Friday, June 5, 2015

ပေါင်းတလည်မြို့တွင် ကျွန်းသစ်များသယ်ဆောင်လာသည့် ဖောကားတစ်စီးဖမ်းဆီးရမိ ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

ပေါင်းတလည်မြို့တွင် ကျွန်းသစ်များသယ်ဆောင်လာသည့် ဖောကားတစ်စီးဖမ်းဆီးရမိ
ပြည့်သဲမောင်(ပြည်)09 4236 71883
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့တွင် ဇွန်လ (၄)ရက်နေ့
ည (၁၂း၀၀) နာရီ အချိန်ခန့် ပေါက်ခေါင်းဘက်မှမောင်းနှင်လာသည့် ယာဉ်အား
ရပ်တန့်စစ်ဆေးရာ တရားမ၀င် ကျွန်းသစ်များ ဖမ်းဆီးရမိကြောင်း သိရသည်။

ပေါင်းတလည်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် မြတ်မင်းသူနှင့်အဖွဲ့
သည် တောင်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်စိန်လင်း၊ ရာအိမ်မှူး ဦးထွန်းထွန်းလင်းတို့နှင့်အတူညဥ့်နက်လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ်
ပေါင်းတလည်-ဆင်မြီးဆွဲကားလမ်း မိုင်တိုင်အမှတ် (၂၆/၅)နှင့် (၂၆/၆)
အကြား ပေါင်းတလည်ဘက်မှ ဆင်မြီးဆွဲဘက်သို့ယာဉ်မောင်းကျော်မြင့်သန်း
(၃၀)နှစ်(ဘ)ဦးကျော်ဝင်းရပ်သစ်ရွာ၊ ရပ်သစ်အုပ်စု ၊ ပေါက်ခေါင်းမြို့နယ် နေသူ
 မောင်းနှင်လာသည့် ယာဉ်အမှတ် -7E-.........အပြာရောင် SKAT အမျိုးအစား
 ဖောကားအားမသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးခဲ့သည်ဟု ဆို၏။

ထိုသို့ ရပ်တန့်စစ်ဆေးရာ ကျွန်းသစ်လုံးများအားတာလဘတ်အုပ်၍
တင်ဆောင်ထားကြောင်း တွေ့ရှိရသဖြင့် ပေါင်းတလည်မြို့သစ်တော
ဦးစီးဌာန ဘိနယ်တာဝန်ခံ ဦးအေးမင်းလှိုင်၊ တောခေါင်း ဦးကျော်မြင့်သိန်း
တို့နှင့် ပူးပေါင်းဖမ်းဆီးခဲ့ရာ အဆိုပါဖောကားပေါ်တွင် တရားမ၀င်ကျွန်းသစ်
လုံး (၉)ပေခန့် အရွယ်စုံ (၂၃)လုံး၊(၂.၅၁)တန် ကာလတန်ဘိုး (၃၁၃၇၅၀)
အား တွေ့ရှိရပြီး၊ သစ်ပိုင်ရှင်မှာ သက်ဦး (ခ) ငပြူး စပါးအရောင်းအ၀ယ်
စမ်းကလေးရွာ ၊ ရပ်သစ်အုပ်စု၊ ပေါက်ခေါင်းမြို့နယ်နေသူတို့သည် အောင်လံ
မြို့နယ်၊ ရွှေပန်းတောကျေးရွာမှတင်ဆောင်လာပြီးဆင်မြီးဆွဲဘက်သို့မောင်းနှင်
စဉ်ဖမ်းဆီးရမိခဲ့ကြောင်း ပေါင်းတလည်နယ်မြေရဲစခန်းရဲမှတ်တမ်းအရ သိရ
သည်။

ထို့ကြောင့်ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမ၀င်ကျွန်းသစ်လုံးများအားပေါင်းတ
လည်မြိုသစ်တောဦးစီးဌာနဘိနယ်တာဝန်ခံ တောအုပ် ဦးအေးမင်းလှိုင်မှ
သိမ်းဆည်းပြီး၊ တရားမ၀င်ကျွန်းသစ်တင်ဆောင်သူ ကျော်မြင့်သန်း နှင့်
သက်ဦး (ခ) ငပြူးတို့အား အရေးယူပေးပါရန် တောအုပ် ဦးအေးမင်းလှိုင်မှ
တရားလို ပြုလုပ်တိုင်တန်းခဲ့သဖြင့် ပေါင်းတလည်နယ်မြေရဲစခန်း (ပ)၇၈/
၂၀၁၅၊ ပပက ၆(၁) ဖြင့် အမှုဖွင့်ထားရှိကာအမှုအား ဒုရဲအုပ် သိန်းမင်းစိုးမှ 
လက်ခံစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883




0 comments:

Post a Comment

Facebook Like Page