Tuesday, October 13, 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်မြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ အသိပေးနှိုးဆော်လွှာ

Leave a Comment
အောက်တိုဘာလ ၁၀ ရက်နေ့က ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ရွေကောက်ပွဲအောင်နိုင်ရေး ဂီတဖျော်ဖြေပွဲအား လာရောက်အားပေးနေစဉ်(ဓါတ်ပုံ- အနဂ္ဂ (Anegga Facebook) မှကူးယူဖေါ်ပြသည်။)  
ပြည်မြို့သူ၊ ပြည်မြို့သားအပေါင်းတို့ခင်ဗျား...

ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဦးဆောင်း၍ ဂီတဖျော်ဖြေရေးမော်တော်ယာဉ်ဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စည်းရုံးလှုံ့ဆော်ဖျော်ဖြေရေး အစီအစဉ်များနှင့် လှည့်လည်ဖျော်ဖြေမည်ဖြစ်ပါ၍ (မည်သူမဆို) ပူးပေါင်းပါဝင် အားပေးကူညီနိုင်ကြပါစေရန် လေးစားစွာ အသိပေးနှိုးဆော်အပ်ပါသည်။

ဂီတဖျော်ဖြေရေး မော်တော်ယာဉ်နှင့် လှည့်လည်ဖျော်ဖြေမည့်အစီအစဉ်----

(၁၉.၁၀.၂၀၁၅) ရက် တနင်္လာနေ့ နံနက်ပိုင်း(၈း၀၀)နာရီတွင် မြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေးရုံးမှ ကိုသောင်းဈေးမီးပွိုင့်၊ ရွှေတစ်ချောင်းလမ်း၊ လမ်းရှည်လမ်း၊ ရွှေပုလ္လင်မှော်ဘုရား၊ လမ်းမတော်လမ်း၊ ဆင်စုတောင်ပိုင်း( Southern Star) မှ ပြန်လှည့်၍ သင်္ဘောဆိပ်လမ်း၊ ပုထိုးကြီးလမ်း၊ စက်မှုဇုံ၊ နဝဒေးလမ်း၊ မြို့သစ်(ပြည်-ရန်ကုန်) အဝေးပြေးလမ်းမှ မြို့နယ်ရွေးကောက်ပွဲအောင်နိုင်ရေးရုံးသို့ ပြန်လည်ဝင်ရောက်မည်။

(၁၉.၁၀.၂၀၁၅) ရက် တနင်္လာနေ့ နေ့လည်ပိုင်း(၂း၀၀) နာရီမှ (၄း၀၀) နာရီတွင် မြို့သစ် ဂိတ်ကြီးဝင်း၊ မင်းသားကြီးလက်ဘက်ရည်ဆိုင်ရှေ့။

(၁၉.၁၀.၂၀၁၅) ရက် တနင်္လာနေ့ နေ့လည်ပိုင်း(၄း၀၀)နာရီမှ ည(၉း၀၀)နာရီတွင် ဗိုလ်ချုပ်ကျောက်ရုပ်အနီး ညဈေးတန်းထိပ် တို့တင် ဖျော်ဖြေသွားမည်။
အောက်တိုဘာလ ၁၀ ရက်နေ့က ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ရွေကောက်ပွဲအောင်နိုင်ရေး ဂီတဖျော်ဖြေပွဲအား လာရောက်အားပေးနေစဉ်(ဓါတ်ပုံ- အနဂ္ဂ (Anegga Facebook) မှကူးယူဖေါ်ပြသည်။)
အနုပညာရှင်များမှာ။ ။ လင်းလင်း၊ R-ဇာနည်၊ စောဖိုးခွား၊ မောင်မောင်အေး၊ အနဂ္ဂ၊ ရန်ရန်ချမ်း၊ သျှီ၊ ထွန်းအိန္ဒြာဗိုလ်၊ ကော်နီ၊ မီမီဝင်းဖေ၊ အိုင်းရင်းဇင်မာမြင့်၊ ချစ်သုဝေ၊ သံသာဝင်း၊ အိမ့်ချစ်၊ သီရိရှင်းသန့်နှင့် အနုပညာရှင်းပေါင်းများစွာတို့ ပါဝင်ကြမှာဖြစ်သည်။

အောက်တိုဘာလ ၁၀ ရက်နေ့က ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ရွေကောက်ပွဲအောင်နိုင်ရေး ဂီတဖျော်ဖြေပွဲအား လာရောက်အားပေးနေစဉ်(ဓါတ်ပုံ- အနဂ္ဂ (Anegga Facebook) မှကူးယူဖေါ်ပြသည်။)
ပြည်သတင်း
www.facebook.com/pyaynews

0 comments:

Post a Comment

Facebook Like Page