Sunday, August 30, 2015

(၂၉.၈.၂၀၁၅)ရက်နေ့ ပြည်သတင်း အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသော မောင်ဆန်းနှစ်ဦး၏တိုင်စာနှင့်ပတ်သက်၍ မှန်ကန်မှုမရှိကြောင်း ဖခင်ဖြစ်သူ ဦးအောင်စိုးမှအများသိစေရန် တင်ပြခြင်း

Leave a Comment



(၂၉.၈.၂၀၁၅)ရက်နေ့ ပြည်သတင်း အင်တာနက်စာမျက်နှာတွင်
ဖော်ပြထားသော မောင်ဆန်းနှစ်ဦး၏တိုင်စာနှင့်ပတ်သက်၍
မှန်ကန်မှုမရှိကြောင်း ဖခင်ဖြစ်သူ ဦးအောင်စိုးမှအများသိစေရန်
တင်ပြခြင်း

(၂၉.၈.၂၀၁၅)ရက်နေ့ ပြည်သတင်း အင်တာနက်စာမျက်နှာတွင်
ဖော်ပြထားသော မောင်ဆန်းနှစ်ဦး၏တိုင်စာနှင့်ပတ်သက်၍
မှန်ကန်မှုမရှိကြောင်း၊၄င်းကောင်းမောင်ဆန်းနှစ်ဦးသည်
အရက်သေစာသောက်စားမူးယစ်ပြီး အရက်ကြောင်ကြောင်
နေသူတစ်ဦးဖြစ်ပါသည်။ထိုနေ့က မောင်ဆန်းနှစ်ဦးသည်
အရက်ကြောင်ကြောင်ပြီး လမ်းပေါ်တွင် ဆဲဆိုနေသည့်
အတွက် စခန်းမှူး ရဲအုပ် ဦးအောင်ကျော်မိုးမှ ရဲစခန်းသို့
ခေါ်ယူထိန်းသိမ်းပြီး ကျွန်တော့်အား ဖုန်းဆက်ခေါ်၍
ပြန်လည်အပ်နှံပေးရန် ဆောင်ရွက်ခဲ့ပါသည်။ ကျွန်တော်
၏သားဖြစ်သူ မောင်ဆန်းနှစ်ဦးမှာ အလွန်ဆိုးဝါးလွန်းသည့်
အတွက် ကျွန်တော်မှ မောင်ဆန်းနှစ်ဦးအား ရဲစခန်းသို့
သွားရောက်ခေါ်ယူခြင်းမပြုပဲ နေခဲ့ရာ မောင်ဆန်းနှစ်ဦး၏
အဒေါ်ဖြစ်သူ မခင်ခင်ညို မှစခန်းမှူး ခေါ်ယူထိန်းသိမ်းထား
သော ကျွန်တော့သား မောင်ဆန်းနှစ်ဦးအား ပြန်လည်သွား
ရောက် ခေါ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

အင်းမနယ်မြေရဲစခန်းမှူး ဦးအောင်ကျော်မိုးမှ စေတနာဖြင့်
ကျွန်တော်၏သား မောင်ဆန်းနှစ်ဦးအား ပြဿနာ ဖြစ်မည်
စိုး၍ ခေါ်ယူထိန်းသိမ်းခဲ့ပြီး တာဝန်ရှိသူထံ ပြန်လည်အပ်နှံ
ပေးခဲ့ခြင်းသာဖြစ်ပါသည်။ မောင်ဆန်းနှစ်ဦး ထိုနေ့က
ကျွန်တော်အိမ်သို့ပြန်ရောက်သည့်အချိန်တွင် ၄င်းတွင်
မည်သည့်ထိုးကြိတ် ရိုက်နှက်ထားသည့် ဒဏ်ရာမျှ မရှိပါ။
မောင်ဆန်းနှစ်ဦး အရက်ကြောင်ပြီး ပြောသော စကား
များအား အဒေါ်ဖြစ်သူမှ အဟုတ်ထင်ကာ ထိုကဲ့သို့
တိုင်တန်းခြင်းသာ ဖြစ်ပါကြောင်း တိုင်ကြားသူ
မောင်ဆန်းနှစ်ဦး၏ ဖခင်ရင်းဖြစ်သူ ကျွန်တော်
ကိုအောင်စိုးမှ အများပြည်သူ သိရှိနိုင်ရန် တင်ပြ
လိုက်ရခြင်း ဖြစ်ပါသည်။
                                                
 ဦးအောင်စိုး(ဘ)ဦးဘိုကျေး 
၇/သကန(နိုင်)၀၄၇၉၈၂
အင်းမရေပြာ
ပူးတွဲပါ ဖခင်၏မှတ်ပုံတင်၊ဓါတ်ပုံ ၊မူရင်းစာသားများအား
 အောက်တွင်ဖော်ပြထားပြီး အထက်ဖော်ပြပါ အကြောင်း
အရာနှင့်ပတ်သက်၍ နောင်ဖြစ်လာမည့်ကိစ္စအဝဝအား
အပြည့်အဝတာဝန်ယူပါကြောင်း အခြားသက်သေများရှေ့
တွင်ပြောခဲ့သည်။      
     









0 comments:

Post a Comment

Facebook Like Page