တိုင်ဖွန်းမုန်တိုင်း ကူဂျီရာ တရုတ်နိုင်ငံ တောင်ပိုင်းသို့ဝင်ရောက်
ဟိုင်ကူ ဇွန် ၂၂
၂ဝ၁၅ ခုနှစ်အတွင်း တရုတ်နိုင်ငံ
အတွင်းသို့ ဝင်ရောက် တိုက်ခတ်သော ရှစ်ခုမြောက် မုန်တိုင်းဖြစ်သည့် ကူဂျီရာ
တိုင်ဖွန်း မုန်တိုင်းသည် ဇွန် ၂၂ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ
တောင်ပိုင်း ဟိုင်နန်ပြည်နယ်သို့ စတင်ဝင်ရောက် ခဲ့ကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းသည် လေတိုက်နှုန်း
တစ်နာရီလျှင် ၉ဝ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်ပြီး ဒေသစံတော်ချိန် ည ၆
နာရီမိနစ် ၅ဝ တွင် စတင်ဝင်ရောက် ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဒေသခံ ၄ဝဝဝဝ
ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခဲ့ပြီး ငါးဖမ်းသင်္ဘော ၂ဝဝဝဝ ခန့်ကို
ကမ်းသို့ပြန်ကပ်ရန် တိုက်တွန်းထားကြောင်း ပြည်နယ်မိုးလေဝသ ဌာနမှ
ပြောကြားခဲ့ သည်။
ထို့ပြင် ဒေသစံတော်ချိန် ည ၇ နာရီခွဲတွင်
ဟိုင်ကူမြို့ မေလန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်း ခရီးစဉ် ၆၃
ခုနှင့် ဆန်ညာဖီးနစ် လေဆိပ်မှ လေကြောင်းခရီးစဉ် ၃၉ ခုတို့ကိုလည်း
ဖျက်သိမ်းခဲ့ရကြောင်း၊ ဟိုင်ကူနှင့် ဆန်ညာမြို့ သို့ ပြေးဆွဲနေသော
မြန်နှုန်းမြင့် ရထားခရီးစဉ် များကိုလည်း ရပ်ဆိုင်းခဲ့ရကြောင်းနှင့်
ဒေသတွင်းရှိ စာသင်ကျောင်းများကို လည်း ဇွန် ၂၃ ရက်မှစ၍ ပိတ်သွားမည်
ဖြစ်ကြောင်း ပြည်နယ်အစိုးရက ပြောကြားခဲ့သည်။
သို့သော် မုန်တိုင်း တိုက်ခတ်မှုကြောင့်
မိုးခေါင်ရေရှားမှုနှင့် ကြုံတွေ့နေရသည့် ဒေသခံ ၁၃ဝဝဝဝ နှင့် ရေခန်းခြောက်နေ
သည့် ရေလှောင်တာတမံ အသေး ၁၁၉ ခုတို့အတွက် အထောက်အကူ ဖြစ်စေကြောင်း သိရသည်။
သတင်း...မြ၀တီ..
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း-အွန်လိုင်းမီဒီယာ) 09253311019
0 comments:
Post a Comment