Sunday, October 11, 2015

ကလေးငယ်များသီဆိုဖျော်ဖြေမှုဖြင့် ပြည်မြို့အတွင်း ရေဘေးသင့်အလှူခံများရောက်ရှိ

Leave a Comment



ပြည် အောက်တိုဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် အနုပညာရှင်ကလေးငယ်များပါဝင်သီဆိုဖျော်ဖြေမှုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ ရေဘေးရှောင်ပြည်သူတွေ ပြည်လည်ထူထောင်ရေးများအတွက် ပြည်မြို့တွင်းသို့ လိုက်လံအလှူခံလျှက်ရှိကြောင်း သိရသည်။ အဆိုပါ ဂရုဏာလက်များပရဟိတ အဖွဲ့ မုဒိတာနှလုံးသားရှင်များရဲ့ ရေဘေးကူညီမှုနှင့် ပြန်လည်ထူထောင်ရေးအတွက် ဖျော်ဖြေရေးအစီစဉ်များသည် ၅ ကြိမ်မြောက်တိုင်တိုင်ရှိခဲ့ရာ ယခုတစ်ကြိမ်တွင်တော့ နှစ်ရက်အတွင်းအလှူခံရရှိငွေ သိန်းနှစ်ဆယ်တိတိရရှိနေပြီဖြစ်ကြောင်း သိရသည်။

ယင်းအဖွဲ့သည် အောက်မြန်မာပြည်ဘက်မှ ပဲခူး၊ ဘုရားကြီး၊ ဘားအံ၊ သထုံ၊ တီးတိန် အထိရောက်ရှိခဲ့ကြပြီး ကျိုက်ထို၊ ပုဂံ၊ ဘီးလင်း၊ ထိန်တော၊ မိုးညို စသည့်မြို့နယ်များနှင့် အခြားမြို့နယ်များကိုလည်း သွားရောက်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရှိရပြီး ပြည်မြို့ကို အောက်တိုဘာ ၁၁ရက်နေ့ နံနက် ၅နာရီခန့်မှာ ရောက်ရှိနေတာဖြစ်ကြောင်း သိရသည်။ အကြောင်းအမျိုးမျိုးကြောင့် ယခုလို နေ့လည်ပိုင်းမှ စတင်ကာ ဖျော်ဖြေရေးအစီအစဉ်တွေနှင့် ပြည်မြို့အတွင်း လိုက်လံအလှူခံနေခြင်းဖြစ်ပြီး ယနေ့ည ၁၀ နာရီအထိ လှည့်လည်အလှူခံသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းဖျော်ဖြေရေးအစီအစဉ်များတွင် ဒေသခံပြည်သူများမှ လာရောက်လှူဒါန်းသည့် ငွေကို တစ်ပြားမှသုံးစွဲခြင်းမပြုပဲ မိမိတို့ ကိုယ်ပိုင်ငွေကြေးများဖြင့် ရေဗူးမှအစ၊ ကွမ်းယာအဆုံး သုံးစွဲသွားလျှက်ရှိပြီး ဒေသခံပြည်သူတွေမှ ကလေးငယ်များ၏ သီဆိုကပြဖျော်ဖြေမှုအားသဘောကျ၍ ကလေးငယ်များအား သီးသန့်ဆုငွေချခဲ့သည့် အလှူငွေအကုန်လုံးကိုပါ ရေဘေးရှောင် ပြည်သူတွေ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းငွေများထဲတွင်ပါဝင်ထည့်သွင်းလျှက်ရှိကြောင်းသိရသည်။ အဆိုပါဖျော်ဖြေမှုများအား တစ်နေရာတွင် မိနစ် ၃၀ ခန့် သီဆိုဖျော်ဖြေကပြလျှက်ရှိကြောင်းသိရသည်။

ပြည်သတင်းလူငယ် (ပြည်သတင်း)

www.facebook.com/pyaynews


0 comments:

Post a Comment

Facebook Like Page