19.9.2015
မိုးများဆက်တိုက်ရွာသွန်းမှုကြောင့် ရွှေတောင်မြို့ အထက်တန်းကျောင်းတွင် ရေများဝင်ရောက်နေပြီး ကျောင်းသား/သူနှင့် ဆရာ/ဆရာမများ အခက်တွေ့နေကြောင်းသိရပါသည်။
အဆိုပါ ရေဝင်ရောက်မှုနှင့်ပတ်ငက်ပြီး
ရွှေတောင်မြို့ ဒေသခံတစ်ဦးသို့ မေးမြန်းရာ
"" မြစ်ရေတက်ခြင်းမဟုတ်ပါ ။ မိုးများ၍ ရေဝင်နေခြင်းပါ။
ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ
သွားလာရေး လွယ်ကူစေရန်
ရေစီး ရေလာကောင်းမွန်ရေး
သက်ဆိုင်ရာမှ ဆောက်ရွက်သင့်ပါကြောင်း ""
ပြောကြားခဲ့ပါသည်။
နောက်ထပ် ဒေသခံတစ်ဦးမှလည်း
"" မိုးများလို့ ရေကြီး ရေနစ်တာကို လက်ခံပါတယ်
ဒီလောက်ထိတော့ မြုတ်ဖို့မကောင်းပါဘူး
စည်ပင် အင်္ဂျီနီယာတွေနဲ့ လွှတ်တော်အမတ် ဦးနေဦးတို့လာကြည့်တယ်
( ပီးခဲ့တဲ့တပါတ်က ) ရေမြောင်းတွေပိတ်တယ်ရေထွက်ပေါက်တွေပိတ်တယ်
ဒါကိုလုပ်ဖို့ပြောကြတယ် ဆွေးနွေးကြတယ် အကောင်ထည်ပေါ်မလာဘူး
ခုလိုဟန်ပြ ကြည့်ပီးမလုပ်ပါနဲ့တဲ့ တကယ် ဆောင်ရွက်စေချင်ကြတယ် ရေထွက်ပေါက်ကို ကျနော်ဝိုင်ြး့ပပါမယ် ""
ဟု ယခုလို ပြောကြားခဲ့ပါသည်။
ဓာတ်ပုံ - Hlwan moe (ရွှေတောင်)
ပြည်သတင်း
Pyae Phyo Pyay



0 comments:
Post a Comment