Monday, June 22, 2015

ပျူမြို့ဟောင်းသုံးမြို့ တစ်နှစ်ပြည့်အထိမ်းအမှတ် သန့်ရှင်းသာယာရေးလုပ်အားပေးပြုလုပ်

Leave a Comment
ပျူမြို့ဟောင်းသုံးမြို့ တစ်နှစ်ပြည့်အထိမ်းအမှတ် သန့်ရှင်းသာယာရေးလုပ်အားပေးပြုလုပ်
ပြည် ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပြည်မြို့ မှော်ဇာနယ်မြေအတွင်းရှိ သရေရခေတ္တရာပျူမြိုပဟောင်းနှင့်စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်အတွင်းရှိ ဟန်ဟင်း၊မကွေးတိုင်းဒေသကြီး မကွေးခရိုင်အတွင်းရှိ ဗိဿနိုးပျူမြို့ဟောင်းများ ကမ္ဘာ့အမွေအနှစ်သတ်မှတ်ခဲ့သည့် တစ်နှစ်ပြည့်နေ့မှာ သရေခေတ္တရာဇုန်နယ်မြေများအတွင်း ရှေးဟောင်းအဆောက်အဦးများနှင့်ပါတ်ဝန်ကျင်များအား သန့်ရှင်းသာယာရေးလုပ်အားပေးများကို ဇွန်-၂၂ ရက်နေ့နံနက် ၉-နာရီတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
သရေခေတ္တရာ၊ဟန်လင်း၊ဗိဿနိုးအစရှိသည့် ပျူမြို့ဟောင်းသုံးခုကို ၂၀၁၄ ခုနှစ် ဇွန် ၂၂ ရက်နေ့တွင် ကာတာနိုင်ငံမှာကျင်းပသွားခဲ့သည့်ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ ယူနစ်စကိုမှ ၄င်းမြို့သုံးအား ကမ္ဘာ့အသိအမှတ်ပြုရှေးဟောင်းပျူမြို့ဟောင်းများအဖြစ် သတ်မှတ်ကြေငြာပေးခဲ့ကြောင်းသိရသည်။
 ကျွန်တော်တို့ ဒီလိုသန့်ရှင်းရေးပြုလုပ်သွားတယ်ဆိုတာ ရှေးဟောင်းအမွေအနှစ်တွေလာရောက်လေ့လာတဲ့နိုင်ငံကြီးသားများ ပြည်တွင်းပြည်ပ ဧည့်သည်တွေအမြင်မတော်တဲ့အမှိုက်တွေ မြက်ပင်ပေါင်းပင်တွေကို ရှင်းလင်ဖယ်ရှားပေးတာပါ။ဒီလိုအရှေ့ကလုပ်ဆောင်သွားခြင်းဖြင့် ဒေသခံတွေရော တခြားလေ့လာသူများလည်း အမှိုက်များကိုစည်းကမ်းတကျမပစ်မိအောင် အမှိုက်တွေ့ရှိလည်း ရှင်းလင်းလာစေချင်အောင်လို့ ပြုလုပ်တာပါ။ဒီတစ်နှစ်ပြည့်အမှတ်တရအနေနဲ့ ကိုယ့်စားရိတ်နှင့်ကိုယ် နိုင်ငံခြားလေ့လာရေးခရီးကို ပြည်က ဆယ့်သုံးယောက်သွားရောက်နေပါပြီ။မိမိအမွေအနှစ်တွေမိမိထိန်းသိမ်းဖို့ကအရေးအကြီးဆုံးပါ။ဟု ပျူမြို့ဟောင်းများ ထိန်းသိမ်းစောင့်လျှောက်ရေး ဥက္ကဌ ဦးလူဝင်း မှပြောသည်။
အဆိုပါတစ်နှစ်ပြည့်အခမ်းအနားကို ပျူမြို့ဟောင်းများထိမ်းသိမ်းစောင့်လျှောက်ရေးအဖွဲ့၊သရေခေတ္တရာအမွေအနှစ်စောင့်လျှောက်ရေးအဖွဲ့၊ခေတ္တရာလူငယ်များ သာရေးနာရေးကူညီပံ့ပိုးမှုအသင်း၊ယဉ်ကျေးမှုဝန်ကြီးဌာန၊ကျန်းမာရေးဌာန၊Torist Polis များနှင့် မှော်ဇာဒေသခံများစုစုပေါင်း ၂၀၀-ခန့်မှ အမှိုက်ကောက်ခြင်း၊မြက်ပင်နှင့်ပေါင်းပင်များရှင်လင်းခြင်း၊သန့်ရှင်းရေးလုပ်ငန်းများကိုဆောင်ရွက်သွားကြောင်းသိရသည်။သရေခေတ္တရာရှေးဟောင်းဇုန်ဧရိယာအတွင်းရှိ ကျေးရွာပေါင်း ၁၉-ရွာရှိ မှုလတန်းကျောင်းများ၊ဘုန်းတောကြီးသင်ပညာရေးကျောင်းများအား နှစ်စဉ်ဆိုသလိုပြုလုပ်လေ့ရှိသော ခြင်ဆေးပတ်ဖြန်းခြင်းလုပ်ငန်းများကိုလည်း ယနေ့တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်တစ်နှစ်ပြည့်အနေဖြင့် သွေးလွန်တုတ်ကွေးကာကွယ်ရေး ကျန်းမာရေးလုပ်ငန်းများကိုပါ ပြုလုပ်သွားကြောင်းသိရသည်။ k3(pyay)ဒီမိုကရေစီတူဒေး သတင်းစာသို့ ယနေ့ပေးပို့ထားပါသည်။

တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019


0 comments:

Post a Comment

Facebook Like Page