Thursday, August 27, 2015

ဒါကလဲ မပြောပလောက်ပေမဲ့ စောဒကတတ်ရလောက်တဲ့ ပျက်ဆီးနေတဲ့လမ်းကိစ္စ ပြည့်သဲမောင်(ပြည်) 09 - 423671883

Leave a Comment



ဒါကလဲ မပြောပလောက်ပေမဲ့ စောဒကတတ်ရလောက်တဲ့ 
ပျက်ဆီးနေတဲ့လမ်းကိစ္စ

ပြည့်သဲမောင်(ပြည်) 09 - 423671883

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ရှိ မြို့တွင်းလမ်းများသည်သဘာဝဘေး
အန္တရာယ်ကြောင့်လည်းကောင်း၊လမ်းခင်းရာတွင်သတ်မှတ် စံချိန်စံညွှန်းအတိုင်း
ပြန်လည်မပြုပြင်ပဲ မြန်မာ့နည်းမြန်မာ့စတိုင်အတိုင်းဖာထေးနေသည်ကို ပြည်မြို့
သူ ပြည်မြို့သားများနှင့်ရပ်ဝေးရပ်နီးမှမိဘပြည်သူများအမြင် အသိပင်ဖြစ်ပါသည်။

ထိုကဲ့သို့လမ်းများပျက်ဆီးနေသည့် နေရာများအနက်မှအရမ်းဆိုးဝါးနေသောလမ်း
အားစည်ပင်ကော်မတီအဖွဲ့ဝင် ဦးအေးချိုက ယခုလိုထောက်ပြဝေဖန်ထားကာ လမ်း
အားအမြန်ဆုံးပြုပြင်ရန်လိုအပ်ကြောင်း၎င်းကဆိုသည်။

“စစ်ကဲလမ်းနှင့်လမ်းရှည်လမ်းထောင့်က လမ်းချိုင့်ခွက်ကတော်တော်ဆိုးပါတယ်။ဘာလို့
လဲဆိုရင် လမ်းဘေးပုခုံးသားကမြင့်ပြီးလမ်းသားကနိမ့်နေတယ်။ရေဝပ်တယ်၊ချိုင့်ဖြစ်နေ
တယ်။အဲလိုလမ်းကချိုင့်ဖြစ်နေလို့ဒီဘက်ကပ်သွားမယ်ဆိုတော့ တစ်ဖက်ယာဉ်ကြောမှာ
အရောင်းအဝယ်လုပ်တဲ့ကားတွေနဲ့ချိုင့်ခွက်တွေကရှိနေပြန်ရော၊ကျောင်းတက်ကျောင်း
ဆင်းချိန်ဆိုပိုပြီး အခက်အခဲဖြစ်ရတယ်။ဒါကြောင့် ကတ္တရာများများနဲ့စနစ်တကျပြန်လည်
ပြုပြင်စေချင်တယ်”ဟု စည်ပင်ကော်မတီအဖွဲ့ဝင် ဦးအေးချိုကပြောသည်။

အမှန်တကယ်တစ်မြို့လုံးအတိုင်းအတာနဲ့လုပ်မပေးနိုင်တောင် အများဆုံးအသုံးပြုသည့်
လမ်းပိုင်းတွေ ပြည်သူများအခက်အခဲဖြစ်နေတဲ့လမ်းပိုင်းတွေ ပြည်မြို့၏အဓိကမိန်းလမ်း
တွေကိုပြင်စေချင်တယ်။မိုးရွာပြီဆိုရင်လဲပြည်မြို့ရွှေဆံတော်ဘုရားရှေ့လမ်းမပေါ်မှာမြင်မ
ကောင်းအမှိုက်များတင်နေတာကို အများပြည်သူများမြင်တွေ့နေရသည်မှာဘယ်လိုမှငြင်း
လို့မရတဲ့ ကိစ္စတွေပါ။မိုးရာသီတစ်နှစ်ရောက်ပြီဆိုတာနဲ့မြောင်းဖော်ခတွေပေးရတာလဲရှိသ
လိုမပေးရတဲ့နှစ်တွေလဲရှိကောင်းရှိမယ်။

ရေစီးရေလာကောင်းမွန်ရေးဆိုပြီး သတင်းစာတွေမှာလုပ်ဆောင်ချက်တွေပြနေတာကိုလဲဖတ်
ရပါတယ်။တကယ်တမ်းမြေပြင်မှာကတော့မိုးနည်းနည်းမရွာလိုက်နဲ့ လမ်းပေါ်ရေကျော်လာပြီး
အမှိုက်တွေက ထုနဲ့ထေးနဲ့ တက်လာတော့တာပါပဲ။ဒီအချိန်အနေကို ကျွန်တော်တို့ပြည်သူအ
များ မြင်တွေ့နေရတဲ့ကိစ္စမဟုတ်ပါလား ခင်ဗျာ… ဒါကလဲ မပြောပလောက်ပေမဲ့ စောဒက
တတ်ရလောက်တဲ့ ကိစ္စတွေပဲမဟုတ်ပါလား။

အခုနောက်ပိုင်းမှာလမ်းပျက်ရင်ပြုပြင်တာနည်းပါးလာပြီး များသောအားဖြင့် တချို့လမ်းချိုင့်ခွက်
တွေကို မြန်မာ့နည်း မြန်မာ့စတိုင်အတိုင်း ဖာထေးပေး တာကိုတွေ့လာရတယ်။ဒီလိုဆိုတော့လဲ
အထူး ကျေးဇူးတင် ရပြန်ပါရောပေါ့။ကျွန်တော်တို့မြို့သည်ခရိုင်မြို့ဖြစ်တာနဲ့အညီ အနယ်နယ်
အရပ်ရပ်မှမိဘပြည်သူများအရောက်အပေါက်များသော မြို့တစ်မြို့ဆိုရင်လဲမမှားပါဘူးခင်ဗျာ။
ထို့ကြောင့်ပြည်မြို့သို့လာသော ဈေးရောင်းဈေးဝယ်များသလို၊လိုင်းကား ကိုယ်ပိုင်ကားများဟာ
လဲအတော်များလာတာကိုတွေ့ရပါတယ်။အဲဒီလိုများပါးနေတဲ့ကားတွေကို ရပ်နားခွန်ဆိုပြီး စည်ပင်
သာယာယူနီဖောင်းနဲ့ဖြတ်ပိုင်းဖြတ်(၅၀၀)ကျပ်ဆိုတာကိုလဲ၊ကားပိုင်ရှင်များ၊ယာဉ်မောင်းများက
ပေးဆောင်နေရတာကို အများပြည်သူများကိုတွေ့ကြုံနေရတဲ့ကိစ္စပဲမဟုတ်ပါလား ခင်ဗျာ..ဒါကလဲ
မပြောပလောက်ပေမဲ့ စောဒကတတ်ရလောက်တဲ့ ကိစ္စပဲမဟုတ်ပါလား။
 
အဲဒီလိုတစ်မြို့လုံးမှာရှိတဲ့ကားကြီး ကားငယ်အသွယ်သွယ်ကိုပိုက်ဆံတောင်းပြီး ယာဉ်ကျောတွေ
ပိတ်တော့မသိကျိုးကျွံပြုနေတာကိုလဲအများပြည်သူများမသိတာမဟုတ်ပါဘူး။စည်ပင်ပြောတော့ ရင်ထိန်းရဲနဲ့ဆိုင်သလိုလို၊ဟိုအဖွဲ့ဒီအဖွဲ့ ဟိုအကြောင်းဒီအကြောင်းနဲ့တင်ပြီးသွားပြန်ပါရော။
အခြေခံလူတန်းစားတွေအများဆုံးစီးတဲ့ ဆိုင်ကယ်ကျတော့ စနစ်တကျအဖွဲ့ ဖွဲ့ပြီးယာဉ်စီးကမ်း
ထိန်းသိမ်းရေးဆိုကာ နေရာမရှောင်လမ်းလည်ခေါင်မှာဖမ်းတယ်။ကောင်းပါတယ် ပြည်သူတွေ
အသက်အန္တရာယ်အတွက်ကာကွယ်တဲ့အနေနဲ့ဖမ်းတာ။ဒါဆိုရင်အများပြည်သူသွားလာနေတဲ့
လမ်းတွေမှာ ယာဉ်ကျောပိတ်ဆို့တာကရော အဲဒီအဖွဲ့နဲ့မဆိုင်ဘူးလား၊လုပ်မယ် လုပ်မယ်နဲ့ မလုပ်သေးတာအခုထိပါပဲ ၊လမ်းမတော်လမ်းတလျှောက်အဲဒီအဖွဲ့ခေါင်းဆောင် ယကက လူကြီးလမ်းလျှောက်ကြည့်ပါလား ကားတွေ ဘယ်လိုစည်းကမ်းမဲ့ရပ်တယ်။ဌာနဆိုင်ရာ
တံဆိပ်တတ်ထားတဲ့ ကားတွေဘယ်လိုလူပါးဝတယ်ဆိုတာ ပါတွေ့ရ ပါလိမ့်။ဒါကလဲ မပြောပလောက်ပေမဲ့ စောဒကတတ်ရလောက်တဲ့ ကိစ္စပဲမဟုတ်ပါလား။

ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး ဆင်းရဲလို့မှလမ်းဘေးမှာမရှက်မကြောက် ဈေးရောင်းစားရတဲ့
ဈေးသယ်ဆီက နားမြုတ်အောင်နှိုက်သေးတယ်။ကျွန်တော့ဆရာကဆုံးမဘူးတယ် အခွင့်အရေးကို
လက်တစ်ဆုံးပဲနှိုက်တဲ့ နားမြုတ်အောင်မနှိုက်နဲ့တဲ့ အခြေခံလူတန်းစားရောင်းတဲ့ မုန့်ပျစ်စလက်၊
အသုပ်အစရှိတဲ့ဆိုင်တွေဆိုတာမနက်(သို့)ညနေပိုင်းလောက်သာဖွင့်တာပဲ၊အဲဒီဆိုင်တွေဆို ဈေး
ကောက်က(၃၀၀)ကျပ်ပေးရပြီးတော့၊ပလက်ဖောင်းပေါ်ကဆိုင်ဆိုရင် ပလက်ဖောင်းအသုံးပြုခ တစ်လ
(၁၀၀၀၀)ကျပ်ပေးရပြန်သေးတယ်။ဒီလိုဆိုရင်လုပ်ငန်းကြီးလုပ်ပြီးအများပြည်သူပလက်ဖောင်းပေါ်မှာ
အများပြည်သူသွားမရအောင်မိမိဆိုင်အမည်ပါတဲ့ဗင်နိုင်းတွေထောင်၊သံဖရိန်နဲ့ဆိုင်းဘုတ်တွေထောင်ပြီး အများပြည်သူဖြတ်သန်းသွားလာလို့မရလုပ်ထားတာတွေကို စည်ပင်ကအရာရှိများ မြေပြင်မှာဆင်းပြီး တော့ပိုက်ဆံကောက်နေတဲ့ဝန်ထမ်းတွေမမြင်တာလားမမြင်ချင်ဟန်ဆောင်နေကျတာလားဆိုတာ
ပြည်သူတွေဘက်ကမေးစရာဖြစ်လာပါတယ်။ရပ်ကွက်လမ်းကြားထဲမှာမင်္ဂလာဆောင်ဖို့ ပြောတော့
ဟိုအဖွဲ့ခွင့်ပြုမိန့် ဒီအဖွဲ့ခွင့်ပြုမိန်နဲ့မဆိုင်တဲ့အဖွဲ့တွေကိုထောက်ခံစာယူခိုင်းသေးတယ်။မိန်းလမ်းမ
တွေမှာ ယာဉ်အသွားအလာများတဲ့လမ်းတွေမှာ ကကျခုန်ကျ တာတော့လမ်းပိတ်တာမပိတ်တာဂရု
မစိုက်ဘူးပေါ့ ၊ပြည်သူခြင်းအတူတူအခွင့်အရေးဆိုတာလဲ အတူတူဖြစ်ရင်ဘယ်လောက် ကေင်းလိုက်
မလဲဗျာ.. ဒါကလဲ မပြောပလောက်ပေမဲ့ စောဒကတတ်ရလောက်တဲ့ ကိစ္စပဲမဟုတ်ပါလား။

မှတ်ချက်။   ။ ပြည်သူများ၏အသံ အမှန်တရားများကိုးချပြရေးသားထားပါသဖြင့် မိမိတို့ဌာနအနေ
ဖြင့်မကောင်းတာဖယ် ကောင်းတာလွယ်ပြီး ဆက်လက်လုပ်ဆောင်သွားရန်ရည်ရွှယ်ရေးသားဖော်ပြ
အပ်ပါသည်။


 ပြည့်သဲမောင်(ပြည်) 09 - 423671883





0 comments:

Post a Comment

Facebook Like Page