Saturday, August 24, 2013

ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်တွင် ထိုင်းဘာသာ အထူးပြုဖြင့် သင်ကြားလျက်ရှိသော ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် ဝိဇ္ဇာဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူများ၏ ဘာသာစကား စွမ်းရည် တတ်မြောက်မှုနှင့် သက်ဆိုင်သော ယဉ်ကျေးမှုကို ရင်းနှီးကျွမ်းဝင်ကာ မိမိနိုင်ငံ၏ အမျိုးသား ယဉ်ကျေးမှု ကိုလည်း ထိန်းသိမ်း မြတ်နိုးတတ်စေရန် ထိုင်းဘာသာ ဌာနမှ ကျင်းပသော မြန်မာ- ထိုင်းယဉ်ကျေးမှု နှိုင်းယှဉ်ပွဲ

Leave a Comment





ရန်ကုန် သြဂုတ် ၂၃

ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်တွင် ထိုင်းဘာသာ အထူးပြုဖြင့် သင်ကြားလျက်ရှိသော ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် ဝိဇ္ဇာဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူများ၏ ဘာသာစကား စွမ်းရည် တတ်မြောက်မှုနှင့် သက်ဆိုင်သော ယဉ်ကျေးမှုကို ရင်းနှီးကျွမ်းဝင်ကာ မိမိနိုင်ငံ၏ အမျိုးသား ယဉ်ကျေးမှု ကိုလည်း ထိန်းသိမ်း မြတ်နိုးတတ်စေရန် ထိုင်းဘာသာ ဌာနမှ ကျင်းပသော မြန်မာ- ထိုင်းယဉ်ကျေးမှု နှိုင်းယှဉ်ပွဲကို ယနေ့နံနက်၁၁ နာရီတွင် ရန်ကုန် နိုင်ငံခြား ဘာသာတက္ကသိုလ် LRC ခန်းမ၌ ကျင်းပသည်။

ယဉ်ကျေးမှု နှိုင်းယှဉ်ပွဲသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးနှင့် ထိုင်းသံရုံးမှ တာဝန်ရှိသူများ၊ ရန်ကုန် နိုင်ငံခြား ဘာသာတက္ကသိုလ် ပါမောက္ခချုပ်နှင့် တွဲဖက် ပါမောက္ခများ၊ ဌာနမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ၊ ထိုင်းဘာသာ အထူးပြုနှင့် အခြား မေဂျာများမှ ကျောင်း သား၊ ကျောင်းသူများ တက်ရောက်ကြ

သည်။ ရှေးဦးစွာ နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြော ကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးက ထိုင်းရိုးရာ ယဉ်ကျေးမှု တစ်ခုဖြစ်သည့် မီးမျှောခွက် ပြုလုပ်ပုံကို ထိုင်းဘာသာ အထူးပြု ကျောင်းသူလေးများနှင့်အတူ လက်တွေ့ သရုပ်ပြသပြီး ထိုင်းဘာသာ ဝိဇ္ဇာဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူများက ထိုင်းယဉ်ကျေးမှု အကဖြင့် လည်းကောင်း၊ မြန်မာဆီမီးခွက် အကဖြင့် လည်းကောင်း သီဆိုဖျော်ဖြေ တင်ဆက်ကြပြီး တာဝန်ရှိသူ များက ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြု မှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့သည်။ မြန်မာ - ထိုင်းယဉ်ကျေးမှုပွဲသည် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်တွင် ထိုင်းဘာသာ အထူးပြုဖြင့် ပညာသင်နှစ် အလိုက် သင်ကြားနေသော ကျောင်း သား၊ ကျောင်းသူများအား မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုတစ်ခု ဖြစ်သော တန်ဆောင်မုန်း လပြည့်နေ့တွင် ကျင်းပသည့် မီးမျှောပွဲနှင့် ထိုင်းလူမျိုးတို့၏ ရိုးရာမီးမျှော ပွဲတော် (လွိုင်ကရထုံ) ယဉ်ကျေးမှုများသည် ဆက်စပ်လျက်ရှိပြီး ကိုးကွယ်သည့် ဘာသာချင်းလည်း တူညီကာ မြန်မာနှင့်ထိုင်း အိမ်နီးချင်း နိုင်ငံများဖြစ်သည့် အားလျော်စွာ ယဉ်ကျေးမှုချင်းလည်း ဆက်စပ် တူညီမှုများ ရရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment

Facebook Like Page