလုံလေလုံအားကစားရုံတွင် ဇွန်-၁၇ရက်နေ့ နေ့လည် ၁-နာရီအချိန်ခန့်က စတင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

ယင်းပိုက်ကျော်ခြင်းပြိုင်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ခရိုင်အားကစား နှင့် ကာယပညာကော်မတီ ဥက္ကဌ ပြည်ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့၍ ယင်းအခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး မှ ခရိုင်အားကစား နှင့် ကာယပညာကော်မတီ ဥက္ကဌ ပြည်ခရိုင်အုပ်ချုပ်ရေးမှူးအား အားကစားပစ္စည်းများပေအပ်ခဲ့ကြောင်းသိရသည်။

 

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်၊တိုင်းဒေသကြီးလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များ၊၊သက်ဆိုင်ရာဌာနများ၊အထက(၁)ပြည် မှ ပန်းပွား-အကအဖွဲ့ ကျောင်းသူလေးများ၊ရွှေတောင်မြို့-ကြို့ကုန်း(ဘ.က)မိဘမဲ့ကျောင်းမှ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်-ဇေယျာသိဒ္ဓိ-သိုင်းပင်မ အဖွဲ့မှ ကျောင်းသားလေးများ ယင်းအခမ်းနားသို့တက်ရောက်ခဲ့ကြောင်းသိရသည်။

 

အဆိုပါအခမ်းအနားတွင် ပြည်ခရိုင်အတွင်းရှိ ပြည်၊သဲကုန်းရွှေတောင်၊ပန်းတောင်း၊ပေါင်းတည်၊ပေါက်ခေါင်းမြို့များမှ ၃-သင်းတစ်အုပ်စုနူန်းဖြင့် က-အုပ်စု နှင့် ခ-အုပ်စု တို့ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး အလွတ်တန်း ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲအား ပွဲစဉ်ပေါင်း ၁၀-အထိကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အခမ်းအနားဖွင့်ပွဲအပြီးတွင် ပြည်မြို့-အသင်း နှင့် သဲကုန်းမြို့-အသင်းတို့ ယှဉ်ပြိုင်စတင်ကစားခဲ့ကြကြောင်းသိရသည်။

 

ဒီမိုကရေစီတူဒေးသတင်းစာ-K3(pyay)

 

ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)

 

 
















0 comments:

Post a Comment

Facebook Like Page