Monday, June 22, 2015

သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေးအပိုင်းတွင် ခရိုင်ထွေအုပ်နှင့် ပြည်သူပါဝင်မှုအားနည်းနေ

Leave a Comment
သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေးအပိုင်းတွင် ခရိုင်ထွေအုပ်နှင့် ပြည်သူပါဝင်မှုအားနည်းနေ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူးရုံးအတွင်း စည်းဝေးခန်းမကြီးတွင် ဇွန် ၁၅ ရက်နေ့ နံနက် ၉နာရီခန့်မှာ ASEAN Dengue Day သွေးလွန်တုပ်ကွေးရောဂါနှိမ်နှင်းရေးလုပ်ငန်း အသိပညာပေးအခမ်းနားကိုကျင်းပပြုလုပ်ကြောင်းသိရသည်။
အဆိုပါရောဂါအား ၁၉၆၅-ခုနှစ်တွင် ရန်ကုန်မြို့ပေါ်မှာစတင်တွေ့ရှိခဲ့ပြီး ၁၉၇၀-ခုနှစ်တွင် ကပ်ရောဂါတစ်ခုသဖွယ်မြန်မာပြည်အနှံ့သို့ပြန့်ပွားလာခဲ့သည်။သွေးလွန်တုပ်ကွေးရောဂါနှိမ်နှင်းဂါကွယ်မှုများကို ကျန်းမာရေးဌာနများမှ ဂရုတစိုက်ပြုလုပ်ဆောင်ရွက်ခဲ့သော်လည်း ခရိုင်ထွေထွေအုပ်ချုပ်ရေးပိုင်းများနှင့် ပြည်သူများစိတ်ပါဝင်စားမှုအားနည်းနေကြောင်းသိရသည်။အဆိုပါသွေးလွန်တုတ်ကွေးရောဂါသည် ၄-နှစ်တစ်ကြိမ်စိုးရိမ်စရာဖြစ်ပေါ်လျှက်ရှိရာ ယခု ၂၀၁၅/၁၆ တွင်ပိုမိုစိုးရိမ်စရာများဖြစ်ပေါ်လျှက်ရှိကြောင်း အခမ်းအနားတွင် ကျန်းမာရေးဌာနမှ တက်ရောက်လာသူ တာဝန်ရှိသူများက ထည့်သွင်းပြောကြားသွားသည်။
ဒေသဆိုင်ရာ ခရိုင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ နှင့် ပြည်သူတွေပှုးပေါင်းပါဝင်မှုအားနည်းနေတယ်ဒီအခမ်းအနားကို ပြီးပြီးရောမဖြစ်စေချင်ဘူး ခရိုင် မြို့နယ်အုပ်ချုပ်ရေးပုံမှန်အစည်းဝေးမှာ ဒီပွဲကရလဒ်တွေကိုသေချာတင်ပြပေးဖို့လိုပါတယ် ကျွန်တော်တို့ဘက်ကလည်း ပှုးပေါင်းဆောင်ရွက်ဖို့ ကော်မတီရှိရင်ပါဝင်ဖို့အဆင့်ပါပဲ ဟု အမှတ်(၂)မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုး မှသမဂ္ဂဂျာနယ်သို့ပြောသည်။
အဆိုပါသွေးလွန်တုပ်ကွေးရောဂါအတွက် ပျောက်ကင်းနိုင်သည့်ဆေးဝါးများယနေ့ထိမပေါ်သေးပဲ ကုသခြင်းထက် ကာကွယ်ခြင်းကပိုမိုထိရောက်ပြီး ခြင်းကိုက်ခြင်း၊အိမ်အတွင်း/အပြင် တစ်ပတ်တစ်ခါ ခြင်ခိုအောင်းနိုင်သောနေရာများသန့်ရှင်းရေးပြုလုပ်ခြင်းများကိုပြုလုပ်ပေးသင့်ပါသည်။ဖျားရာမှ ရုတ်တရက်အဖျားကျကာ၊ခြေဖျားလက်ဖျားများအေးစက်လာခြင်း၊အဖျားကျသော်လည်း ကလေးမှာ စားခြင်း၊ကစားခြင်းမရှိဘဲ မှိန်းနေခြင်း ဂနာမငြိမ်ဖြစ်နေခြင်း၊မကြာခဏအော့အန်ခြင်း၊အန်သည့်အရည်တွင် အညိုရောင်အဖတ်အမျှင်လေးများပါလာခြင်းတို့သည် သွေလန့်သည့် လက္ခဏာများဖြစ်ပြီး နှစ်ရက် မှ ခုနှစ်ရက်ခန့်ထိ အပြင်းဖျားခြင်း၊ပျို့အန်ခြင်း၊ကိုယ်ခန္ဓာတွင် အနီစက်များထွက်ခြင်း များဖြစ်ပွားလာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့လျှင်မြန်စွာပြသသင့်ကြောင်းသိရသည်။
ကျွန်မတို့တိုင်းပြည်အတွင်းမှာ ဆင်းရဲမှုတွေများတော့ လူနေမှု့အဆင့်တန်းတေတွနိမ့်ကျပါတယ် ကျန်းမာရေးပညာပေးမှုတွေ အရမ်းလိုအပ်ပါတယ် ပြည်သူ့ကျန်းမာရေးပညာပေးတွေတိုင်းမှာ ပြည်သူတွေကိုယ်တိုင်ပါဝင်ဆောင်ရွက်မှရမှာဖြစ်ပါတယ် သွေးလွန်တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေး လုံးဝမပေါ်သေးပါဘူး တိကျတဲ့ကုသရန်ဆေးဝါးတွေလည်းမပေါ်သေးဘူး ရာသီဥတုအဖျားတုပ်ကွေးကာကွယ်ဆေးတော့ထိုးလို့ရပါတယ် ဒါကသွေးလွန်တုပ်ကွေးနဲ့မဆိုင်ပါဘူး ခုလိုမိုးရာသီတွေမှာတင်မဟုတ်တော့ဘူး နွေမိုးဆောင်းသုံးဥတုစလုံးဖြစ်ပေါ်နေတာတွေတွေ့ရှိရပါတယ် ဟု ခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါ်အေးအေးမိုး မှသမဂ္ဂဂျာနယ်သို့ပြောသည်။
အခမ်းအနားသို့ ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ပြည်ခရိုင်ကျန်းမာရေးဌာနမှတာဝန်ရှိလူကြီးများ၊လွှတ်တော်ကိုယ်စားလှယ်များ၊NGOအဖွဲ့အစည်းများ၊မီးသတ်၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ကျန်းမာရေးဌာနမှဝန်ထမ်းများနှင့်အခြားဒေသဆိုင်ရာ စိတ်ပါဝင်စားသူများ စုစုပေါင်း အင်အား ၁၀၀-ကျော်တက်ရောက်ခဲ့သည်။သွေးလွန်တုပ်ကွေးရောဂါသည် ပြည်ခရိုင်အတွင်း ၂၀၁၄ -ခုနှစ်တွင် ၃၀၀-ကျော်ဖြစ်ပွားခဲ့ရာ ၉-ဦးသေဆုံးခဲ့ရပြီး ယခု ၂၀၁၅ခုနှစ်တွင် ၈၆-ဦးသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခဲ့ရာ ယနေ့ထိသေဆုံးမှုမှတ်တမ်းမရှိသေးကြောင်းသိရသည်။
                                                                                                              မာင်ပန်ကာ(ပြည်)...သမဂ္ဂဂျာနယ် ဇွန်လ ၂၂ရက်နေ့ထုတ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိသည်။
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019 

0 comments:

Post a Comment

Facebook Like Page