ပြည် စက်တင်ဘာ ၁၉.
ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့က၊တင်ဟော့အထည်ချုပ်(ဇာပန်ထိုး)စက်ရုံကအလုပ်သမားခေါင်းဆောင်တစ်ယောက်ကို အလုပ်ထုပ်ပြစ်ခြင်းနှင့်တစ်နေ့လုပ်ခ(၃၆၀၀)ကိုမပေးနိုင်တာကြောင့်၊အလုပ်ရှင်နှင့်အလုပ်သမားပဋိပက္ခဖြစ်ပွားခဲ့ကြောင်းသိရသည်။သာယာဝတီခရိုင်၊ကြို့ပင်ကောက်မြို့က၊ဈေးချိုမြောက်ရပ်ကွက်၊မင်းလမ်းမှာရှိသည့် တင်ဟော့ အထည်ချုပ်(ဇာပန်းထိုး)စက်ရုံမှာ၊လုပ်ခ၊လစာ ဒုတိယအကြိမ်၊ တိုးတောင်း တာနှင့်ပက်သတ်ပြီး ဦးဆောင်သူ မချယ်ရီမြင့် ကိုအလုပ်ထုပ်လိုက်ပြီး၊နိုင်ငံတော်က တရားဝင် သတ်မှတ်ပေးထားသည့်၊တစ်နေ့လုပ်ခ(၃၆၀၀)ကျပ်၊ကို မပေးနိုင်တာကြောင့်၊စက်ရုံပိတ်သိမ်းဖို့ကို သဘောတူလိုက်ကြပြီး၊စက်တင်ဘာလ(၁၈)ရက်နေ့ကစပြီးအဆိုပါအလုပ်ရုံပိတ်သိမ်းထားလိုက်ကြောင်းသိရသည်။
“မချယ်ရီမြင့်ကိုအလုပ်ထုပ်လိုက်တာလဲမကျေနပ်ဘူး၊ဒါကြောင့်သူတို့ထွက်သွားလဲ၊နောက်ကုပ္မဏီတခုကိုပဲမျှော်လင့်ပါတယ်။လခထုပ်တယ်ဆိုရင်၊ဘာမှသုံးဖို့မကျန်ဘူး။ဟိုဟာဖျက်ဒီဟာဖျက်နဲ့ပဲ၊ကုန်တော့တာပဲ၊ကိုယ်တွေကစေတနာနဲ့လုပ်ပေးပေမဲ့သူတို့ဘက်ကကိုယ့်ဘက်ကိုဘာမှလုပ်ပေးတာမရှိဘူး” ဟု စက်ရုံအလုပ်သမား မသီရိ ကပြောသည်။
အဆိုပါစက်ရုံတွင်အလုပ် လုပ်ကိုင်ကြသည့် အလုပ်သမားတွေက အလုပ်ရှင်တွေထုပ်ထားသည့်စည်းကမ်းများမလိုက်နာခဲ့ရင် ရရှိသည့်လုပ်အားခထဲမှ ဖြတ်ခြင်းခံရပြီး နိုင်ငံတော်မှသတ်မှတ်ပေးထားသည့် လုပ်အားခကိုတော့ ယနေ့အချိန်အထိမပေးပဲချိုးနှိမ်ချင်းခံရသည်ဟု အဆိုပါစက်ရုံအလုပ်သမားတစ်ချို့ကပြောသည်။
“သမီးတို့အမကြီးကိုအလုပ်ထုပ်ပြစ်တာကိုလက်မခံနိုင်ဘူး။ အစိုးရက ထုပ်ထားတဲ့ တရားဝင်လုပ်အားခကိုလည်းလိုချင်တယ်။ ဒါတွေကို နားမလည်တော့ဒီအမကြီးကိုပဲမေးရတာ။ အလုပ်ရှင်က ဒါတွေကတရားမ၀င်ဘူးပဲဖြေနေတယ်။ ဒါပေမဲ့၊ဒီနေ့အထိ ၊လေဘာကြေးကအစ ပေးနေရတယ်။” ဟု အဆိုပါစက်ရုံအလုပ်သမား မအေးအေးအောင်ကပြောသည်။
“လစာတွေဖျက်တဲ့ကိစ္စ၊ အလုပ်သမားတွေရပိုင်ခွင့် တွေကို မကြာခဏသူတို့၊တာဝန်ခံတွေနဲ့ ခဏခဏပြောတာတွေကြောင့်၊အငြိုးထားပြီး၊အလုပ်ထုပ်ပြစ်တာခံရတယ်။ဘာလို့အလုပ်ထုပ်သလဲဆိုတော့ ပထမ စကားများလို့၊နောက်တော့အချက်(၃)ချက်ကိုကျူးလွန်လို့ ဆိုပြီးစွပ်စွဲ ပြီးအလုပ် ထုပ်တယ်၊အဲဒိအလုပ်ထုပ်စာကို လက်မခံခဲ့ဘူး၊ကျမ အနေနဲ့မြန်မာ အမျိုး သမီးတယောက်ကိုကာယအိနြေ္ဒပျက်ပြားအောင်ခွေးမောင်သလိုမောင်းထုပ်တာကို၊တရားပြန်စွဲချင်ပါတယ်။ “ဟု အဆိုပါစက်ရုံမှအလုပ်ထုတ်ပစ်ခြင်းခံရသူ အလုပ်သမားခေါင်းဆောင် မချယ်ရီမြင့်က ပြောသည်။
အဆိုပါစက်ရုံကို ကြို့ပင်ကောက်မြို့မှာ၊၂၀၁၄-ခုနှစ်၊နိုဝင်ဘာ(၁၉)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီးအလုပ်သမား(၁၆၀)ကျော်ရှိကြောင်းသိရသည်။အဆိုပါစက်ရုံစတင်ဖွင့်လှစ်ခဲ့စဉ်က တရားဝင် ခွင့်ပြုမိန့်မရှိ ပဲဖွင့်လှစ်နေခဲ့တာဖြစ်ပြီး၊ပြီးခဲ့တဲ့လကမှ၊တရားဝင်ခွင့်ပြုမိန့်လိုင်စဉ်ရရှိခဲ့ကြောင်းသိရသည်။
“သူတို့အလုပ်က ဇာထိုးပန်းထိုးအလုပ်ဖြစ်လို့၊အနေ့ကို(၃၆၀၀)ကျပ်မပေးနိုင်ဘူး၊အလုပ်သမားတွေကလဲ၊နိုင်ငံတော်ငသတ်မှတ်ထားတဲ့ဈေးရမှဆိုတော့၊ညှိနှိုင်းလို့မရတော့၊အလုပ်ရုံပိတ်သိမ်းခိုင်းလိုက်ရတော့တာပေါ့။ ဟု “ သာယာဝတီခရိုင် အလုပ်ရုံနှင့်အလုပ်သမားစီစစ်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကပြောသည်.
အဆိုပါစက်ရုံတွင် ပြီးခဲ့သည့်ဇူလိုင်(၉)ရက်နေ့မှာလည်း ၊ဇီးကုန်းမြို့က(တင်ဟွာဇာထိုးပန်းထိုး)စက်ရုံမှ အလုပ်သမား(၄၀၀)ကျော်လုပ်အားခကိစ္စနှင့်တောင်းဆိုမှုများပြုလုပ်ခဲ့ပြီးနောက်တစ်ရက် တစ်ဆက်တည်းမှာ ၊ကြို့ပင်ကောက်မြို့က တင်ဟော့ (ဇာဖောက်)စက်ရုံကအလုပ်သမား(၁၆၀) ကျော်တို့မှ တနေ့လုပ်ခ(၁၀၀၀)ကျပ်ပဲရတာကြောင့်၊တိုးမြင့်ပေးဖို့ နှင့် အခြားတောင်းဆိုချက်(၁၄)ချက်။တို့ ကို တောင်းဆိုရင်း၊အလုပ်ရုံထဲမှာပဲ၊အလုပ်မလုပ်ပဲ၊သပိတ်မှောက်ခဲ့ကြပါတယ်။ ယခုအခါမှာ အလုပ်သမားခေါင်းဆောင်တယောက်ကိုထုပ်ပြစ်လိုက်ခြင်း နှင့် နိုင်ငံတော်က၊ပြဋ္ဌာန်းလိုကသည့် တနေ့လုပ်ခ(၃၆၀၀)ကိုပေးဖို့၊အလုပ်ရှင်ဖက်ကငြင်းဆိုနေတာကြောင့်၊ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၇)ရက်နေ့မှာပဋိပက္ခဖြစ်ပွားခဲ့ပြီ။၊ အလုပ်ရုံပိတ်သိမ်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်းသိရသည်။
ဓါတ်ပုံရိုက်ခွင့်မရခဲ့ပါ။မှုလအဆိုပါသတင်းပေးပို့ဘူးပါတယ်။ထိုပုံများသုံးပါကပြန်လည်သုံးနိုင်ပါတယ်ဆရာ။
K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ



0 comments:
Post a Comment