Wednesday, February 18, 2015

လောက်ကိုင်ဒေသ တိုက်ပွဲများတွင် နိုင်ငံတော် အတွက် ရဲဝံ့စွန့်စားစွာ တာဝန် ထမ်းဆောင်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သော တပ်မတော်သားများအား တွေ့ဆုံ ဂုဏ်ပြု အားပေး

Leave a Comment

လောက်ကိုင်ဒေသ တိုက်ပွဲများတွင် နိုင်ငံတော် အတွက် ရဲဝံ့စွန့်စားစွာ တာဝန် ထမ်းဆောင်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သော တပ်မတော်သားများအား တွေ့ဆုံ ဂုဏ်ပြု အားပေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လားရှိုးတပ်နယ်ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ကုသလျက် ရှိသော ဒဏ်ရာရ အရာရှိ ၊ စစ်သည်များ၏ ကျန်းမာရေး အခြေအနေများကို မေးမြန်းစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး က လောက်ကိုင်ဒေသ ကိုးကန့် သောင်းကျန်းသူများနှင့် တိုက်ပွဲဖြစ်စဉ် အခြေအနေ များကို မြေပုံဖြင့် ရှင်းလင်းတင်ပြစဉ်
နေပြည်တော် ၊ ၁၆-၂-၂၀၁၅
လောက်ကိုင် ဒေသတိုက်ပွဲများတွင် အရာရှိ၊ စစ်သည်များ၏ နိုင်ငံတော်နှင့် တပ်မတော်အတွက် ရဲဝံ့စွန့်စားစွာ တာဝန် ထမ်းဆောင်မှုအတွက် ဂုဏ်ပြုပါကြောင်း၊ ထိခိုက်ဒဏ်ရာရသူများ အား တိုက်ပွဲနေရာမှ ရဟတ်ယာဉ်၊ မော်တော် ယာဉ်များဖြင့် ဆေးရုံများသို့ အမြန်ရောက်ရှိ အောင် စီမံဆောင်ရွက် ပေးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိမှုကိုလည်း လုပ်နိုင်သော အကောင်းဆုံး ကုသမှုများဖြင့် စိတ်ချရသည် အထိ ပျောက်ကင်းအောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း လူနာအား လာရောက်ကြည့်ရှု အားပေးသည့် မိသားစုဝင် များကိုလည်း စားသောက်နေထိုင်မှု ကိစ္စအဝဝ ကူညီစောင့်ရှောက် ပေးမည်ဖြစ်ကြောင်း၊ အချုပ်အခြာ အာဏာကို ထိန်းသိမ်း ကာကွယ်သည့် တရားသော စစ်ကို ဆင်နွှဲနေခြင်းဖြစ်၍ ရဟန်းရှင်လူ အပေါင်းကလည်း အားပေး ထောက်ခံလျက် ရှိပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်း ပြင်ဦးလွင်တပ်နယ် တပ်မတော် ဆေးရုံ၌ ဒဏ်ရာရ အရာရှိ၊ စစ်သည်များ၏ မိသားစုများအား တွေ့ဆုံအားပေးစကား ပြောကြားရာတွင် ထည့်သွင်းပြော ကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ပြင်ဦးလွင်တပ်နယ်ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ကုသလျက် ရှိသော ဒဏ်ရာရ အရာရှိ ၊ စစ်သည်များ၏ မိသားစုများကို အားပေးစကား ပြောကြားစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ပြင်ဦးလွင်တပ်နယ်ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ကုသလျက် ရှိသော ဒဏ်ရာရ အရာရှိ ၊ စစ်သည်များအား ဂုဏ်ပြုငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်စဉ်
ယခုကာလအတွင်း ဖြစ်ပွားခဲ့သည့် လောက်ကိုင်ဒေသ တိုက်ပွဲများတွင် နိုင်ငံတော်အတွက် စွန့် လွတ်စွန့်စားသည့် စိတ်ဓာတ်ဖြင့် ရဲဝံ့စွာ တိုက်ပွဲဝင်ရာမှ ထိခိုက်ဒဏ်ရာ ရရှိခဲ့သော တပ်မ တော်သား အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင် များအား ယနေ့နံနက်ပိုင်း၌ ပြင်ဦးလွင် တပ်နယ်နှင့် လားရှိုးတပ်နယ်ရှိ တပ်မတော် ဆေးရုံများတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဖွဲ့မှ သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားပြီး ဂုဏ်ပြုငွေများ၊ အစားအသောက် ပစ္စည်းများ ပေးအပ်ခဲ့သည်။
ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ် ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်တို့ လိုက်ပါ၍ ပြင်ဦးလွင်တပ်နယ် တပ်မတော် ဆေးရုံသို့ ရောက်ရှိကြပြီး ဆေးရုံတက်ရောက် ဆေးကုသမှု ခံယူနေသော လောက်ကိုင် ဒေသတိုက်ပွဲများ၌ ထိခိုက် ဒဏ်ရာ ရရှိခဲ့သည့် အရာရှိ၊ စစ်သည်များကို တစ်ဦးချင်း လိုက်လံတွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များတို့က ဂုဏ်ပြုငွေများ၊ စားသောက် ဖွယ်ရာပစ္စည်းများ ပေးအပ်သည်။ ထို့နောက် တပ်မတော်ဆေးရုံမှ တာဝန်ရှိသူများ၏ ထိခိုက်ဒဏ်ရာ ရရှိမှု ဆေးဝါးကုသမှု အခြေအနေ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ပြင်ဦးလွင်တပ်နယ်ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ကုသလျက် ရှိသော ဒဏ်ရာရ အရာရှိ ၊ စစ်သည်များ၏ ကျန်းမာရေး အခြေအနေများကို မေးမြန်းစဉ်

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် ဆေးရုံ ဧည့်ခန်းတွင် ဒဏ်ရာရ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး ဆေးကုသနေစဉ် ကာလအတွင်း သုံးစွဲရန် ဂုဏ်ပြုငွေနှင့် စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး လိုက်ပါ၍ လားရှိုးတပ်နယ် တပ်မတော် ဆေးရုံသို့ရောက်ရှိပြီး လောက်ကိုင်ဒေသ တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာ ရရှိသူများ၊ တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း အခြားတိုက်ပွဲများတွင် ထိခိုက် ဒဏ်ရာ ရရှိသူများအား ရင်းနှီးစွာ တစ်ဦးချင်းတွေ့ဆုံ အားပေးစကား ပြောကြားပြီး ဂုဏ်ပြုငွေ များ၊ စားသောက် ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် လောက်ကိုင်ဒေသ တိုက်ပွဲ များတွင် တိုင်းပြည်အတွက် အသက်စွန့် တာဝန် ထမ်းဆောင်ခဲ့သည့် တပ်မတော်သားများ၏ မိသားစုများအား သီးခြားတွေ့ဆုံ၍ တစ်ဦးချင်း အားပေးနှစ်သိမ့်စကား ပြောကြားပြီး ဂုဏ်ပြု ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ လားရှိုးတပ်နယ်ရှိ တပ်မတော်ဆေးရုံတွင် လောက်ကိုင်ဒေသ တိုက်ပွဲများတွင် တိုင်းပြည်အတွက် အသက်စွန့် တာဝန်ထမ်းဆောင် ခဲ့သည့် တပ်မတော်သားများ၏ မိသားစုများအား တစ်ဦးချင်း 
အားပေးနှစ်သိမ့်စကား ပြောကြားစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ လားရှိုးတပ်နယ်ရှိ တပ်မတော်ဆေးရုံတွင် လောက်ကိုင်ဒေသ တိုက်ပွဲများတွင် တိုင်းပြည်အတွက် အသက်စွန့် တာဝန်ထမ်းဆောင် ခဲ့သည့် တပ်မတော်သားများ၏ မိသားစုများအား တစ်ဦးချင်း 
ဂုဏ်ပြု ထောက်ပံ့ငွေများ ပေးအပ်စဉ်
ထို့နောက် တိုင်းစစ်ဌာနချုပ် အစည်းအဝေး ခန်းမတွင် လောက်ကိုင်ဒေသ ကိုးကန့် သောင်းကျန်းသူများနှင့် တိုက်ပွဲဖြစ်စဉ် အခြေအနေများအား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်နှင့် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုးတို့က မြေပုံများနှင့် ရှင်းလင်းတင်ပြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လို အပ်သည့် အုပ်ချုပ် ထောက်ပံ့မှု ကိစ္စရပ်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ဆက်လက် လုပ်ဆောင်ရန် များအား မှာကြားခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်းတိုက်တွင် ရောက်ရှိခိုလှုံ နေကြသည့် လောက်ကိုင်ဒေသ ပတ်ဝန်းကျင်မှ တိုက်ပွဲရှောင်ဒေသခံ ပြည်သူများအား တွေ့ဆုံ အားပေးစကား ပြောကြားစဉ်
ယင်းနောက် မွန်းလွဲပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့၊ သီရိမင်္ဂလာ မန်ဆူရှမ်း ကျောင်းတိုက်သို့ သွားရောက်၍ ဘုန်းကြီးကျောင်းသို့ ရောက်ရှိ ခိုလှုံနေကြသည့် လောက်ကိုင်ဒေသ ပတ်ဝန်းကျင်မှ တိုက်ပွဲရှောင် ဒေသခံ ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများမှ လှူဒါန်းသည့် ကျပ်ငွေ သိန်း ၁ဝဝ၊ ဆန်အိတ် ၁ဝဝ နှင့် စားသောက်ဖွယ်ရာများအား လည်းကောင်း၊ တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ဒုရဲအုပ် စိုးအေးထွန်းအတွက် ထောက်ပံ့ကြေးနှင့် စား သောက်ဖွယ်ရာများ အားလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ကျောင်းဓမ္မာရုံတွင် မန်ဆူဆရာတော် အဂ္ဂမဟာသဒ္ဓမ ဇောတိကဓဇ ဘန္ဒန ပုညာနန္ဒအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။
လောက်ကိုင်ဒေသတွင် ကိုးကန့်တိမ်းရှောင် သောင်းကျန်းသူအဖွဲ့ အနေဖြင့် နိုင်ငံတော်အစိုးရ ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်၍ စနစ်တကျ တိုက်ကွက်များ ဖန်တီးလုပ် ဆောင်ခဲ့ရာ တပ်မတော်မှ အသက်ကို ပဓါနမထားဘဲ ရြပ္ရြပ္ခႊၽံခႊၽံ ကာကွယ်တိုက်ခိုက် ခဲ့ကြသည်။ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့၍ တပ်မတော်သားအချို့ မွန်မြတ်စွာ အသက်ပေး လှူခဲ့ရပြီး အချို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။ ယခုအခါ ထိခိုက်ဒဏ်ရာရရှိသူများအား တပ်မတော် ဆေးရုံများသို့ မော်တော်ယာဉ်၊ ရဟတ်ယာဉ်များနှင့် အမြန်ဆုံး စီမံပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှု စောင့်ရှောက် ဆောင်ရွက်ပေးလျှက် ရှိကြောင်းနှင့် တိုက်ပွဲတွင် မွန်မြတ်စွာ အသက်စွန့် သွားခဲ့သူများ၏ အရိုးအိုးများ ကိုလည်း သက်ဆိုင်ရာ ဌာနချုပ်များသို့ သယ်ဆောင်၍ ကောင်းမွန်စွာ သဂြိုဟ် ပေးခဲ့သည်။
#Themyawadydaily
#မြ၀တီနေ့စဉ်
 
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page