Friday, March 6, 2015

ဒီမိုကရေစီပညာရေးစံနစ်ကိုတောင်းဆိုဆန္ဒပြတဲ့၊သပိတ်စစ်ကျောင်းကိုတားစီးပိတ်ပင်အကြမ်းဖက်ဖြိုခွဲနေတာတွေကို၊ရပ်တံ့ပေးဖို့အတွက် ပေါင်းတည်မြို့တွင် ဒုတိယအကြိမ်ဆန္ဒပြ

Leave a Comment

ဒီမိုကရေစီပညာရေးစံနစ်ကိုတောင်းဆိုဆန္ဒပြတဲ့၊သပိတ်စစ်ကျောင်းကိုတားစီးပိတ်ပင်အကြမ်းဖက်ဖြိုခွဲနေတာတွေကို၊ရပ်တံ့ပေးဖို့အတွက် ပေါင်းတည်မြို့တွင် ဒုတိယအကြိမ်ဆန္ဒပြ ##################################################################################################### ဒီမိုကရေစီပညာရေးစံနစ်ကိုတောင်းဆိုဆန္ဒပြနေကြတဲ့၊သပိတ်မှောက်ကျောင်းသားစစ်ကျောင်း၊တွေ မတ်လ(၁)ရက်နေ့မှာ၊ရန်ကုန် ကိုဆက်လက်ချီတက်မှာကို၊မလိုလားတာကြောင့်၊ လက်ပံတန်းမြို့မှာ၊ရဲတပ်ဖွဲ့အင်အားများစွာသုံးပြီး၊အကြမ်းဖက် နိုပ်ကွပ်နေတာတွေကိုရပ်တန့် ပေးဖို့အတွက် ပေါင်းတည်မြို့က၊မိဘ ပြည်သူတွေက၊ဒုတိယအကြိမ်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ တိုင်းပြည်ပညာရေးက အရင်ခေတ်တွေထပ် အဆုပ်ရုတ်ဆုံးအခြေအနေကိုရောက်ရှိနေတာကြောင့်၊အာမခံချက်ရှိတဲ့ပညာရေးအတွက်၊ခလေးတွေကတောင်းဆိုနေတာဖြစ်တယ်၊ဒါကိုအစိုးရကအကြမ်းဖက်လုပ် နေတာကိုလဲစိုးရိမ်မိနေတာကြောင့်ဒါတွေကိုရပ်တံ့ပေးဖို့အတွက်ကို၊အခုလိုဆန္ဒပြတောင်းဆိုရတာဖြစ်ပါတယ် ....ဟု ဦးကျော်မိုးထွန်း (ဆန္ဒပြပါဝင်သူ) မှပြောကြားခဲ့သည်။ အဲဒီဆန္ဒပြပွဲကိုမေလ(၅)ရက်နေ့ညနေ(၊၄)နာရီထိုးမှာ၊ပထမနေ့ကစခဲ့နေရာ၊ပေါင်းတည်မြို့၊အရှေ့လမ်း၊ရာသက်ပန် ကွမ်းယာဆိုင်ရှေ့က နေစတင်ခဲ့ပြီး၊ (အမျိုးသားပညာရေးဥပဒေ--အလိုမရှိ၊ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့် ရရှိရေး။ကျောင်းသားသပိတ်အောင်ရမည်။ကျောင်သားများအားအကြမ်းဖက်ဖြိုခွင်းမှုအလိုမရှိ၊)ဟူတဲ့ကြွေးကြော်သံတွေ နဲ့ အတူဗွီနှိုင်းတွေ၊ပိုစတာ ဆိုင်းဘုတ်တွေ ကိုကိုင်ဆောင်ပြီး၊၊ရန်ကုန် -ပြည်လမ်း၊ ကနေ အာဇာနည်ကျောက်တိုင် ရှေ့ မှာ နာရီဝက်ခန့် ဟောပြောနေစဉ် ပေါင်းတည်မြို့မ စခန်းမှုးဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်အင်အား(၁၀)ယောက်ခန့်က ဟန်းစပီကာကိုင်ဆောင်ပြီုး (၃)ကြိမ်တိုင်တိုင် အော်ဟစ်တားမြစ်ခဲ့ ပါတယ်။ လက်ပံတန်းမှာကျောင်းသားတွေကိုတားစီးထားပြီးအကြမ်းဖက်လုပ်နေတာတွေကို အလိုမရှိတာကြောင့်အခုလိုဆန္ဒပြတောင်းဆိုနေတာဖြစ်ပါတယ်။မိဘပြည်သူတွေကိုလဲ၊ကျောင်းသားတွေအတွက်မေတ္တာပို့ပေးဖို့ ကိုလဲတောင်းဆိုမေတ္တာရပ်ခံပါတယ်၊ကျွန်တော်တို့ကဆူပူချင်လို့လမ်းပေါ်ရောက်နေတာမဟုတ်ပါဘူး။တိုင်းပြည်ရဲ့အနာဂတ်ပညာရေးကောင်းဖို့အတွက်တောင်းဆိုနေတဲ့ကျောင်သားတွေရဲ့သပိတ်ကို ပေါင်းတည်မြို့က လှိုက်လှိုက်လှဲလှဲထောက်ခံနေတယ်ဆိုတာကိုလဲပြသချင်လို့အခုလို ဆန္ဒပြရတာပါ..ဟု ကိုအောင်အောင်(ဆန္ဒပြပါဝင်သူ)ကပြောကြားခဲ့ပါသည်။ အဲဒီဆန္ဒပြမှုအတွက်၊ ဦးဆောင်တယ်လို့စွပ်စွဲပြီး၊ ကိုချစ်ကို၊ကိုကျော်မိုးထွန်း၊ကိုအောင်အောင်၊ကိုခင်မောင်နိုင်၊တို့ကို။ပုဒ်မ(၁၈) နဲ့အမှုဖွင့်ထားကြောင်း၊ (၃)ရက်နေက ဆန္ဒပြမှုကိုလည်း ဦးခင်မောင်လှို်င်၊ဦးမိုးလှိုင်၊ဦးချစ်ကို၊ဦးရဲနိုင်ကျော်၊ တို့(၄)ယောက်ကို၊ပုဒ်မ(၁၈) နဲ့အမှုဖွင့်အရေးယူထားကြောင်း.....ပေါင်းတည် မြို့မစခန်းမှုး ဦးမြင့်ဝေ ထံကသိရပါတယ်။ ပထမ(၃)ရက်နေ့က ပေါင်းတည်မြို့က ကျောင်သားတွေ နဲ့ ကျောင်သားမိဘ တွေစုပေါင်းပြီး၊ ပထမအကြိမ်ဆန္ဒပြခဲ့ကြပြီး၊ အဲဒီဆန္ဒပြမှုအတွက်၊ပေါင်းတည်မြို့ ပြည်သူ့အကျိုးဆောင်ကွန်ယက်က လူ(၄)ယောက်ကို၊ ပုဒ်မ(၁၈) နဲ့ အရေးယူထားခဲ့ပြီး၊(၄)ရက်နေ့မှာ၊ဒုတိယအကြိမ် အနေနဲ့ ပေါင်းတည်မြို့နယ်၊ပေါက်အိုင်ကြီး၊ကျေးရွာမှာဒုတိယအကြိမ် အနေနဲ့ ၊ကျောင်းသားတွေအတွက်၊ဆုတောင်းပွဲတခုပြုလုပ်ခဲ့ကြပြီး၊အခုတခါတတိယ အကြိမ် အနေနဲ့ လမ်းပေါ်ထွက်ပြီးထပ်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ဆန္ဒပြသူတွေက၊ဟောပြော၊ကြွေးကြော်ခဲ့ပြီး၊ ၊(၇)လမ်း၊(၆)လမ်းတလျှောက်ဆက်လက်ဆန္ဒပြခဲ့ကြပြီး၊စထွက်တဲ့နေရာမှာပဲ၊ ညနေ(၆)နာရီထိုးခန့်မှာ အဆုံးသတ်လိုက်ပါတယ်။

သတင်း နှင့် ဓါတ်ပုံ
ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page