ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်းကျေးရွာတွင်
ကလေးခြင်းလူသတ်မှုဖြစ်ရာမှ ကက်သလစ်သီလရှင်ကျောင်း အဆောက်အအုံတွင်း ၀င်ရောက်ဖျက်ဆီးခံရ
ပေါက်ခေါင်း၊
စက်တင်ဘာ ၂၈
ပဲခူတိုင်းအနောက်ပိုင်းဒေသကြီး၊
ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်းကျေးရွာတွင် ကလေးငယ်ချင်းလူသတ်မှုဖြစ်ရာမှ
ကက်သလစ်သီလရှင်ကျောင်းအဆောက်အအုံတွင်း ၀င်ရောက်ဖျက်ဆီးခံရသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း
သတင်းရရှိသည်။
စက်တင်ဘာလ
၂၇ ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်နှင့် ဆယ်ငါးမိုင်ခန့်အကွာရှိ ပြည်-ပေါက်ခေါင်း-တေင်ငူလမ်းဘေး
တောင်လယ်အုပ်စု၊ ညောင်ဝန်းကျေးရွာရှိ ကက်သလစ်သီလရှင်ကျောင်းအတွင်းသို့ ညရှစ်နာရီခွဲခန့်က
ယင်းကျေးရွာဒေသခံအချို့နှင့် အခြားကျေးရွာများမှ လူအချို့ဝင်ရောက်ခဲ့ပြီး လေးနှစ်အရွယ်မိန်းကလေး
အသက်ခံရမှုကိုကျေနပ်ခြင်းမရှိ၍ ကျောင်းအတွင်းရှိ ပရိဘောဂပစ္စည်းများ၊ နှင့်ဘာသာရေးဆိုင်ရာ
အသုံးဆောင်များ သီလရှင်များ၏အိမ်ခန်းဆောင်များ ကလေးများထားရှိရာအဆောင်များကို ဖျက်ဆီးသွားခဲ့ကြပြီး
ကိုးနာရီကျော်ကျော်တွင်ပြန်လည်ထွက်ခွါသွားခဲ့ကြောင်း မျက်မြင်ကြုံတွေ့လိုက်ရသည့် ဒေသခံများထံကသိရသည်။
“ ညကတော့ကျောင်းကိုလူအချို့ရောက်လာတယ်
လုံခြုံရေးယူထားတဲ့ဒေသခံရဲအချို့လည်းရှိ ရောက်လာတဲ့လူတွေက သတ်သွားတဲ့တရားခံဘယ်သူလည်း
ဘာလို့သတ်တာလည်းကျွန်တော်တို့ကို ရှင်းပြပါလို့ ပြောတယ် ရဲနဲ့စကားပြောနေကြရင်းထိုင်ခိုင်းတော့
ကျွန်တော်တို့မထိုင်နိုင်ဘူး တရားခံမဟုတ်ဘူး လို့ပြောကြတယ် မနေ့ကမှဖမ်းမိတာဆိုတော့စစ်ချက်ကယူတုန်းလို့ပြောဆိုနေကြတုန်းမှာ
တစ်ဖက်ကိုထိန်းနေတုန်းမှာ တဖက်ကရောက်လာတဲ့လူအုပ်ကြီးက၀ုန်းဝုန်းဆိုပြီး ၀င်ဖျက်ဆီးကြတာပဲ
ကိုးနာရီကျော်လောက်မှာထွက်သွားကြတယ် ကျွန်တော်တို့ကလည်းကျေးရွာခံဆိုပေမယ့် ၀င်မထိန်းရဲဘူး
အုပ်ချုပ်ရေးပိုင်းကလူတွေရယ်၊ ရဲတွေရယ်တောင်ဝင်တားလို့မရဘူး ဘေးရှောင်နေကြရတာလေ အင်အားဘယ်လောက်ဆိုတာမသိဘူး
တစ်စုပြီးတစ်စုတော့ရောက်လာကြတယ် သိတာကတော့ညနေပိုင်းကတည်းကသတင်းကရနေပြီး အုပ်ချုပ်ရေးပိုင်းကကြိုစဉ်းစားထားဖို့သင့်တယ်
ဖြစ်တဲ့အချိန်မှာ ရဲအင်အားငါးယောက်လောက်ပဲရှိတယ် အုပ်ချုပ်ရေးပိုင်းကနည်းနည်းပေါ့”
ဟု ဖျက်ဆီးခံလိုက်ရသည့် ကျောင်းအနီးတွင်နေထိုင်သည့် ကိုမျိုးဦးကပြောသည်။
ယင်းကက်သလစ်သီလရှင်ကျောင်းတွင်
အနီးနားကျေးရွာများမှ ဘာသာတူနွမ်းပါးချို့တဲ့ကလေး ဆယ့်သုံးဦးကို ခေါ်ယူစောင့်ရှောက်ကျောင်းထားပေးနေပြီး
ယင်းတို့အထဲမှအသက်ခံလိုက်ရသည့်ကလေးငယ်မှာ မ-----(လေးနှစ်)၊ ဖြစ်ပြီး သတ်ဖြတ်လိုက်သည့်
အသက်ဆယ့်လေးနှစ်ရွယ်မောင်-------မှာ မကြာခင်ရက်ပိုင်းအတွင်းကမှ ယင်းကျောင်းသို့
HIV မိသားစုများထဲကကူးစက်ခံရမှုကင်းဝေးစေရန် NGO အဖွဲ့စည်းတစ်ခု၏အကူညီအစီစဉ်ဖြင့် ရောက်ရှိလာသည့်ဗုဒဘာသာဝင်မာင်နှမနှစ်ဦးထဲမှဖြစ်ကာ
မ------မှာ လွန်ခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့ကကျောင်းမှပျောက်သွားခဲ့ရာ မိဘဆွေမျိုးများနှင့်သီလရှင်ကျောင်းမှတာဝန်ရှိသူ
များက၀ိုင်းဝန်းရှာဖွေသော်လည်း မတွေ့ရှိပဲ စက်တင်ဘာလ ၂၇ ရက်နေ့ညနေ သုံးနာရီခွဲခန့်ကမှ
အဆိုပါကျောင်းဝင်းအတွင်းရှိမယ်တော်ရုပ်တုရှိရာတောင်ထိပ် ခြုံနွယ်များအကြားတွင်တွေ့ရှိရာမှ
ဒေသခံများနှင့် တင်းမာမှုဖြစ်ပွားကာ ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကျောင်း၏တာဝန်ရှိသူများထံကသိရသည်။
“ ကလေးပျောက်သွားတော့ကျွန်တော်တို့တွေကော
မိဘတွေ၊ ရဲတွေပါနေရာတော်တော်များများမှာ လိုက်ရှာကြပါတယ် မတွေ့ဘူးမနေ့ကမှအပုပ်နံ့ရလို့မယ်တော်ရုပ်ထားရာတောင်ကုန်းပေါ်ကိုတက်ကြည့်တော့
သေဆုံးနေတဲ့ကလေးကိုတွေ့ရတော့ ရဲတွေကိုခေါ်အကြောင်းကြားပြီး ကလေးအလောင်းရယ် ရွာထဲကသံသယရှိနေတဲ့
ခေါ်ထိန်းသိမ်းထားတဲ့မောင်နှမနှစ်ဦးရယ်ကို ညနေလေးနာရီလောက်မှာ ကျောင်းကနေပေါက်ခေါင်းမြို့ကိုပို့ပါတယ်
အဲအချိန်ကတည်းကရွာကခဲတွေနဲ့စထုနေပြီ ဒါနဲ့လုံခြုံအခြေနေအရ စစ်စတာတွေပါမြို့ကိုပြောင်းနေကြတယ်
ညကျတော့အဲလိုဖြစ်သွားတာပဲ” ဟု ကက်သလစ်ကျောင်းအားကူညီ ထောက်ပံ့ပေးနေသည့်ဦးငွေမျိုးကပြောသည်။
ယင်းဖြစ်စဉ်များနှင့်ပက်သက်ပြီး
လက်ရှိဖြစ်ပေါ်နေသည့်အခြေနေများအား “ ဒီဖြစ်စဉ်ကတော့ကလေးသူငယ်တစ်ယောက်ရဲ့မိဘနဲ့ကင်းကွာနေတဲ့စိတ်ဖြစ်စဉ်အရဖြစ်ပေါ်လာတာဖြစ်တယ်
ဟိုးအရင်ရာဇ၀တ်ပြစ်မှုတွေအရ နောက်ခံဘက်ကရာင်းနဲ့ဖြစ်ပေါ်လာတာမဟုတ်ပါဘူး ဒါမျိုးတွေကဒီဒေသမှာ
ဖြစ်တတ်တဲ့ဖြစ်စဉ်မဟုတ်ဘူး ဒီဒေသကလူတွေရဲ့ဒေါသအလျောက်ဖြစ်တာလည်းမဟုတ်ဘူး ဒေသခံကလေးငယ်တစ်ယောက်ဖြစ်သွားတာတဲ့အပေါ်မှာ
စိတ်အချဉ်ပေါက်ပြီးဝုန်းကနဲ့ထဖြစ်သွားတာပါ ဒါမှာလည်းထိခိုက်ပျက်စီးအောင်မီးရှိုးဖျက်ဆီးတာမဟုတ်ဘူး
အတင်းဝင်ရောက်ပြီးလုပ်သွားတယ် အခုမှာတော့ရွာကအဖွဲ့တွေနဲ့ဆွေးနွေးပြီးတော့ ပြန်ပြီးအေးချမ်းသွားတဲ့အခြေနေကိုရောက်သွားပါပြီ
လုံခြုံရေးလည်းစိတ်ချရအောင်ဆောင်ရွက်ထားပြီးပါပြီ” ဟု ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးအောင်သက်နိုင်က
ပြောသည်။
လက်ရှိအခြေအနေအရ
လူသတ်မှုကျူးလွန်ခဲ့သည့်မောင်သက်ပိုင်ဦးအား ပေါက်ခေါင်းမြို့နယ်ရဲစခန်းတွင် ကလေးသူငယ်ဥပဒေအရ
ထိန်းသိမ်းစောင့်ရှောက်ထားပြီး ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ အရအမှုဖွင့်စစ်ဆေး ဆောင်ရွက်လျှက်ရှိပြီး
ယင်းဒေသတွင်းအဆိုပါဖြစ်စဉ်မျိုးယခင်ကတစ်ကြိမ်မျှ ဖြစ်ပွားခဲ့ဖူးခြင်းမရှိသေးကြောင်း
သိရသည်။
ဝေလင်း(ပြည်)
The Daily ELEVEN (၂၉.၉.၂၀၁၅) ထုတ်တွင်ဖော်ပြပြီး
0 comments:
Post a Comment