Monday, July 8, 2013

ပြည်သူ့အခွင့်အရေးကို လိမ်လည်လှည့်ဖြားကိုယ်ကျိုးရှာ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်တဲ့ ပြည်မြို့ ရွာဘဲနယ်မြေက ဖြစ်ရပ်လေး......

1 comment
4.7.2013 ရက်နေ့မှ တိုင်ကြားစာ...

ပဲခူးတိုင်းဒေသကြီး (နောက်) ရွာဘဲနယ်မြေ ရွှေဟင်္သာအရှေ့ပေါက်လမ်းနေ ကိုအောင်မြတ်ကို နှင့်ဇနီးဖြစ်သူ မနုနုလွင်တို့၏ တိုင်ကြားစာ......

ကျွန်မယောက်င်္ကျား အိမ်ထောင်စု၏ အိမ်ထောင်ဦးစီးအမည်မှာ ဦးမြသွင်ဖြစ်ပါတယ် အိမ်ထောင်စုထဲမှာပါဝင်တဲ့  မသင်းမြတ်မြတ်မိုး မှာ (26.4.2013)ရက်နေ့က CDMA sim Card အားမဲပေါက်ရရှိပြီးသူပါ ဒါ့ကြောင့် ကျွန်မတို့မိသားစုမှာ ဆင်းကဒ် လျှောက်ထားခြင်းမရှိခဲ့ပါ သို့ပါသော်လည်း ကျွန်မတို့မိသားစုကို အသိမပေးဘဲ ရွာဘဲနယ်မြေ ဆယ်အိမ်စုမှုး ကိုသူရလင်းမှ အိမ်ထောင်ဦးစီးဖြစ်သူ ဦးမြသွင် နှင့် သားဖြစ်သူ ကိုအောင်မြတ်ကို ၊ သမီးဖြစ်သူ မသင်းမြတ်မြတ်မိုး ( CDMA sim Card) ရရှိပြီးသူ ၏နာမည်များနှင့်  လျှို့ဝှက်စွာ လျှောက်ထားပြီး မသမာသောနည်းလမ်းဖြင့် မဲပေါက်အောင်လုပ်ပြီး နာမည်စာရင်း(၃)ဦးအား ရပ်ကွက်အုပ်ချူပ်ရေးမှုးရုံးတွင် တရားဝင်ထုတ်ပြန်ပြီး ပိုင်ရှင်များအားအသိပေးခြင်း မရှိဘဲ သဘောတူညီမှု့ မရရှိဘဲ ကိုယ့်သဘောနှင့်ကိုယ် လျှောက်ထားထုတ်ယူ ရောင်းစားခဲ့ပါသည်.. ထိုကဲ့သို့ ပြုလုပ်နေခြင်းမှာ ဒုတိယအကြိမ် (၅)လပိုင်း (  sim Card) များထုတ်ပေးသည့်အချိန်ကဖြစ်သည် ထိုကဲ့သို့ မိမိတို့ နာမည်များဖြင့် မမှန်မကန်ပြုမှု့တွေကို သိရှိရသောကြောင့် ကျွန်မ နုနုလွင် မှ ယခုလိုအသိမပေး သဘောမတူညီမှု့မရှိဘဲ ဘာ့ကြောင့်ဒီလိုတွေလုပ်ခဲ့ရပါသလည်းလို့ ဆယ်အိမ်စုမှုး ကိုသူရလင်း ကိုမေးကြည့်ရာ သူက အုပ်ချုပ်ရေးမှုး ဦးဝင်းကြိုင် မှ ရပ်ကွက်ထဲမှာ မင်းပိုင်တဲ့သူရှိရင်လုပ်လိုက်ဟု ညွှန်ကြားသည့်အတွက် အမျိုးလည်းမကင်းသည့်အတွက် ပြသနာ မရှိလောက်ဘူးထင်လို့ ယခုလို လိုပ်လိုက်တာပါဟု ပြောပြခဲ့ပါတယ်  ယခုလိုပြုလုပ်ခြင်းမှာ အများပြည်သူအခွင့်အရေးရော ကျွန်မတို့မိသားစု အခွင့်အရေးပါ မသမာတဲ့နည်းဖြင့် ရယူတာပဲလို့ ပြောပြီး ကျွန်မတို့ နာမည်စာရင်းငြော်ကြာချက် ကို ကျွန်မ ဒေါ်နုနုလွင် မှ မှတ်တမ်းတင်ဓါတ်ပုံရိုက်ယူထားခဲ့ပြီးဖြစ်ပါတယ် ဓါတ်ပုံရိုက်တာကို တွေ့မြင်သွားသော ရွာဘဲ အုပ်ချုပ်ရေးမှုး ဦးဝင်းကြိုင်မှ  ဆယ်အိမ်စုမှုး ကိုသူရလင်းအား မင်းပိုင်တယ်ဆိုလို့ငါလုပ်လိုက်တာနော် ပြသနာတက်ရင်မင်းကိစ္စမင်းရှင်းဟု ပြောကြောင်းကို ကျွန်မတို့အား ဆယ်အိမ်စုမှုး ကိုသူရလင်း မှ လာရောက်ပြောဆိုလို့သိရှိရပါတယ် ပထမ(၄)လပိုင်း  sim Card  ထုတ်ပေးစဉ်ကာလက ကျွန်မကိုယ်တိုင် ကြားသိခဲ့ရတဲ့ ရွာဘဲ အုပ်ချုပ်ရေးမှုး ဦးဝင်းကြိုင်ပြောစကားရှိပါတယ် ဒီအလုပ် လုပ်ရတာ အာရုံရှုပ်ဖို့ကောင်းတယ် နောက်အပတ်ကျရင် ရပ်မိရပ်ဖ တွေကိုပဲ လွဲပေးတော့မယ်ဟုပြောဆိုခဲ့ပါတယ် ၄င်းပြောဆိုသည့်စကားမှာ ပြသနာတခုခုဖြစ်ခဲ့ပါလျှင် ရပ်ကွက်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီအား အပြစ်ပုံချလိုသောကြောင့် ၀ါဒဖြန့်ပြောဆိုလုပ်ဆောင်တယ်လို့ထင်ပါတယ် ရွာဘဲအုပ်ချုပ်ရေးမှုး ဦးဝင်းကြိုင် အနေဖြင့် ဘယ်လိုပဲပြောပြော sim Card လျှောက်လွှာများ လက်ခံဆောင်ရွက်ရသူမှာ ရပ်ကွက်အုပ်ချုပ်ရေးမှုး နှင့် အဖွဲ့၏တာဝန်သာဖြစ်ပါတယ် ပေးအပ်သည့်တာဝန်ကို ခေါင်းလွဲပြီး တခြားအဖွဲ့အား တာဝန်ပေးလုပ်ဆောင်ခြင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှုးတစ်ဦး၏ ခေါင်းဆောင်ကောင်းစိတ်ဓါတ် လုပ်ရပ်များ ကင်းမဲ့နေပါကြောင်း သိသာစေပါတယ်  sim Card များထုတ်ပေးသည့် အပတ်တိုင်းတွင်လည်း အုပ်ချုပ်ရေးမှုး ဦးဝင်းကြိုင်မှ စားပွဲကြီးပေါ်တွင် ဖလားတစ်လုံးချပြီး သဒါသလောက် အလှူငွေ ထည့်ခဲ့ပါဟု ပြောပြီး အလှူခံလျှက်လည်းရှိခဲ့ပါတယ် ယခုလိုလုပ်ဆောင်နေခြင်းတွေမှာ ကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဥပဒေပါ ပြဌာန်းချက်များ နှင့် ဆန့်ကျင်နေပါကြောင်း  အုပ်ချုပ်ရေးမှုးတစ်ဦးအနေဖြင့် မိမိ၏ ဆယ်အိမ်မှုး ကိုသူရလင်းအား (မင်းရပ်ကွက်ထဲ မှာ ပိုင်တဲ့သူရှိရင်လုပ်လိုက်ပါဟု) ညွှန်ကြားပြောဆိုခြင်းမှာ  ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးတဦးအနေဖြင့် မလျော်သြဇာ သုံးစွဲ ပြောဆိုသည်ဟုယူစမိပါတယ် အများပြည်သူတို့ နှင့် သက်ဆိုင်သော  sim Card များကို နည်းအမျိုးမျိုးဖြင့် ရယူရောင်းစားနေခြင်းမှာလည်း လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်နေတယ်လို့ယူစပါတယ်  အုပ်ချုပ်ရေးမှုးတဦးက မိမိ လက်အောက်မှာရှိတဲ့ ဆယ်အိမ်စုမှုး ကိုသူရလင်းအား (မင်းပိုင်တယ်ဆိုလို့ ငါလုပ်လိုက်တာ ပြသနာတက်ရင် မင်းကိစ္စမင်းရှင်းဟု) ဆိုသည့်စကားမှာလည်း မိမိလုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းပြီး တာဝန်ယူမှု့ တာဝန်ခံမှု့ မရှိခြင်း မှာပေါ်လွင်ထင်ရှားနေပါတယ်  ကာယကံရှင်မိသားစု ၀င်များ မသိဘဲ  sim Card များလျှောက်ထားထုတ်ယူရောင်းစားနေခြင်းမှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်းနေထိုင်သူများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဆိုတဲ့  ပြဌာန်းချက်ကို ဆန့်ကျင်နေပြီး  ရပ်ကွက် ကျေးရွာနေ သူများကို မသမာသောနည်းဖြင့် ရယူခြင်းသာဖြစ်ပါတယ် သို့ဖြစ်ပါသောကြောင့် ကာယကံရှင် မသိဘဲ အလွဲသုံးစားပြုလုပ်နေသည့် ရွာဘဲရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်အား ဥပဒေ နှင့် အညီ စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် တိုင်ကြားအပ်ပါသည်။........... 

                                                                      တိုင်ကြားသူ
                                                                         
                                                                      .... လက်မှတ်ပါရှိသည်.....
                                                                      
                                                                      ဒေါ်နုနုလွင်  (၇/အဖန(နိုင်)၀၁၆၀၇၉
                                                   
ပူးတွဲပါတိုင်ကြားအပ်ပါသည်...

သို့/
ဥက္ကဌ ရပ်ကွက်ဖွံ့ဖြိုးရေးအထောက်အကူပြုအဖွဲ့ ရွာဘဲရပ်ကွက် ပြည်မြို့
ဦးဥာဏ်ဝင်း ၊ ၀န်ကြီးချုပ်၊ပဲခူးတိုင်းဒေသကြီး
ဦးဝင်းမြင့်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ပြည်မြို့
ဦးအံ့မော်၊ခရိုင်အုပ်ချုပ်ရေးမှုး၊ပြည်ခရိုင်၊ပြည်မြို့
ဥက္ကဌ၊N.L.D၊ပြည်မြို့
မြို့နယ်အုပ်ချုပ်ရေးမှုး၊မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ပြည်မြို့နယ်၊ပြည်မြို့
လက်ခံ....

1 comment:

  1. လောဘသားတွေကြောက်ဖို.ကောင်း၏အများအခြေခံကိုယ်ကြိုးရှာသူတွေထိမှကောင်း၏

    ReplyDelete

Facebook Like Page