Tuesday, September 29, 2015

ရင်သား ဋီကာ

Leave a Comment



သရ၀ဏ်(ပြည်)

လွန်ခဲ.သော ဆယ်နှစ်ခန်.က ကျွန်တော်ဧည်.လမ်းညွှန်အဖြစ်လိုက်ပါဆောင်ရွက်ရသော အင်္ဂလန်နိုင်ငံမှ Tour Leader ခေါ်နိုင်ငံခြားသားအဖွဲ.ခေါင်းဆောင် အဖိုးကြီးတစ်ယောက်နှင်.ရောက်တတ်ရာရာစကားပြောရင်းမိန်းကလေးတွေအကြောင်းရောက်သွား၏ (စကားကလဲစပ်ပဲစပ်မိပါ.) ။ ထိုအခါ အင်္ဂလိပ်ကြီးကပြောသည်မှာ

“ မစ္စတာညီညီ ၊ မောင်ရင်တို.ဆီက မိန်းကလေးတွေဟာချောကြလှကြပါပေတယ် ၊ ဒါပေမယ်.နိုင်ငံတကာနဲ.ယှဉ်ရင်တစ်ခုခုလိုနေတယ်လို. မင်းမထင်ဘူးလား “

“ ဘာထင်ရမှာလဲဗျာ ၊ အားလုံးကောင်းနေသားပဲ “

“ မဟုတ်ဘူးကွ မင်းသတိထားမကြည်.လို. ၊ ဒါမှမဟုတ် သတိမထားမိတာဖြစ်လိမ်.မယ် ၊ အနောက်တိုင်းသူတွေနဲ.ယှဉ်ရင် ၊အိုကွာ အနောက်တိုင်းမှမဟုတ်ပါဘူး ဗီယက်နမ်တို. ၊ အိန္ဒိယတို. ၊ထိုင်းတို.နဲ.ပဲယှဉ်ကြည်. မြန်မာနိုင်ငံကမိန်းကလေးတွေဟာ ရုပ်ချောပေမယ်. သူတို.ရင်သားတွေဟာ မရှိသလောက်သေးငယ်နေကြတယ်ကွ ၊ ငါသတိထားမိတာကြာပြီ ၊ မင်းနဲ.စကားမစပ်မိလို.မပြောဖြစ်တာ “

“ ဟုတ်ရဲ.လားဗျာ “

“ ဟုတ်တယ်ကွ ငါကကျန်းမာရေးရှုထောင်.ကပြောနေတာ တမျိုးမထင်နဲ.ဦး ၊မင်းတို.နိုင်ငံကကောင်မလေးတွေဟာ ရင်သားကိုလိုတာထက်တုပ်နှောင်ထားသလိုပဲ ၊ဖွံ.ဖြိုးခွင်.ကြီးထွားခွင်.မရှိရှာဘူး ၊ ဒါကိုရှက်စရာလို.သဘောထားနေကြပုံရတယ် “

သူပြောမှပဲကျွန်တော်သည် သူ.အဆိုကိုခွဲခြမ်းစိတ်ဖျာရန်မိန်းကလေးတွေမြင်မြင်သမျှကိုအနုလုံပဋိလုံသုံးသပ်ကြည်.ရှုရာ နှာဘူးဟုကျွန်တော်.မိန်းမအပါအ၀င်အမျိုးသမီးအချို.၏ကဲ.ရဲ.ရှုတ်ချခြင်းကိုခံရခြင်းမှတပါး ကျွန်တော်သိချင်သောအချက်အလက်ကိုအတော်အတန်ခန.်မှန်းမိလေသည် ။ ဟုတ်ပေသည် ၊ ဟုတ်ပေစွတကား ။

ကျွန်တော်တို.ဗမာမများသည် ဘီကီနီကဲ.သို.သောရေကူးဝတ်စုံများကို အများမြင်သာသောနေရာများတွင်ဝတ်ဆင်သွားလာခြင်းမရှိသလောက်နည်းသဖြင်. မိန်းကလေးအချင်းချင်းပင် တစ်ယောက်၏ အနေအထားကိုတစ်ယောက်ကသတိပြုမိသူနည်ပါးလှသည် ။ ရင်သားလှခြင်းမလှခြင်း ၊ ဖွံ.ထွားခြင်းမဖွံ.ထွားခြင်းကိုမည်သူကမှအရေးအရာလုပ်၍ စကားထဲပင်ထည်.မပြောသောကြောင်. ထိုအရာမှာ ကျန်းမာရေးအတွက်ရော ၊အလှအပအတွက်ပါ တိမ်မြုပ်ပျောက်ကွယ်နေပါသည် ။

သို.သော်လောကကြီးကဒီလိုမနေပါ ။ဟောလာပါပြီ ။ မယ်စကြာဝဋ္ဌာပြိုင်ပွဲတဲ. ၊ Miss International ပြိုင်ပွဲတဲ. ၊ Miss Tourism ပြိုင်ပွဲတဲ. ၊ Beauty Contest တဲ. ၊ မယ်အင်္ဂါဂြိုဟ်ပြိုင်ပွဲတဲ. ၊ ဘာပွဲညာပွဲ မယ်ပြိုင်ပွဲတွေများသည်ထက်များလာရာ မြန်မိန်းကလေးတွေ နိုင်ငံခြားထွက်၍မယ်ပြိုင်ပွဲဝင်ကြတာ ၊ ဘီကီနီလိုဝတ်စုံမျိုးဖြင်. စင်မြင်.ထက်မှာ လမ်းလျှောက်ရတာ ၊ခန္စာကိုယ်အလှအပကိုပြကြရတာတွေရှိလာလေသည် ။ ထိုအခါ နိုင်ငံတကာအလှမယ်များနှင်.မဖြစ်မနေယှဉ်ပြိုင်ရပြီ ။ နှိုင်းယှဉ်၍ကြည်.ကြရပြီ ။ထိုအခါမှ အင်္ဂလိပ်အဖိုးကြီးပြောသွားတာမှန်ပေစွဟုသတိထားမိသည် ။ မြန်မာမယ်များသည် မျက်နှာကလေးလည်းလှ ၊အသားအရည်လည်းလှ ၊တင်တွေဘာတွေလည်း ရှိပါသော်လည်း ခါးသေးရင်ချီမဟုတ်မူပဲ ခါးသေး ရင်လှီဖြစ်နေကြတာသတိထားမိသည် ။ ဒါကြောင်. နိုင်ငံတကာပြိုင်ပွဲမှဒိုင်များမျက်စေ.ဖြင်.ကြည်.သောအခါ မယ်စကြာဝဠာဖြစ်လောက်သောခန္စာကိုယ်အချိုးအစားနှင်. ဝေလာဝေးနေကြခြင်းဖြစ်သည် ။ ကျွန်တော်တို.ကတော. ကိုယ်.ငါ.ချဉ်ကိုယ်ချဉ်ကာ မြန်မာတွေဆုမရလျှင်စိတ်ဆိုးချင်သေးသည် ။

ဟုတ်ပေ၏ ။ မြန်မာမိန်းကလေးတွေသည် ငယ်စဉ်ကပင် အပျိုဖြစ်သည်နှင်.မိမိပစ္စည်းလူမမြင်အောင်ကောက်ညှင်းမုတ်.ဖက်ထုတ်လိုအထပ်ထပ်စည်းနှောင်ကြခြင်းဖြင်. စနေနှစ်ခိုင်မှာအခြေယိုင်လေပြီ ။ ညအိပ်လျင်ပင် လွတ်လွတ်လပ်လပ် အစည်းအနှောင်မပါပဲအိပ်ကြသော မိန်းကလေးအတော်နည်းသည် ။ ထို.ကြောင်.မြန်မာမိန်းကလေးတို.၏ရင်သားမှာ ရှိသင်.သလောက်မရှိ ၊ထွားကျိုင်းသင်.သလောက်မထွားကျိုင်းတော.ပေ ( ရွှေရေးထင်ထင်ကားခြွင်းချက်ဖြစ်သည် ။ဤကားစကားချပ် ) ။ထိုအချက်သည်ကျန်းမာရေးရှုထောင်.မှကြည်.လျှင် ကောင်းမွန်သောအချက်မဟုတ်ပေ ။ မိခင်ဖြစ်၍မိမိကလေးကိုနို.ချိုတိုက်ကျွေးရာတွင်လည်းကောင်း ၊ခန္ဒာကိုယ်လှပကျန်းမာစေမှုအရသော်လည်းကောင်း ထိုင်သင်.စွာကြီးထွားစေသင်.ပါသည် ။ချုပ်နှောင်မထားသင်.ပေ ။ နိုင်ငံခြားသူများမှာမူကားအကြီးလွန်နေသည် ။ကျွန်တော်အလုပ်လုပ်ဖူးသောရန်ကုန်မှ ခရီးသွားကုမ္မဏီပိုင်ရှင်ဂျာမန်မကြီး၏ရင်သားမှာကြီးမားလွန်းသဖြင်. သူ.ကိုကွယ်ရာ၌ အုန်းသီးဟုခေါ်ကြသည် ။သူနှင်.တော်သော ဘယာစီယာပင် ဂျာမဏီမှစပါယ်ရှယ်မှာဝတ်ရမည်ထင်သည် ။ စင်စစ် ကြီးလွန်းခြင်းလည်းမကောင်း ၊သေးလွန်းခြင်းလည်းမဖြစ်သင်.ပေ ။

ကျွန်တော်သည် ထိုအကြောင်းကိုမည်သူ.ကိုမှတိုင်ပင်ဆွေးနွေးခြင်းမပြုဝံ.ပေ ။ ရင်သားအကြောင်းဆွေးနွေးခြင်းသည်မြန်မာနိုင်ငံတွင် ရိုင်းပျသောကိစ္စဟုယူဆနေသူအများစုဖြစ်နေဆဲရှိလေသည် ။သို.သော် မနေ.တစ်နေ.က ၀န်ကြီးချုပ်ဟောင်းဦးနု ၁၉၃၉ တွင်ရေးသားခဲ.သော “ ဂန္စာလရာဇ်” ဆိုသော စာအုပ်ထဲတွင်အောက်ပါအတိုင်းရေးသားထားတာဖတ်ရလေ၏ ။ ဦးနုကတရုတ်ပြည်သို.သွားရာတွင်တရုတ်မများကျန်းမာရေးလိုက်စားကြသဖြင်.ခန္စကိုယ်သန်စွမ်းကျန်းမာနေပုံကိုကြည်.ပြီးသူနှင်.အတူမြန်မာပြည်မှအတူပါလာသော ဒေါ်မြစိန်ဆိုသူကိုပြောသောစကားဖြစ်သည် ။ဦးနုပြောသည်မှာ

“ ကျွန်တော်တို.ဗမာပြည်မှာ ကျွန်တော်မကြေနပ်တာတစ်ခုရှိတယ် ၊အစ်မကြီးကိုတော.ပြောရမယ်.လူမို.ပြောရဦးမယ်၊ နားနဲ.မနာဖ၀ါးနဲ.နာပါ ။ ဘာလဲဆိုတော.ဗမာမိန်းကလေးတွေဟာအပျိုဖြစ်လာတယ်ဆိုတာနဲ. ရင်ကိုသိပ်စည်းကြတာပဲ ၊ အဲဒိလိုရင်ကိုစည်းထားတော. နဂိုထွားကြိုင်းတောင်.တင်းလာတာကိုချိုးဖဲ.ဖျက်ဆီးလိုက်ရာရောက်တာပေါ.၊ဗမာပြည်မှာကြည်.ကြည်.စမ်းပါလား ၊မျက်နှာပေါက်ကလေးတွေကချောပါရဲ.၊ရင်ပြားကြီးတွေနဲ.ဆိုတော.သူတို.ရဲအလှကိုတစ်ခါတည်းဖျက်ပစ်လိုက်တာနဲ.မတူဘူးလား။ တစ်ခါတုန်းကကုလားပြည်က ကုလားပရော်ဖက်ဆာတစ်ယောက်နဲ.တွေ.တယ် ၊ သူကဘယ်လိုပြောသလဲဆိုတော. မင်းတို.ဗမာမလေးတွေဟာ မျက်နှာကတော.လှပါရဲ.တဲ. ၊ရင်ပြားနေတာကသူတို.ရဲ.အလှကိုဖျက်ပစ်တယ်တဲ. ။ ဒါသိပ်ဟုတ်တာပဲ ။
ဒါတင်မကသေးဘူး ၊ အ၀တ်စကြီးနဲ.သိပ်စည်းထားတော.နို.ကြောတွေပြတ်ကုန်မှာပေါ. ။ကျွန်တော်ဖြင်.ဗမာကလေးတွေ မထွားကြိုင်းတာ ပြတ်နေတဲ.အကြောကထွက်တဲ.နို.ကိုစို.ရလို.ထင်တာပဲ ၊အတွေးခေါင်တယ်ဆိုရင်လည်းခံရတော.မှာပဲ ၊ ဒီအယူကိုတော.တစ်ခါတည်းစွဲထားတာပဲ။ ပြီးတော.ဒါတွေကိုမစည်းရင် တချို.က ၊ တချို.မဟုတ်ပါဘူးလေ အများအားဖြင်.နှာခေါင်းရှုံ.ကြတယ် ၊မဲ.ကြတယ် ။သူတို.မျက်စေ.ထဲမှာအရှက်အကြောက်ကင်းတယ်ပေါ.လေ ။ကျွန်တော်ကတော.ဒီလိုစည်းတာမစည်းတာနဲ. အရှက်အကြောက်နဲ.ဘာမှမဆိုင်ဘူးထင်တာပဲ ၊အစ်မကြီးဘယ်.နှယ်သဘောရသလဲ ။

( ဒေါ်မြစိန်)ဟုတ်တယ်၊တလွဲမှာသွားပြီးရှက်နေကြတယ် ။

ကျွန်တော်တို.အိမ်မှာ သူငယ်မလေးနှစ်ယောက်ရှိတယ် ၊ ရင်ကိုအ၀တ်မစည်းဖို. ကျွန်တော်.မိန်းမကိုအပြောခိုင်းတယ် ၊ ကျွန်တော်.မိန်းမကမပြောတာနဲ. ပျက်အစဉ်ပြင်ခနပဲဆိုပြီး ကျွန်တော်ကဇွတ်ပြောရော ။ကျွန်တော်.မိန်းမကကျွန်တော်.ကိုဆူလိုက်တာပွက်သေးကြမ်းသွားတာပဲ “

အထက်ပါစာကိုဖတ်ရှုရသောအခါမှ အော်မြန်မာပြည်မှာငါတစ်ယောက်တည်းမဟုတ် ။ ၀န်ကြီးချုပ်သခင်နုကြီးလည်းငါနဲ.တစ်ဂိုဏ်းထဲပါလားဟု ယူဆကာအားတက်ရပါကြောင်း ။

သရ၀ဏ်(ပြည်)

၂၉.၉.၂၀၁၅


0 comments:

Post a Comment

Facebook Like Page