Wednesday, July 29, 2015

သူခိုးကြီးတော. ဓါးပြ ၊ ဓါးပြကြီးတော. ….ခြ သရ၀ဏ်(ပြည်)

Leave a Comment

သူခိုးကြီးတော. ဓါးပြ ၊ ဓါးပြကြီးတော. ….ခြ
သရ၀ဏ်(ပြည်)
မြန်မာတပြည်လုံးသည် ခြတောင်ပို.ကြီးသဖွယ်ဖြစ်နေသည်မှာ ကြာပြီဖြစ်သည် ။ အကျင်.ပျက်ခြစားမှုသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏အဓိကပြသနာဖြစ်လာနေသည်မှာ အမှန်တရားဖြစ်ပေ၏ ။ မည်သူတွေအကျင်.ပျက်ခြစားသနည်း ။ နယ်ပယ်စုံမှလူများအကျင်.ပျက်ခြစားပါ၏ ။ အစိုးရ၀န်ထမ်းများ (အမှန်မှာပြည်သူ.၀န်ထမ်းများ) သည်အဓိကလာဘ်စားကြပါ၏ ။ လာဘ်ပေးလာဘ်ယူမှုတွင်ပါဝင်ပါတ်သက်နေကြပါ၏ ။ ရာထူးကြီးလေ လာဘ်စားမှုကြီးမားလေဟုပင်ပြော၍ရပေ၏ ။ မြန်မာနိုင်ငံသားများတွင် လာဘ်မပေးဘူးသူ၍ နို.စို.ခလေးမှလွဲ၍ခပ်ရှားရှားပင်ဖြစ်ပေလိမ်.မည် ။ ရုံးပြင်ကနားများသို.၀င်ထွက်ရာတွင် အနည်းနှင်.အများဆိုသလို အားလုံးပေးဖူး ကမ်းဖူးသူတွေပင်ဖြစ်သည် ။ လာဘ်ပေးရလွန်းသဖြင်. မိမိလာဘ်ပေးနေမှန်း ၊ယူသူကလည်းလာဘ်ယူနေမှန်းပင်မသိလောက်အောင် ပေးခြင်း ၊ယူခြင်းကိစ္စ ၊ အလွဲသုံးစားကြခြင်းကိစ္စ၌ အသားကျခဲ.ပြီဖြစ်သည် ။
လက်ဖက်ရည်ဖိုးပေးသည် ၊ ခေါက်ဆွဲစားသည် ၊ ဂါရ၀ပြုသည် ၊ နားလည်မှုဖြင်.ပြုစုသည် ၊ ကန်တော.သည် ၊လက်ဆောင်ပေးသည်ဆိုခြင်းများနောက်ဝယ် လက်ပေးလာဘ်ယူအကျင်.ပျက်မှုသည် တခါတည်းပါလာစမြဲဖြစ်သည် ။
၂၂.၇.၂၀၁၅ နေ.ထုတ်နိုင်ငံပိုင်သတင်းစာထဲတွင်ဖတ်ရသည်မှာ မွေးမြူရေးနှင်.ရေလုပ်ငန်းဝန်ကြီးဌာနသို.အကြွေးပေးဆပ်ရန်ပျက်ကွက်သည်.လုပ်ငန်းရှင်များအား အများနှင်.သက်ဆိုင်သော ပစ္စည်းကာကွယ်စောင်.ရှောက်ရေး ဥပဒေပုဒ်မ (၃) ဖြင်.တရားစွဲဆိုဆောင်ရွက်လျက်ရှိ ဟူသောသတင်းဖြစ်သည် ။ မွေးမြူရေး၊အစားအစာနှင်. နို.ထွက်ပစ္စည်း လုပ်ငန်းသည် ၂၀၀၃-၂၀၀၄ ဘဏ္ဍာနှစ်မှစကာ ငါးစာတောင်.များကိုလုပ်ငန်းရှင်များထံစာရင်းမှတ်စနစ်ဖြင်.စတင်ဆောင်ရွက်ခဲ.ရာမှ ပေးဆပ်ရန်အကြွေးများတဖြည်းဖြည်းများလာခဲ.ကာ ငွေကျပ် ၂၉ ဒသမ ၄၄၂ ဘီလီယံ ရှိနေကြောင်းသိရပေသည် ။ ထို.ကြောင်. ပြည်သူဘဏ္ဍာငွေဆုံးရှုံးမှုမရှိစေရန်အတွက် ကြွေးကျန်လုပ်ငန်းရှင်များအား ပြစ်မှုကြောင်းအရတရားစွဲအရေးယူရန် ဆုံးဖြတ်ပြီး အများနှင်.သက်ဆိုင်သော ပစ္စည်းကာကွယ်စောင်.ရှောက်ရေး ဥပဒေပုဒ်မ (၃) ဖြင်.တရားစွဲဆိုမည်ဖြစ်ကြောင်း သတင်းစာတွင်ဖော်ပြခဲ.သည် ။ ကြွေကျန်အများဆုံးပုဂ္ဂိုလ် (၁၀) ဦးအမည်စာရင်းကိုဖော်ပြခဲ.ရာ ဦးမင်းသိမ်း ဆိုသူမှာ အမှတ်စဉ် (၁) နှင်. အမှတ်စဉ် (၂) ဟူ၍ နှစ်ကျော.ပြန် နှစ်ခါပြန်ပါနေသည်ကို အံ.သြဖွယ် တွေ.ရှိရသည် ။ ပို၍အံ.သြစရာကောင်းသည်မှာ အကြွေးဆပ်ရမည်.ပမာဏမှာ ပထမ အကြိမ်တွင် ကျပ်သန်းပေါင်း ၆၇၅၅ ကျော် ၊ ဒုတိယအကြိမ်တွင် ၄၈၂၄ သန်းကျော် ( နှစ်ကြိမ်ပေါင်းအတွက် ကျပ်သန်းပေါင်း ၁၁၅၇၉ ) ဖြစ်နေခြင်းဖြစ်သည် ။ ထိုမျှများပြားသောငွေကို ၂၀၀၃ ခုနှစ်ကတည်းကမပေးဆပ်ခြင်းကို ဆယ်.နှစ်နှစ်ကြာသည်. ၂၀၁၅ အထိ အရေးယူခဲ.ခြင်းမရှိသည်.အပေါ်တွင်အံ.သြမိပါသည် ။
သာမန်တိုင်းသူပြည်သားများမှာ ယခုလမီတာမဆောင်နိုင်လျှင် ယခုလပင် မီးလာဖြတ်ခံရစမြဲဖြစ်သည် ။ ယနေ.ဈေးကောက်မပေးနိုင်လျှင် ယနေ.ပင် လမ်းဘေးဈေးဆိုင်အပိတ်ခံရမည်ဖြစ်သည် ။ အစိုးရသို.ပေးရန်ရှိသော ငွေကျပ်ထောင်ဂဏန်း ၊သောင်းဂဏန်းမှသည် ၊သိန်းဂဏန်းအထိ မည်သည်.အခါမှ စောင်းဆိုင်းရိုး ၊ သည်းခံရိုး ၊ မေ.လျှော.ရိုးမရှိသည်.အစိုးရက ငွေကျပ် ၂၉ ဘီလီယံ ( ၁ ဘီလီယံ သည် သန်းတစ်ထောင်ဖြစ်သည် ) ကို ၁၂ နှစ်အမေ.ခံထားသည်ဆိုခြင်းကလည်းစိတ်ဝင်စားစရာဖြစ်သည် ။ ပို၍ စိတ်ဝင်စားစရာကောင်းသည်မှာ အကြွေးပေးခဲ.သူ ၀န်ကြီး ဦးမောင်မောင်သိမ်းနှင်. အကြွေးယူခဲ.သူ ဦးမင်းသိမ်းတို.သည် သားအဖတော်စပ်နေခြင်းဖြစ်သည် ။ အဖေက၀န်ကြီး ၊ သားက ထိုဝန်ကြီးဌာနမှ ငွေသန်းပေါင်းတစ်သောင်းကျော် (သိန်းပေါင်းတသိန်းတသောင်းကျော်) ကို အကြွေးယူခဲ.သည် ။ စာရင်းပျောက်အင်းပျောက် နှစ်ပေါင်းများစွာဖြစ်နေခဲ.သည် ။ထိုသို.ယူထားသူများမှာလည်မနည်းမနောပင်ဖြစ်သည် ။ ဦးသုတရွှေဆိုသူက ကျပ်သန်းပေါင်း (၆၀၂၆ ) သန်း ၊ ဦးဇော်ဇော်တိုး ဆိုသူက ကျပ်သန်းပေါင်း (၂၀၅၇)သန်း ၊ ဦးကြည်ဝင်းဆိုသူက (၁၄၆၉)သန်း ၊ ဦးဟိန်းဇော်စစ်ဆိုသူက ကျပ်သန်းပေါင်း(၁၄၁၀)သန်း(ဦးဟိန်းဇော်စစ်ဆိုသူ၏အဘအမည်ကိုသတင်းစာထဲတွင်ဖော်ပြခြင်းမပြုပဲချန်လှပ်ထားခဲ.သည် ။ တပ်မတော်အရာရှိကြီးတဦး၏သားမို.အချင်းချင်းဝိုင်းဝန်းဖုံးဖိပေးခြင်းဟုအချို.ကဝေဖန်ကြသည် ) ၊ ဦးမျိုးအောင်ဆိုသူက ကျပ်သန်းပေါင်း(၁၂၇၉) သန်း၊ ဦးမိုးဆိုသူက ကျပ်(၇၇၆ )သန်း ၊ဦးခင်စိုးက ကျပ် (၅၀၆)သန်း ၊ ဦမျိုးမင်းသိမ်းက ကျပ်သန်းပေါင်း ( ၄၈၄)သန်း တို.ဖြစ်ကြသည် ။ အခြားသူများလဲအမြောက်အများကျန်ရှိသေးသည်ဟုသိရ၏ ။ တိုင်းသူပြည်သားများ အလုပ်သမားများအတွက်တနေ.လုပ်ခ ကျပ် ၃၆၀၀ ရရှိရန် သွေးနှင်.ချွေးနှင်.ရင်း၍တောင်းဆိုနေရချိန်တွင် အာဏာရှိအသိုင်းအ၀ိုင်းက နိုင်ငံ.ငွေကို အလွဲသုံးစား လုပ်ကြပုံများမှာ ယုံနိုင်ဖွယ်ရာမရှိ ။ ဒါတောင်ပြည်သူ.လွှတ်တော်ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းက ပထမအကြိမ်ပြည်သူ.လွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တွင် မေးမြန်းခဲ.သဖြင်.ပေါ်ပေါက်လာခဲ.ခြင်းဖြစ်ရာ မမေးမြန်းနိုင်သေးသောအလွဲသုံးစားမှုပေါင်းဘယ်ရွေ.ဘယ်မျှကျန်သေးသနည်းဟုတွေးဆဖွယ်ရာဖြစ်သည် ။သတ္တုတွင်းဝန်ကြီးဌာနသို. ရွေတူးဖော်သောကုမ္မဏီများမှ ပေးသွင်းရန် ရွှေပိသာချိန်ပေါင်းများစွာကျန်ရှိနေသောသတင်းကို ယခင်နှစ်များက ဖတ်လိုက်ရသည် ။ ပိသာပေါင်းများစွာနိုင်ငံတော်သို.ပေးသွင်းရမည်.ရွှေများသည် ယခုအခါအကြေအလည်ပေးသွင်းပြီးသွားပြီလား ။ ထုံးစံအတိုင်း ဆက်မတောင်းပဲ ဟိုလိုလိုသည်လိုလိုဖြင်.ပြီးသွားပြီလားစိတ်ဝင်စားစရာဖြစ်သည် ။ ၀န်ကြီးဌာနများသည် စည်းကမ်းနှင်.မညီသော ဘဏ္ဍာငွေသုံးစွဲမှုများပြုလုပ်နေကြောင်းပြည်သူ.လွှတ်တော်ငွေစာရင်းဌာနကမကြာခနတင်ပြခဲ.ဖူးသည် ။ လူမှုဝန်ထမ်းဦးစီးဌာန ၊ကယ်ဆယ်ရေးနှင်.ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ကချင်စစ်ဘေးဒုက္ခသည်များကိုကူညီရန် နိုင်ငံတော်မှ ကျပ်သိန်းတထောင်ထုတ်ယူသွားပြီး အလှူရှင်ပေါ်ပေါက်လာသောကြောင်.ဟုဆိုကာထိုငွေသိန်းတထောင်ကိုအခြားနေရာတွင်ပြောင်းရွေသုံးစွဲလိုက်ခြင်းသည် ဘဏ္ဍာရေးစည်းမျဉ်းများနှင်.မညီညွတ်ကြောင်းမစီရင်ခံစာတခုမကြာမီကပေါ်ထွက်လာဖူးသည် ။ ယခုအစိုးရလက်ထက်တွင်နိုင်ငံတော်စာရင်းစစ်ချုပ်ဗိုလ်ချုပ်လွန်းမောင်က နိုင်ငံတော်စာရင်းများကိုတိတိကျကျဖော်ထုတ်သောအခါ ရာထူးမှအနားပေးခံရတာလည်း စိတ်ဝင်စားဖို.ကောင်းသည် ။ နိုင်ငံတော်သည် စာရင်းစစ်မခံနိုင်သည်.အသွင်ဆောင်နေပါသည် ။
လုပ်ခဲ.ကိုင်ခဲ.ကြသည်မျးကတော.ခပ်ရိုးရိုးအကွက်များပဲဖြစ်သည် ။ အဖေက၀န်ကြီးဖြစ်သည် ။ သားကကုမ္မဏီထောင်သည် ။ သားပစ္စည်းကို ဖခင်ဝန်ကြီးဌာနကိုမ၀ယ်မနေရရောင်းမည် ။ ဖခင်ဝန်ကြီးက သားကို ငွေထုတ်ချေးမည် ။လုပ်ပိုင်ခွင်.များချပေးမည် ။ ကန်ထရိုက်များချပေးမည် ။ တင်ဒါအောင်မည် ။အဖေနှင်.သား ပေါင်းကာနိုင်ငံ.ဘဏ္ဍာငွေများ ပျော်ပျော်ပါးပါး အသုံးချကြမည် ။ စာရင်းစစ်မရှိ ၊ ပြိုင်ဘက်မရှိ ၊ မရမှာမပူနှင်. မမြတ်မှာမပူနှင်.၊ သူဌေးမဖြစ်မှာမပူနှင်. ။ ချက်ခြင်း ဇောတိက ၊ အနာတပိဏ် ၊ ဇေတ၀န်တို.လိုချမ်းသာစေရမည် ။ ဘေလ်ဂိတ်တို.ကိုသနားသည် ။ ဤအဖြစ်များသည် မွေးမြူရေး၊ရေလုပ်ငန်း နှင်.ကျေးလက်ဒေသဖွံ.ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတခုတည်းကိုဆိုလိုသည်မဟုတ် ။ အဖေနှင်.သားပေါင်းကာရိုက်စားခွင်လုပ်မှုသည် မြန်မာနိုင်ငံ၏၀န်ကြီးဌာနအသီးသီးတွင်အမြစ်တွယ်နေသည်မှာကြာချေပြီ ။ဆက်သွယ်ရေးဝန်ကြီးဌာန ၊လျှပ်စစ်ဝန်ကြီးဌာနမှဝန်ကြီးများကိုတာဝန်မှ ရပ်ဆိုင်းလိုက်စဉ်က အကျင်.ပျက်ခြစားမှုများကြောင်.ဟု ပြောသံများထွက်ပေါ်ခဲ.သော်လည်း အစိုးရသည် မည်သည်.အခါမှ လာဘ်စားမှုများကို ထိထိရောက်ရောက်ပွင်.လင်းစွာကြေငြာရိုးမရှိခဲ.ပေ ။ ကျပ်သန်းပေါင်းဘီလီယံချီ၍ ငွေကြေးကွာဟမှုများဖြစ်နေစဉ်တွင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌဟောင်း ( သာသနာရေးဝန်ကြီး ) ဦးဆန်းဆင်.ကို ငွေကျပ် သိန်း (၁၀၀ )ကွာဟမှုဖြင်.ထောင် (၁၀)နှစ်ချခဲ.ခြင်းမှာလည်း အဂတိလိုက်စားမှုတိုက်ဖျက်သည်ထက် နိုင်ငံရေးအငြှိုးဖြင်.ဆောင်ရွက်သလိုဖြစ်နေပေသည် ။ ကြီးမားသောအမှုကြီးများမှာမူကားမြန်မာနိုင်ငံတွင်ဘယ်သောအခါမှထိထိရောက်ရောက်အရေးယူခံရသည်မရှိခဲ.ပါ ။ လာဘ်စားသောတရားသူကြီးကို ရာထူးမှအနားယူခိုင်းခြင်းသည် စည်းစိမ်မပျက် ခိုးရာပါပစ္စည်းကိုခံစားစံစားစေသည်နှင်.တူနေပေသည် ။အာဏာအလွဲသုံးမှု ၊အဂတိလိုက်စားမှုတို.အတွက် ဦးဆန်းဆင်.မှတပါး မြန်မာနိုင်ငံဝယ် မည်သည်.၀န်ကြီး မှ ထောင်ဒဏ်အပြစ်ပေးခံရခြင်းမရှိသေးချေ ။
ကမ္ဘာတွင် အဂတိလိုက်စားမှု အကင်းရှင်းဆုံးဆယ်နိုင်ငံသည်အောက်ပါအတိုင်းဖြစ်၏ ။
၁။ ဒိန်းမတ်
၂။ နယူဇီလန်
၃။ ဖင်လန်
၎။ ဆွီဒင်
၅။ နော်ဝေ
၆။ စင်္ကာပူ
၇။ ဆွစ်ဇာလန်
၈။ နယ်သာလန်
၉။ ၾသစေတးလ်
၁၀။ ကနေဒါ နိုင်ငံတို.ဖြစ်သည် ။
အရှေ.တောင်အာရှမှ စင်္ကာပူသည် ကမ္ဘာ.လာဘ်မစားဆုံးနိုင်ငံတွင် နော်ဝေနိုင်ငံနှင်. ပူးတွဲလျက် အဆင်. (၅ ) ရရှိထား၏ ။ စင်္ကာပူမှ သုံးနာရီခန်.လေယာဉ်ဖြင်.သွားသည်နှင်.ရောက်လာသော မြန်မာနိုင်ငံမှာမူ ကမ္ဘာ.လာဘ်မစားဆုံး တွင် ၁၇၅ နိုင်ငံတန်းစီရာ နံပါတ် ၁၅၇ ဖြစ်သည် (မြန်မာအောက်တွင် ၁၈ နိုင်ငံ ရှိသေးသဖြင်.ကြံဖန်ဂုဏ်ယူနိုင်သေး၏ ) ။စင်္ကာပူသည်အဘယ်.ကြောင်. ကမ္ဘာ.လာဘ်ပေးလာဘ်ယူအနည်းဆုံးနိုင်ငံစာရင်းတွင် အဆင်. (၅) ၀င်ရသနည်း ။ ရှင်းပါ၏ ။လာဘ်ပေးလာဘ်ယူမှုကိုအစိုးရက အမှုကြီးသည် ငယ်သည်မရွေး ၊ ရာထူးကြီးသည် ငယ်သည်မခွဲပဲ ထိထိရောက်ရောက် အရေးယူသောကြောင်.ဖြစ်သည် ။ စင်္ကာပူတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ.Corrupt Practices Investigation Bureau( CPIB ) အဖွဲ.ဟူ၍ဖွဲ.ထားရာထိုအဖွဲ.သည် လုပ်ပိုင်ခွင်.အာဏာအပြည်.ရှိသဖြင်. အစိုးရဌာနတိုင်းကကြောက်ကြရသည် ။ CPIB အဖွဲ.နည်းတူ နိုင်ငံတော်စာရင်းစစ်အဖွဲ.သည်အလွန်အာဏာရိပေ၏ ။ CPIB အဖွဲ.၀င်များမှာသန်.ရှင်းသောသူများနှင်.သာဖွဲ.ထားသည် ။ ပိုင်ဆိုင်မှုကိုကြေငြာထားရသည် ။ အချင်းချင်းငွေချေးငှားခွင်.ပင်မရှိ ။ဘဏ်များမှ သုံးလစာထက်ပို၍ အကြွေးယူခွင်. ၊အကြွေးဝယ်ခွင်.မရှိ ။မိမိတို.စုံစမ်းနေသူများနှင်. အပျော်အပါး၊ကပွဲ ၊စားသောက်ပွဲများ သွားခွင်.မရှိ ။ တနှစ်ကုန်လျှင်ထိုအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ.၀င်များအား နိုင်ငံတော်မှဒေါ်လာသိန်းနှင်.ချီ၍ ဆုငွေချီးမြင်.၏ ။ ထိုအဖွဲ.က ခေါ်လျှင် အားလုံးသွားရောက်ပြီးအစစ်ခံရသည် ။CBI ၀န်ထမ်းများသည် အစိုးရအမှုထမ်းများ၊လွှတ်တော်အမတ် ၊ အရာရှိကြီးများ ၊ လိုအပ်ပါက ၀န်ကြီးချုပ်အထိ စစ်ဆေးမေးမြန်းပိုင်ခွင်.ရှိလေသည် ။ CPIB ထံရောက်လာသော အမှု များအနက် သုံးပုံ နှစ်ပုံမှာအရေးယူအပြစ်ပေးခံကြရလေသည် ။ ပြည်သူလူထုထံမှလာဘ်စားမှုအတွက်တိုင်ကြားချက်များ၊ အကြံပေးချက်များကို စုံစမ်းသည် ။ သတင်းပေးသူကိုအပြည်.အ၀လုံခြုံမှုပေး၏ ။ မြန်မာပြည်တွင်တော.ပြောင်းပြန်ဖြစ်သည် ။ သတင်းပေးသူကိုပင် မမှန်ကန်ကအရေးယူမည်.သဘောမျိုး ဥပဒေပြဌာန်းထား၏ ။ စင်္ကာပူတွင် လာဘ်ပေးလာဘ်ယူကိစ္စကို အပြင်းအထန်နှိပ်ကွက်ရာ ၂၀၁၀ နောက်ပိုင်း စင်္ကာပူ ၏ အကြီးဆုံးလာဘ်ပေးလာဘ်ယူမှုကြီး(၅)မှုမှာ မြန်မာနိုင်ငံမှလာဘ်စားကြသူများနှင်.နှိုင်းယှဉ်ကြည်.လျှင်ရယ်စရာပင်ကောင်းသေးတော.သည် ။
ပထမအမှု မှာအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ.ကြီးမှလူ က အရင်ဆုံးရေးယူခံရခြင်းဖြစ်သည် ။ အက်ဒ်ဝင်ယို ( Edwin Yeo ) သည် လာဘ်စားမှုတိုက်ဖျက်ရေးဗျူရိုမှဌာနမှူးတယောက်ဖြစ်သည် ။သူသည်လောင်းကစား ၀ါသနာပါသဖြင်. ကာစီနိုကစားဝိုင်းများတွင်လောင်းကစားရာမှ ရှုံးပြီးရင်းရှုံးဖြစ်နေပေသည် ။ သူ၏လုပ်ပိုင်ခွင်.အရ အစိုးရငွေများကို အွန်လိုင်းမှတဆင်.သူ.ဘဏ်စာရင်းထဲခနလှည်.ပြီးငွေပြန်ပေါ်လာလိုလာ ပေါ်လာငြား ဆက်လက်လောင်းကစားတော.သည် ။နိုင်လျှင် အစိုးရငွေကိုပြန်ဖြည်.လိုက်မယ်ဟူသောရည်ရွယ်ချက်ဖြင်.လောင်းကစားလိုက်ရာ ဒေါ်လာတသန်းအထိရောက်သွားတော.သည် ။ ထိုအချိန်တွင်စာရင်းစစ်ဝင်ရာ အက်ဒ်ဝင် မှာ အဖမ်းခံရတော.သည် ။အလုပ်ပြုတ်ပြီးထောင် (၁၀)နှစ်ကျ၏ ။ အလွဲသုံးသောငွေဖြင်.၀ယ်ယူထားသော အိမ် ၊ခြံမြေ စသော ပိုင်ဆိုင်မှုမရှိသဖြင်. သူ၏မိန်းမ ၊ဆွေမျိုးများ၏ ပိုင်ဆိုင်မှုကို အသိမ်းမခံရပေ ။ လာဘ်စားငွေဖြင်.၀ယ်ထားတာရှိလျှင်တော. မည်သူ.နာမည်ဖြင်.ပဲဝယ်ထားသည်ဖြစ်စေ နိုင်ငံပိုင်အသိမ်းခံရပေမည် ။ဤအမှုမှာ ကြီးမားသောလာဘ်စားမှုကြီး နံပါတ်(၁)အဖြစ်စင်္ကာပူတွင်ကျော်ကြားသွား၏ ။
ဒုတိယအမှုမှာ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဌာနကြီးမှုး Lim Cheng Hoe ၏အမှုဖြစ်သည် ။ သူသည် နိုင်ငံခြားမှစင်္ကာပူသို.ရောက်လာသော သံတမန်များအတွက်လက်ဆောင်ပစ္စည်းများဝယ်ရသောတာဝန်ကိုယူရသည် ။ အချိုရည် ၊၀ိုင်အရက်များဝယ်ရာတွင် ၂၂၂၆ ပုလင်းသာတကယ်ဝယ်သော်လည်း စာရင်းပြသောအခါ ၁၀၀၇၅ ပုလင်းပြထားပေ၏ ။ စင်္ကာပူဒေါ်လာ ရှစ်သောင်း ကိုးထောင် ( S$ ၈၉၀၀၀ ) အလွဲသုံးစားလုပ်ခြင်းဖြစ်သည် ။ အမှုပေါင်း (၁၀) မှုဖြင်. သူ.ကိုတရာစွဲပြီး အလုပ်ပြုတ်သည်အပြင် ထောင်ဒဏ် (၁၅)လ ချမှတ်အပြစ်ပေးခြင်းခံရ၏ ။
တတိယအမှုမှာ မစ္စတာပီတာလင်း ဆိုသော လူ ။ အစိုးရမီးသတ်ဌာနမှဌာနမှူးကြီး ။ သူ.ဌာနမှ လိုအပ်သောတင်ဒါတစ်ခုကိုအောင်မြင်ရန် ကုမ္မဏီတခုမှ အမျိုးသမီးတဦးက ချဉ်းကပ်သည် ။ထိုလူက လာဘ်ငွေမယူသဖြင်. အသက် ၄၀ အရွယ်အမျိုးသမီးက ထိုလူနှင်.အတူအိပ်ပြီး ကာမလာဘ်ထိုးလိုက်သည် ။ တင်ဒါလဲအောင်သွား၏ ။ သို.သော် ဤအမှုကိုအစိုးရကသိသွားပြီး မစ္စတာ ပီတာလင်းအလုပ်ပြုတ်၍ထောင် ခြောက်လကျသွား၏ ။ Ms Pang Chor Mui ဆိုသောအမျိုးသမီးကိုလဲသူ.ကုမ္မဏီမှအလုပ်ထုတ်ပါယ်လိုက်၏ ။
စတုတ္ထအမှု မှာ မြန်မာ.စံချိန်နှင်.ကြည်.လျှင် လာဘ်စားမှုပင်မြောက်သည်ဟုခေါ်ကြမည်မဟုတ်ပေ ။ အမှုမှာ စင်္ကာပူအစိုးရပန်းခြံများဌာန၏ လက်ထောက်ဒါရိုက်တာ ဘားနဒ် သည် ပန်းခြံထဲတွင် သုံးမည်.အပျော်စီးစက်ဘီး ၂၆ ခု (ဒေါ်လာ ၂၀၀၀ ) ဖိုးလောက်တင်ဒါခေါ်ရာတွင် သူ.မိတ်ဆွေတဦးကိုရပါစေဆိုသောစိတ်ဖြင်. အခြားသူများတင်သွင်းသောတင်ဒါဈေးနှုန်းလျှို.၀ှက်ချက်များကိုပြောပြလိုက်သဖြင်. မိတ်ဆွေဖြစ်သူတင်ဒါအောင်သွား၏ ။ ထိုကိစ္စကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ.သိသောအခါ အလုပ်ပြုတ် ၊ ထောင်တနှစ်ကျရုံမက ၊ဒေါ်လာ ငါးထောင်ပင်ဒဏ်ငွေဆောင်လိုက်ရသေး၏ ။
နောက်တစ်ယောက်ကတော. စင်္ကာပူအမျိုးသားတက္ကသိုလ် ( National University of Singapore ) မှ ပါမောက္ခတဦးဖြစ်သည် ။ Tey Tsun Hang ဆိုသော သူသည် NUS တက္ကသိုလ်၌ဥပဒေပါမောက္ခဖြစ်သည် ။သူသည် ကျောင်းသူတဦးအား ကာမရယူကာ စာမေးပွဲအအောင်ပေးလိုက်၏ ။ Sex နှင်. စာမေးပွဲလဲလှယ်ခြင်းဖြစ်သည် ။ထိုအမှုပေါ်သောအခါ ပါမောက္ခသည် ထောင်ငါးလကျပြီး ဒဏ်ငွေ(၅၁၄)ဒေါ်လာ ချမှတ်ခံရပေ၏ ။ ဤကားစင်္ကာပူ၏၂၀၁၀ နောက်ပိုင်းအထင်ရှားဆုံးလာဘ်စားမှုငါးမှုပေတည်း ။
မြန်မာနိုင်ငံတွင်လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးကော်မရှင်အား ၂၀၁၄ တွင်သမ္မတနှင်.လွှတ်တော်မှဖွဲ.စည်းခဲ.ပေသည် ။ စင်္ကာပူ CPIB ကဲ.သို. လုပ်ပိုင်ခွင်.အာဏာအပြည်.ရှိသောအဖွဲ.တော.ဟုတ်ဟန်မတူ ။ အဖွဲ.ဥက္ကဌမှာ ဦးမြ၀င်း(စစ်မှုထမ်းဟောင်း) ၊ အတွင်းရေးမှူးမှာ ဦးတင်ဦး(သံအမတ်ကြီးဟောင်း) ၊ အဖွဲ.၀င်များမှာဦးကျော်ကျော် ( နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ချုပ် ) ၊ ဦးစိုးတင်.(ညွှန်မှူး ၊ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး) ၊ ဦးသန်းအောင် (ရှေ.နေချုပ်ရုံး ) ဦးမောင်ရှိန်(စစ်မှုထမ်းဟောင်း) ၊ ဒေါက်တာတိုက်စံ (ပါမောက္ခ-တပ်မတော်နည်းပညာတက္ကသိုလ်) ၊ ဦးနေ၀င်း(သံအမတ်ကြီး) ၊ စသည်.ညွှန်မှူး ၊ညွှန်ချုပ် အများစုပါဝင်သောအဖွဲ.ဖြစ်သည် ။ သို.သော် မြန်မာနိုင်ငံတွင် ယနေ.အထိ လာဘ်ပေးလာဘ်ယူမှုကြောင်. စင်္ကာပူမှာလို ထိထိရောက်ရောက်အရေးယူသည်.ကြီးမားသောအမှုများတစ်မှုမှမပေါ်ပေါက်သေးချေ ။ ဦးဆန်းဆင်.၏ သိန်း ၁၀၀ အလွဲသုံးစွဲမှုသာရှိပေရာ သိန်းတရာထက်မကအလွဲသုံးစားခဲ.ကြသော မြန်မာအစိုးရ အရာရှိကြီးများ၏ အမှုများမှာ ကိုယ်ပျောက်ဆေးစားထားသကဲ.သို. ပျောက်ခြင်းမလှပျောက်ကွယ်နေပေတော.သည် ။
တချို.ကထင်ကြသည်မှာ ဖွဲ.စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၅ တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ.၊သို.မဟုတ် နိုင်ငံတော်အေးချမ်းသာယာရေးနှင်.ဖွံ.ဖြိုးရေးကောင်စီ အဖွဲ.၀င်တစ်ဦးဦး ၊သို.မဟုတ် အစိုးရအဖွဲ.၀င်တစ်ဦးဦး၏တာဝန်အရဆောင်ရွက်ချက်များအပေါ်အကြောင်းပြုလျက် ယင်းတို.အားတရားစွဲ ဆိုခြင်း၊ အရေးယူခြင်းမရှိစေရ ဟုပါရှိသောကြောင်. ၎င်းတို.ငွေကြေးအလွဲသုံးစားလုပ်ခဲ.သည်များကို စစ်ဆေးအရေးယူပိုင်ခွင်.မရှိဟုထင်မြင်နေကြပေသည် ။ ဖွဲ.စည်းပုံအခြေခံဥပဒေတွင် အတိအလင်းရေးထားသည်မှာ တာဝန်အရဆောင်ရွက်ချက်များ အပေါ် အရေးယူခြင်းမရှိစေရဟုရေးသားထားခြင်းဖြစ်သည် ။ နိုင်ငံတော်ဘဏ္ဍာ အလွဲသုံးစားလုပ်ခြင်းသည် တာဝန်အရလုပ်ခြင်းမဟုတ်ပဲ မိမိကိုယ်ကျိုးအတွက်ဆောင်ရွက်ခြင်းဖြစ်သည် ။ ဤကိစ္စများသည် ရာဇ၀တ်မှုဖြစ်သည် ။ လွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ.စည်းပုံအခြေခံဥပဒေ ခုံရုံးသို. ရှင်းလင်းချက်ပေးပါရန်တောင်းခံရမည်. စာသားဖြစ်သည် ။ တာဝန်အရဆိုတာဘာလဲ ။ နိုင်ငံ.ဘဏ္ဍာများအလွဲသုံးစားခြင်းသည် တာဝန်ဆိုသော စကားနှင်.အကျုံးဝင်ပါသလား ။ တာဝန်ဆိုတာခြစားခြင်းဖြစ်ပါသလား ။ ခြစားခြင်း ၊ လာဘ်စားခြင်း ၊ ကိုယ်ကျိုးအတွက်လုပ်ခဲ.ခြင်း ။ နိုင်ငံပိုင်ငွေကို မိမိသူငယ်ချင်း၊မိသားစု၊ဆွေမျိုးအတွက် အသုံးချခဲ.ကြခြင်းတို.သည် စင်္ကာပူတို. ၊တရုတ်ပြည်တို. ၊ဒိန်းမတ်တို.မှာဆိုလျှင်တော. ကြီးမားသောရာဇ၀တ်မှုဖြစ်သည် ။ သူခိုးကြီးသောအခါ ဓါးပြဂိုဏ်းဖြစ်သွားတတ်၏ ။ ဓါးပြကြီးသောအခါနိုင်ငံတော် ခြစားမှု ဟုခေါ်တွင်ရမည် ။ ခြစားမှုကို ဖွဲ.စည်းပုံအခြေခံဥပဒေက ကာကွယ်ပေးခြင်းမျိုးတော.မဖြစ်စေလိုပါ ။ခေါင်ကမလုံသောအခါတအိမ်လုံးခြများ သောင်းကျန်းကြပါလိမ်.မည် ။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ် ၄.၈.၂၀၁၅
ကိုးကား

0 comments:

Post a Comment

Facebook Like Page