Friday, March 6, 2015

မဂ္ဂင်တောရကျောင်းအနီး တောမီးလန့်မှု့ဖြစ်ခဲ့

Leave a Comment
မဂ္ဂင်တောရကျောင်းအနီး တောမီးလန့်မှု့ဖြစ်ခဲ့
 ##############################

ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့ ရွာဘဲနယ်မြေအတွင်းရှိ မဂ္ဂင်တောရကျောင်းအနီးတွင် ယနေ့ 6.3.2015 ရက်နေ့ နေ့လည် ၁း၂၀ အချိန်ခန့်က မီးလန့်မှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ် အဆိုပါမီးလန့်မှု့မှာ တောမီးမှ တဆင့် မဂ္ဂင်တောရကျောင်းအနီးသို့ ရောက်ရှိလာသောကြောင့်ဖြစ်ပေါ် ခဲ့တာပါဟု..အနီးနားနေထိုင်သူများကပြောဆိုခဲ့ပါတယ်.. ဘုန်းကြီးကျောင်းနဲ့ အရမ်းနီးနေလို့ဆိုပြီး မီးသတ်ကားတွေ ရောက်လာတာပဲ (၄/၅)စီးလောက်လာပါတယ် အချိန်မှီရောက်လာတာပါ ဘယ်သူကလှမ်းဆက်တယ်တော့မသိပါဘူး ဆိုင်ကယ်တွေရော မီးသတ်ကားတွေပါ ရောက်လာတယ် မီးကတောမီးပါ မီးလန့်တာပါ .. ဟု အဆိုပါဘုန်းတော်ကြီးကျောင်းအနီးနေထိုင်သူ တစ်ဦးမှပြောကြားခဲ့ပါတယ်..... မြို့သစ်.....မဂ္ဂင်တောင်.....တောရကျောင်း...ရဲ့..ဘေးက... ချောက်ထဲမှာ.....မီးလောင်...တာပါ....အခု... မဂ္ဂင်ကျောင်းနားမှာတော့....မီးငြိမ်းသွားပါပြီ.... ဒါပေမ့ယ်...စင်္ကြန်တောင်ဘက်မှာ...မီးမငြိမ်းသေးပါဘူး...မြို့သစ်မီးသတ်ကားနှင့်..မီးသတ်တပ်သားတစ်စု... သွားရောက်ညိမ်းသတ်မယ်...... ဟု....မီးသတ်တပ်သားတစ်ဦးမှ..ပြောကြားသည်. အဆိုပါ တောမီးလန့်မှု့ကို ဦးစွာပထမ (၄)စီးနှင့် မိုးမေတ္တာ(ပရဟိတ)မှ လူနာတင်ယဉ်(၁)စီးတို့မှလာရောက်ခဲ့ပါတယ် ထို့နောက် မီးလန့်ရာနေရာသို့ ကျန်မီးသတ်ယဉ်များ(၅)စီးခန့်မှာ မရှေးမနောင်း မီးလန့်ရာသို့ ရောက်ရှိခဲ့ပါတယ်... ၄င်းမီးလန့်မှု့တွင် ထိခိုက်မှု့တစ်စုံတစ်ရာမကြောင်း ယခုသွားရောက်သတင်းယူခဲ့သည့်အချိန်အထိ မရှိကြောင်းသတင်းရရှိခဲ့ပါတယ်.....

ဓာတ်ပုံ.Tun Myat

သတင်း.. ပြည်သတင်းလူငယ်(ပြည်သတင်း) 09253311019




0 comments:

Post a Comment

Facebook Like Page