Sunday, October 11, 2015

ဆရာခန့်ကျော်စွာ၏ "အောင်းထူးဆန်း-ဟောစာတမ်း"

Leave a Comment



၁၂.၁၀.၂၀၁၅ မှ ၁၈.၁၀.၂၀၁၅

တနင်္ဂနွေသားသမီးများအတွက်
***************************

ယခုအပါတ်အတွင်း စိတ်ပင်ပန်းမှုများပြီးအောင်မြင်မည်။ ခရီးထူးများသွားရမည်။ ရွှေ၊ လျှပ်စစ်ပစ္စည်း အထူးဝင်မည်။ လက်ထိခိုက်မိခြင်းဂရုစိုက်ပါ။ အလှူဘာသာရေး ကိစ္စအောင်မြင်မည်။ ပစ္စည်းဝယ်ခြင်း တနင်္လာနေ့ရှောင်။ ဆုံးရှုံးထားသော အခွင့်အရေး များပြန်ရမည်။ အကြီးအကဲ အမျိုးသမီး ကူညီမည်။ သင်တန်း လျှောက်လွှာ ဖြေဆိုမှုများအောင်မြင်မည်။ အထူးသင်တန်းပေါ်လျှင် ဆွမ်းခံဘုန်းကြီး ကို သကြားလှူပါ။ ဆွေမျိုး ကျန်းမာရေးကူညီရမည်။ ငယ်သူငယ်သားအတွက် ထီကံရှိသည်။ ၄၊ ၆၊ ၀ အကျိုး ပေးသည်။

အချစ်ရေးအတွက် ကြားစကားရှုပ်ထွေးမည်။ ဖြေရှင်းရတတ်သည်။ အထင်လွဲမှား ခြင်းဂရုစိုက်ပါ။ အမျိုးသမီးအကြီးအကဲက အချစ်ရေးကိစ္စများကူညီမည်။ ကျန်းမာရေး အတွက်တော့ ရေချိုးမှားခြင်း အထူးဂရုစိုက်ပါ။

ယတြာ

မွေးနေ့နံနက် ဆွမ်းခံဘုန်းကြီးကို အသီး ၃ မျိုးလှူပါ။ အခက်အခဲများ ပြေလည် ရန် သပြေပင် ရေလောင်းဆုတောင်းပါ။ ကျန်းမာရေးအတွက်တော့ သံပုရာရည် ဘုရားလှူပါ။


တနင်္လာသားသမီးများအတွက်
***************************
ယခုအပါတ်အတွင်း ငွေကံအထူးကောင်းသည်။ ဆုံးရှုံးထားသောငွေများ ပြန်ရမည်။ မုန့်လုံးရေပေါ် ဆွမ်းခံဘုန်းကြီးလှူပါ။ ဘာသာရေးခရီး အောင်မြင်မည်။ ယာဉ်၊ စက်ပစ္စည်းဝင်မည်။ အနီးအနား လမ်းပြင်လမ်းဖို့လျှင် ညအချိန်လမ်း၌ ထမင်း ကျန် ဟင်းကျန်ခွေးကျွေးပါ။ ငယ်သူ အကျိုးပြုမည်။ စာချုပ် လျှောက်လွှာအောင်မြင် မည်။ အထူးစာချုပ် ချုပ်ရလျှင် သကြားစားပြီး ဆောင်ရွက်ပါ။ နိုင်ငံခြားနယ်စပ် ဆက်သွယ်အကျိုးပြုမည်။ လူရင်း နယ်စပ်နိုင်ငံခြားရောက်မည်။ လူကြီးအသစ် အကြီး အကဲအသစ် ကူညီမည်။ လူကြီးများနှင့် အဆင်ပြေရန်အတွက် ဘုန်းကြီးတစ်ပါးကို ငှက်ပျောသီးမှည့်တစ်ဖီးလှူပါ။ စီးပွားတက်မည်။ အပြိုင်အဆိုင်များမည်။

အချစ်ရေးအတွက် စိတ်ချမ်းသာစရာကြုံမည်။ ကွဲကွာနေသူများပြန်ဆုံမည်။ မြှားနတ်မောင်၏ ကူညီပေးသောကာလဖြစ်သည်။ ချစ်သူ၏ လက်ဆောင်အထူးရမည်။  ကျန်းမာရေးအတွက်တော့ ခြေထောက်ထိခိုက်မိခြင်းဂရုစိုက်ပါ။

ယတြာ

မွေးနေ့နံနက် ဆွမ်းခံဘုန်းကြီးကို ကော်ရည်ဆီချက် လှူဒါန်းလိုက်ပါ။ ကျန်းမာရေး အတွက်တော့ မြန်မာဆေး ၃ မျိုး အင်္ဂါနေ့တွင်ဆွမ်းလောင်းပါ။


အင်္ဂါသားသမီးများအတွက်
***********************

ယခုအပါတ်အတွင်း သူတစ်ပါးဆေးရုံကိစ္စကူညီရမည်။ စာရွက်စာတမ်း ပျောက် ခြင်း ဂရုစိုက်ပါ။ အဖိုးတန်ပစ္စည်းအပြောင်းအလဲဖြစ်မည်။ ပစ္စည်းဝယ်ခြင်း တနင်္လာနေ့ ရှောင်ပါ။ မွေးနေ့တွင် နာရေးအိမ်မသွားရ။ ငွေကံညံ့သည်။ ငွေအရှုပ်အထွေးဖြစ်လျှင် ခိုငှက်အစာကျွေးပါ။ စက်ပစ္စည်း ထိခိုက်မိတတ်သည်။ အခက်အခဲကြားမှ ရည်ရွယ်ချက် အသစ်များပေါ်မည်။ အလုပ်အသစ်စရမည်။ နာရီရပ်လျှင်ပြင်ပါ။ အားလုံးပြေလည် သွားရန် အိပ်ယာတစ်ညပြောင်းရွှေ့အိပ်ပါ။

အချစ်ရေးအတွက်တော့ ချစ်သူ၏ အားပေးစကားကြားရမည်။ ကွဲကွာနေသူများ ပြန်ဆုံမည်။ ချစ်သူအတွက် အဖိုးတန်ပစ္စည်းဝင်မည်။ ကျန်းမာရေးအတွက်တော့ စိတ်မောလူမောကာလဖြစ်သည်။

ယတြာ

မွေးနေ့နံနက် ဆွမ်းခံဘုန်းကြီးကို ယိုစုံ ၉ မျိုးလှူပါ။ ကျန်းမာရေးအတွက်တော့ မွေးနေ့ည ဇီးဖျော်ရည် ဘုရားလှူပါ။


ဗုဒ္ဓဟူးသားသမီးများအတွက်
*************************

ယခုအပါတ်အတွင်း မိတ်ဆွေဟောင်းများအကျိုးပြုမည်။ ရေပိုက် ရေကန်ကိစ္စ အောင်မြင်မည်။ ရွှေ၊ လျှပ်စစ်ပစ္စည်းဝင်မည်။ အလှူ၊ မင်္ဂလာကိစ္စဦးဆောင်ရမည်။ ခရီးထူးသွားရမည်။ အဆင်မပြေသူများနှင့် ပြန်လည်သင့်မြတ်သွားမည်။ အလုပ်သစ်၊ အဖွဲ့အစည်းအသစ် ဦးဆောင်ရမည်။ ရာထူး တာဝန် ဝင်ငွေ တိုးမည်။ ဆိုင်စပ်တူ၊ အရောင်းအဝယ်နှင့်ပတ်သက်၍ ကူညီသူများပေါ်မည်။ သူတစ်ပါး အိမ်ထောင်ရေး၊ အိမ်နေရာကိစ္စကြားညပ်တတ်သည်။ စကားရှုပ်ထွေးခြင်းဂရုစိုက်ပါ။ ငွေကိစ္စများ အောင်မြင်မည်။ ငွေအတွက်စကားပြောလျှင် သပြေရွက်ဆောင်၍ပြောပါ။

အချစ်ရေးအတွက်တော့ စိတ်ချမ်းသာရပါလိမ့်မည်။ ခရီးကြောင့် ခွဲနေရတတ် သည်။ ချစ်သူအတွက် အောင်မြင်မှုသတင်းကောင်းကြားရမည်။ ကျန်းမာရေးအတွက် တော့ ဦးခေါင်းနှင့်ပတ်သက်၍ စိတ်ညစ်ရမည်။ အိပ်မပျော်ခြင်းဖြစ်တတ်သည်။

ယတြာ

မွေးနေ့နံနက် ဆွမ်းခံဘုန်းကြီးကို ရေစစ် ၁ ခုလှူပါ။ ကျန်းမာရေးအတွက် မွေးနေ့ည အနီရောင် ဖယောင်းတိုင် ၉ တိုင်မီးပူဇော်ပါ။


ကြာသပတေးသားသမီးများအတွက်
*******************************

ယခုအပါတ်အတွင်း ဘာသာရေး၊ ပညာရေး အထူးအခွင့်အရေးများပေါ်မည်။ ငယ်သူ သင်တန်း ပညာရေးအောင်မြင်မည်။ အမွေ၊ မြေကိစ္စ မိသားစု၌ပေါ်မည်။ မီးဖိုပျက်လျှင် ပြင်ပြီး အဝါရောင်ဖျော်ရည် ဘုရားလှူပါ။ မိခင်၊ အဒေါ် ကြီးကဲသော အမျိုးသမီး ကျန်းမာရေးညံ့မည်။ မြေကိစ္စစကားပြောရလျှင် မြေပဲအနည်းငယ် စား၍ပြောပါ။ လူရင်း အသိ၌ မျက်နှာထိခိုက်သတင်း ကြားပါက ဆွမ်းခံဘုန်းကြီး မျက်နှာသုတ်ပုဝါလှူလိုက်ပါ။ အပူလောင်ခြင်းအထူးဂရုစိုက်ပါ။ အမျိုး သမီးနာရေးကြား လျှင် တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပါ။ ငွေကံကောင်းသည်။ အကြီးအကဲအမျိုးသမီး ငွေကိစ္စကူညီမည်။

အချစ်ရေးအတွက်တော့ ဘာသာရေးခရီးအတူတကွ သွားရတတ်သည်။ ချစ်သူ၏ ဘာသာရေး ကိစ္စကူညီရမည်။ ကျန်းမာရေးအတွက်တော့ အစာအိမ်နှင့် ပတ်သက်၍ စိတ်ညစ်ရတတ်သည်။

ယတြာ

မွေးနေ့နံနက် ဆွမ်းခံဘုန်းကြီးကို မြေပဲ ၅ ထုပ် လှူလိုက်ပါ။ ကျန်းမာရေးအတွက် အင်္ဂါနေ့ ဆွမ်းခံဘုန်းကြီးကို သကြားလှူပါ။


သောကြာသားသမီးများအတွက်
***************************

ယခုအပါတ်အတွင်း နာမည်ဂုဏ်သတင်းထင်ရှားမည်။ ခရီးအထူး အကျိုးပြုအောင်မြင် မည်။ ယာဉ်၊ စက်ပစ္စည်းဝင်မည်။ သော့ပျောက်တတ်သည်။ သူခိုးခိုးခံရတတ်သည်။ အရေးကြီးကိစ္စအတွက် အသီးစားပြီးရေသောက်၍ ဆောင်ရွက်ပါ။ နိုင်ငံခြားနှင့် ပတ်သက်သော အဆက်အသွယ် ကောင်းများရမည်။ ရည်ရွယ်ချက်များအောင်မြင်မည်။ သင်တန်း၊ လျှောက်လွှာဖြေဆိုမှု အထူးပေါ်မည်။ အထူးသင်တန်းတက်ရလျှင် သီလရှင်အား အသီးလှူပါ။ မိသားစုကိစ္စ၊ ဆွေမျိုးကိစ္စ စိတ်ပင်ပန်း ရတတ်သည်။ ဆွေမျိုးကျန်းမာရေးပေါ်လျှင် သတ္တဝါဘေးမဲ့လွှတ်ပြီးဆုတောင်းလိုက်ပါ။ အိမ်နေရာ အလုပ်နေရာ ပြင်ဆင်မှု အပြောင်းအလဲဖြစ်မည်။

အချစ်ရေးအတွက်တော့ ကြားစကားရှုပ်ထွေးတတ်သည်။ ကြားလူမယုံကြည် သင့်ပါ။ ချစ်သူနှင့် အဆင်ပြေရန်ကြီးကဲသော အမျိုးသမီးကိုအသီးဒါနပြုပါ။ ကျန်းမာရေး အတွက်တော့ စိုးရိမ်စရာမရှိသော်လည်း သူတစ်ပါးကိစ္စများကူညီရမည်။

ယတြာ

မွေးနေ့နံနက် ဆွမ်းခံဘုန်းကြီးကို ငှက်ပျောသီးမှည့် ၅ လုံးလှူပါ။ ကျန်းမာရေး အတွက် ညပိုင်းအချိန် ထမင်းကျန် ဟင်းကျန်များကို ခွေးကျွေးလိုက်ပါ။


စနေသားသမီးများအတွက်
***********************

ယခုအပါတ်အတွင်း နိုင်ငံခြားမှ အဆက်အသွယ်ကောင်းများရမည်။ ဘာသာရေး ခရီးထူးပေါ်မည်။ နာမည်ထင်ရှားမည်။ အလုပ်သစ်ခန့်ခြင်း၊ နေရာသစ်အကျိုးပြုမည်။ ရာထူး၊ တာဝန်၊ ဝင်ငွေတိုးမည်။ ယာဉ်၊ စက်ပစ္စည်း အပြောင်းအလဲအသစ်ဖြစ်မည်။ ကားကိစ္စအောင်မြင်မည်။ အိမ်ခန်း၊ တိုက်ခန်းကိစ္စ ဦးဆောင်ရမည်။ အဆောက်အဦး ကိစ္စလုပ်လျှင် ဘုန်းကြီးကျောင်းရှိ အုန်းပင် ရေလောင်းပါ။ စာချုပ်၊ စာအုပ်လုပ်ငန်း၊ စပ်တူကိစ္စများ စတင်ရမည်။ စီးပွားတက်သောကာလ ဖြစ်သည်။ ငွေအထူးဝင်မည်။ စပ်တူထီကံရှိသည်။ ဆွေမျိုးအကြီးအကဲများနှင့် သဘောထားကွဲတတ် သည်။ ပန်းကန်၊ ဖန်ခွက်၊ မှန်ကွဲလျှင် အသီး ၁၀ စိတ် ဘုရားလှူပါ။

အချစ်ရေးအတွက်တော့ ချစ်သူ၏သဝန်တိုမှုကြောင့် စိတ်ပင်ပန်းရတတ်သည်။ အထင်အမြင် လွှဲမှားမှုကြုံလျှင် ဆွမ်းခံဘုန်းကြီးကို အသီး ၃ မျိုးလှူလိုက်ပါ။ ကျန်းမာ ရေးအတွက်တော့ ဒူး၊ နား၊ နှလုံး အညံ့ရှိသည်။

ယတြာ

မွေးနေ့နံနက် ဆွမ်းခံဘုန်းကြီးကို ဘုန်းကြီးဆောင်းထီး ၁ လက်လှူပါ။ ကျန်းမာ ရေးအတွက် မွေးနေ့တွင် နေရှိရာမျက်နှာမူပြီး နွားနို့သောက်ပါ။


ပြည်သတင်း မီဒီယာစာမျက်နှာတွင်
ဆရာခန့်ကျော်စွာ(အောင်ထူးဆန်း-ဗေဒင်ယတြာခန်း)၏
(၇) ရက်-တစ်ပတ်စာ ခုနှစ်ရက်သားသမီးများအတွက်
ကံဇာတာ အကောင်းအဆိုး၊ အကြောင်းအကျိုးဆောင်ရန်ရှောင်ရန်
အထူးယတြာများ ပါဝင်သော
"အောင်းထူးဆန်း-ဟောစာတမ်း" ကို
တနင်္ဂနွေနေ့တိုင်း အပတ်စဉ် တင်ဆက်ပေးမည်ဖြစ်ပါသည်။

ဗေဒင်ဝါသနာရှင်ပရိတ်သတ်များ
ကျေနပ်မှုရကြ​စေဖို့ ​မျှော်​လင့်​လျှက်​ ...

ခန့်ကျော်စွာ
အောင်ထူးဆန်းဗေဒင်ယတြာခန်း
09-423 660 144

ပြည်သတင်း
www.facebook.čom/pyaynews
09 430 47862


0 comments:

Post a Comment

Facebook Like Page