Saturday, June 11, 2016

ဆင်မြီးဆွဲလမ်းဆုံတွင် အထုပ်(၂)ထုပ်နှင့်အမျိုးသားတစ်ဦးအား စစ်ဆေးရာမှနောက်ဆက်တွဲခိုးမှု ပေါ်ပေါက်နိုင် ပြည့်သဲမောင်(ပြည်)

Leave a Comment

ဆင်မြီးဆွဲလမ်းဆုံတွင် အထုပ်(၂)ထုပ်နှင့်အမျိုးသားတစ်ဦးအား
စစ်ဆေးရာမှနောက်ဆက်တွဲခိုးမှု ပေါ်ပေါက်နိုင်


ပေါင်းတလည်မြို့ ဇွန်လ(၁၁)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပြည်မြို့နယ် ၊ပေါင်းတလည်နယ်မြေရဲစခန်းမှ
လှည့်ကင်းဆောင်ရွက်စဉ် အထုပ်(၂)ထုပ်ဖြင့်တွေ့ရှိသူအမျိုးသားတစ်ဦးအား
မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးရာ နံမည်ရှိရှပ်အင်္ကျီများ၊လုံချည်များနှင့်တွေ့ရ
သဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပေါင်းတလည်နယ်မြေရဲစခန်းမှ ရဲတပ်ကြပ်ကြီးနိုင်ဝင်းနှင့်တပ်ဖွဲ့ဝင်
များသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်စိန်လင်း ၊ရာအိမ်မှူး ဦးသန့်ဇင်ဦးတို့
နှင့်အတူ ဇွန်လ(၇)ရက်နေ့ ည (၁၂)နာရီအချိန်ခန့်၌လှည့်ကင်းဆောင်ရွက်နေ
စဉ် ရဲစခန်းအနောက်(၃)ဖာလုံခန့် ပေါင်းတလည်မြို့၊ဆင်မြီးဆွဲလမ်းဆုံအရောက်
တွင် အထုပ်(၂)ထုပ်နှင့် အမျိုးသားတစ်ဦးအား မသင်္ကာဖွယ်ရာတွေ့ရှိသဖြင့်
စစ်ဆေးမေးမြန်းခဲ့သည်ဆို၏။

ထိုသို့ မေးမြန်းရာ ငြိမ်းထွန်းဦး(၃၂)နှစ်(ဘ)ဦးငြိမ်းစော၊ကျပန်းလုပ်၊ဝါရုံလမ်း၊
နဝင်းတာရိုးပြည်မြို့နေသူဖြစ်ပြီး ၄င်းလက်ရှိ အထုပ်(၂)ထုပ်အတွင်းမှ Giore
nzon ရောင်စုံကွက်စုံရှပ် လက်ရှည်အင်္ကျီ(၅)ထည်၊ Giorenzon ရောင်စုံကွက်
စုံရှပ် လက်တိုအင်္ကျီ(၄)ထည်၊Imax ရောင်စုံကွက်စုံရှပ် လက်ရှည် အင်္ကျီ (၂)
ထည်၊ Imax ရောင်စုံကွက်စုံရှပ် လက်တိုအင်္ကျီ(၃)ထည်၊ButterFlyw တံ
ဆိပ်ပါ လုံချည်ရောင်စုံ အသစ်(၂၇)ထည်၊ MDEရောင်စုံကွက်စုံအသစ်
(၁၀) ထည်၊အရိုးသွား(၁)ပေခန့် လုံးပတ်လက်သန်းခန့်ရှိ လက်ကိုင်ရိုးအနီပါ ဝက်
အူ လှည့်(၁)ချောင်း(စုစုပေါင်းတန်ဖိုး-၃၈၇၅၀၀ိ/)ခန့်ရှိ အဝတ်အထည်များ
တွေ့ ရှိရ၍ပိုင်ဆိုင်ကြောင်းမေးမြန်းရာ ၄င်းပိုင်ဆိုင်ကြောင်းအထောက်အ
ထား တစ်စုံတစ်ရာပြောဆိုနိုင်ခြင်းမရှိသည့်အပြင် နေအိမ်အဆောက်အဦး
တစ်ခုခုအတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ်ရာတွေ့ရှိရ၍ သက်သေ
များနှင့်အတူ ရှာဖွေပုံစံပြုလုပ်သိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းအရ
သိရသည်။

ထို့ကြောင့် နေအိမ်အဆောက်အဦးတစ်ခုခုမှ ခိုးယူလာသည်ဟု မသင်္ကာသူ
ငြိမ်းထွန်းဦးအား အရေးယူပေးပါရန် ရဲတပ်ကြပ်ကြီး နိုင်ဝင်းမှ တရားလိုပြု လုပ်တိုင်တန်းချက်အရ ပေါင်းတလည်နယ်မြေရဲစခန်း(ပ)၅၆/၂၀၁၆ ၊ ပြစ်မှု
ပုဒ်မ -၃၈၀/၅၄ ဖြင့် အမှုရေးဖွင့်ထားရှိကာ အမှုအားဒုရဲအုပ် ထွန်းထွန်းဦးမှ လက်ခံစစ်ဆေးလျှက်ရှိကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ




0 comments:

Post a Comment

Facebook Like Page