Saturday, October 10, 2015

အမှားကြားက အမှန်ပြင် မဲဆန္ဒရှင် K3(pyay)

Leave a Comment

အမှားကြားက အမှန်ပြင် မဲဆန္ဒရှင်

K3(pyay)

စက်တင်ဘာ ၁၄-ရက်နေ့မှစတင်ပြီး စက်တင်ဘာ ၂၇ ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားခဲ့သော်လည်း မဲစာရင်းတွေက အရင်မှုလအတိုင်းအမှားတွေပြန်ပါလာပြီး ပထမမဲဆန္ဒရှင်စာရင်းမှာအချက်အလက်မှန်ကန်တဲ့သူတွေတောင် တစ်ချို့အမှားတွေဖြစ်နေလို့ အမှန်ပြန်ပြင်နေခဲ့ရတယ်။ဒီမဲဆန္ဒရှင်စာရင်းစတင်ကြေငြာခါစကလည်း မဲစာရင်းကပ်ဖို့နေရာမလုံလောက်တဲ့အတွက် ဆန္ဒမဲစာရင်းတွေကို အမြင့်တွေမှာ စာလုံးသုံးလေးတွေ့နဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးရုံးတွေမှာကပ်ထားတာတွေကြောင့် ဆန္ဒမဲစာရင်းကြည့်ရှု့သူတွေအတွက်အခက်ခဲတွေကြုံတွေ့ခဲ့ရတယ်။ပထမမဲဆန္ဒရှင်စာရင်းတွေအမှန်ပြင်ရန်ပေးပို့ခဲ့သော်လည်း အမှန်ပြင်တာတွေရှိခဲ့သလို အမှန်မပြင်လိုက်တာတွေလည်းပါလာနေတာတွေ့နေရတယ်။ယခု လာမည့် ၂၀၁၅ နိုဝင်ဘာလ ၈-ရက်နေ့မှာ ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းအတွက် ပါတီစုံဒီမိုကရေစီစနစ်ထပ်မံရွေးချယ်တင်မြောက်ရတော့မည်ဖြစ်သည်။ တကယ်တော့ ဒုတိယအကြိမ်ဆိုတာ ပထမအကြိမ်ထက်စာရင် အမှားတွေနည်းရလိမ့်မယ်လို့ ယူစမိပါတယ်။ ပထမစာရင်းမှအချက်အလက်မှန်သူတွေဘာကြောင့် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းမှာ မှားကုန်ကြတာလည်းဆိုတာ ပြည်သူတွေအတွက်မေးစရာမေးခွန်းတွေဖြစ်လာနေပါတယ်။မဲဆန္ဒရှင်စာရင်းအလွယ်တကူရှာလို့ရအောင်ဆိုပြီး အက္ခရာအစဉ်လိုက် အမည် တိုက် နေရပ်လိမ်စာတွေစီပြီးပြန်ချပေးလာတော့ မိသားစုတွေတစ်ကွဲတစ်ပြား တစ်ယောက်တွေ့ တစ်ယောက်မတွေ့နဲ့ ပိုဆိုးကုန်ကြပါလေရောဗျာ။

ရွေးကောက်ပွဲကော်မရှင်ကပြောတဲ့ ဒီတစ်ခေါက် မဲဆန္ဒရှင်စာရင်းမှာ အမှားတွေပြန်ပါလာတာ ရွေးကောက်ပွဲကော်မရှင်ကသုံးနေတဲ့ ဆောလ့်ဝဲလ်ကို အဆင့်မြှင့်တင်လိုက်တာကြောင့်ပြောတော့ အတော်လေးစိတ်ပျက်မိပါတယ်။ ဒီလိုအရေးကြီးကာလမှာ ဆောလ့်ဝဲလ်ကိုအဆင့်မြှင့် မှုလစာရင်းတွေအဲဒိဆော့လ်ဝဲလ်နဲ့ပြုလုပ်ရေးသားခဲ့တုန်းကလည်း ဆော့လ်ဝဲလ်သုံးစွဲသူတွေ အိပ်ရေးပျက်မှု နေ့မအားညမနား တစ်နေရာထဲစာရွက်တွေကြည့်ပြီးစာရိုက်နေရတာတွေကြောင့် မှားခဲ့တာလည်းပါတယ်လို့ သက်ဆိုင်ရာရွေးကောက်ပွဲတာဝန်ရှိသူတွေ တွေ့ဆုံပွဲတစ်ခုမှာပြောသွားတယ်။နောက်ဆုံး ယခုလက်ရှိမဲဆန္ဒရှင်စာရင်းက အမှားပြင်ဆင်ချက်တွေပြီးရင်တော့ အေဖိုးစာရွက်တစ်မျက်နှာကို မဲဆန္ဒရှင်အမည် ၁၀-ဦးသာကပ်သွားမယ်လို့ဆိုပါတယ်။ ဒါဆို အခုလက်ရှိပြည်သူတွေ အမှားပြင်ဆင်ချက်တွေ ထပ်လုပ်ပိုင်ခွင့် အခွင့်အရေးနောက်ဆုံးတစ်ကြိမ်ကျန်နေသေးပါတယ်။ ယခုလက်ရှိမဲဆန္ဒရှင်စာရင်းမှာ အချက်အလက်မှားသူတွေ ထပ်မံပြင်ဆင်ဖို့တောင် စိတ်ပျက်နေခြင်းဟာ ရွေးကောက်ပွဲကော်မရှင်မှာအဓိကတာဝန်ရှိနေပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ လာမည့်ရွေးကောက်ပွဲအတွက် လုံလောက်သော ငွေချထားပေးဖို့လည်းလိုအပ်နေပါတယ်။ ပြည်သူတွေအနေနဲ့ ဆန္ဒမဲ တစ်မဲကိုတောင်ထည့်ဖို့ တာဝန်မကြေခဲ့ဘူးဆိုရင် ကိုယ့်အပေါ်ကိုလည်း တာဝန်ကြေတဲ့ အစိုးရကို မမျှော်လင့်ပါနဲ့လို့ပြောရမလိုဖြစ်နေပါတယ်။ ဆရာကြီး ဦးအောင်ကြည် ပြောဖူးတဲ့စကားရှိပါတယ် “ကိုယ့်ပခုံးပေါ်မှာရှိတဲ့တာဝန်” လို့ဆရာက ခေါင်းစဉ်ပေးထားပါတယ်။ အဖေက (တိုက်) သားကျတော့ (တဲ)မြေးကျတော့ (ပလက်ဖောင်း) မဖြစ်စေနဲ့။ ကိုယ့်မျိုးဆက် တစ်ခုလုံးရဲ့ တာဝန်ဟာ ကိုယ့်ပခုံးပေါ်မှာရှိနေတယ်။ တာဝန်ယူတတ်ရင် ကြေသလို တာဝန်မယူတတ်တဲ့ သူတွေကြောင့် ကောင်းမွန် သန့်ရှင်းတဲ့အစိုးရတစ်ရပ်ကို ပြီးစလွယ်မရွေးချယ်သင့်ပါဘူး။

အစိုးရဖြစ်စေ အတိုက်အခံဖြစ်စေ နိုင်ငံအကျိုး အမျိုးသားအကျိုး သာသနာအကျိုးမကြည့်ပဲ မိမိပါတီ နှင့် မိမိအတွက်သာကြည့်ပြီး ဆန္ဒမဲပေးပါကလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေအုံးမယ်ဆိုတာမေ့မထားသင့်ပါဘူး။ ဧည့်စာရင်းစစ်ချိန်တုန်းကတော့ ခြင်ထောင်ထဲကလူတောင်မကျန်အောင်စစ်ကြတာပဲ။ ဆန္ဒမဲစာရင်းကျတော့မှ တစ်အိမ်လုံး တစ်ယောက်မှမပါဘူးဆိုသလိုဖြစ်နေပါတယ်။တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒမဲပေးခွင့်ရနိုင်ရေးအင်မတန်အရေးကြီးပါတယ်။ဆန္ဒမဲ ပေးပိုင်ခွင့်ရရှိထားသူတိုင်း ဆန္ဒမဲမဖြစ်မနေသွားပေးသင့်ပါတယ်။ ငါ့ဘာသာငါပေးချင်ပေးမယ် ဒါငါ့အခွင့်အရေး မပေးချင်မပေးဘူး ဆိုတဲ့ အခွင့်အရေးနဲ့မတူတဲ့ အခွင့်ထူးခံ မဖြစ်ဖို့လည်းအရေးကြီးနေပါပြီ။ ရရှိထားတဲ့ ဆန္ဒမဲပေးပိုင်ခွင့်အခွင့်အရေးကို သေချာစီစစ်ရွေးချယ်ပြီး အနာဂတ် အတွက် မိသားစု၊မြို့နယ်၊နိုင်ငံအတွက် မိမိရဲ့လက်ထဲမှာကိုင်ဆောင်ထားသည့် ဆန္ဒမဲတစ်ပြားကို သေချာစနစ်ကျစွာရွေးချယ်ပေးစေလိုပါတယ်။ ဆန္ဒမဲပေးရမယ့် အချိန် မိမိလက်ထဲသို့ ဆန္ဒမဲလက်မှတ်(မဲပြား)ရလျှင် ဆောင်ရွက်ရမည့်အချက်တွေရှိနေပါတယ်။ ဆန္ဒမဲလက်မှတ်(မဲပြား)ကို မိမိမှတ်ပုံတင်ပြပြီး ထုတ်ယူပါ။ကိုယ်စားလှယ်လောင်း၊ပါတီအမည်တွေ အရင်မရှာပါနဲ့ မဲပြားကို အရှေ့အနောက် တရားဝင် မဲပြားဟုတ်မဟုတ်သေချာစစ်ဆေးပါ။ကော်မရှင် တံဆိပ်တုံး နဲ့ မဲရုံးမှူးလက်မှတ် ပါမပါသေချာစစ်ပါ။အစွန်းအထင်း၊အမှတ်အသားအပို၊ခေါက်ရာ၊အပေါက်အပြဲ ပါမပါစစ်ဆေးပါ။ချွတ်ယွင်းချက် တစ်စုံတစ်ရာရှိနေခဲ့လျှင် ချက်ချင်းလဲလှယ်ဖို့က ဆန္ဒမဲတစ်ပြားပေးပိုင်ခွင့်ရှိသူတွေ့ရဲ့ မဖြစ်မနေဆောင်ရွက်ရမည့်အချက်တွေပါ။

စနစ်ဆိုးထဲမှာ မွေးလာတာ ကိုယ့်အအပြစ်မဟုတ်ပါဘူး။ ပြောင်းလဲချိန်မှာ မပြောင်းလဲပစ်ခဲ့ရင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိပါရက်နဲပ ဆန္ဒမဲမပေးခဲ့ရင် စာရင်းအမှားတွေကို စာရင်းအမှန်မပြင်ခဲ့ဘူးဆိုရင်တော့ မိမိတို့အပြစ်ဆိုတာဖြစ်သွားပါလိမ့်မယ်။ကြီးလိုက်တဲ့ရေ ပျက်လိုက်တဲ့မီး ဆိုးလိုက်တဲ့လမ်း ဖြိုလိုက်တဲ့တောင် မှောက်လိုက်တဲ့ကား စသည့် စသည့်ကိစ္စများစွာထဲမှ ဆင်းရဲတွင်းကြီးထဲကပြန်မတက်နိုင်အောင်ထပ်မဖြစ်ဖို့လို့ပါပြီ။ နှီး တစ်ချောင်းလိုချင်ပေမယ့် ၀ါးတစ်ပင်လုံးခုတ်ရတာပါပဲ။ရည်ရွယ်ချက် တစ်ခုရဖို့အတွက်  ကြိုးစားခြင်းအများကြီးအသုံးပြုရပါတယ်။ ဆန္ဒမဲတစ်ပြားဟာ နှီးတစ်ဖျားလောက်ဆိုပေမယ့် ကိုယ့်မိသားစု အနာဂတ်မျိုးဆက်တွေ မြို့နယ်တွေ နဲ့ နိုင်ငံအတွက် တန်ဖိုးကြီးမားတယ်ဆိုတာသိထားကြပြီးသားပါး။အမှားတွေများနေတဲ့ ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်စာရင်းတွေ နောက်ထပ်မမှားဖို့လိုသလို ဆန္ဒမဲပေးပိုင်ခွင့်ရရှိထားသူလည်း ဆန္ဒမဲ ပေးရန်မပျက်ကွက်ပါနဲ့လို အလေးထားရေးသားရပါသည်။


ပြည်သတင်း
www.facebook.com/pyaynews


0 comments:

Post a Comment

Facebook Like Page