Showing posts with label ပြည်မြို့နယ်မှ သတင်း. Show all posts
Showing posts with label ပြည်မြို့နယ်မှ သတင်း. Show all posts

Saturday, February 13, 2016

ဗိုလ်ချုပ်အောင်ဆန်း ၁၀၁-နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲများစွာ ပြည်မြို့တွင်ကျင်းပပြုလုပ်..သတင်းတို...........

Leave a Comment



ဗိုလ်ချုပ်အောင်ဆန်း ၁၀၁-နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲများစွာ ပြည်မြို့တွင်ကျင်းပပြုလုပ်

ပြည် ဖေဖော်ဝါရီ ၁၃

သတင်းတို...........

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့အတွင်းရှိ ပန်းချီပညာရှင်များ၊ကဗျာဆရာများ၊ ဖြူဖြူစင်စင်ကုသိုလ်ရှင်(ပရဟိတ-သန့်ရှင်းရေးအသင်း)၊ ကာတွန်းဆရာများ၊ကျောင်းသား/သူများ၊ဒေသခံပြည်သူလူထုတစ်ချို့နှင့် လုပ်ငန်းရှင်များစုပေါင်း၍ ဖေဖော်ဝါရီလ ၁၃-ရက်နေ့မှာကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း ၁၀၁-နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အနေဖြင့် ဘုရားထီးတင်ပွဲကျင်းပခြင်း၊ပဲပြုတ်နှင့်နံပြားအပါဝင် လက်ဖက်ရည်များလိုက်လံဝေငှခြင်း၊ရပ်ကွက်အတွင်းအားကစားပွဲတော်များပြုလုပ်ခြင်းများ နှင့် တီရှပ်အကျီများဝေငှခြင်းများပြုလုပ်ခဲ့ကြကြောင်းသိရသည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း၏ ဖေဖော်ဝါရီလ ၁၃-ရက်နေ့တွင်ကျရောက်သော ၁၀၁-နှစ်ပြည်မွေးနေ့မင်္ဂလာအထိန်းအမှတ်အနေဖြင့် ပြည်မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ကျောင်းသား/သူများ၊ ဖြူဖြူစင်စင်ကုသိုလ်ရှင်(ပရဟိတ-သန့်ရှင်းရေးအသင်း)၊ပန်းချီ၊ကာတွန်း၊ကဗျာပညာရှင်နှင့် နိုင်ငံရေးတက်ကြွလှုပ့်ရှားသူများ၊ဒေသခံပြည်သူများတို့သည် မိမိတို့သက်ဆိုင်ရာအဖွဲ့အစည်းအလိုက် ပြည်မြို့နယ်အတွင်း နေရာအနှံ့အပြားတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၁-နှစ်ပြည့် အထိမ်းအမှတ်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသသည်။

သတင်းအပြည့်အစုံဆက်လက်ဖတ်ရှုပါရန်...

ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019
 





 
Read More...

Thursday, February 11, 2016

(၆၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပ ပြည့်သဲမောင်(ပြည်)09-4236 71883

Leave a Comment

(၆၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပ

ပြည် ဖေဖော်ဝါရီ(၁၂)ရက်
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပြည်မြို့တွင်(၆၉)နှစ်မြောက်
ပြည်ထောင်စုနေ့အခမ်းအနားအား ဖေဖော်ဝါရီ(၁၂)ရက်နေ့
နံနက်(၇)နာရီအချိန်တွင် ပြည်မြို့အမှတ်(၁)အခြေခံပညာ
အထက်တန်းကျောင်းဝန်း လွတ်လပ်ရေးကျောက်တိုင်၌
ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်အလံအလေးပြုခြင်း၊ကျဆုံး
သွားသောအာဇာနည်ခေါင်းဆောင်ကြီးများအား အလေး
ပြုခြင်းနှင့်နိုင်ငံတော်သမ္မတဦးသိန်းစိန်မှပေးပို့သော(၆၉)
နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုသဝဏ်လွှာအားဖတ်
ကြားခြင်းများ ပြုခဲ့ကျသည်။

အဆိုပါ(၆၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့
ပြည်မြို့နယ်ရှိဌာနဆိုင်ရာများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊
မိခင်နှင့်ကလေးစောက်ရှောက်ရေးအဖွဲ့ဝင်များ၊အမျိုးသမီး
ရေးရာအဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊အ.ထ.က(၂)
ဘင်ခရာအဖွဲ့ကျောင်းသား/ကျောင်းသူများ၊ရပ်ကွက်အုပ်
ချုပ်ရေးအဖွဲ့ဝင်များ၊စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ဒေသခံ
ပြည်သူများတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ












Read More...

Sunday, January 17, 2016

လယ်သမား အလုပ်သမား ကျောင်းသား ပြည်သူအများစုအတွက်တာဝန်မကျေ သောအစိုးရနှင့်လွှတ်တော်ကိုရှုံ့ချပါသည် ဟူသောရည်ရွှယ်ချက်ဖြင့် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော် ပြည့်သဲမောင်(ပြည်)

Leave a Comment

သတင်းတို ပြည် ဇန်နဝါရီ  ၁၈  ရက်နေ့

၂၀၁၁ ခုနစ်မှ၂၀၁၆ ခုနှစ် (၁)လပိုင်းအထိ
လယ်သမား အလုပ်သမား ကျောင်းသား
ပြည်သူအများစုအတွက်တာဝန်မကျေ
သောအစိုးရနှင့်လွှတ်တော်ကိုရှုံ့ချပါသည်
ဟူသောရည်ရွှယ်ချက်ဖြင့် တစ်ကိုယ်တော်
ကိုဝင်းလှိုင်  ကဇန်နဝါရီ (၁၈)ရက်နေ့ နေ့
လည်(၁း၅၅)မိနစ်အချိန်ခန့် ရုံးထုတ်စဉ်ဆန္ဒ
ထုတ်ဖော်ခဲ့ကြောင်းသိရသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မူခင်းနှင့်သတင်းစုံ




Read More...

Sunday, August 16, 2015

ရေးဘေးသွားရောက်လှူဒါန်းသည့်ကားတိမ်းမှောက် လူ(၄)ဦးသေဆုံးခဲ့

Leave a Comment

ရေးဘေးသွားရောက်လှူဒါန်းသည့်ကားတိမ်းမှောက် လူ(၄)ဦးသေဆုံးခဲ့

သြဂုတ်လ ၁၂ ရက်နေ့နံနက် ၉ နာရီခန့်က ပဲခူးတိုင်း အနောက်ပိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရေဘေးသင့် ဒေသခံများအား လှူဒါန်းရန် လာရောက်သည့် ကားတိမ်းမှောက်မှုကြောင့် လူ ၄-ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်၊ကျီးသဲကျေးရွာနှင့်ညောင်စာရေးကျေးရွာများ ရှိ ရေဘေးသင့် ပြည်သူများအား ကူညီလှူဒါန်းရန်အတွက်ရန်ကုန်ဘက်မှ ပြည်ဘက်သို့ သဲကုန်းမြို့နယ်၊အင်းမမြို့ ရေပြာရပ်ကွက် နေ
ဟိန်းမင်းထွေး (ခ)ဟိန်းထွဋ်အောင် မောင်းနှင်လာသောလိုက်ထရပ်အဖြူရောင်ယဉ်သည် ရွှေတောင်မြိုနယ်၊ကြို့ကုန်းအုပ်စု၊ဒေါင်းဇွန်ကျေးရွာ အနီး ပြည်-ရန်ကုန်လမ်းမပေါ်
မိုင်တိုင်အမှတ်(၁၆၈-၆/၇)အကြားတွင် မိုးရွာသွန်းမှုကြောင့်ကားဘီးချော်ပြီး လမ်း၏ ယာဘက်ရှိ ကျွန်းပင်အားဝင်ရောက်တိုက်မိပြီးလဲကျသွားခဲ့ကြောင်း၊ အဆိုပါ ယဉ်တိမ်းမှောက်မှုကြောင့်
ယဉ်ပေါ်ပါလာသူ(၁၄)ဦးအနက် ကျား(၂)ဦးမ(၁)ဦးတို့မှာ နေရာတွင်သေဆုံးသွားခဲ့ပြီး နောက်ထပ် 
 တစ်ဦးမှာဆေးရုံရောက်ပြီးနေ့လည်(၁၂း၃၀)နာရီအချိန်ခန့်တွင်ထပ်မံသေဆုံးသွားကြောင်း၊ကျန်သည့်လူများမှာလည်း ဒဏ်ရာအသီးသီး ရရှိပြီး ပြည်မြို့ ပြည်သူ့ဆေးရုံတွင်ကုသမှုခံယူနေရကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

 “ဖြစ်သွားတာကတော့ နံနက်ကိုးနာရီလောက်မှာ ဖြစ်သွားတယ်၊ ရေဘေးလှူဖို့လာကြတဲ့ အင်းမမြို့က လူငယ်လေးတွေ စီးလာတဲ့ကားလို့ သိရတယ်။ ကားကချော်ပြီး လမ်းဘေးကျ သစ်ပင်ဝင်တိုက်မိတာလို့ ပြောကြတယ်။ အခင်းဖြစ်ပွားတဲ့နေရာမှာ သုံးဦးပွဲချင်းပြီး သေဆုံးသွားတယ်”
ဟုရွှေတောင်မြို့နာရေးကူညီမှုအသင်းမှ ကိုထွန်းထွန်းကေ ပြာသည်။

  အဆိုပါယဉ်တိမ်းမှောက်မှု ဖြစ်စဉ်ဖြစ်ပွားမှုကြောင့်ယဉ်အားမဆင်မခြင်မောင်းနှင်၍လူအများကို ယဉ်(ပ)၄၁/၂၀၁၅ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်
အရေးယူဆောက်ရွက်လျှက်ရှိ ကြောင်း သိရသည်။

                                                                                                 ပြည်သတင်းလူငယ်(ပြည်သတင်း)
Read More...

အရေးပေါ်ကယ်ဆယ်ရေးအတွက် ရေသန့်ဗူးလေးများဖြင့် အသက်ကယ်လှေနှင့်အသက်ကယ်အကျီင်္များပြုလုပ်ပြသခဲ့

Leave a Comment


အရေးပေါ်ကယ်ဆယ်ရေးအတွက် ရေသန့်ဗူးလေးများဖြင့် အသက်ကယ်လှေနှင့်အသက်ကယ်အကျီင်္များပြုလုပ်ပြသခဲ့

ပဲခူးတိုင်းဒေသကြိး ပြည်ခရိုင် ပြည်မြို့အတွင်း ရေဘေးသင့်ပြည်သူများထံသို့ တစ်လီတာရှိသည့် သောက်ရေဗူးများဖြင့် လှေ နှင့်ဖောင် များပြုလုပ်ကာ ပညာပေး နှင့်အလှူပေးခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။အဆိုပါ ရေသန့်ဗူးများဖြင့် လှေငယ်များဖောင်များ၊အသက်ကယ်အကျီင်္များ ကိုပြုလုပ်တီထွင်ခဲ့သည်မှာ  ၂၀၁၄ခုနှစ် ထိုင်းနိုင် ဘန်ကောက်မြို့တွင်ရေကြီးရေလျှံမှုများဖြစ်ပေါ်စဉ်က ယခုလိုရေသန့်ဗူးများဖြင့် လှေငယ်များ၊ဖောင်များ၊အသက်ကယ်အကျီင်္များပြုလုပ်၍ ပစ္စည်းများတင်ဆောင်ခြင်း၊သွားလာရေးအတွက်အသုံးပြုခြင်းများပြုလုပ်ခဲ့ပုံ ကို လူမှုကွန်ယက်(Face Book) စာမကျနှာပေါ်တွင်တွေ့ရှိကာ အဆိုပါနည်းတူ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ပြုလုပ်ထားပြီး မြန်မာနိုင်ငံမျာတော့ ဦးစွာပထမဆုံးစတင် တီထွင်လိုက်တာဖြစ်ကြောင်းသိရသည်

“ဟိုတစ်ရက်က လမ်းဘေးကလေးတွေနဲ့အဲဒိလူကြီးလူကြီး  လာသေးတယ်။သူလုပ်ထားတဲ့ရေသန့်ဗှုးလှေတွေနဲ့အကျီင်္တွေကိုသဘောကျလို့ ကျွန်မလည်း လာလှူထားတဲ့ ရေသန့်ဗှုးတွေစုပြီး သူတို့လို့အကျီင်္လေးလုပ်ထားခဲ့တယ်။သွားလာရလွယ်ကူတယ်။ဒီလိုရေသန့်ဗှုးနဲ့ရေထဲမှာ လှေတွေ အသက်ကယ်အကျီင်္တွေ ပြုလုပ်ရမယ်ဆိုတာ မသိခဲ့ဘူး။သူတို့ရေဝေတယ်။ခေါက်ဆွဲခြောက်ဝေတယ်။ပြုလုပ်နည်းတွေပြောပြတယ်။အဲဒိတိုင်းလိုက်လုပ်တာ အခု ကျွန်မသွားလာရေးအဆင်ပြေတယ်။ရေရသန့်ဗှုးတွေထပ်ရရင်လှေတစ်စင်းလုပ်သွားအုံးမယ်။” ဟု န၀င်းရေဘေးသင့် ပြည်သူတစ်ဦးမှ သမဂ္ဂဂျာနယ်သို့ပြောသည်။

အဆိုပါ ကွန်ရက်သည် လမ်းပျော်ကလေးများအား ပညာရေး ကျန်းမာရေး များအစာကြွေးသင်ကြားပေးလျှက်ရှိပြီး ပြည်မြို့တွင်တော့ တစ်ခုတည်းသာရှိသည့်အဖွဲ့ဖြစ်သည်

“တန်ဖိုးနည်တယ်။အချိန်တိုအတွင်းမှာပြုလုပ်နိုင်တဲ့အတွက် မိမိကိုယ်ကို အားကိုးစေချင်တဲ့စိတ်တွေပေါ်ပေါက်လာဖို့အတွက် နည်းပညာပြခဲ့တာပါ။ဝေပေးတာတော့မလုပ်ခဲ့ဘူး။ သရုပ်ပြသနည်းလမ်းပေးလာခဲ့တာ။ဒီလိုပစ္စည်းတွေနဲ့ ဒီလိုအသုံးပြုလို့ရတယ်ဆိုတာကိုပဲပြသခဲ့တာ။ရေဘေးသင့်ပြည်သူတွေ မိမိတို့အိမ်မှာရှိတဲ့ပစ္စည်းများနဲ့ ကိုယ်ပိုင်သွားလာနိုင်ရေး၊ပစ္စည်းတွေတင်ဆောင်နိုင်ရေးအတွက်အဓိကထားပြီး ဆန်တွေရေသန့်တွေသွားလှူရင်း ပြုလုပ်ပုံအဆင့်ဆင့်ကိုရှင်းလင်းပြသပေးခဲ့ပါတယ်။ “ ဟု ဂရုနာလက်များကွန်ရက် `အတွင်းရေးမှူး ကိုပုည ကသမဂ္ဂဂျာနယ်သို့ပြောသည်။

အဆိုပါ ၁-လီတာခန့်ရှိသိ ရေသန့်ဗူးဖြင့် ပြုလုပ်သည့် အလျှား-၆-ပေ အနံ ၄-ပေ ခန့်ရှိပြီး သံဇကာတစ်ချပ်၊တစ်လီတာ ရေသန့်ဗူးပေါင်း ၄၅၀၊ပလစ်စတစ်ကြိုး ၃၀၀-ကျပ်တန် ၃-ခွေ၊ပါကင်ပိတ်တိပ် ခွေသေး ၃-ခွေများပါဝင်ပြီး စုစုပေါင်းတန်ဖိုးငွေ ၈၀၀၀-ကျပ်(ရှစ်ထောင်) ကုန်ကျမှာဖြစ်ပြီး အချိန်အားဖြင့် ၅-နာရီသာကြာမြင့်၏။အသက်ကယ်အကျီင်္တစ်ထည်ပြုလုပ်ရာတွင် တစ်လီတာရေသန့်ဗူး ၁၂-ဗူး နှင့် ပီနံအိတ် ဖြင့်ပြုလုပ်ပါက ၅၀၀-ကျပ်(ငါးရာ) ၊ အမိုးကူရှင်ဖြင့် ပြုလုပ်ပါက ၅၀၀၀ိ-ကျပ်(ငါးထောင်ကျပ်) ဖြင့်သာကုန်ကျတာဖြစ်ပြီး လက်ရှိအသက်ကယ်အကျီင်္တစ်ထည်လျှင်ပြင်ပဈေး ၁၅၀၀၀-ကျပ်အနည်းဆုံးရှိကြောင်းသိရသည်။ ရေသန့်ဗူးဖြင့်ပြုလုပ်ထားသည့်အသက်ကယ်တန်ဖိုးနည်းလှေပေါ်တွင် လူကြီး ၆-ဦးသာသာလေးတက်ရောက်စီးနိုင်သည်။ထိုကဲ့သို့ ရေသန့်ဗူးဖြင့် ပြုလုပ်ထားရှိသည့်ပစ္စည်းများကို မိမိတို့ ဥာဏ်ရှိသလိုအရေးပေါ်ကယ်ဆယ်ရေးနေရာတွေမှာလည်းသုံးစွဲပြုလုပ်သွားနိုင်ကြောင်းသိရသည်။ အဆိုပါရေသန့်ဗူးဖြင့်ပြုလုပ်ထားမှုအားလုံးသည် မြန်မာ့နည်း မြန်မာ့ဟန် လက်မှု့ပညာဖြင့်သာပြုလုပ်သွားခဲ့သည်။ပြည်မြို့နယ်အတွင်း အဆိုပါအဖွဲ့ပြုလုပ် သရုပ်ပြခဲ့ပြီးနောက်ပိုင်းတွင် ရေသန့်ဗူးဖြင့်ပြုလုပ်သည့် လှေငယ်များ၊အသက်ကယ်အကျီင်္များကျယ်ပြန့်လာခဲ့ပြီး ပြည်မြို့တွင်းရေဘေးသင့်ပြည်သူများထံ ထိုလှေများဖြင့် လာရောက်ပြသပညာပေးလျှက်ရှိသည်။ထိုအသက်ကယ်လှေများ၊ဖောင်များနှင့် အသက်ကယ်အကျီင်္များအားလုံး ဧရာဝတီမြစ်ရေပြင်တွင် လက်တွေ့စမ်းသပ်အသုံးချပြီးမှ ယခုကဲ့သို့တီထွင်လာခဲ့တာဖြစ်ကြောင်း စတင်တီထွင်ခဲ့သူ ဂရုနာလက်များကွန်ယက်  အတွင်းရေးမှူး ကိုပုည ထံမှသိရသည်။

                                                                                                             မောင်ပန်ကာ(ပြည်)သမဂ္ဂဂျာနယ်
Read More...

ပြည်မြို့နယ်အတွင်းစာသင်ကျောင်း(၁၇)ကျောင်းခေတ္တပိတ်ထား အချိန်ပိုခေါ်ယူစနစ်ဖြင့်ဆက်လက်သင်ကြားသွားမည်

Leave a Comment


ပြည်မြို့နယ်အတွင်းစာသင်ကျောင်း(၁၇)ကျောင်းခေတ္တပိတ်ထား အချိန်ပိုခေါ်ယူစနစ်ဖြင့်ဆက်လက်သင်ကြားသွားမည်

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်အတွင်းမှာရှိသည့် စာသင်ကျောင်းပေါင်း(၁၇)ကျောင်းကျော်အား ခေတ္တယာယီပိတ်ထားရကြောင်းသိရသည်။ သြဂုတ်လ(၂)ရက်နေ့မှစတင်ကာ ပြည်မြို့နယ်အတွင်းရှိ ကုန်းသလင်း၊လခွဲ-ဇလုံ၊မူလွန်-န၀င်း၊မြရွာ၊မူလွန်-ဗြဟော်၊အမက-ချောင်းနားတန်း၊အမက-သဲဖြူ၊အမက-ရှမ်းကုန်း၊အမက-ရှမ်းစု၊အမက-အနောက်လက်ခုပ်ပင်၊အမက-ဇီးဖြူကုန်း၊အမက-ရွှေကူ(၂)၊အမက-ဇရစ်ချောင်၊အမက-ဆင်စု၊အမက-ပန်းတင် စသည့်ရပ်ကွက်ကျေးရွာအတွင်းမှ စာသင်ကျောင်းများအား ရေကြီးရေလျှံမှူများနှင့်ပတ်သက်၍ ပိတ်ထားရကြောင်းသိရသည်။ ရွှေကူ(၁)၊ရွှေကူ(၂)၊၀ါရုံ စာသင်ကျောင်းများတွင်လည်း ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရသောကြောင့် စာသင်ကြားနိုင်မှုမရှိသေးကြောင်းသိရသည်။

“ကျောင်းတွေကတော့ ကယ်ဆယ်ရေးစခန်းနဲ့ ရေဘေးကိစ္စတွေကြောင့်ပိတ်ထားရတယ်။လောလောဆယ်တော့ ဒီတစ်ပတ်အတွင်းပိတ်ထားမယ်။ရေကလည်းကျလာပြီဆိုတော့လာမဲ့သောကြာနေ့အထိပဲပိတ်ထားမယ်။စာတွေနောက်ကျသွားတဲ့အတွက် အချိန်ပိုခေါ်သင်ကြားမယ်။ကျောင်းရက်ရှည်ပိတ်ရက်ဖြစ်တဲ့ သတင်းကျွတ်လိုနေ့မျိုးတွေမှာ အစားပြန်လည်သင်ကြားရေးစနစ်ကိုကျင့်သုံးသွားမယ်။ ”ဟု မြို့နယ်ပညာရေးမှူး ဦးငြိမ်းမြင့်ကသြဂုတ်လ  ၁၀-ရက်နေ့တွင် သမဂ္ဂဂျာနယ်သို့ ပြောကြားခဲ့သည်။

ပြည်မြို့အတွင်း ဇူလိုင်-၂၈ ရက်နေ့မှစတင်ကာ အဆက်မပျက်ရွာသွန်းမိုးများနှင့် ဧရာဝတီဖြစ်ရေတိုးလာမှုများကြောင့် ပြည်မြို့အတွင်းမြေနိမ့်ပိုင်းရပ်ကွက်တချို့နှင့် ကျေးရွာတွေမှာရေကြီးရေလျှံရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့သည်။ထိုရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ပြီး အဆိုပါရပ်ကွက်ကျေးရွာအတွင်းရှိစာသင်ကျောင်းများကို ဆက်လက်ပိတ်ထားရကြောင်းသိရသည်။ထို့အပြင် မြို့တွင်းရေ၀င်ရောက်မှုမရှိသည့်စာသင်ကျောင်းများတွင်လည်း ရေနစ်မြုပ်သည့်နေရာဒေသရပ်ကွပ်ကျေးရွာအတွင်းမှ ကျောင်းသားကျောင်းသူများအား စာသင်ကြားမှုများရပ်တန့်ထားကျောင်းသိရပြီး ရေမ၀င်ရောက်သည့်နေရာများမှကျောင်းသား/သူများ စာဆက်လက်သင်နေကြောင်းသိရသည်။

“ ကလေးတွေအတွက်ပညာရေးနောက်ကျနေခဲ့ရပြီ။ဒါပေမယ့် အစားထိုးပြန်လည်သင်ကြားမှုမှာ အချိန်ပိုခေါ်တာတွေ ကျောင်းပိတ်ရက်တွေမှာဆက်လက်သင်ကြားတာတွေမဖြစ်စေချင်ဘူး။စာမေးပွဲရက်တွေနောက်ဆုက်လိုက်ရင်ပိုအဆင်ပြေလိမ့်မယ်။မိသားစုရေနစ်နေတဲ့ကျောင်းသားကလေးတွေရင်ထဲမှာ ခံစားချက်တွေရှိနေကြတယ်။ကလေးတစ်ယောက်ရဲ့ရုန်းနိုင်မှုစွမ်းအားဦးနှောက်ထက်ပိုခိုင်းလို့မရဘူး။စာပေးပွဲရက်တွေနောက်ဆုတ်တာကလေးတိုင်းအတွက်ပိုအဆင်ပြေပါတယ်။” ဟု  မိုးမေတ္တာ နာ/ကူအသင်း ပြည် မှ အတွင်းရေမှူး ဦးညီညီအောင် မှ သမဂ္ဂဂျာနယ်သို့ပြောသည်။


ပြည်မြို့အတွင်း မြေနိမ့်ပိုင်းရပ်ကွက်တွေနှင့် ကျေးရွာတချို့တွေမှာ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့မှစတင်ကာ ရွာသွန်းမိုးများကြောင့် ပြည်မြို့အတွင်းရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။ ပြည်ခရိုင်အတွင်းရှိ ပြည်၊ပေါက်ခေါင်း၊ပန်းတောင်း၊ပေါင်းတည်၊သဲကုန်း၊ရွှေတောင်စသည့်မြို့တွေမှာ သြဂုတ် ၄-ရက်နေ့အထိ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများအရ သေဆုံးမှု(၁)ဦး၊ရေဘေးသင့်အိမ်ထောင်စု(၂၂၀၀၄)၊ရေဘေးသင့်လူဦးရည်(၃၉၃၉၁)ဦး၊ရေမြုပ်ရေ၀င်အိမ်ပေါင်း(၁၇၀၁၉)၊ရေနစ်မြုပ်ရေ၀င်စာသင်ကျောင်းပေါင်း(၁၁၃)ကျောင်း၊ရေမြုပ်ရေ၀င်ဌာနဆိုင်ရာနှင့်အခြားအဆောက်အဦးပေါင်း(၆၁)ခု၊ရေနစ်မြုပ်ရေ၀င်လယ်ယာဧကပေါင်း(၃၉၀၅၉)ဧက၊ပြိုကျပ်စီးခဲ့သည့်အိမ်ပေါင်း(၁၀)လုံး၊ပြိုကျပျက်စီးခဲ့သည့်တံတား(၁၀)စင်း၊ပြိုကျပျက်စီးလမ်းပေါင်း(၆၈)လမ်း၊ပျက်စီးဆုံးရှုံးခဲ့သည့်လယ်ယာဧကပေါင်း(၁၃၂၇)ဧကရှိခဲ့ကြောင်း ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှသိရသည်။ပြည်မြို့ ဧရာဝတီမြစ်ရေ စိုးရိမ်အမှတ် ၂၉၀၀-စင်တီမီတာအောက်သို့ ၅-ပေကျော် ကျဆင်းလျှက်ရှိပြီး အောက်တိုဘာလနှင့်နိုဝင်ဘာလတွေမှာလည်း မြစ်ရေကြီးနိုင်ဖွယ်ရှိနေသေးကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ဌာနမှသတင်းထုတ်ပြန်ထားကြောင်းသိရသည်။

                                                                                                                     မောင်ပန်ကာ(ပြည်)သမဂ္ဂဂျာနယ်
Read More...

ရေကြီးနစ်မြုပ်စဉ်ဖြုတ်သိမ်းထားသည့် မီတာများပြန်လည်တပ်ဆင်ရာမှာ အခကြေးငွေများတောင်းခံ

Leave a Comment


ရေကြီးနစ်မြုပ်စဉ်ဖြုတ်သိမ်းထားသည့် မီတာများပြန်လည်တပ်ဆင်ရာမှာ အခကြေးငွေများတောင်းခံ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေဆီမှ လျှပ်စစ်မီတာတွေပြန်လည်တပ်ဆင်ရာမှာအခကြေးငွေတောင်းခံမှုတွေပြုလုပ်ခဲ့ကြောင်းသိရသည်။
ပြည်မြို့နယ်အတွင်းရှိရေကြီး ရေနစ်မြုပ်ခဲ့သည့် အိမ်တေမှာ ၊ပြည်မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးက၊မီတာတွေဖြုတ်သိမ်းထားခဲ့ရာ၊ပြီးခဲ့တဲ့၊သြဂုတ်လ(၁၀)ရက်နေ့မှာ၊ရေကြသွားပြီဖြစ်တာကြောင့်၊လျှပ်စစ် မိတာတွေ၊ပြန်လည်တပ်စဉ်ပေးခဲ့ပါတယ်၊ထိုသို့မီတာများပြန်လည်တပ်ဆင်ရာမှာ အခကြေးငွေတောင်းခံမှုတွေရှိသောကြောင့်၊န၀င်းဝါရုံရပ်ကွပ်၊ကယ်ဆယ်ရေးစခန်းမှ ၊ပရဟိတအဖွဲ့တွေဦးဆောင်ပြီး၊မြို့နယ်လျှပ်စစ်ရုံးသို့သွားရောက်တိုင်ကြားခဲ့ကြောင်းသိရသည်။
  “သူတို့ကမိတာလာတက်ပြီးတော့လူကြီးရှိလားလို့မေးတယ်၊၊ဘာလို့လဲဆိုတော့၊လက်ဖက်ရည်ဖိုးပေးရမယ်လို့ပြောတယ်၊ဘယ်လောက်လဲလို့ပြောတော့(၅၀၀၀)ပဲပေးပါလို့ဆိုပြီး၊တောင်းလို့ပေးလိုက်ရတယ်။ဒုက္ခတွေကျမတို့ရောက်နေတာကို တောင်းယူခဲ့ကြတာ။သူတို့တောင်းတော့ဘယ်ငြင်းရဲမလည်း။မီတာခသွားဆောင်လို့ တစ်ရက်လေးများမစွန်းနဲ့ ဒဏ်ငွေ ၂၀၀၀ိပေးဆောင်ရတယ်။ရေကျလို့ဝမ်းသာနေတာ။အခုမီတာပြန်တပ်ဆင်ခလာတောင်းနေတာတော့မဖြစ်သင့်ဘူးထင်တယ်။” ဟု လှလှဝင်းမှ သမဂ္ဂဂျာနယ်သို့ပြောသည်။

“လူတွေဒုက္ခရောက်နေကြလို့ လူတန်းစားအစုံတွေကတောင် လာလှူနေကြရတာ။သူတို့ကအခုလို ငွေတောင်းခံနေတာ လုံးဝဖြစ်သင့်ဘူး။အဲဒါကြောင့် အခုလျှစ်စစ်ရုံးကိုလာမေးကြတာပါ။ကိုဋ္ဌေးဝင်းအိမ် နဲ့၊မနုတို့အိမ်တော့ပေးလိုက်ရတယ်လို့သိရတယ်။ရေကြီးလို့သူတို့တာဝန်ရှိလို့၊ဖြုတ်လိုက်တာ။အခုသူတို့ကပဲပြန်တက်ပေးရမှာဖြစ်ပါတယ်။” ဟု အေးမြသာယာရပ်ကွက် ရာအိမ်မှူး ဦးမောင်မောင်မှ သမဂ္ဂဂျာနယ်သို့ပြောသည်။
                    
  “သူတို့ကရုံးက၀န်ထမ်းတွေဖြစ်ပါ။တိုင်းလျှပ်စစ်ကနေလျှပ်စစ်စီမံဥပဒေအတိုင်းအရေးယူသွားမှာပါ။ သူတို့ကိုဘာငွေကျေးမှတောင်းခံခိုင်းတာမရှိဘူး၊ပေးရင်တောင်မယူရဘူးလို့ ပြောထားတယ်။အခုသူတို့ကို လှမ်း ခေါ်နေတာကိုသူတို့ကဖုန်းပိတ်ထားတယ်။အခုတောင်းခံတဲ့ဝန်ထမ်းတွေကိုလဲ၊ဥပဒေအတိုင်းအရေးယူသွားမှာပါ။” ဟု ဦးကျော်မင်းထွေး(SAE)ပြည်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သမဂ္ဂဂျာနယ်သို့ပြောသည်။

 ပြည်မြို့တွင် ဇူလိုင်-၂၈ ရက်နေ့မှ ရေတက်လာခဲ့ပြီး၊သြဂုတ်လ(၁)ရက်နေ့မှာ၊ရေနစ်မြုပ်သည့် အိမ်တွေမှ မီတာအလုံး(၃၀)ကိုလျှပ်စစ်ဋ္ဌာနကဖြုတ်ယူသိမ်းစည်းထားခဲ့ပြီး၊သြဂုတ်လ(၁၁)ရက်နေ့တွင်ပြန်လည်တပ်စဉ်ပေးခဲ့ရာ အဆိုပါ တပ်ဆင်ရာတွင် ယခုလို အခကြေးငွေတောင်းခံခြင်းဖြစ်သည်။၊ယခု လိုလက်ဖက်ရည်ဖိုးဆိုပြီးတောင်းခံတာတွေရှိလာသောကြောင့်၊၀ါရုံရပ်ကွပ်ကယ်ဆယ်ရေးစခန်းမှအဖွဲ့ဝင်တွေမှ ငွေပေးလိုက်ရတဲ့၊သူတွေခေါ်ယူပြီး၊မြို့နယ်လျှပ်စစ်ရုံးကိုလာရောက်မေးမြန်းခဲ့ကြတာဖြစ်ပါတယ်။
                                                                                                                    မောင်ပန်ကာ(ပြည်)သမဂ္ဂဂျာနယ်

Read More...

ပြည်မြို့နယ်အတွင်း မြစ်ရေငါးပေခန့်ကျရာ ရေဘေးသင့်ပြည်သူတချို့နေအိမ်သို့ပြန်

Leave a Comment

ပြည်မြို့နယ်အတွင်း မြစ်ရေငါးပေခန့်ကျရာ ရေဘေးသင့်ပြည်သူတချို့နေအိမ်သို့ပြန်

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ကယ်ဆယ်ရေးစခန်းပေါင်း(၅၀)ကျော်ရှိရာ ပြည်မြို့နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းပေါင်း(၁၂)ခုမှ ရေဘေးသင့်ပြည်သူများအား ရေကျသွားသည့် အိမ်များသို့ သြဂုတ်လ ၁၀-ရက်နေ့မှစတင်ကာ နေအိမ်အသီးသီးသို့ ပြန်လည်ပို့သွားကြောင်းသိရသည်။ ဇူလိုင်လ ၂၈-ရက်မှစတင်ကာ အဆက်မပျက်ရွာသွန်းမိုးနှင့်ဧရာဝတီမြစ်ရေတိုးလာမှုများကြောင့် ပြည်မြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းရပ်ကွက်တစ်ချို့နှင့်ကျေးရွာတွေမှာ ရေကြီးနစ်မြုပ်မှုများကြုံတွေ့ခဲ့ရသည်။

“ရေတွေအကုန်လုံးသုံးစွဲမရဘူး။မြစ်ရေကလည်းသောက်လို့မရဘူး။သောက်သုံးရေတွေလိုနေပါတယ်။အိမ်တွေကတော့ ပျက်စီးတာရှိတယ်။ဝက်တွေသေတာလည်းရှိတယ်။ အနာတွေလည်းဖြစ်နေကြတယ်။ ရေတွေကပြန်ကျသွားပြီ။ကယ်ဆယ်ရေးစခန်းတွေမှာနေရတာအားလုံးအဆင်ပြေပါတယ်။အိမ်ပြန်တဲ့အခါ တစ်ရပ်ကွက်လုံးမှာရှိတဲ့ ရေတွင်း ရေကန် ရေတုံကင် တွေအဲဒိအထဲ ရေပုတ်ရေစိုးတွေဝင်တော့ ဆင်းရဲတဲ့သူတွေအများစုနေတဲ့ရပ်ကွက်ဖြစ်လို့ ပြန်လည်ပြုပြင်နေချိန်တွေမှာ အစိုးက အကူအညီအထောက်ပံ့တွေပေးစေချင်တယ်။ ”ဟု  န၀င်းဝါရုံ အေးမြသာယာရပ်ကွက် နေထိုင်သူ မစုစုလိုင် ကသမဂ္ဂဂျာနယ်သို့ပြောသည်။

ပြည်ခရိုင်အတွင်းရှိပြည်၊ပန်းတောင်း၊ပေါင်းတည်၊ရွှေတောင်၊ပေါက်ခေါင်း၊ပေါင်းတလည်၊အစရှိသည့်မြို့နယ်များအတွင်း ရေဘေးသင့် ပြည်သူပေါင်း နှစ်သောင်းခြောက်ထောင်ကျော်ရေဘေးဒုက္ခခံစားခဲ့ကြရပြီး ကယ်ဆယ်ရေးစခန်းပေါင်း(၅၀)ကျော်ဖွင့်လှစ်ထားခဲ့ရာပန်းတောင်းမြို့နယ်အတွင်းရေကြီးနစ်မြုပ်မှုပိုမိုဆိုးရွားလျှက်ရှိနေသည်။

“ပြည်လည်ထူထောင်ရေးအတွက်  ပြည်ခရိုင်ထွေအုပ်နဲ့ဌာနဆိုင်ရာကျန်းမာရေးဌာနတွေ ကျန်ရှိနေတဲ့နေရာတွေ၊လိုအပ်နေတဲ့ကူညီပံ့ပိုးမှုတွေကို ကျွန်တော်ဆောင်ရွက်ပေးသွားမှာပါ။ရေကြီးနစ်မြုပ်ခဲ့တဲ့ ရပ်ကွက်နဲ့ကျေးရွာအတွင်းအဓိက၀မ်းရောဂါမဖြစ်ရေးအတွက်ကျန်းမာရေးကိစ္စတွေအလေးထားဆောင်ရွက်သွားမှာပါ။ ”ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လင်းကသမဂ္ဂဂျာနယ်သို့ပြောသည်။

 ပြည်မြို့ ဧရာဝတီမြစ်ရေပြင်သည် စိုးရိမ်အမှတ် ၂၉၀၀-စင်တီမီတာအောက်သို့ ၅-ပေခန့်ကျဆင်းလျှက်ရှိပြီး လာမည့်အောက်တိုဘာလနှင့်နိုဝင်ဘာလတွေမှာရေကြီးနိုင်သည်ဟုလည်းမိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနများမှကြေငြာချက်ထုတ်ပြန်ထားပြီးဒေသခံပြည်သူများအနေဖြင့်ရေကြီးရေလျှံမှုများထပ်မံဖြစ်ပေါ်လာမည်ကိုဆိုးရိမ်လျှက်ရှိနေကြောင်းသိရသည်။
                                                                                                                 မောင်ပန်ကာ(ပြည်) သမဂ္ဂဂျာနယ် 
Read More...

Tuesday, August 11, 2015

ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီစနစ်အခြေခိုင်အောင် ၂၀၁၅-မဲပေးရန် ရွှေတောင်မြို့တွင်ပြောကြား

Leave a Comment

ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီစနစ်အခြေခိုင်အောင် ၂၀၁၅-မဲပေးရန် ရွှေတောင်မြို့တွင်ပြောကြား

ရွှေတောင် သြဂုတ် ၁၁

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းရှိ ၁၄-မြို့နယ်မှ NLD ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းများ၊မြို့နယ်အလုပ်မှုဆောင် ဥက္ကဌ နှင့် အတွင်းရေးမှူးများ၊အောင်နိုင်ရေး ဥက္ကဌ နှင့် မြို့မိမြို့ဖများအား သြဂုတ် ၁၁-ရက် နံနက် ၈-နာရီချိန်တွင်  ပြည်မြို့ မင်္ဂလာဂါးဒင်းဟော်တယ် တွင်သီးသန့်တွေ့ဆုံခဲ့ကြောင်းသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်မြို့သို့ သြဂုတ်လ ၁၀-ရက်နေ့ ညတွင်ရောက်ရှိခဲ့တာဖြစ်ကြောင်းသိရသည်။ထို့နောက် ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့သည် သြဂုတ် ၁၁-ရက်နေ့ နံနက် ၈-နာရီ မင်္ဂလာဂါးဒင်းဟော်တယ် တွင်တွေ့ဆုံမှုများအပြီး ပြည်ခရိုင် ရွှေတောင်မြို့သို့  နံနက် ၉း၃၀-မိနစ်ချိန်ခန့်တွင်ရောက်ရှိကာ ပြည်ခရိုင်အတွင်းရှိ ပြည်၊ပေါင်းတလည်၊ပေါက်ခေါင်း၊ပန်းတောင်း၊ရွှေတောင် စသည့်မြို့နယ်မှ NLD ပါတီဝင်များ၊ရွှေတောင်မြို့နယ်ဒေသခံပြည်သူ ၁၅၀၀-ခန့်နှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။

“ နိုင်ငံရေးတက်ကြွနိုးကြားတယ်ဆိုတဲ့နေရာမှာ မှန်မှန်ကန်ကန်တက်ကြွနိုးကြားဖို့လိုပါတယ်။ကိုယ်စားလှယ်လောင်းတွေနဲ့ပတ်သက်ပြီး အဖွဲ့ချုပ်ကပဲတာဝန်ယူပါ့မယ်။ကိုယ်စားလှယ်လောင်းတွေကို ပုဂ္ဂိုလ်ရေးအရမကြည့်ပဲ ပါတီအရကြည့်စေချင်ပါတယ်။၂၀၁၅ မှာ စနစ်တစ်ခုကိုရွေးချယ်နေတာပါ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်တာဟာ အစိုးရဖွဲ့ချင်လို့ဝင်တာပါလို့ ပွင့်ပွင့်လင်းလင်းပြောပါရစေ။ နိုင်ငံရေးတာဝန် နဲ့ ဒီမိုကရေစီစနစ်အခြေခိုင်အောင်လုပ်ချင်လို့ပါ။လာမဲ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲထည့်ပါလို့ ပြောချင်ပါတယ်။ ”ဟု ရွှေတောင်မြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် ဒေသခံပြည်သူများအားပြောခဲ့သည်။

“ ပါတီ နဲ့ ဥက္ကဌကိုဘာမှဝေဖန်စရာမရှိပါဘူး။ခါတော်မှီ လှေကြုံစီး၊လှည်းကြုံစီးလာတဲ့ကိုယ်စားလှယ်လောင်းတွေကို အယုံကြည်မရှိဘူး။သူတို့ရဲ့ နောက်ကြောင်းမကောင်းဘူး။ပါတီနဲ့ခေါင်းဆောင်တွေကိုပြောတာမဟုတ်ပါဘူး။ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေကိုပြောတာပါ။” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ပြည်ခရိုင် ဦးကျော်ဆန်းကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့သည် ပြည်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း လှူဒါန်းသွားမည့်အစီအစဉ်ရှိကြောင်း ပဲခူးတိုင်း အနောက်ခြမ်း ၁၄-မြို့နယ်မှ NLD ပါတီတွင် ၀င်ရောက်ယှဉ်ပြိုင်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊မြို့နယ်အလုပ်မှုဆောင် ဥက္ကဌ နှင့်အတွင်းရေးမှူးများ၊ NLDအောင်နိုင်ရေး အဖွဲ့မှ ဥက္ကဌ နှင့် မြို့မိမြို့ဖများအားအဓိကလာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ပြည်မြို့မှာ ဟောပြောမှုများမပြုလုပ်ခဲ့ဘဲ ပြည်ခရိုင်အတွင်း ရွှေတောင်မြို့နယ်တွင်သာ ဟောပြောခဲ့ခြင်းဖြစ်သည်။ထို့နောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့သည် ရွှေတောင်မြို့ မှ ပေါင်းတည်၊ ထိုမှတဆင့် သာယာဝတီခရိုင်အတွင်းဆက်လက်ထွက်ခွာသွားခဲ့ကြောင်းသိရပြီး ပြီးခဲ့သည့် သြဂုတ် -၁၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်မြို့ရှိ ရေဘေးသင့်ပြည်သူများနှင့် ဆည်ကြီးများ၊န၀င်းတာရိုးအခြေအနေများလာရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး ဒေသခံရေဘေးသင့်ပြည်သူများကယ်ဆယ်ရေးစခန်းတချို့တွင် တွေ့ဆုံကာ အလှူငွေများလှူဒါန်းသွားခဲ့ကြောင်းသိရသည်။
                                                                                          K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ယနေ့ပို့ထားပါသည်။
Read More...

ပြည်မြို့နယ်အတွင်းစာသင်ကျောင်း(၁၇)ကျောင်းခေတ္တပိတ်ထား အချိန်ပိုခေါ်ယူစနစ်ဖြင့်ဆက်လက်သင်ကြားသွားမည်

Leave a Comment


ပြည်မြို့နယ်အတွင်းစာသင်ကျောင်း(၁၇)ကျောင်းခေတ္တပိတ်ထား အချိန်ပိုခေါ်ယူစနစ်ဖြင့်ဆက်လက်သင်ကြားသွားမည်


ပြည် သြဂုတ် ၈


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်အတွင်းမှာရှိသည့် စာသင်ကျောင်းပေါင်း(၁၇)ကျောင်းကျော်အား ခေတ္တယာယီပိတ်ထားရကြောင်းသိရသည်။ သြဂုတ်လ(၂)ရက်နေ့မှစတင်ကာ ပြည်မြို့နယ်အတွင်းရှိ ကုန်းသလင်း၊လခွဲ-ဇလုံ၊မူလွန်-န၀င်း၊မြရွာ၊မူလွန်-ဗြဟော်၊အမက-ချောင်းနားတန်း၊အမက-သဲဖြူ၊အမက-ရှမ်းကုန်း၊အမက-ရှမ်းစု၊အမက-အနောက်လက်ခုပ်ပင်၊အမက-ဇီးဖြူကုန်း၊အမက-ရွှေကူ(၂)၊အမက-ဇရစ်ချောင်၊အမက-ဆင်စု၊အမက-ပန်းတင် စသည့်ရပ်ကွက်ကျေးရွာအတွင်းမှ စာသင်ကျောင်းများအား ရေကြီးရေလျှံမှူများနှင့်ပတ်သက်၍ ပိတ်ထားရကြောင်းသိရသည်။ ရွှေကူ(၁)၊ရွှေကူ(၂)၊၀ါရုံ စာသင်ကျောင်းများတွင်လည်း ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရသောကြောင့် စာသင်ကြားနိုင်မှုမရှိသေးကြောင်းသိရသည်။



“ကျောင်းတွေကတော့ ကယ်ဆယ်ရေးစခန်းနဲ့ ရေဘေးကိစ္စတွေကြောင့်ပိတ်ထားရတယ်။လောလောဆယ်တော့ ဒီတစ်ပတ်အတွင်းလာမဲ့သောကြာနေ့အထိပိတ်ထားမယ်။စာတွေနောက်ကျသွားတဲ့အတွက် အချိန်ပိုခေါ်သင်ကြားမယ်။ကျောင်းရက်ရှည်ပိတ်ရက်ဖြစ်တဲ့ သတင်းကျွတ်လိုနေ့မျိုးတွေမှာ အစားပြန်လည်သင်ကြားရေးစနစ်ကိုကျင့်သုံးသွားမယ်။ ”ဟု မြို့နယ်ပညာရေးမှူး ဦးငြိမ်းမြင့်က ပြောသည်။



ပြည်မြို့အတွင်း ဇူလိုင်-၂၈ ရက်နေ့မှစတင်ကာ အဆက်မပျက်ရွာသွန်းမိုးများနှင့် ဧရာဝတီဖြစ်ရေတိုးလာမှုများကြောင့် ပြည်မြို့အတွင်းမြေနိမ့်ပိုင်းရပ်ကွက်တချို့နှင့် ကျေးရွာတွေမှာရေကြီးရေလျှံရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့သည်။ထိုရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ပြီး အဆိုပါရပ်ကွက်ကျေးရွာအတွင်းရှိစာသင်ကျောင်းများကို ဆက်လက်ပိတ်ထားရကြောင်းသိရသည်။ထို့အပြင် မြို့တွင်းရေ၀င်ရောက်မှုမရှိသည့်စာသင်ကျောင်းများတွင်လည်း ရေနစ်မြုပ်သည့်နေရာဒေသရပ်ကွပ်ကျေးရွာအတွင်းမှ ကျောင်းသားကျောင်းသူများအား စာသင်ကြားမှုများရပ်တန့်ထားကျောင်းသိရပြီး ရေမ၀င်ရောက်သည့်နေရာများမှကျောင်းသား/သူများ စာဆက်လက်သင်နေကြောင်းသိရသည်။

“ ကလေးတွေအတွက်ပညာရေးနောက်ကျနေခဲ့ရပြီ။ဒါပေမယ့် အစားထိုးပြန်လည်သင်ကြားမှုမှာ အချိန်ပိုခေါ်တာတွေ ကျောင်းပိတ်ရက်တွေမှာဆက်လက်သင်ကြားတာတွေမဖြစ်စေချင်ဘူး။စာမေးပွဲရက်တွေနောက်ဆုက်လိုက်ရင်ပိုအဆင်ပြေလိမ့်မယ်။မိသားစုရေနစ်နေတဲ့ကျောင်းသားကလေးတွေရင်ထဲမှာ ခံစားချက်တွေရှိနေကြတယ်။ကလေးတစ်ယောက်ရဲ့ရုန်းနိုင်မှုစွမ်းအားဦးနှောက်ထက်ပိုခိုင်းလို့မရဘူး။စာပေးပွဲရက်တွေနောက်ဆုတ်တာကလေးတိုင်းအတွက်ပိုအဆင်ပြေပါတယ်။” ဟု  မိုးမေတ္တာ နာ/ကူအသင်း ပြည် မှ အတွင်းရေမှူး ဦးညီညီအောင် ကပြောသည်။



ပြည်မြို့၏ ဧရာဝတီသည် သြဂုတ်-၇ရက်နေ့မှစတင်ကာ သြဂုတ်-၈ရက်နေ့လည် ၁၂-နာရီခန့်တိုင်းတာချက်အရ ၂-ပေခန့်ကျဆင်းလျှက်ရှိသည်။သြဂုတ်-၈ရက်နေ့ ညနေ၃-နာရီချိန်ခန့်မှာ ပြည်မြို့ စိုးရိမ်ရေအမှတ် ၂၉၀၀-စင်တီမီတာအောက်သို့ရောက်သွားမည်ဖြစ်ကြောင်း ပြည်မြို့မိုး/ဇလ ဦးစီးဌာနရုံးမှသိရသည်။



ပြည်မြို့အတွင်း မြေနိမ့်ပိုင်းရပ်ကွက်တွေနှင့် ကျေးရွာတချို့တွေမှာ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့မှစတင်ကာ ရွာသွန်းမိုးများကြောင့် ပြည်မြို့အတွင်းရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။ ပြည်ခရိုင်အတွင်းရှိ ပြည်၊ပေါက်ခေါင်း၊ပန်းတောင်း၊ပေါင်းတည်၊သဲကုန်း၊ရွှေတောင်စသည့်မြို့တွေမှာ သြဂုတ် ၄-ရက်နေ့အထိ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများအရ သေဆုံးမှု(၁)ဦး၊ရေဘေးသင့်အိမ်ထောင်စု(၂၂၀၀၄)၊ရေဘေးသင့်လူဦးရည်(၃၉၃၉၁)ဦး၊ရေမြုပ်ရေ၀င်အိမ်ပေါင်း(၁၇၀၁၉)၊ရေနစ်မြုပ်ရေ၀င်စာသင်ကျောင်းပေါင်း(၁၁၃)ကျောင်း၊ရေမြုပ်ရေ၀င်ဌာနဆိုင်ရာနှင့်အခြားအဆောက်အဦးပေါင်း(၆၁)ခု၊ရေနစ်မြုပ်ရေ၀င်လယ်ယာဧကပေါင်း(၃၉၀၅၉)ဧက၊ပြိုကျပ်စီးခဲ့သည့်အိမ်ပေါင်း(၁၀)လုံး၊ပြိုကျပျက်စီးခဲ့သည့်တံတား(၁၀)စင်း၊ပြိုကျပျက်စီးလမ်းပေါင်း(၆၈)လမ်း၊ပျက်စီးဆုံးရှုံးခဲ့သည့်လယ်ယာဧကပေါင်း(၁၃၂၇)ဧကရှိခဲ့ကြောင်း ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှသိရသည်။



                                                                                                                        K3(pyay)
ဒီမိုကရေစီတူဒေးသတင်းစာ..
Read More...

ပြည်မြို့နယ်အတွင်း မြစ်ရေငါးပေခန့်ကျရာ ရေဘေးသင့်ပြည်သူတချို့နေအိမ်သို့ပြန

Leave a Comment

ပြည်မြို့နယ်အတွင်း မြစ်ရေငါးပေခန့်ကျရာ ရေဘေးသင့်ပြည်သူတချို့နေအိမ်သို့ပြန


ပြည် သြဂုတ် ၁၀

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ကယ်ဆယ်ရေးစခန်းပေါင်း(၅၀)ကျော်ရှိရာ ပြည်မြို့နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းပေါင်း(၁၂)ခုမှ ရေဘေးသင့်ပြည်သူများအား ရေကျသွားသည့် နေအိမ်များသို့ ပြန်လည်ပို့သွားကြောင်းသိရသည်။ ဇူလိုင်လ ၂၈-ရက်မှစတင်ကာ အဆက်မပျက်ရွာသွန်းမိုးနှင့်ဧရာဝတီမြစ်ရေတိုးလာမှုများကြောင့် ပြည်မြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းရပ်ကွက်တစ်ချို့နှင့်ကျေးရွာတွေမှာ ရေကြီးနစ်မြုပ်မှုများကြုံတွေ့ခဲ့ရသည်။

“ရေတွေကပြန်ကျသွားပြီ။ကယ်ဆယ်ရေးစခန်းတွေမှာနေရတာအားလုံးအဆင်ပြေပါတယ်။အိမ်ပြန်တဲ့အခါ တစ်ရပ်ကွက်လုံးမှာရှိတဲ့ ရေတွင်း ရေကန် ရေတုံကင် တွေအဲဒိအထဲ ရေပုတ်ရေစိုးတွေဝင်တော့ သုံးစွဲမရဘူး။မြစ်ရေကလည်းသောက်လို့မရဘူး။သောက်သုံးရေတွေလိုနေပါတယ်။အိမ်တွေကတော့ ပျက်စီးတာရှိတယ်။ဝက်တွေသေတာလည်းရှိတယ်။အနာတွေလည်းဖြစ်နေကြတယ်။ဆင်းရဲတဲ့သူတွေအများစုနေတဲ့ရပ်ကွက်ဖြစ်လို့ ပြန်လည်ပြုပြင်နေချိန်တွေမှာ အကူအညိအထောက်ပံ့တွေပေးစေချင်တယ်။ ”ဟု  န၀င်းဝါရုံ အေးမြသာယာရပ်ကွက် နေထိုင်သူ မစုစုလိုင် ကပြောသည်။

ပြည်ခရိုင်အတွင်းရှိ ပြည်၊ပန်းတောင်း၊ပေါင်းတည်၊ရွှေတောင်၊ပေါက်ခေါင်း၊ပေါင်းတလည်၊အစရှိသည့်မြို့နယ်များအတွင်း ရေဘေးသင့် ပြည်သူပေါင်း နှစ်သောင်းခြောက်ထောင်ကျော်ရေဘေးဒုက္ခခံစားခဲ့ကြရပြီး ကယ်ဆယ်ရေးစခန်းပေါင်း(၅၀)ကျော်ဖွင့်လှစ်ထားခဲ့ရာ ပန်းတောင်းမြို့နယ်အတွင်းရေကြီးနစ်မြုပ်မှုပိုမိုဆိုးရွားလျှက်ရှိနေသည်။

“ပြည်လည်ထူထောင်ရေးအတွက်  ပြည်ခရိုင်ထွေအုပ်နဲ့ဌာနဆိုင်ရာကျန်းမာရေးဌာနတွေ ကျန်ရှိနေတဲ့နေရာတွေ၊လိုအပ်နေတဲ့ကူညီပံ့ပိုးမှုတွေကို ကျွန်တော်ဆောင်ရွက်ပေးသွားမှာပါ။ရေကြီးနစ်မြုပ်ခဲ့တဲ့ ရပ်ကွက်နဲ့ကျေးရွာအတွင်း အဓိက ၀မ်းရောဂါမဖြစ်ရေးအတွက်ကျန်းမာရေးကိစ္စတွေအလေးထားဆောင်ရွက်သွားမှာပါ။ ”ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လင်းကပြောသည်။

ပြည်မြို့ ဧရာဝတီမြစ်ရေပြင်သည် စိုးရိမ်အမှတ် ၂၉၀၀-စင်တီမီတာအောက်သို့ ၅-ပေခန့်ကျဆင်းလျှက်ရှိပြီး လာမည့်အောက်တိုဘာလနှင့် နိုဝင်ဘာလတွေမှာရေကြီးနိုင်သည်ဟုလည်း မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနများမှကြေငြာချက်ထုတ်ပြန်ထားသည်။

မောင်ပန်ကာ(ပြည်)


သမဂ္ဂဂျာနယ်သို့ ပေးပို့ထားသည့်သတင်း..
Read More...

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်မြို့ရေဘေးသင့်ပြည်သူများဖြင့်တွေ့ဆုံ

Leave a Comment


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်မြို့ရေဘေးသင့်ပြည်သူများဖြင့်တွေ့ဆုံ



ပြည် သြဂုတ် ၁၀



ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ နိုင်တော်သမ္မတဦးသိန်းသည် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်အတွင်းရှိ ရေဘေးသင်ပြည်သူများရှိရာ ကယ်ဆယ်ရေးစခန်းများသို့ သြဂုတ်-၁၀ရက်နေ့တွင် လိုက်လံကြည့်ရှု အားပေးစကားပြောကြားခဲ့ပြီး ရေဘေးသင့်ပြည်သူများထံသို့ အလှူငွေများပေးအပ်ခဲ့ကြောင်းသိရသည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန် သည် သြဂုတ် ၉ရက်နေ့ ညနေတွင် ပြည်မြို့သို့ရောက်ရှိခဲ့ပြီး သြဂုတ် ၁၀-ရက်နေ့ နံနက် ၆-နာရီတွင် ပြည်မြို့ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးအား သွားရောက်ကြည်ညိုဖူးမျှော်ခဲ့ပြီး ပန်းဆီမီး နှင့် လှူဖွယ်ဝတ္ထုတို့ကိုလှူဒါန်းခဲ့ကြောင်းသိရသည်။



“ကျွန်မအသက် ၈၀-ရှိပြီ သမ္မတကြီးခုလို သူကိုယ်တိုင်လာရောက်အားပေးစကားပြောတယ်။လိုအပ်တာတွေကူညီပေးခဲ့တယ်။သမ္မတကြီးကို ပထမဆုံးအပြင်မှာမြင်တွေ့ခဲ့ရတာပါ။သမ္မတကြီးကိုယ်တိုင် လာရောက်ခဲ့တဲ့အတွက်အတိုင်းမသိဝမ်းသာပါတယ်။သမ္မတကြီးကျန်းမာချမ်းသာလိုရာပြည်နိုင်ပါစေ။ ”ဟု ပြည်မြို့ ရွှေကူ(၁)မူလတန်းလွန်ကျောင်း ကယ်ဆယ်ရေးစခန်းမှ ရေဘေးသင့်ပြည်သူ ဒေါ်မြတင် ကပြောသည်။



နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် သြဂုတ် ၁၀-ရက်နေ့ နံနက် ၈-နာရီချိန်တွင် ပြည်မြို့အတွင်းရှိ ရွှေပလ္လင်မှော် ဓမ္မမာရုံကယ်ဆယ်ရေးစခန်းနှင့်ရွှေကူ(၁)မူလတန်း(လွန်)စာသင်ကျောင်း ကယ်ဆယ်ရေးစခန်းများနှင့် ပြည်န၀င်းတာရိုး ကြံ့ခိုင်မှုအခြေအနေများသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးဆက်လက်ထွက်ခွာလာရာ ဒေသခံရေဘေးသင့်ပြည်သူများမှ သမ္မတကြီးကျန်းမာပါစေဟူ၍ ဟစ်အော်ဆုတောင်းမေတ္တာများပေးပို့ခဲ့သည်။



“ပြည်ခရိုင်အတွင်း ရေကြီးမှုအခြေအနေမှာ ပန်းတောင်းမြို့ကဆိုးပါတယ်။ ပန်းတောင်းအထွေထွေအုပ်ချုပ်ရေးရုံး၊ရဲစခန်းနဲ့ဆေးရုံတွေမှာလည်းရေကြီးခဲ့ပါတယ်။ဆေးရုံအတွင်းတက်ရောက်နေတဲ့လူနာတွေကို ရေဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်းမှာ ပြောင်းရွေ့ထားရပါတယ်။ရေဘေးသင့်ပြည်သူတွေကတော့ လမ်းမပေါ်တွေမှာ ယာယီတဲ့ထိုးပြီးနေထိုင်လျှက်ရှိပါတယ်။ ”ဟု ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဥာဏ်ဝင်းမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ရှင်းလင်းပြောကြားခဲ့သည်။



ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးသိန်းသည် ပြည်မြို့အတွင်းရေးဘေးသင့်ပြည်သူများ ယခုလက်ရှိနေထိုင်ရမှု၊ကြုံတွေ့နေရသည့်အခက်အခဲ၊ရေကြီးလာစဉ်မည်ကဲ့သို့ ရုန်းကန်လာရသည့်အကြောင်းနှင့်ကျန်းမာရေးအခြေအနေများ တစ်ဦးချင်းလိုက်လံမေးမြန်းခဲ့ပြီး အားပေးစကားပြောကြားခြင်းအလှူငွေများပေးအပ်ခြင်းများပြုလုပ်ခဲ့သည်။ ပြည်န၀င်းတာရိုးအခြေအနေ နှင့် တောင်န၀င်းဆည်၊မြောက်န၀င်းဆည်များ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် လိုအပ်သည်များမှာကြားပြီး နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ပြည်မြို့န၀င်းတာရိုးမှတဆင့် ၉-နာရီကျော်အချိန်တွင် ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။



K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ သြဂုတ် ၁၁-ရက်နေ့ခေါင်းကြီးပိုင်းသတင်း
Read More...

Monday, July 13, 2015

ပျူမြို့ဟောင်းများလေ့လာရေးခရီးစဉ်နှင့်ကမ္ဘာ့လူဦးရေနေ့အထိန်းအမှတ်ဒုဝန်ကြီး သရေခေတ္တရာဇုံအတွင်း သန့်ရှင်းရေပြုလုပ်

Leave a Comment


ပြည်၊ဇူလိုင်၊၁၃


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သရေခေတ္တရာ ရှေးဟောင်းဇုံထဲတွင် ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အနေဖြင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး၊ဦးဆောင်ပြီး၊နိုင်ငံရေးပါတီပေါင်းစုံ၊နဲ့ လူမှုရေးအဖွဲ့တွေ စုပေါင်းပြီး၊အမှိုက်ရှင်းခဲ့ကြောင်းသိရသည်။

   ဇူလိုင်လ(၁၁)ရက်နေ့မှာ၊ကျရောက်တဲ့၊ကမ္ဘာ့လူဦးရေနေ့ အထမ်းအမှတ် အနေနဲ့၊ယဉ်ကျေးမှုဝန်ကြီးဋ္ဌာန၊ဒုတိယ၀န်ကြီး၊ဒေါ်စန္ဒာခင်က ဦးဆောင်ပြီး၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊၊ရဲတပ်ဖွဲ့၊စစ်တပ်၊အမျိုးသမီးရေးရာ၊ ကင်းထောက်အဖွဲ့၊ကြက်ခြေနီ၊မီးသတ်တပ်ဖွဲ့၊ကျောင်းသူ/သားတွေ နဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊စုပေါင်းပြီး၊ရှေးဟောင်းဇုံထဲကနေရာစုံမှာ၊အမှိုက်ရှင်းလင်းခဲ့ကြပါတယ်။

“ဘယ်လိုပဲလူတန်းစားအလွှာတွေကွဲနေပါစေ၊ရှေးဟောင်းအမွေအနစ်တွေ ချစ်မြတ်နိုး၊ထိမ်းသိမ်းတဲ့နေရာမှာ၊တော့အားလုံးကတော့တူညီနေကြပါတယ်။ပါတီပေါင်းစုံပါတယ်။အသင်းဖွဲ့တွေပါတယ်။အရောင်သွေးစုံတဲ့နေ့တစ်ခုပါပဲ။ခုလိုရှေးဟောင်းဇုံတွေထဲမှာအမှိုက်ကောက်သန့်ရှင်းရေးတွေပြုလုပ်တာဟာ အမွေအနှစ်တွေကို ထိန်းသိမ်းတတ်ဖို့စောင့်လျှောက်တတ်ဖို့ကာကွယ်ကြဖို့တွေကိုပါအသိပညာပေးတာတွေလည်းရှိနေပါတယ်။”ဟု ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းစောင့်လျှောက်ရေးအဖွဲ့ မှ ဦးကျော်သူစိုးကပြောသည်။

အဆိုပါဇူလိုင် ၁၁၊ရက်နေ့နံနက်တွင်ဘားကမ့်(ပြည်)ဖွင့်ပွဲကို ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါ်စန္ဒာခင်တက်ရောက်ဖွင့်လှစ်ခဲ့ပြီး လူငယ်တွေ ရှေးဟောင်းယဉ်ကျေးမှုတွေကို ချစ်မြတ်နိုး တတ်စေဖို့ ကို ဒုဝန်ကြီး ကဟောပြောခဲ့ပြီး၊ညနေ(၃)နာရီထိုး မှာ၊ရှေးဟောင်းဇုံထဲအတွင်းရှိနေရာအစုံမှာအမှိုက်ကောက်သန့်ရှင်းရေးများလုပ်ငန်းများကို အင်အား(တစ်ထောင်ကျော်)ပြုလုပ်ဆောင်ရွက်ခဲ့သည်။

“ပထမအကြိမ်မှာ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ်သတ်မှတ်ခြင်းခံရတဲ့ တစ်နှစ်ပြည့်အနေနဲ့ခုလိုအမှိုက်ကောက်သန့်ရှင်းရေးပြုလုပ်တယ်။ ဒါကဒုတိယအကြိမ် ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အနေနဲ့၊အခုလိုစုပေါင်းလုပ်တာဖြစ်တယ်၊ဒီမှာ၊နိုင်ငံရေးပါတီပေါင်းစုံ၊အရပ်ဖက်အဖွဲ့အစည်းတွေ၊ကျောင်းသားတွေ၊အစိုးရ၀န်ထမ်းတွေအစုံပါ ပါတယ်၊အခုဟာကိုကြည့်ရင်ဘယ်လောက်ပဲ၊ကဏ္ဍတွေကွဲနေပါစေ၊အားလုံးရဲ့ရင်ထဲမှာ၊ဒီရှေးဟောင်းအမွေ အနစ်တွေကို တန်ဖိုးထား ထိမ်းသိမ်းတယ်ဆိုတဲ့၊ရည်ရွယ်ချက်ဦးတည်ချက်ကတော့။တူတယ်ဆိုတာကိုသက်သေပြနေတာဖြစ်တယ်”ဟု ယဉ်ကျေးဝန်ကြီးဌာန ဒုဝန်ကြီးဒေါ်စန္ဒာခင် မှပြောသည်။

ထိုနောက် ပျူမြို့ဟောင်းများထိန်းသိမ်းစောင့်လျှောက်ရေးအဖွဲ့ဦးဆောင်မှုဖြင့် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ယူနစ်စကိုအသိအမှတ်ပြု ပျူမြို့ဟောင်းများဖြစ်ကြ သရေခေတ္တရာ၊ဟန်လင်း၊ဗိဿနိုး မြို့များသို့ ဒေသခံပြည်သူများအချင်းချင်းနှင့်ရှေးဟောင်းယဉ်ကျေးမှုတတ်သိနားလည်ပညာရှင်တချို့တို့ပှုးပေါင်း၍  ဇူလိုင် ၁၂ရက်နေ့ နံနက် ၉၊နာရီခန့်တွင် တောင်တွင်းကြီးမြို့ ကုက္ကိုလ်ဂွကျေးရွာအနီးရှိ ဗိဿနိုးမြို့ဟောင်းကို ရောက်ရှိခဲ့ကြပြီး ရှေးဟောင်းဋ္ဌာနမှ တာဝန်ရှိသူများ ဒေသခံများနှင့်တွေ့ဆုံပြီး ဒေသဆိုင်ရာလိုအပ်ချက်များ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ဇူလိုင်လ ၁၃၊ရက်နေ့ နံနက်တွင် ပုဂံဒေသအတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှုများ ထိန်းသိမ်းစောင့်လျှောက်ထားမှုကို ဆက်လက်လေ့လာလျှက်ရှိနေပြီး သက်ဆိုင်ရာဒေသခံများနှင့်အသိပညာဖလှယ်ပွဲများပြုလုပ်လျှက်ရှိနေကြောင်းသိရသည်။

                                                                                     K3(PYAY)ဒီမိုကရေစီတူဒေးသတင်းစာ
တင်ဆက်..ပြည်သတင်းလူငယ်..09253311019
Read More...

ဘားကမ့်(ပြည်)ဖွင့်ပွဲ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီးတက်ရောက်

Leave a Comment



ပြည်၊ဇူလိုင်၊၁၁

ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းနှင့် ကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့ကြီးမှူးကျင်းပသော ဘားကမ့်(ပြည်)၂၀၁၅ ကို ဇူလိုင်လ ၁၁၊ရက်နေ့ နံနက်၉၊နာရီခန့်တွင် ပြည်အ.ထ.က(၁)ကျောင်းရှိ ရတနာဆောင် သုံးထပ်ကျောင်းဆောင် ကြီးတွင် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါ်စန္ဒာခင် နှင့် သက်ဆိုင်ရာဌာနများမှတက်ရောက်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဘားကမ့်(ပြည်)တွင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါ်စန္ဒခင်မှအခမ်းအနားတွင်အမှာစကားပြောကြားခဲ့ပြီး စတုတ္တအကြိမ်မြောက် ဘားကမ့်(ပြည်)တွင် ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာအနုပညာအကြောင်းများ၊လူငယ်လူရွယ်များ စိတ်ဓါတ်ထက်မြတ်မြင့်မားစေမည့်အားပေးစကားများကို ထည့်သွင်းပြောကြားခဲ့သည်။

“လူငယ်တွေ အိုင်တီနည်းပညာတွေနဲ့အခြေခံဖွင့်ထားတဲ့ပွဲပါ၊ဒါတင်မကဘူး ပညာရေး၊ကျန်းမာရေးအခြားကဏ္ဍများစွာကို အုပ်စုဖွဲ့ဆွေးနွေးနိုင်တယ်။ကျွန်မတို့နိုင်ငံ ဘာနိုင်ငံလည်း၊ဘာတွေလုပ်နေလည်းဆိုတာလူငယ်တွေသိစေချင်တယ်။ပထမအနေနဲ့ ဒီမိုကရေစီနိုင်ငံရေအသွင်ပြင် နိုင်ငံရေးပြောင်းလည်းလာတယ်။ဒုတိယ စီးပွားရေပြောင်းလည်းလာတယ်။အဓိက အသေးစား အလတ်စားလုပ်ငန်းတွေများစွာပေါ်ပေါက်လာစေချင်တယ်။ဆင်းရဲမွဲတေမှုပပျောက်ရေး အခြေခံလူတန်းစာတွေအတွက်နိုင်ငံတော်က ဦးစားပေးစေချင်တယ်။ယဉ်ကျေးမှုနဲ့သဘာဝကြွယ်ဝတယ်။ဒါတွေကိုဖွံ့ဖြိုးတိုးတက်ဖို့ဆောင်ရွက်နေကြရပါတယ်။လူငယ်တွေအနေနဲ့ဒါတွေသိထားသင့်ပါတယ်။” ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်မှပြောသည်။

အဆိုပါဘားကမ့်(ပြည်)တွင် လူငယ်၊လူကြီးလူမျိုးဘာသာမရွေး မိမိသိလိုသည်များအားလုံးကို စိတ်တိုင်ကျစွာမေးမြန်းနိုင်ခွင့်များရရှိကြသလို၊မိမိသိနားလည်များကိုလညိး ပြည်လည်ဆွေးနွေးနိုင်ကြောင်းသိရသည်။

ဘားကမ့်(ပြည်)ကိုလာတာက ကျွန်တော်သိတာလေးမျှဝေပြီး မသိတာတွေ နားထောင်ဖို့ပါ။နည်းပညာပိုင်းဆိုင်ရာတွေလာလေ့လာတာပါ။ဒီလိုပွဲတွေလုပ်တာအင်မတန်ကောင်းတယ်။သူငယ်ချင်းတွေအဖြစ်ဆုံတွေ့ခွင့်ရသလို နည်းပညာပိုင်းဆိုင်ရာဗဟုသုတတွေများစွာရပါတယ်။” ရန်ကုန်မှလာရောက်လေ့လာသူ Android Appalicatiol ပညာရှင် ကိုဝင်းထိုက်အောင် မှပြောသည်။

အဆိုပါအခမ်းအနားကို ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါ်စန္ဒာခင်နှင့် သက်ဆိုင်ရာနယ်မြေ ဌာနဆိုင်ရာအသီးသီးနှင့် ဆရာ/မ များ၊ကျောင်းသား/သူများ၊နည်းပညာရှင်များ၊စိတ်ပါဝင်စားသူများ၊အင်အားထောင်နှင့်ချီတက်ရောက်ခဲ့ပြီး ဇူလိုင်လ ၁၁၊ရက်နေ့မှ ဇူလိုင် ၁၂၊ရက်နေ့ထိ(၂)ရက်တိုင်တိုင်ကျင်းပပြုခဲ့ကြောင်းသိရသည်။

                                                                                                        K3(pyay)
ဒီမိုကရေစီတူဒေးသတင်းစာ
တင်ဆက်..ပြည်သတင်းလူငယ်...09253311019
Read More...

ဆေးရုံတွင်ဆေးကုသမှုခံယူနေသည့် နိုင်/ကျဉ်းတစ်ဦး၏ခြေလက်တို့အားတင်းကြပ်စွာသံကြိုးချဉ်နှောင်မှုအား သုံးရက်အတွင်းလာရောက်တောင်းပန်ခြင်းမရှိပါက သေသည်အထိအစာအငတ်ခံဆန္ဒပြမည်ဟုဆို

Leave a Comment
ဆေးရုံတွင်ဆေးကုသမှုခံယူနေသည့် နိုင်/ကျဉ်းတစ်ဦး၏ခြေလက်တို့အားတင်းကြပ်စွာသံကြိုးချဉ်နှောင်မှုအား သုံးရက်အတွင်းလာရောက်တောင်းပန်ခြင်းမရှိပါက သေသည်အထိအစာအငတ်ခံဆန္ဒပြမည်ဟုဆို


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ကိုသန့်ဇင်ထက်အား ဆေးရုံကုတင်တွင် ခြေလက်များကို တင်းကြပ်စွာ လက်ထိပ်ခတ်ခဲ့သည့် ရဲမှူးအား ပြန်လည်တောင်းပန်ခြင်းမရှိလျှင် အစားငတ်ခံဆန္ဒပြသွားမည်ဟုဇူလိုင်လ ၉၊ရက်နေ့မှာမီဒီယာများထံပြောကြားလိုက်ကြောင်းသိရသည်။

အဆိုပါကိုသန့်ဇင်ထက်မှာ သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာမှ သိမ်းဆည်းခံလယ်ယာမြေများပြန်လည်ရရှိရေးအတွက် နစ်နာသူတောင်သူများဘက်မှ ပါဝင်ကူညီပေးနေသူတဦးဖြစ်ပြီး ၂၀၁၄ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က အောင်ကုန်းကျေးရွာမှ တောင်သူများဦးဆောင်ကာ သဲကုန်းမြို့ရှိ လွှတ်တော်ကိုယ်စားလှယ်နေအိမ်၊ မြို့နယ်ရဲစခန်းနှင့် ထွေအုပ်ရုံးများရှေ့တွင် ကျိန်စာတိုက်ရာတွင် ပါဝင်ကူညီပေးခဲ့သည်ဟု စွပ်စွဲကာ ပြည်တက္ကသိုလ်အနီးတွင် ဖေဖဝါရီလ ၈ ရက်နေ့က ဖမ်းဆီးကာ ပုဒ်မ ၅၀၅ (ခ)နှင့် ပုဒ်မ ၁၈ တို့ဖြင့်သဲကုန်းမြို့နယ်တရားရုံးတွင် တရားရင်ဆိုင်နေရသည်။

“ကျွန်တော်ညတွေအိပ်ဖို့တောင်အဆင်မပြေခဲ့ဘူး။ဆေးရုံးကဆင်းဖို့မဆင်းရဖို့သူနဲ့မဆိုင်ဘူး။ဆရာဝန်နဲ့ပဲဆိုင်တယ်။ ကျွန်တော့လက်နဲ့ခြေကိုတွေကိုကုတင်ကသံတိုင်မှာသံကြိုးနဲ့ချည်ပြီးခတ်ထားကြတယ်။အဲဒါကိုနားလည်ပေးခဲ့တယ်။မနေ့ညက သဲကုန်းမြို့နယ်ရဲမှူးရောက်လာပြီး ခြေတွေလက်တွေကွေးလို့မရအောင် သံကြိုးကိုဒိထက်ပိုပြီးတိုအောင်ခတ်ခိုင်းတယ်။သူပြောတဲ့အတိုင်းအခတ်ခံလိုက်ရတယ်။တင်းတင်းကြပ်ကြပ်ခတ်ဖို့သူကအမိန့်ပေးတယ်။ဒီကိစ္စတွေအတွက် သုံးရက်အတွင်းတစ်စုံတစ်ရာလာတောင်းပန်ရမယ်။တောင်းပန်မှုမရှိရင် ၁၂.ရက်နေ့ကစပြီး သဲကုန်းအချုပ်ခန်းထဲမှာ အစာငတ်ခံဆန္ဒပြသွားမယ်။”ဟု ကိုသန့်ဇင်ထက်မှသမဂ္ဂဂျာနယ်သို့ပြောသည်။

ပုဒ်မ ၅၀၅(ခ)အမှုမှာ အာမခံမရသည့်အတွက် စတင်ဖမ်းဆီးစဉ်မှ ယနေ့အထိ သဲကုန်းမြို့ မြို့မရဲစခန်းအချုပ်ခန်းအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားနေရပြီး အချုပ်ခန်းအတွင်း နုလုံးရောဂါ၊ အစာအိမ်ရောဂါနှင့် ဝမ်းပျက်၊ ဝမ်းလျောရောဂါများ ခံစားနေသည့်အတွက် သဲကုန်းမြို ပြည်သူဆေးရုံကြီးတွင် ဇူလိုင်လ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ကုသမှုခံယူခဲ့ကြောင်းသိရသည်။ ကိုသန့်ဇင်ထက်မှာ နတ္တလင်းမြို့နယ် လက်ပံပါးပြင်းကျေးရွာ ကြက်ကြီးသစ်တောကြိုးဝိုင်းအတွင်း သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ၂၀၁၃ ခုနှစ်က နစ်နာသူတောင်သူများနှင့် ထွန်တုံးတိုက်ပွဲပြုလုပ်ခဲ့သည်ဟု စွပ်စွဲကာ အသင်းအဖွဲ့(၆) ပုဒ်မဖြင့် ပေါင်းတည်ထောင်တွင် ၆ လ နှင့် ၁၅ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ယင်းအမှုမှာ ပြင်ဆင်ချက်အနိုင်ရရှိခဲ့သဖြင့် လွတ်မြောက်ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံရစဉ် ပေါင်းတည်ထောင်အတွင်း ၁၁ ရက်ကြာ အစာငတ်ခံ ဆန္ဒပြခဲ့ကြောင်းသိသည်။

အဆိုပါကိစ္စများအား သဲကုန်းမြို့နယ်ရဲမှူးထံသို့ သမဂ္ဂဂျာနယ်အပါဝင်သတင်းထောက်များမှ သွားရောက်မေးမြန်းခဲ့သော်လည်း မြို့နယ်မှူးမရှိကြောင်းနှင့်အစည်းဝေးသွားနေကြောင်း၊လက်ကိုင်ဟန်းဖုန်းနံပါတ်လည်းမသိကြောင်း၊ ကိုသန့်ဇင်ထက်နှင့်ပတ်သက်သည့်ကိစ္စအား မြို့နယ်မှူးသာ ဖြေကြားခွင့်ရှိကြောင်း တာဝန်ကျရဲဝန်ထမ်းတဦးမှ သမဂ္ဂဂျာနယ်သို့ပြောသည်။

သဲကုန်းမြို့ ရဲစခန်းတွင် ထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုသန့်ဇင်ထက်မှာ ကျန်းမာရေးမကောင်းသည့်အတွက် သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့က စတင် ဆေးကုသမှုခံနေရာ ၎င်း၏ ခြေထောက်နှင့် လက်များကို ကွေးနိုင်ဆန့်နိုင်ခြင်းမပြုလုပ်နိုင်သည်အထိ သံကြိုးဖြင့်ခတ်ထားရန် ရဲမှူးက ဆေးရုံတွင်လာ ရောက်အမိန့်ပေးခဲ့သည့်အပေါ် အကျဉ်းသားအခွင့်အရေးချိုးဖေါက်ခံရသည့်အတွက်  ၃ ရက်အတွင်း ပြန်လည်တောင်းပန်ခြင်းမပြုလျှင် အသက်သေသည်အထိ အစာငတ်ခံဆန္ဒပြသွားမည်ဟု သဲကုန်းဆေးရုံတွင် သတင်းထောက်များအား ပြောကြားသွားခဲ့သည်။အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဇူလိုင်လ ၉ ရက်နေ့စွဲပါ သက်ဆိုင်ဝန်ကြီးဌာနများအားတိုင်ကြားထားကြောင်းသိရသည်။

                                                                                           မောင်ပန်ကာ(ပြည်)
တင်ဆက်..ပြည်သတင်းလူငယ်..09253311019
Read More...

ပြည်မြို့မှာ 7-July နေ့အထိမ်းအမှတ်လက်ကမ်းစာစောင်ဝေခြင်းနှင့်ဟောပြောမှုများပြုလုပ်

Leave a Comment



ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ဗိုလ်ချုပ်ကျေးရုပ်တွင် ဇူလိုင် ၇၊ရက်နေ့ ၅၊နာရီ ၃၀၊မိနစ်အချိန်ခန့်ကနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးကျော်ဆွေတို့မှ 7-july အရေးတော်ပုံစာတမ်းပါ လက်ကမ်းကြေငြာစာရွက်များနှင့်စတေကာများဝေငှခဲ့ပြီး 7-July သမိုင်းကြောင်းများဟောပြောသွားကြောင်းသိရသည်။

၁၉၆၂ ခုနှစ်၊ဇူလိုင်(၇)ရက်နေ့တွင်ရန်ကုန်တက္ကသိုလ်ကျောင်းသားများအပေါ်စည်းကမ်းသတ်မှတ်ချက်များပြင်းထန်စွာထားရှိမှုနှင့် ဇူလိုင် (၈)ရက်နေ့နံနက်အလင်းမရောက်ခင်တွင်ဖြစ်ပွားခဲ့သော ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဆောက်အဦးအား ဒိုင်းနမိုက်ဖြင့် အာဏာရှင်များမှဖြိုခွဲဖျက်စီးသွားမှုများမှစတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး ယနေ့ဆိုလျှင် ၅၃၊နှစ်ပြည်မြောက်ခဲ့ပြီဖြစ်ကြောင်းသိရသည်။

“ကျောင်းသားဆိုရင် အစိုးရကဖိနှိပ်ဖို့ပဲသိနေတယ်။ပညာတတ်မရှိမှသူတို့လုပ်ချင်တာလုပ်လို့ရမှာ။သမိုင်းကအကြွေးတွေကို ဘယ်အစိုးရကမှခုထိမဆက်သေးဘူး။ ၁၉၆၂-ခုနှစ်ဒီနေ့ ဒီချိန်မှာကျောင်းသားတွေစတင်ထွက်ရှိခဲ့လို့ ဂုဏ်ပြုတဲ့အနေနဲ့ ကျွန်တော်တို့လည်းအခုလိုထွက်တာ။လက်ပံတန်းမှာ ကျောင်းသားနဲ့ဝန်းရံသူတွေကို ထောင်ထဲထည့်တယ်။နောက်အစိုးရတက်လာလို့ဒီအကြွေးမဆပ်ခဲ့ရင်လည်း ဒီတိုင်းဖြစ်နေအုံးမှာပဲ။ပညာရှင်တွေဖြစ်မလာအောင်ဖိနှိပ်ထားတဲ့အစိုးရ ရပ်တန်းကရပ်ပါလို့တောင်းဆိုချင်ပါတယ်။ဖမ်းထားတဲ့ကျောင်းသားတွေပြန်လွှတ်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်။”ဟု ဦးဆောင်ပါဝင်သူ  ကိုကျော်ဆွေမှသမဂ္ဂဂျာနယ်သို့ပြောသည်။

အဆိုပါ july-7 အခမ်းအနားများကို မြန်မာနိုင်ငံအတွင်းရှိ ကျောင်းသားပြည်သူများနှင့်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများတစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ကျင်းပပြုလုပ်ခဲ့ရာ ပြည်မြို့အတွင်းမှာလည်း သုံးနေရာခန့် ကျောင်းသားများ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများမှကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 “ကျွန်တော်တို့အနေနဲ့ အထက်ကိုကြေးနန်းတင်ရတာတော့ရှိပါတယ်။နည်းနည်းပါးပါးဟောပြောသွားတယ်။လက်ကမ်းစာစောင်ဝေတယ်။ကျွန်တော်တို့တားစီးတာကို ကိုကျော်ဆွေတို့ လိုက်ခံပြီး လူစုခွဲပေးတဲ့အတွက် အရေးယူတာမလုပ်ပါဘူး။”ဟု မြို့မရဲစခန်းမှတာဝန်ရှိသူ ရဲအရာရှိတစ်ဦးမှသမဂ္ဂဂျာနယ်သို့ပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ဦးကျော်ဆွေတို့မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေမှူးရုံးသို့ ဇူလိုင်(၇)ရက်နေ့မှာတစ်ခါတည်းစတင်ကာ ခွင့်ပြုချက် ရသည်မရသည်မစောင့်ပဲယခုလို ပြုလုပ်သွားတာဖြစ်ကြောင်းသိရသည်။ ၄င်းဦးကျော်ဆွေအပါဝင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှင့်ကျောင်းသားစုစုပေါင်း (၇)ဦးခန့်မှပြုလုပ်သွားတာဖြစ်ပြီး ဟောပြောမှုများကို ညနေ ၆၊နာရီခန့်တွင်ပြီးဆုံးသွားကြောင်းသိရသည်။

                                                                                                                မောင်ပန်ကာ(ပြည်)
တင်ဆက်..ပြည်သတင်းလူငယ်..09253311019
Read More...

ဘောတံတားမှလေညှင်းခံသွားတဲ့လူငယ်ခြောက်ဦးမှ တစ်ဦးရေနစ်သေဆုံး

Leave a Comment



ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ကမ်းနားလမ်းမှ ဘောတံတားပေါ်တွင် ဇူလိုင် ၇၊ရက်နေ့ ည(၉)နာရီချိန်ခန့်တွင် လူငယ်ခြောက်ဦး လေညှင်းခံရင် ထိုအထဲမှ အာကြီး(ခ)ကျော်မင်းထွန်း ဆံတော်ရပ်ကွက် ရှားရုံလမ်းနေထိုင်သူ ဆိုသူမှ ပူပြင်းလှ၍ရေဆင်းချိုးမည်ပြုကာ ဧရာဝတီမြစ်ရေထဲရေဆင်းချိုးခဲ့ကြောင်းသိရသည်။

အဆိုပါအာကြီး(ခ)ကျော်မင်းထွန်း ဆိုသူ(၂၆)နှစ် အားရေဆင်းမချိုးရန်ကျန်သည့်သူငယ်ချင်းများမှတားမြစ်ခဲ့သော်လည်း ၄င်းမှ ရေထဲခုန်ဆင်းသွားကာ ကူးခတ်ရင်း ၀ါး(၃)ပြန်ခန့်အရောက်တွင် ငါရေနစ်နေတယ်ကယ်ကြပါအုံးလို့ကေ၏အ်ာသံကြား၍ ပါရှိလာသည့်သူငယ်ခြင်းများထဲမှ တစ်ဦးက ဆင်းကယ်ရာ မမှီတော့ပဲ အသံတစ်ခါသာကြားလိုက်ရပြီးပျောက်ကွယ်သွားကြောင်းသိရသည်။

“ညကသူငယ်ချင်းတွေလေညှင်းလာခံတာ။ရေဆင်းမချိုးနဲ့လို့တားတယ်။မရဘူးဝုန်းဆိုပြီးခုန်ဆင်းသွားတာ။ခဏနေတော့ ငါ့ရေနစ်နေတယ်လာကယ်ပါအုံး အသံကြားလို့သွားကယ်တာ အနားမရောက်ခင်မှာ နစ်သွားတယ်။ကျွန်တော်လည်းဆက်မကယ်နိုင်တော့ ကမ်းပေါ်မနည်းတက်လာခဲ့ရတယ်။ကျွန်တော်လည်းကံကောင်းလို့မသေတာ။သွားကယ်ရင်းခြေကုန်လက်ပန်းကျသွားတယ်နီးရာကမ်းမနည်းပြန်ကူးလာရတယ်။”ဟု ရေနစ်သွားသူနှင့်ပါလာသော လူငယ်တစ်ဦးကသမဂ္ဂဂျာနယ်သို့ပြောသည်။

အဆိုပါရေနစ်သွားမှုများ ညတွင်းချင်းသိရပေမယ့်မိသားစုများမှ သက်ဆိုင်ရာအကြောင်းကြားဖို့မေ့လျှော့နေခဲ့ပြီး ဇူလိုင် ၈၊ရက်နံနက်တွင် ပြည်မြို့ အမှတ်(၁)ရဲစခန်းအားသွားရောက်အကြောင်းကြားခဲ့ကြောင်းသိရသည်။

“ညကထူပူနေလို့ သွားအကြောင်းမကြားဖြစ်ဘူး။ခုမနက်သွားပြောထားတယ်။ ကလေးအခြေအနေက ဒီနားတစ်ဝိုက်မှာရှိမယ်မထင်တော့ဘူး။ရေကအရင်ထက်တက်လာတော့ရှာဖို့မလွယ်ဘူး။ရေစီးထဲမျှောလောက်ပြီး ရေငုတ်သမားတွေနဲ့ရှာဖို့စီစဉ်ထားပါတယ်။ဘာဆက်လုပ်ရမယ်ဆိုတာမသိတော့ဘူး။”ဟု သေဆုံးသူ ၏ ဦးလေးဖြစ်သူ ဦးအောင်ခိုင် မှသမဂ္ဂဂျာနယ်သို့ပြောသည်။

ရေနစ်သူ အာကြီး(ခ)ကျော်မင်းထွန်း(၂၆)နှစ်အား ရေနစ်နေစဉ် ပါရှိလာသောသူငယ်ချင်းများထဲမှ နှစ်ဦးမှာ ရေထဲဆင်းကယ်ခဲ့ရာ ပထမတစ်ဦးမှာလက်ပန်းကျ၍ကမ်းသို့ပြန်တက်ခဲ့ရပြီး ဒုတိယတစ်ဦးမှာလည်း အနားသို့မှီသ၍လိုက်လန်သွားရောက်ဆယ်ယူခဲ့သော်လည်း ကယ်ဆယ်နိုင်ခြင်းမရှိကြောင်းသိရသည်။မိသားစုများမှလည်းမြန်မာ့ရိုးရာနည်းများဖြစ်သော  ထိုရေနစ်သူအားပြန်လည်ဆယ်ယူရန်အတွက် အုန်းငှက်ပွဲနှင့်ဆိုင်ရာများအားတင်မြှောက်၍ ခေါင်းအုံးမြစ်ထဲမျှောရာ ရေနစ်သည့်အလောင်းရှိရာတွင် အဆိုပါခေါင်းအုံးရပ်တန့်သွားရာတွင် ရေငုတ်ဆယ်ယူပါက တွေ့ရှိနိုင်ကြောင်းလည်းသိထားသဖြင့် ယခုနည်းဖြင့်ပြုလုပ်ရန်စီစဉ်ထားကြောင်းသိရသည်။   မောင်ပန်ကာ(ပြည်)
တင်ဆက်..ပြည်သတင်းလူငယ်..09253311019
Read More...

ကျောင်းသားသမဂ္ဂအဆောက်အဦးပြန်ဆောက်ပေးဖို့ဆန္ဒပြတောင်းဆိုခဲ့သူတစ်ဦးအား ဇူလိုင်(၇)ရက်နေ့မှာရုံးထုတ်စစ်ဆေး

Leave a Comment



ကျောင်းသားသမဂ္ဂအဆောက်အဦးပြန်လည်တည်ဆောက်ပေးဖို့ဆန္ဒပြတောင်းဆိုမှု နှင့် ပြည်မြို့နယ်တရားရုံးမှ ထောင်(၄)လချထားခြင်းခံရသူ ကိုမျိုးသူထွဋ်အား အခြားနောက်အမှုတစ်ခုရင်ဆိုင်ဖို့ ဇူလိုင် ၇၊ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ(၆)ရက်နေ့တွင် ဦးသန့်နှစ်ပတ်လည်နေ့မှာ ကျောင်းသားသမဂ္ဂ အဆောက်အဦးပြန်လည်တည်ဆောက်ပေးရေးနှင့် ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ရရှိရေးတို့အတွက်၊ဆန္ဒပြတောင်းဆိုခဲ့သူ ကိုမျိုးသူထွဋ်နှင့်တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးတို့ကို၂၀၁၅၊ဧပြီလ-၂)ရက်နေ့တွင် ပြည်မြို့နယ်တရားရုံးမှ ထောင်(၄)လစီ ချမှတ်ခဲ့ပြီး ၊ပြည်အကျဉ်းထောင်မှ နေ၍ နောက်ထပ်ပုဒ်မ(၁၈)တွေအတွက်၊ ဇူလိုင် ၇၊ရက်နေ့မှာ တရားဆက်လက်ရင်ဆိုင်ဖို့၊မြို့နယ်တရားရုံးသို့ ရုံးထုတ်လာခဲ့ကြောင်းသိရသည်။

 “သူတို့ပြောနေတဲ့ လွှတ်တော်အသံပြည်သူ့အသံဆိုလို့ကျွန်တော်တို့က ကျောင်းသားသမဂ္ဂအဆောက်အဦးပြန်ဆောက်ဖို့တောင်းဆိုခဲ့တာ။ခေတ်အဆက်ဆက်က တက်လာတဲ့အစိုးရတွေဆီမှာအကြွေးတွေတင်နေတယ်၊ ကျွန်တော်တို့ကို အရေးယူတယ်၊။ဘယ်အစိုးရတက်တက်၊ကျောင်းသား၊အလုပ်သမား၊လယ်သမားနဲ့ပြည်သူကို အခြေမခံတဲ့ အစိုးရဖြစ်နေလို့ကတော့၊ဆက်ပြီး၊ဆန့်ကျင်တိုက်ပွဲဝင်နေဦးမှာပဲ”ဟု လက်တွဲကူမယ် ပြည်လူငယ် မှ ကိုမျိုးသူထွဋ်က သမဂ္ဂဂျာနယ်သို့ပြောသည်။

အဆိုပါ လက်တွဲကူမယ် ပြည်လူငယ် (အခမဲ့ သွေးနှင့်အောက်စီဂျင်ကူညီရေး)မှ ကိုမျိုးသူထွဋ် နှင့် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးတို့မှာ ဧပြီလ(၂)ရက်နေ့တွင် ပြည်မြို့နယ်တွဲဖက်တရားသူကြီး။ဦးသောင်းထွန်းမှ မြို့နယ်တရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့တာဖြစ်ပြီး၊ထိုနေ့စတင်စစ်ဆေးသည့်ရုံးချိန်းတစ်ရက်ထဲမှာ တယောက်ကိုထောင်(၄)လစီ အမိန့်ချမှတ်လိုက်ကြောင်းသိရသည်။

 “ဒီအစိုးရအနေနဲ့ ကျောင်းသားမရှိမှ ပညာတတ်မရှိမှသူတို့လုပ်ချင်တိုင်းလုပ်လို့ရအောင်လို့ခေတ်အဆက်ဆက်နှိပ်စက်ခဲ့ရာက လက်ပံတန်းမှာဖြိုခွဲခံရတဲ့ ကျောင်းသာတွေအထိဆက်လက်နှိပ်စက်ခံနေရတာဟာ ကိုယ့်နိုင်ငံနဲ့ပြည်သူကိုချစ်မြတ်နိုးတဲ့အစိုးရမဟုတ်ဘူးဆိုတာထင်ရှားတယ်။အစိုးရအနေနဲ့အာဏာထိပါးမယ်ဆိုရင်လက်မခံဘူး။သူတို့ကောင်းမကောင်း ကျောင်းသားတွေအသိဆုံးပဲ။ဇူလိုင် ၇၊မှာကျောင်းသားတွေ သွေးမြေကျခဲ့ရတာ လူတိုင်းသိတယ်။ အဆောင်စည်းကမ်းတွေတင်းတင်းကျပ်ထားပြီး ၊အဲဒါတွေမကြေနပ်လို့ဆန္ဒပြရာကစခဲ့တာ။ဒါတွေကိုမကြေနပ်ကြလို့လမ်းပေါ်ထွက်လာကြတဲ့ ကိုမျိုးသူထွဋ် နဲ့ တရားလွှတ်ရှေ့နေဦးမြင့်အေးတို့ကိုထောင်ချတယ် ဒီအစိုးရကို ဘယ်လိုမှနားမလည်တော့ဘူး။”ဟုတရားရုံးလာရောက်ကြည့်ရှုသူ  ပြည်သူ့အထောက်ကူပြုကွန်ရက် မှဥက္ကဌ ဦးကျော်ဆွေကသမဂ္ဂဂျာနယ်သို့ပြောသည်။

၎င်းတို့နှစ်ဦးကို လက်ပံတောင်းကိစ္စအတွက်ပုဒ်မ(၁၈)(၂)မှု၊သတင်းထောက်ကိုပါကြီး၊ပုဒ်မ(၁၈)(၁)ခု နဲ့ စုစုပေါင်းပုဒ်မ(၁၈)(၆)မှု ခန့် ဆက်ရင်ဆိုင်ရအုံးမှာဖြစ်ပြီး၊ဇူလိုင် ၇၊ရက်နေ့မှာရင်ဆိုင်နေခဲ့ရသည့်အမှု့မှာတော့ လက်ပံတန်းမြို့မှာ၊ကျောင်းသားတွေ၊ရိုက်နှက်အဖမ်းစီးခံရတာနဲ့ပတ်သတ်ပြီး၊ဆန္ဒပြခဲ့သည့် အတွက်ပုဒ်မ(၁၈) နဲ့တရားစွဲဆိုထားမှုကို ပြည်ထောင်ထဲကနေ၊အမှုလာရောက်ရင်ဆိုင်နေရကြောင်းသိရသည်။

                                                                                            မောင်ပန်ကာ(ပြည်)
တင်ဆက်..ပြည်သတင်းလူငယ်...09253311019
Read More...

လယ်သမားရေးဆောင်ရွက်သူ အချုပ်ထဲကျန်းမာရေးဆိုးဝါးနေမှုမိသားစုများစိုးရိမ်လျှက်ရှိနေ

Leave a Comment



ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အောင်ကုန်းကျေးရွာက သိမ်းဆည်းခံ လယ်တွေပြန်ရဖို့ တောင်သူတွေ နဲ့အတူ သပိတ်စခန်းဖွင့် အရေးဆိုခဲ့သူ ကိုသန့်ဇင်ထက်ကို ပုဒ်မ ၁၈ ၊ ၅၀၅(ခ) တို့ နဲ့ ပြစ်မှုကြီးအမှတ်(၂၅၀/၁၅)။(၂၅၁/၁၅) နဲ့ တရားစွဲပြီး(၂၀၁၅) ဖေဖော်ဝါရီလ ၈ ရက်နေ့၊ က ဖမ်းမိကာ။သဲကုန်းရဲစခန်းအချုပ်ခန်းထဲမှ၊ရုံးထွက်ပြီးအမှုရင်ဆိုင်နေခဲ့ရကြောင်းသိရသည်။

အဆိုပါ ကိုသန့်ဇင်ထက်အား သိမ်းဆည်းခံလယ်ယာမြေပြန်လည်ရရှိရေးလှုပ်ရှားမှုများဖြစ်တဲ့ လမ်းလျှောက်ဆန္ဒဖော်ထုတ်မှု၊ ကျိန်စာတိုက်မှုများနဲ့  သဲကုန်းမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးဇော်မြင့်ထွေး မှ  တရားလိုပြုလုပ်တရားစွဲဆိုခဲ့ပြီး၊အာမခံမရတာကြောင့်အချုပ်ခန်း ထဲကနေ အမှုရင်ဆိုင်လာခဲ့ရာ(၅)လကြာပြီး ဇူလိုင်လ ၆ရက်နေ့မှာဝမ်းလျှောခြင်းများ၊ပျို့အန်ခြင်းများဖြစ်နေကြောင်းသိရသည်။

“ညကတစ်ညလုံးအဘွားရောသူ့အမေပါအိပ်မရဘူး။ငါ့မြေးလေးဘာများအချုပ်ထဲမှာဖြစ်နေမလည်းလို့တွေ့းနေရတာ။တခြားသူတွေ ပုဒ်မ(၅၀၅/ခ)ကို အာမခံပေးတာတွေကြားဖူးပါတယ်၊အာမခံယူပြီးဆေးကုသချင်တယ်။ခလေးက(၅)လကျော်နေပြီ၊ဒီအချုပ်ခမ်းထဲမှာ၊အာမခံလဲမပေးဘူး၊လွတ်လဲမပေးဘူးကျမ်းမာရေးကလဲအခြေအနေတော်တော်လေးစိုးနေပြီ၊သူ့ကို လွှတ်ပေးစေချင်ပါတယ်။”ဟု ကိုသန့်ဇင်ထက်၏အဘွားဖြစ်သူ ဒေါ်တင်အေးမှသမဂ္ဂဂျာနယ်သို့ပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ကိုသန့်ဇင်ထက်အား သမဂ္ဂဂျာနယ်မှ အင်တာဗျူးရယူရန် ကြိုးစားခဲ့သော်လည်း သက်ဆိုင်ရာတာဝန်ကျသူများမှ ကင်မရာ၊လက်ကိုင်ဖုန်းနှင့်ပါရှိလာသောပစ္စည်းများခေတ္တအပ်နှံထားရပြီး ထိုပစ္စည်းများကိုအထက်ကညွှန်ကြားထားလို့ယူခွင့်မပြုနိုင်ကြောင်း ဒုရဲအုပ်ကျော်စိုးအောင်၏ တားမြစ်ခဲ့မှုကြောင့် ကိုသန့်ဇင်ထက်အားမေးမြန်းခြင်းမရရှိခဲ့ပါ။

“ကျွန်တော်တို့သေသေချာချာပြုစုစောင့်လျောက်ထားပါတယ်။ဆေးဝါးကုသရာမှာလည်း ကျွန်တော်တို့အားလုံးစီစဉ်ပေးထားပါပြီ။ဆေးရုံတက်တယ် မတက်ရဘူးက ဆရာဝန်ကြီးလမ်းညွှန်ချက်နဲ့ဆိုင်ပါတယ်”ဟု ဒုရဲအုပ်ကျော်စိုးအောင်မှ သမဂ္ဂဂျာနယ်သို့ပြောသည်။

လယ်သမားရေးဆောင်ရွက်သူ၊ကိုသန့်ဇင်ထက်ကို၊သဲကုန်းအချုပ်ခန်းထဲမှာပုဒ်မ(၅၀၅/ခ) နဲ့ဖမ်းစီးထားရာမှာ၊ကျမ်းမာရေးအခြေအနေဆိုးဝါးလာမှုကို ဆေးရုံတင်မပေးသောကြောင့် မိဘတွေ ကစိုးရိမ်နေကြကြောင်းသိရသည်။ မှုလကရှိထားသည့် အစာအိမ်ရောဂါ ကအခြေအနေဆိုးဝါးလာကာ။လွန်ခဲ့တဲ့(၃)ရက်ခန့်ကထဲက၊အထက်လှန်အောက်လျှောဖြစ်ပြီး၊ဒီနေ့တော့ရောဂါ အသဲအသန်ဖြစ်လာသောကြောင့် မိသားစုဝင်တွေက၊စိုးရိမ်နေကြကြောင်းသိရသည်။နောက်ဆုံးကိုသန့်ဇင်ထက်တို့မိသားစု ပေးပို့သတင်းအနေနဲ့ ဇူလှိုင် ၅။ရက် ည(၈)နာရီချိန်မှာ ဆေးရုံတက်ခွင့်ရလိုက်ကြောင်းသိရသည်။

မောင်ပန်ကာ(ပြည်)
တင်ဆက်..ပြည်သတင်းလူငယ်..09253311019
Read More...

မိုးမေတ္တာနာ/ကူ (၅)နှစ်ပြည့်အခမ်းအနားကို ၇-ဇူလိုင်တွင်ပြုလုပ်

Leave a Comment



ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်)၏ (၅)နှစ်မြောက် နှစ်ပါတ်လည်အမှတ်တရအခမ်းအနားနှင့် ပရဟိတစွမ်းဆောင်ရည်ဆုပေးအပ်ပွဲအခမ်းအနားကို ရွာဘဲရပ်ကွက် အတွင်းရှိ ရတနာမာရ်အောင်ဘုန်းတော်ကြီးကျောင်းဝန်းရှိ နာရေးကူညီမှုရုံးတွင် ဇွန်လိုင်လ ၇ရက်နေ့ နံနက်၉နာရီခန့်မှာကျင်းပပြုလုပ်သွားကြောင်းသိရသည်။

အဆိုပါ နာ/ကူအဖွဲ့ကို ၂၀၁၀ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့ပြီး ဖွဲ့စည်းကာစအချိန်တွင် မြို့နယ်အတွင်းရှိဒေသဆိုင်ရာ အာဏာပိုင်များနှင့် အဆင်မပြေမှုများကြုံတွေ့ခဲ့ရာ မိုးမေတ္တာနာ/ကူ(ပြည်)မှဦးစီးသော သုခကုသိုလ်ဖြစ်ဆေးခန်းအား (၂)ကြိမ်တိုင်တိုင် ပိတ်သိမ်းတားမြစ်မှုများကြုံတွေခဲ့ရကြောင်းသိရသည်။

“အသင်းရဲ့ ငါးနှစ်ပြည့်အထိမ်းအမှတ်ကို ဒီလိုနေ့ထူးနေ့မြတ်မှာရွေးချယ်ပြုလုပ်ခဲ့တာ။ဒီနေ့ကကျောင်းသားတွေသွေးမြေကျတဲ့နေ့ပါ။ပရဟိတအဖွဲ့တွေပေါ်နေသ၍ ပြည်သူအတွက်ကောင်းပေးမယ့် နိုင်ငံအတွက်မကောင်းဘူး။အစိုးရရဲ့ဟာ ပြည်သူအပေါ်မှာတာဝန်မကြေလို့ ကျွန်တော်တို့လိုပရဟိတအသင်းတွေပေါ်ထွက်လာရတာပါ။အိမ်မှာမိသားစုနဲ့အေးဆေးနေချင်ပေမယ့် ခံစားနေကြရတဲ့ပြည်သူတွေ ပြဿနာနဲ့ဝေဒနာအတွက် ပရဟိတဆိုတာဆက်လုပ်နေရတယ်။အသင်းစဖွင့်ကာစမှာ မြို့နယ်အုပ်ချုပ်ရေးတွေတားစီးပိတ်ပင်မှုနှစ်ခါကြုံခဲ့ရတယ်။ဦးကျော်သူနဲ့ပတ်သတ်တော့ ကျွန်တော်တို့ပရဟိတအသင်းကို သူပုန်အဖွဲ့လို့မြင်နေတာ။အစိုးရအနေနဲ့ကျောင်းသားတွေကို အကြွေးဆပ်ဖို့ရှိတယ်။ကျောင်းသားးသမဂ္ဂကိစ္စရယ် လက်ပံတန်းကိစ္စရယ်နှစ်ခုရှိတယ်။ဒီလို ဇူလိုင်၊၇၊မှာ ကျောင်းသားတွေတောင်းဆိုချက်နဲ့ ဖမ်းထားတဲ့ကျောင်းသားတွေပြန်လွှတ်ပေးဖို့ဒီနေ့တောင်းဆိုချင်တယ်။ဟု မိုးမေတ္တာနာ/ကူ အသင်း(ပြည်) အတွင်းရေးမှူး ဦးညီညီအောင်မှသမဂ္ဂဂျာနယ်သို့ပြောသည်။

အဆိုပါ နာ/ကူ အသင်းတွင်(၅)နှစ်တာကာလတွင် သွေးအလုံးရည်(၅၉၆၃)ငါးထောင်ကိုးရာခြောက်ဆယ့်သုံး/လုံး ၊နာရေးပေါင်း(၂၀၀၀)နှစ်ထောင်ကျော်၊အခြားလူမှုကူညီရေးလုပ်ငန်းများစွာတို့ကိုဆောင်ရွက်ခဲ့ကြောင်းသိရပြီး လူနာများအား အောာက်စီဂျင်(၃၈)လုံး/သုံးဆယ့်ရှစ်လုံး။အားကူညီပေးနိုင်ခဲ့ကြောင်းသိရသည်။အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး သမဂ္ဂဂျာနယ်မှ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူအားဆက်သွယ်မေးမြန်းခဲ့သည်။

“ဘယ်အသင်းပဲဖြစ်ဖြစ် ငါတို့ဆီမှာကားဘယ်နှစ်စီး၊အလှူငွေဘယ်လောက်၊အသင်းအင်အားဘယ်လောက်ရှိတယ်ပြောနေလို့မရဘူး။ပရဟိတဆိုတာ နာရေးလုပ်မှပရဟိတမဟုတ်ဘူးကျန်းမရေးကအစ အခုဘုရားကိစ္စတွေသာသနာပြုနေတာဟာလည်း ပရဟိတသာသနာပြုနေတာဘဲ။အားလုံးနဲ့ပရဟိတနဲ့သက်ဆိုင်နေတယ်။ကိုယ့်ကိုယ်ကို ပရဟိတသစ္စာမှန်မှန်ကန်ကန်ဆိုရဲဖို့အရေးကြီးတယ်။ကိုယ့်ကိုယ်ကိုယ်ပဲပြိုင်ရမယ်။မိမိကိုယ်ကို လိမ်လို့မရဘူး။လူတွေကို ကူညီတဲ့နေရာမှာ ဘယ်လောက်အထိအနစ်နာခံမလည်းဆိုတာအရေးကြီးတယ်။ဟု နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ မှသမဂ္ဂဂျာနယ်သို့ပြောသည်။

အဆိုပါ ဇူလိုင် ၇၊ရက်နေ့အခမ်းအနားကို ပြည်ခရိုင်အတွင်း နိုင်ငံရေးတက်ကြွလှုပ်လှုပ်ရှားသူများနှင့်ကျောင်းသားအများစုမှ အမှတ်တရအခမ်းအနားပေါင်း(၃)ခုခန့်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး မိုးမေတ္တာနာရေးကူညီမှုအသင်း(ပြည်)အခမ်းတွင်တော့ အသင်းသူ/သားများအပါဝင် စိတ်ပါဝင်စားသူပေါင်း(၁၀၀)ခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။

                                                                                                     မောင်ပန်ကာ(ပြည်)
တင်ဆက်..ပြည်သတင်းလူငယ်...09253311019
Read More...

Facebook Like Page